Kaung Nyein Zaw

Kaung Nyein Zaw Crypto Currency / stocks ETF/ Digital Gold
saving and invest📊 💲
×× အ​ရောင်း/အဝယ် မလုပ်ပါ ××

31/03/2026

ပိုက်ဆံရှာနိုင်တာက ရှင်သန်ရပ်တည်ရေးအတွက် ကျွမ်းကျင်မှုတစ်ခုဖြစ်တယ်။

ပိုက်ဆံစုတာက ဘဝရဲ့ ဉာဏ်ပညာတစ်ခုဖြစ်တယ်။

ပိုက်ဆံက အရာအားလုံး မဟုတ်ပေမယ့် ပိုက်ဆံမရှိရင် ဘဝက ခက်ခဲလာတယ်။

လူလတ်ပိုင်းရဲ့ အခက်အခဲက
အိတ်ကပ်ဗလာက စတယ်။

သက်ကြီးပိုင်းရဲ့ ဝမ်းနည်းပူဆွေးမှုက
လက်ဖြန့်တောင်းရခြင်းက စတယ်။

သိပ်ချမ်းသာဖို့ မလိုပေမယ့် ငွေစုအချို့ရှိရတယ်။ ငွေကြေးအမှီအခိုကင်းမှုက မိမိကိုယ်ကို ကာကွယ်ရာ ရောက်သလို မိသားစု ဘေးကင်းရေးကိုလည်း ပံ့ပိုးပေးတယ် (အကြွေးမရှိခြင်းကို ဆိုလိုပါတယ်)။

ပိုက်ဆံစုတာက ရုတ်တရက် ချမ်းသာလာနိုင်မှာ မဟုတ်ပေမယ့် နည်းနည်းချင်း စုဆောင်းမိလာတယ်။

လူတိုင်း ချမ်းသာကြွယ်ဝနိုင်တာ မဟုတ်ပါဘူး။ ရှိတာကို တန်ဖိုးထားပြီး ချွေတာသုံးစွဲခြင်းအားဖြင့် ချမ်းသာကြွယ်ဝမှုကို စုဆောင်းတာဟာ ရှက်စရာ မဟုတ်ပါဘူး။

ပိုက်ဆံစုတာက ရှေ့ရေးကို ကြိုမြင်တတ်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။

စိတ်ငြိမ်းချမ်းမှုကို ပြုစုပျိုးထောင်ပေးပြီး အနာဂတ်ကို ရင်ဆိုင်ဖို့ အခြေခံအုတ်မြစ်ကို ချပေးတာဖြစ်တယ်။

30/03/2026

ဘဝမှာ ငွေဆိုတာလိုအပ်လွန်းလို့ လူတိုင်းက ပိုက်ဆံအများကြီးရှာဖို့ ကြိုးစားကြပါတယ်။ နေ့စဉ်နေ့တိုင်း မနက်စောစောထ အလုပ်လုပ်၊ ညနေပြန်။ အဲဒီလိုနဲ့ လတိုင်း လစာစောင့်၊ ကုန်ကျစရိတ်တွေ ဖြတ်တော့ ကျန်တဲ့ငွေလေးနဲ့ ဘဏ်စာအုပ်လေး စုထားရုံပဲ။ ဒါပေမယ့် ဘဝမှာ အလုပ်ကိုပဲ အားကိုးနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ငွေကြေးလွတ်လပ်မှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ငွေကြေးနဲ့ပတ်သက်ပြီး အောင်မြင်ချမ်းသာတဲ့သူတွေ တွေးခေါ်ပုံကို လေ့လာမိတော့မှ ငွေကြေးအမြင် လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ အောက်မှာ မျှဝေပေးထားတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်....

၁။ ငွေရှာဖို့အတွက် အလုပ်လုပ်တာထက် ငွေကို အလုပ်လုပ်ခိုင်းတတ်ဖို့က ပိုအရေးကြီးပါတယ်။ လစာကောင်းကောင်းရတဲ့ အလုပ်တစ်ခုတည်းနဲ့ ချမ်းသာမလာနိုင်ပါဘူး။ ဝင်ငွေရှာပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။

၂။ လစာများများရဖို့ထက် ငွေကြေးဆိုင်ရာ ပညာရပ်တွေကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။ ကျောင်းတွေမှာ ငွေရှာနည်းကိုပဲ သင်ပေးပြီး ငွေစီမံခန့်ခွဲနည်းကို မသင်ပေးကြပါဘူး။ ရင်းနှီးမြှုပ်နှံမှု၊ ပိုင်ဆိုင်မှုနဲ့ အကြွေးတို့ကို နားလည်မှသာ ချမ်းသာလာနိုင်မှာ ဖြစ်ပါတယ်။

၃။ ပိုင်ဆိုင်မှုကောင်းတွေက ငွေဝင်စေပြီး၊ အကြွေးတွေက ငွေထွက်စေပါတယ်။ ဒီအချက်က ငွေကြေးအမြင်ကို ပြောင်းလဲစေပါတယ်။ တန်ဖိုးကျသွားမယ့် အရာတွေမှာ မသုံးဘဲ အိမ်ခြံမြေ၊ စီးပွားရေးလုပ်ငန်း၊ စတော့ရှယ်ယာတို့လို အချိန်နဲ့အမျှ ဝင်ငွေရှာပေးနိုင်တဲ့ အရာတွေမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

၄။ ဆင်းရဲသားနဲ့ အလယ်တန်းစားတွေက ငွေအတွက် အလုပ်လုပ်ကြပေမယ့် ချမ်းသာသူတွေက ကြွယ်ဝမှုကို တည်ဆောက်ကြပါတယ်။ လူအများစုက အချိန်နဲ့ငွေကို လဲလှယ်နေကြပေမယ့် ချမ်းသာသူတွေက သူတို့အိပ်နေချိန်မှာတောင် ဝင်ငွေရနိုင်တဲ့ စနစ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အာရုံစိုက်ကြပါတယ်။

၅။ ကြောက်ရွံ့မှုနဲ့ သက်တောင့်သက်သာနေချင်မှုတွေက လူတွေကို ငွေကြေးကျပ်တည်းမှု သံသရာထဲမှာ ပိတ်မိစေပါတယ်။ လူအများစုက မကြိုက်တဲ့အလုပ်ကို လုပ်နေကြတာက လုံခြုံမှုကို ကြောက်လို့ပါ။ စစ်မှန်တဲ့ လုံခြုံမှုဆိုတာ လစာပေါ်မှီခိုနေရတာမဟုတ်ဘဲ ငွေကြေးလွတ်လပ်မှုရှိဖို့ပဲ ဖြစ်ပါတယ်။

၆။ ချမ်းသာသူတွေက တွက်ချက်ပြီးမှ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချကြပါတယ်။ အရင်က အန္တရာယ်ရှိတာဆို ရှောင်နေခဲ့ပေမယ့် အခုတော့ ကိုယ့်ရဲ့သက်တောင့်သက်သာဇုန်ကနေ ထွက်ပြီး သေချာတွက်ချက်ထားတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်လာပါပြီ။

၇။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို တွေးခေါ်တတ်မှ ငွေကြေးလွတ်လပ်မှုကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စီးပွားရေးအမြင်ရှိဖို့ အရေးကြီးပါတယ်။

29/03/2026

လကုန်တိုင်း ပိုက်ဆံမရှိနေဘူးဆိုရင် ဒီ(၅) ချက်ကို ပြန်ဆန်းစစ်ပါ

၁။ ငွေစုတာကို များတယ်လို့တွေးပြီး၊ ဖြုန်းတဲ့အခါ နည်းတယ်လို့တွေးနေတာက ပြဿနာ

လူအများစုက ငွေစုဖို့စဉ်းစားလိုက်တိုင်း "များလိုက်တာကွာ၊ ဘယ်လိုလုပ် စုလို့ပြည့်မှာတုန်း" လို့ တွေးတတ်ကြပါတယ်။ တစ်လကို ဝင်ငွေ (၅)သိန်း ရှိရင် (၅)သောင်းတော့စုပါလို့ ပြောရင် "မဖြစ်နိုင်ဘူး"လို့ ထင်တယ် ဆိုပြီး မစုပဲနေလိုက်ကြတာပါ။ ဒါပေမဲ့ အဲဒီ (၅)သိန်းကိုပဲ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဘီယာဆိုင်ထိုင်မယ်၊ ခရီးသွားမယ်၊ အဝတ်အစားဝယ်လိုက်မယ်ဆိုရင် တစ်လလုံးရှာထားတာတွေက အချိန်ခဏအတွင်း ကုန်သွားနိုင်ပါတယ်။ စုဆောင်းတာကို ဝန်ထုပ်ဝန်ပိုးလို့တွေးပြီး၊ မလိုအပ်ပဲဖြုန်းတာကိုက ကမ်းခြေမှာအပန်းဖြေသလို့ လုပ်နေသမျှ ငွေမြဲဖို့ဆိုတာ "စိတ်ကူးယဉ်အိပ်မက်"လေးလို ဖြစ်နေဦးမှာပါ။ စုဆောင်းတာက ကျန်းမာရေးအတွက်လိုရင်သုံးဖို့၊ အရေးပေါ်သုံးဖို့၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ် ဆိုတာကို သိဖို့ကောင်းပါတယ်။

၂။ ပညာမပါဘဲ ချမ်းသာချင်နေတာက ပြဿနာ

ဒါက အဆိုးဆုံး လို့ပြောရမယ်။ ပိုက်ဆံအကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအကြောင်း၊ ငွေကြေးစီးဆင်းမှုအကြောင်း၊ စီမံခန့်ခွဲမှုအကြောင်း စသဖြင့် မလေ့လာချင်ဘူး၊ စာတွေလည်းမဖတ်ချင်ဘူး၊ သင်တန်းလည်းမတက်ချင်ဘူးကွာ။ ဒါပေမဲ့ "သူဌေးကြီးတော့ ဖြစ်ချင်တယ်" ဆိုပဲ။ ဥပမာတစ်ခုပြောပြမယ်။ သစ်ပင်စိုက်ပျိုးနည်း မသင်ဘဲနဲ့ အဲအပင်ရဲ့သီးနှံတွေကို ခူးစားလို့ မရဘူးလေ။ အဲ့လိုပဲ ငွေကြေးအသိပညာ မရှိဘဲနဲ့ ချမ်းသာဖို့ဆိုတာ လေထဲတိုက်ဆောက်သလို ဖြစ်နေဦးမှာပါ။ ထီပေါက်တာပဲစောင့်နေမလား၊ ကံကိုပဲ မျှော်ကိုးနေမလား၊ ပညာရှာမလားဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ငွေကြေးပညာက ကျွန်တော်တို့အတွက်တော့ ရေသောက်မြစ်လို ဖြစ်နေရပါမယ်။

၃။ အပြောနဲ့အလုပ် မညီတာက ပြဿနာ

"ကျွန်တော်က ပိုက်ဆံကို စည်းစနစ်ကျကျ သုံးပါတယ်ဗျာ" လို့ ပြောနေကြပေမဲ့ ဘဏ်အကောင့်ထဲက ဂဏန်းတွေက ဘယ်တော့မှ ညာမပြောပါဘူး ဆိုတာပဲ။ ကိုယ်ကသာ စည်းကမ်းရှိခဲ့ရင် data တွေက သက်သေပြပါလိမ့်မယ်။ စိတ်ကူးထဲမှာသာ စည်းကမ်းရှိပြီး လက်တွေ့နဲ့ ပြောင်းပြန်ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပါပဲ။ အခုလိုအပ်နေတာက ဝင်ငွေပိုရဖို့ထက် "အသိတရား" ဖြစ်နေတာပါ။ ငွေကြေးတည်ငြိမ်ပြီး စစ်မှန်တဲ့ လမ်းကြောင်းကို သွားချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက စည်းကမ်းရှိဖို့ လိုပါတယ်။

၄။ လက်ရှိအခြေအနေကို လက်မခံဘဲ အိပ်မက်ထဲမှာ မျောနေတာက ပြဿနာ

လူအများစုက ကိုယ့်ရဲ့ လက်ရှိငွေကြေးအခြေအနေကို တိတိကျကျ ဆန်းစစ်ဖို့ကို ဝန်လေးတတ်ကြပါတယ်။ ဘယ်လောက်ဝင်ပြီး ဘယ်လောက်ထွက်နေလဲဆိုတာကို သေချာမသိဘဲ "တစ်နေ့တော့ ချမ်းသာလာမှာပါ" ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ မျောနေတတ်ကြတယ်။ လက်တွေ့ဘဝနဲ့ အိပ်မက်ကို ခွဲခြားမသိတာက ငွေကြေးယောင်မှားမှုရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေကို မှန်မှန်ကန်ကန် သိရှိမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာပါ။ ဒါမှလည်း အိပ်မက်တွေကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်မှာပါ။

၅။ အရေးပေါ်ရန်ပုံငွေ မရှိဘဲ နေထိုင်တာက ပြဿနာ

ဘဝမှာ မမျှော်လင့်တဲ့ အခြေအနေတွေဆိုတာ အမြဲရှိနေပါတယ်။ ကျန်းမာရေးပြဿနာ၊ အလုပ်ပြောင်းလဲမှု၊ မထင်မှတ်တဲ့ ကုန်ကျစရိတ်တွေ စသဖြင့်ပေါ့။ ဒီလိုအချိန်မျိုးမှာ အရေးပေါ်ရန်ပုံငွေ (Emergency Fund) မရှိဘူးဆိုရင် ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး စိတ်တွေလည်းညစ်၊ အကြွေးတွေလည်းတင်နိုင်ပါတယ်။ အရေးပေါ်ရန်ပုံငွေဆိုတာ မုန်တိုင်းမလာခင် ကြိုတင်ကာကွယ်ထားသလိုပါပဲ။ အခက်အခဲမကြုံခင် ကြိုတင်ပြင်ဆင်ထားတာက စိတ်အေးချမ်းမှုကို ပေးပြီး ငွေကြေးဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

ဒီအချက် (၅) ချက်ကို သေချာဆန်းစစ်ပြီး ကိုယ့်ဘဝမှာ ဘယ်အချက်တွေပြင်ရမလဲ၊ ဖြည့်ရမလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်ပါ။ ငွေကြေး လွဲမှားစွာ အသုံးပြုတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျကျ စီမံခန့်ခွဲနိုင်မှသာ စစ်မှန်တဲ့ ငွေကြေးလွတ်လပ်မှုဆီကို ဦးတည်နိုင်မှာ ဖြစ်ပါတယ်။

29/03/2026

ငွေကြေးချမ်းသာဖို့ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။
ခက်ခဲပေမယ့် မတတ်နိုင်တာတော့ မဟုတ်ပါဘူး။ အဆင့်ဆင့် တက်လှမ်းသွားရမယ့် ခရီးလမ်းတစ်ခုပါ။ ဒီနေ့ကစပြီး ချမ်းသာဖို့အတွက် စတင်လှမ်းချီလိုက်ရအောင်။

၁။ ရုန်းကန်နေရဆဲ အဆင့် (Struggling)

- လစာထဲက တစ်ပြားမှ မစုနိုင်ဘဲ လခရတာနဲ့ ကုန်သွားတဲ့ အခြေအနေပါ
- ရတဲ့လစာလေးနဲ့ နေ့စဉ်သုံးစရိတ်တွေ၊ အရေးပေါ်ကိစ္စတွေကြားမှာ ရုန်းကန်နေရတယ်
- အကြွေးတွေက တစ်ဖြည်းဖြည်း တိုးလာနေတယ်
- ဘဏ်အကောင့်ထဲမှာ စုငွေဆိုတာ လုံးဝမရှိသလောက်ပါပဲ

၂။ သတိပြုမိလာတဲ့ အဆင့် (Aware)

- ကိုယ့်ရဲ့ ငွေဝင်ငွေထွက်ကို စတင်မှတ်သားလာတယ်
- ဘယ်နေရာတွေမှာ ပိုကုန်နေလဲဆိုတာ သိလာတယ်
- မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ စဉ်းစားလာတယ်
- ငွေကြေးစီမံခန့်ခွဲမှုအကြောင်း စတင်လေ့လာလာတယ်

၃။ အကြွေးကင်းစင်ဖို့ ကြိုးစားနေတဲ့ အဆင့် (Breaking Free)

- အကြွေးတွေကို ပြန်ဆပ်ဖို့ စီမံကိန်းဆွဲထားတယ်
- ဝင်ငွေတိုးအောင် နည်းလမ်းရှာတယ်
- မလိုအပ်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်လာနိုင်တယ်
- အကြွေးတွေကို တစ်ခုချင်းစီ ရှင်းလင်းနေပြီ

၄။ စိတ်အေးလက်အေး အဆင့် (Secured)

- အရေးပေါ်သုံးဖို့ ရန်ပုံငွေ ထူထောင်ထားပြီ
- ရုတ်တရက် အခက်အခဲတွေအတွက် စိုးရိမ်ပူပန်စရာ မလိုတော့ဘူး
- အကြွေးအားလုံး ကင်းစင်သွားပြီ
- လစဉ်ငွေစုနိုင်တဲ့ အနေအထားရောက်နေပြီ

၅။ တိုးတက်နေတဲ့ အဆင့် (Growing)

- ပုံမှန်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပြီ
- ငွေကို ငွေရှာခိုင်းတဲ့ နည်းလမ်းတွေ သိလာပြီ
- ရှယ်ယာ၊ စတော့၊ ရွှေစတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပြီ
- ငွေကြေးဆိုင်ရာ ဗဟုသုတတွေ ပိုပြီးကျယ်ပြန့်လာပြီ

၆။ ဝင်ငွေတိုးချဲ့နေတဲ့ အဆင့် (Expanding)

- ဝင်ငွေလမ်းကြောင်း အမျိုးမျိုးရှိနေပြီ
- စီးပွားရေးလုပ်ငန်းသစ်တွေ စမ်းသပ်လုပ်ကိုင်နေပြီ
- ရင်းနှီးမြှုပ်နှံမှုကနေ ပုံမှန်အမြတ်ရနေပြီ
- ဘဝလုံခြုံမှုအတွက် စိတ်ပူစရာ မလိုတော့ဘူး

၇။ လွတ်လပ်တဲ့ အဆင့် (Free)

- အလုပ်လုပ်ချင်လို့သာ လုပ်တော့တယ်
- ငွေကြေးအတွက် စိတ်ပူပန်စရာ လုံးဝမလိုတော့ဘူး
- မိသားစုနဲ့အတူ အချိန်ပိုပေးနိုင်ပြီ
- ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝရပြီ

ဒီလိုနဲ့ပဲ အဆင့်ဆင့် တိုးတက်သွားမှာပါ။
မိတ်ဆွေ အခုရောက်နေတဲ့ အဆင့်က ဘယ်အဆင့်လဲ?

27/03/2026

ရွှေကို ဘာကြောင့်စုထားသင့်တာလဲ

ကျွန်တော့်ရဲ့ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတစ်ခွန်းရှိတယ်
"လစာက ဝင်သလောက် ပြန်ထွက်နေတာပဲ
ဘာမှ စုမိဆောင်းမိမရှိဘူး" တဲ့

"ငွေ" မရှိရင် မျက်နှာငယ်ရတယ်၊ "ရွှေ" ရှိရင် ကျောလုံတယ်
မြန်မာစကားပုံတစ်ခုရှိတယ် "အိတ်ပေါက်နဲ့ ဖားကောက်" တဲ့
ငွေစက္ကူဆိုတာ သုံးမိဖို့ အရမ်းလွယ်ပါတယ်
Kpay ထဲရောက်နေရင် ပိုလို့တောင် မြန်မြန်ကုန်ပါသေးတယ်
ဒါပေမဲ့ ခင်ဗျားက ပိုတဲ့ငွေ ၃ သိန်း၊ ၄ သိန်းရတိုင်း ရွှေ "တစ်ပဲ" သွားသွားဝယ်ထားမယ်ဆိုရင် အဲ့ဒီရွှေက "𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐁𝐚𝐜𝐤𝐛𝐨𝐧𝐞" ဖြစ်လာပါတယ်

ငွေဖောင်းပွမှုကို အနိုင်ယူမယ့် လက်နက် (𝐈𝐧𝐟𝐥𝐚𝐭𝐢𝐨𝐧 𝐇𝐞𝐝𝐠𝐞)
Business Perspective အရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငွေသားကိုင်ထားတာက ရေခဲတုံး ကိုင်ထားသလိုပဲ အချိန်ကြာလေ အရည်ပျော်လေ တန်ဖိုးကျလေပဲ
မနှစ်က သိန်း ၁၀၀ နဲ့ အခု သိန်း ၁၀၀ ပမာဏချင်းတူပေမဲ့ တန်ဖိုးချင်းအားဖြင့် မတူတော့ပါဘူး ကိုယ်ကငွေကို မဖြုန်းဘဲ ရွှေဝယ်လိုက်တာက ကိုယ့်ရဲ့ လုပ်အားခ ကို Lock ချပြီး သိမ်းထားလိုက်တာနဲ့ အတူတူပါပဲ ခေတ်ကာလ ဘယ်လိုပြောင်းပြောင်း လစာကို ရွှေစုထားတဲ့အတွက် တန်ဖိုးပျောက်မသွားတော့ပါဘူး

အသုံးစရိတ်တွေကို လျှော့ချပေးတယ်
ရွှေစုတယ်ဆိုတာ တကယ်တော့ Forced Savings တစ်မျိုးလို့မြင်တယ် ကျွန်တော့်အမြင်ပေါ့လက်ထဲမှာ ငွေရှိနေရင် ဟော့ပေါ့စားချင်မယ် ဖုန်းအသစ်လဲချင်မယ်၊ မလိုအပ်တဲ့ အရာတွေ ဝယ်မိမယ် ဒါပေမဲ့ အဲ့ဒီငွေက "ရွှေလက်စွပ်” ဖြစ်သွားပြီဆိုရင်တော့ ဘယ်သူမှ ဟော့ပေါ့စားဖို့ ရွှေလက်စွပ်ကို သွားမရောင်းပါဘူး
ဒီအလေ့အကျင့်က ကျွန်တော်တို့ကို "𝐈𝐦𝐩𝐮𝐥𝐬𝐞 𝐁𝐮𝐲𝐢𝐧𝐠" ကနေ ကာကွယ်ပေးပါတယ်
ကြာလာတာနဲ့အမျှ ဘဝနေထိုင်မှုပုံစံက ပိုပြီး စနစ်ကျလာဖို့ကသေချာတယ်

ရွှေဟာ 𝐋𝐢𝐪𝐮𝐢𝐝𝐢𝐭𝐲 ဖြစ်လွယ်တယ်
မြန်မာမှာ ရွှေဟာ "ဒုတိယ ငွေကြေး" ပါ
တခြား ပိုင်ဆိုင်မှုတွေ (ဥပမာ - မြေကွက်၊ ကား) ဆိုတာ အရေးပေါ် ငွေလိုရင် ချက်ချင်းရောင်းဖို့ ခက်ပါတယ် ဈေးနှိမ်ခံရပါတယ်ဒါပေမဲ့ ရွှေကတော့ ပြန်ရောင်းရင် စျေးခွါကြပေမဲ့မြန်မာပြည် ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် ငွေပြန်ဖော်လို့ရပါတယ်
သူများဆီမှာ ပိုက်ဆံချေးစရာမလို မျက်နှာငယ်စရာမလိုဘဲ ကိုယ့်ရွှေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ အာဏာက ကိုယ့်လက်ထဲမှာ ရှိနေတာပါ

လက်တွေ့ စုဆောင်းချင်သူတွေအတွက် ကျွန်တော်ပေးတဲ့အကြံဉာဏ်

-၁ ကျပ်သားပြည့်မှ ဝယ်မယ်ဆိုပြီး မစောင့်နဲ့
ပိုက်ဆံရှိတုန်း ချက်ချင်းဝယ် ၁ ပဲရရင် ၁ ပဲ၊ ၂ ပဲရရင် ၂ ပဲ ဝယ်ပါ စုဘူးထဲက ပိုက်ဆံထက် လက်ထဲက ရွှေက ပိုမြဲပါတယ်
ရွှေတစ်ပဲချင်း စုတယ်ဆိုတာ "ကပ်စေးနည်းတာ" မဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်တဲ့ မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်တတ်တဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်

27/03/2026

ရင်းနှီးမြှုပ်နှံမှုဆိုတာ သူဌေးတွေမှ လုပ်တာလို့ သင်ထင်နေတုန်းပဲလား?

တကယ်တော့ ဒါဟာ လူအတော်များများ ဆင်းရဲတွင်းနက်စေတဲ့ အယူအဆအမှားကြီးတစ်ခုပါ။ လူအများစုက "သိန်းရာချီရှိမှ" "ပိုလျှံတဲ့ငွေရှိမှ" စလို့ရမယ်လို့ ထင်နေကြပါတယ်

အမှန်တကယ် တော့
ရင်းနှီးမြှုပ်နှံမှုဆိုတာ ချမ်းသာမှ လုပ်ရတာမဟုတ်ဘဲ၊
ချမ်းသာဖို့အတွက် လုပ်ရတာ ဖြစ်ပါတယ်။

1️⃣ငွေပမာဏထက် "အချိန်" က ပိုစွမ်းအားကြီးတယ်

သင်က တစ်လကို (၁) သိန်းပဲ ရင်းနှီးမြှုပ်နှံနိုင်တယ် ဆိုပါစို့။ ဒါပေမဲ့ အသက် ၂၀ ကတည်းက စလုပ်ရင် အသက် ၄၀ အရွယ်မှာ သိန်းပေါင်းများစွာ စုမိနေပါလိမ့်မယ်။
ငွေနည်းနည်းနဲ့ စောစောစတဲ့သူက၊ ငွေအများကြီးနဲ့ နောက်မှစတဲ့သူထက် ပိုပြီး အကျိုးအမြတ် ရနိုင်ပါတယ်။

2️⃣ နည်းနည်းချင်းစီ စတင်လို့ရတဲ့ နည်းလမ်း

အခုခေတ်မှာ သိန်းပေါင်း ရာချီစောင့်စရာ မလိုတော့ပါဘူး။
တစ်လကို ရွှေ (၅) မူးသား၊ (၁) ပဲသား ကနေ စုလို့ရပါတယ်။
တစ်လကို ပုံမှန်ပမာဏလေးတွေနဲ့ အနာဂတ်အတွက် စုဆောင်းနိုင်ပါတယ်။

3️⃣ကိုယ့်ကိုယ်ကိုယ် အရင်ရင်းနှီးမြှုပ်နှံပါ

တကယ်လို့ သင့်မှာ ရင်းနှီးမြှုပ်နှံဖို့ ငွေ တစ်ပြားမှ မရှိသေးရင်တောင် "ဗဟုသုတ" ရှာခြင်းက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ စာအုပ်ဖတ်ပါ၊ သင်တန်းတက်ပါ၊ ဈေးကွက်ကို လေ့လာပါ။

ဒါတွေကအခမဲ့(သို့မဟုတ်)ကုန်ကျစရိတ်အနည်းငယ် နဲ့ လုပ်နိုင်တဲ့အရာတွေပါ။

"ငွေအများကြီး စုမိမှ စမယ်" လို့ မတွေးပါနဲ့။

အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပြီး၊
ဒုတိယ အကောင်းဆုံးအချိန်ကတော့ "ယနေ့" ပါပဲ။

သင့်ရဲ့ ဝင်ငွေထဲက မသုံးမဖြစ်တဲ့ ငွေကို ဖယ်ပြီး ကျန်တဲ့ထဲက ၁၀% လောက်ကိုပဲ အရင် စမ်းသပ် ရင်းနှီးမြှုပ်နှံကြည့်ဖို့ တိုက်တွန်းပါရစေ။

25/03/2026

ငွေ​ကြေးဆိုင်ရာ လွတ်လပ်မူ လမ်း​ကြောင်း

1.ကိုယ်လက်ရှိအ​​​ခြေ​နေ ကိုသိပါ
2.သင့်​လျှော်​သော ပန်းတိုင်များ ချမှတ်ပါ
3.ဝင်​ငွေနှင့်အသုံးစရိတ်များကို တွက်ချက်မှတ်ထားပါ
4.မလိုအပ်ပဲ ဝယ်တာ​တွေ ​လျှော့ပါ
5.အ​ကြွေးများ အမြန်ဆပ်ပါ
6.ပုံမှန်​ငွေစုပါ
7.ဝင်​ငွေအရင်းမြစ်တစ်ခုထက်ပို၍ ဖန်းတီးပါ
8.​နေထိုင်မူပုံစံ ​ငွေ​ကြေး​ဖောင်းဖွမူ​တွေကို ​​ရှောင်ပါ
9.အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမူ လုပ်ပါ
10.လုပ်ငန်းစဥ်ကို တစ်ဖန် ပြန်လုပ်ပါ..

25/03/2026

ရွှေ စုတဲ့သူက ရွှေများများ ပိုင်လာမယ်
ငွေစုတဲ့သူက ငွေများများရှိလာမယ်
အရုပ်စုတဲ့သူက အရုပ်များများ ပိုင်မယ် ဒါသဘာဝပဲ
ကိုယ်ဘာစုလဲ ကိုယ်စုတဲ့ဟာ ကိုယ်ပိုင်ရမှာပဲ
ကောင်းတဲ့အကျင့် များများစုရင် အကျင့်ကောင်းတွေ ပိုင်ရမှာ
မကောင်းတာ နည်းနည်းချင်းစီ စုသွားရင်လည်း
မကောင်းတဲ့ အကျင့်ဆိုးတဲ့ ပိုင်ရမှာပဲ
ကြိုးစားအားထုတ်မူတွေကို စုသွားရင် ကြိုးစားအားထုတ်မူရဲ့
ရလာဒ်ကို ပိုင်ရမှာပဲ
အတင်းအဖျင်း စိတ်ညစ်စရာ ပျော်စရာ စိတ်ဓာတ်ကျစရာ အတူတူပဲ

ကိုယ်ဘာတွေစုနေလဲ ကိုယ်ဘာတွေ စုမှာလဲ?..

24/03/2026

အကြွေး ပေးစရာ ရှိသူထက် မရှိသူက ပိုလွတ်လပ်တယ်
ငွေမရှိတာထက် ငွေစုနိူင်တဲ့သူက ဆရာကျတယ်
ငွေစုနိူင်တဲ့သူထက် စုငွေ ပမဏ တန်ဖိုးမကျအောင်ထိန်းသိမ်းနိုင်သူက သာတယ်
အဲ့ဒါထက် စုဆောင်းပြီး ငွေကိုပွားအောင် လည်ပတ်အောင် အလုပ်လုပ်နိူင်သူက ဆရာကျတယ်
ကိုယ်ငွေနဲ့ အလုပ် လုပ်တတ်တာထက်အခြားသူက ကြည်ဖြူစွာ အပ်နံငွေနဲ့ အလုပ် လုပ်နိူင်တာက ပို ဆရာကျတယ်
ဘာအလုပ်မှ မလုပ်ပဲ ငွေဝင်နေတာက ဆရာ အကျဆုံးပဲ ..

24/03/2026

ငွေစုခြင်း နှုင့် ရင်းနှီးမြုပ်နံခြင်း

ငွေစုခြင်း
အားသာချက် - စိတ်ချရတယ် အန္တာရာယ်ကင်းတယ် လိုအပ်တဲ့အခါ
ချက်ချင်းထုတ်ယူနိူင်တယ် စီမံခန့်ခွဲရ လွယ်ကူတယ်..
အားနည်းချက် - ငွေကြေး ဖောင်းဖွမူကို မခံနိူင်ဘူး အတိုးနူန်း နည်းပါးတယ် ငွေကြေး‌တိုးပွားမူ နှေးကွေးတယ်..

ရင်းနှီးမြုပ်နှံခြင်း
အားသာချက် - ပိုမိုမြင့်မားတဲ့ အမြတ်နူန်း ရရှိနိူင်တယ် ငွေကြေးဖောင်းဖွမူကို
ကျော်လွှားနိူင်တယ် ရေရှည်ချမ်းသာမူကို အထောက်အကူ ဖြစ်နိူင်တယ်..
အားနည်းချက် - ဆုံးရူံးနိူင်‌ခြေ ရှိတယ် ကျွမ်းကျင်မူ လိုအပ်တယ် စိတ်ရှည်သည်းခံမူ လိုအပ်တယ် ငွေကြေး စီမံ ခန့်ခွဲမူ အတတ်ပညာ လိုအပ်တယ်.

Address

Kepong

Telephone

+60183179290

Website

Alerts

Be the first to know and let us send you an email when Kaung Nyein Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Nyein Zaw:

Shortcuts

Share