05/12/2025
နွေဦးဘဏ် အသုံးပြုသူတွေအနေနဲ့ အလိမ်အညာ ကျားဖြန့်ရန်တွေကနေ ဘယ်လို ကာကွယ်နိုင်မလဲ?
နွေဦးဘဏ္ဍာရေးလွတ်လပ်ခွင့် ခရီးစဉ်တလျှောက်မှာ နွေဦးပြည်သူတို့ရဲ့ ငွေကြေးပိုင်ဆိုင်မှု လုံခြုံရေးဟာလည်း အရေးပါပါတယ်။
ဒါ့ကြောင့် မိမိတို့ရဲ့ Spring Development Bank အကောင့်ထဲကို ငွေဖြည့်သွင်းတဲ့အခါ ဖြစ်စေ၊ $SDB Token ဝယ်ယူမှုများတွင် ဖြစ်စေ မသမာသူတွေရဲ့ အလိမ်အညာ အန္တရာယ်မှ ကင်းဝေးဖို့အတွက် အောက်ပါ အချက် (၃) ချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။
♦️SDB App ထဲမှာ ဖော်ပြထားသော တရားဝင် RM များကိုသာ နိုင်ငံငွေကြေးအလိုက် (သို့မဟုတ်) သက်ဆိုင်ရာ Social Channel အလိုက် ကိုယ်တိုင်ရွေးချယ် ပြီး ဆက်သွယ်ပါ။
♦️ငွေလွှဲပြောင်းတဲ့အခါ ပေးပို့မယ့် UID (သို့) Username ကို ရိုက်ထည့်လိုက်လို့ " RM" ဖြစ်ကြောင်း သတိထား စစ်ဆေးပြီးမှသာ ငွေလွှဲပြောင်းပါ။
♦️SDB Token ဝယ်ယူမှုများအတွက် SDB Counter မှတစ်ဆင့်သာ တိုက်ရိုက်ဆက်သွယ်ပြီး ငွေဖြည့်သွင်းပေးပါ။
အထက်ပါ အချက်တွေကို လိုက်နာပြီး SDB မှာ ငွေသွင်းခြင်းဖြင့် ပိုင်ဆိုင်မှုတို့ လုံခြုံစွာ အမှားအယွင်း ကင်းကင်းနဲ့ ရှေ့ဆက်ပါ။
SDB Counter မှ ငွေဖြည့်သွင်းရန်
🏦 m.me/SDBCounter
RM မှတဆင့် ငွေဖြည့်နည်း လမ်းညွှန်
📖 bit.ly/SDBmanual