KEEP GOING

KEEP GOING သာလီစွပါ

12/11/2025

I got over 200 reactions on my posts last week! Thanks everyone for your support! 🎉

13/10/2025

I got over 80 reactions on one of my posts last week! Thanks everyone for your support! 🎉

30/08/2025

"မျော"

▪️မင်းမင်းချေ▪️

#မင်းမင်းချေ #မျော #ရခိုင်

30/08/2025

I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉

25/08/2025

အချစ်

Nyi Khine Thwee -Lait Yee Ko

▪️စစ်ပွဲတိကင်းဝီး ဒေကမ္ဘာမြီ
▪️အချစ်ပန်းတိပွင့်လို့ ဝီဆာစီ
▪️အလှဆုံး အပြုံးတိနဲ့ ပူပင်စရာမဟိမ့် သာယာနိုင်ပါစီ

#အချစ်

22/08/2025

Sittwe (Akyab)
Sittwe is the capital city of the Rakhine state in Myanmar.

22/08/2025

ရခိုင်သို့လွမ်းခြင်း

#ရခိုင်

18/08/2025

"ရခိုင်ရိုးရာရထားဆွဲပွဲအစ"

⬛သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြဝါ (သျှင်ငယ်မြဝါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြဝါ (သျှင်ငယ်မြဝါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။

⬛တစ်ခါသော် သျှင်ငယ်မြဝါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြဝါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။

⬛ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြဝါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရ သိရှိရသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြဝါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကြခြင်းဖြစ်သည်။

◾ဖိတ်ခေါ်သံချပ်

▪️မောင်ရို့ ၊ မယ်ရို့ - လေး-လေး-လေး-လေး

▪️ချမ်းရေကြက်တေ ၊ အိမ်မှာနီလို့
▪️ပုဆိုးခြုံဗျာ ၊ ကုပ်ပီးကေ
▪️မီးလှုံဗနာ ၊ ဆောင့်ကြောင့်ထိုင်လို့
▪️ထိုစကား၊ ဒေစကား ၊ ပြောနီလာ
▪️တပို့တွဲလမှာ ၊ ရထားပွဲ
▪️ချမ်းစွာတိကို ၊ ဘေးဖယ်ထား
▪️ချွေးထွက်သံယို ၊ ရထားဆွဲဖို့
▪️အားလုံးလာလတ် ၊ ဖိတ်ခေါ်ရေ ။
▪️ရိုးရာစိုင်လာ ၊ မမိန့်ကောင်း
▪️ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
▪️ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
▪️(မောင်ရို့ - မောင်ရို့ - လေး-လေး-လေး-လေး)၂

#ရထားဆွဲပွဲ #ရခိုင်ရိုးရာရထားဆွဲပွဲအစ #ရခိုင်

Address

Ipoh
Ipoh

Website

Alerts

Be the first to know and let us send you an email when KEEP GOING posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category