Dream Do Come True

Dream Do Come True ကြိုးစားနေဆဲပါပဲ

10/04/2026

ပူတာအေညဘက်လည်းအိပ်မရနေ့ဘက်လည်းအလုပ်လုပ်မရတောင်းစားမှရတော့မယ်😡😡😡

ကျမသမီးကောင်းတစ်ယောက်ခုထိမဖြစ်သေးဘူး😌😌သားအတွက်မိဘကောင်းတယောက်ဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားတယ်ဖြည့်ဆည်းပေးတယ်လူဘုံအလယ်မျ...
28/03/2026

ကျမသမီးကောင်းတစ်ယောက်ခုထိမဖြစ်သေးဘူး😌😌
သားအတွက်မိဘကောင်းတယောက်ဖြစ်အောင်
အတတ်နိုင်ဆုံးကြိုးစားတယ်ဖြည့်ဆည်းပေးတယ်
လူဘုံအလယ်မျက်နှာမငယ်ရအောင်ထားပေမယ့်
မိဘတွေကိုတော့အပြည့်အဝမထောက်ပံ့နိုင်သေးဘူး
ကျမမိဘတွေကထောက်ပံပေးစရာမလိုအောင်အဖေ
ကအမြဲ​ဖြည့်ဆည်းပေးနေပေမယ့်သူတို့ရှိတာကျမနဲ့
မသက်ဆိုင်ဘူးလို့ကျမခံယူထားတယ်
ပြင်ပအလှူတွေထက်ကျမမိဘတွေကိုပိုလှူဖြစ်တယ်
သူတို့မရှိမှအလှူလုပ်ပေးလည်းသူတို့ရချင်မှရမှာလေ
ရှိနေတုန်းတော့နိုင်သလောက်လုပ်ပေးတယ်
ဒါပေမယ့်အပြည့်အဝမထောက်ပံနိုင်သေးတာတော့
ကိုယ့်ကိုအားမရဖြစ်မိတယ်😌😌😌
#အဖေနဲ့အမေလိုချင်တာတွေလုပ်ပေးနိုင်တဲ့အထိချမ်းသာချင်သေးတယ်
#မိဘရှိလို့မပေးကမ်းရဘူးမရှိပါဘူးကိုယ်ပေးတာကိုယ့်အလှူမို့နိုင်သလောက်တော့လှူနေအုံးမှာပါ

မိဘနဲ့သားသမီး🤝🏻🤝🏻မိဘတိုင်းမကောင်းသလိုသားသမီးတိုင်းလည်းမဆိုးပါဘူးမိဘကလည်းငါမွေးထားတာငါ့ပြောစကားနားထောင်ရမယ်ဆိုပီးတဖက်သတ်ပ...
27/03/2026

မိဘနဲ့သားသမီး🤝🏻🤝🏻
မိဘတိုင်းမကောင်းသလို
သားသမီးတိုင်းလည်းမဆိုးပါဘူး
မိဘကလည်းငါမွေးထားတာငါ့ပြောစကား
နားထောင်ရမယ်ဆိုပီးတဖက်သတ်ပြောမရပါဘူး
အသိဥာဏ်ပညာနည်းတဲ့မိဘတွေလည်းအများကြီးမို့ပါ
သားသမီးကလည်းငါ့ကိုမွေးထားပီးကျွေးမွေးပေးကမ်း
ဖြည့်ဆည်းပေးရမှာပဲဆိုပီးတဖက်သတ်တွေးမရပါဘူး
မိဘတိုင်းမှာလည်းအဆင်မပြေမှုတွေအများကြီးနဲ့မို့ပါ
မိဘနဲ့သားသမီးပြိုင်မျဥ်းနှစ်ကြောင်းလိုဖြစ်နေလို့မရပါဘူးတစ်ဦးနဲ့တစ်ဦးအပြန်အလှန်နားလည်းပေးမှသာ
ငွေမရှိပါစေသာယာတဲ့မိသားစုလေးဖြစ်မှာပါ👍🏻👍🏻👍🏻
သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ🙏🏻
#မိဘတွေကလည်းသားသမီးအပေါ်နားလည်ပေးနိုင်ပါစေ
#သားသမီးတွေလည်းမိဘအပေါ်နားလည်ပေးနိုင်ပါစေ

ပါသွားပီဟေ့rm38.99🤒🤒🤒သူများတွေAiနဲ့carton videoလေးတွေလုပ်ပီးတင်ထားတာတွေ့တော့ငါလည်းလုပ်ကြည့်မယ်ပေါ့ချစ်စရာလေးတွေဆိုပီးသူတ...
22/03/2026

ပါသွားပီဟေ့rm38.99🤒🤒🤒
သူများတွေAiနဲ့carton videoလေးတွေလုပ်ပီး
တင်ထားတာတွေ့တော့ငါလည်းလုပ်ကြည့်မယ်ပေါ့
ချစ်စရာလေးတွေဆိုပီးသူတို့ကြော်ငြာထားတ့ဲ
Appလေးကိုdownloadလုပ်လိုက်တာ
ဝင်ပီးလုပ်ကြည့်လည်းမရတော့အပိုတေပါဟယ်
ဆိုပီးappကြီးကိုဖျက်လိုက်တာ
တနေ့ကဖုန်းဘေလည်းထည့်ရောrm38.99ဖြတ်သွားရော
ဘာမှမလုပ်လိုက်ရဘဲပေးလိုက်ရတာရင်နာလို့မဆုံးဘူး
တော်ပါပီကြောက်ပါပီနောက်ဆိုဘာappမှမဝင်တော့ဘူး
ေါ်မှဘာpostတွေ့တွေ့အတုလားအစစ်လားမသဲကွဲတော့ဘူး
#တိုးတက်လာတာတော့ကောင်းပါရဲ့အစစ်အမှန်တွေနဲ့တော့ဝေးသွားတာပေါ့

MyBoss Son Wedding😍😍😍မိသားစုလိုသဘောထားပေးတဲ့သူဌေးတခါတလေစိတ်ကကောက်သေး🤣🤣🤣    second family
22/03/2026

MyBoss Son Wedding😍😍😍
မိသားစုလိုသဘောထားပေးတဲ့သူဌေး
တခါတလေစိတ်ကကောက်သေး🤣🤣🤣


second family

ကျားဖြန့်အပိုင်း(2)အလုပ်ရုံကအမရှယ်ယာဝင်ပီး(5)လကြာပီးနောက်အမ.....ညီမလေးရေတကယ်ရတာသိလားမနေ့ကပဲ             အမအမြတ်ငွေထုတ်ခဲ...
20/03/2026

ကျားဖြန့်အပိုင်း(2)
အလုပ်ရုံကအမရှယ်ယာဝင်ပီး(5)လကြာပီးနောက်
အမ.....ညီမလေးရေတကယ်ရတာသိလားမနေ့ကပဲ
အမအမြတ်ငွေထုတ်ခဲ့ပီရှယ်ယာ၂စုဆိုတော့
ဘတ်6သောင်းရခဲ့တယ်
ညီမ.....ဝမ်းသာပါတယ်အမရယ်အမှန်ကန်ဆိုတော့
လည်းမဆိုးပါဘူး
အမ.....ကဲဘယ်လိုလဲစိတ်ဝင်စားသွားပီလားညနေအမ
ရုံးကိုသွားအုံးမှာလိုက်ခဲ့မလား
ညီမ....မလိုက်တော့ဘူးအမအဲ့လိုတေစိတ်မပါလို့ပါ
အမ....အေးပါဟယ်ရစေချင်လို့ခေါ်တာပါမလိုက်လည်း
အတင်းမခေါ်တော့ပါဘူးအမတော့ထပ်ထည့်အုံး
မှာအခုရထားတာတေနဲ့ထပ်ထည့်လိုက်ရင်
ရတဲ့အခါမြန်မာပြည်အပီးပြန်လို့ရပီ
ညီမ....မြန်မာပြည်အမြန်ဆုံးပြန်နိုင်ပါစေအမ
#3လလောက်ကြာပီးနောက်အဲ့အမနဲ့သူငယ်ချင်းတေတိုက်ခန်းမှာဝင်လိုက်ထွက်လိုက်အလုပ်ရှုပ်နေပီး
#အလုပ်လည်းမလာတာနဲ့ကျမလည်းအခန်းမှာသွားစပ်စုမိလိုက်တော့ရှယ်ယာဝင်တဲ့ရုံးကိုရဲကလာဖမ်းသွားလို့
#ပိုက်ဆံတွေမရတော့ကြောင်းစိတ်မကောင်းစွာကြားသိရ
ေါ်ထားတဲ့သူတေကလည်းအပစ်တင်ကြနဲ့အမလည်းရက်အတော်ကြာငိုပွဲဆင်နေတာကို
#နှစ်သိမ့်ပေးရုံမှဘာမှမတတ်နိုင်
#လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ

ကျားဖြန့်အပိုင်း(1)လွန်ခဲ့သော14နှစ်အထည်ချုပ်ရုံမှာအလုပ်အတူလုပ်နေတဲ့အမကပြောလာတယ်အမ...ညီမလေး​ရေအမရှယ်ယာလုပ်ငန်းတခုဝင်ထား  ...
19/03/2026

ကျားဖြန့်အပိုင်း(1)
လွန်ခဲ့သော14နှစ်အထည်ချုပ်ရုံမှာ
အလုပ်အတူလုပ်နေတဲ့အမကပြောလာတယ်
အမ...ညီမလေး​ရေအမရှယ်ယာလုပ်ငန်းတခုဝင်ထား
တယ်ဘတ်5ထောင်ထည့်ထား5လနေရင်ဘတ်
3သောင်းပြန်ရမယ်
ညီမ....ဟုတ်ပါ့မလားအမရယ်ဘယ်အလုပ်က5လကို
အတိုး5ဆရလို့လဲ
အမ.....အတိုးမဟုတ်ဘူးညီမလေးရှယ်ယာဝင်တာရှေ့နေ
စာချုပ်တေဘာတေနဲ့အမသူငယ်ချင်းတွေ
တကယ်ရတယ်ပြောတယ်သူတို့ဆီကတော့
မားမား.ဆီ.ကြက်ဥ.M150.ပဲနို့.အချိုရည်.ဆပ်ပြာ
မှုန့်တို့တော့ပြန်ဝယ်ပေးရတယ်တလကို
ဘတ်2ထောင်ဖိုးလောက်ပေါ့
ညီမ....ဟယ်အမရယ်အဲ့ဒါတေကတစ်လ လုံးသုံးမှမကုန်
တာပီးတော့ဘတ်2ထောင်ဆိုတာတလအသုံးစ
ရိတ်လောက်ဖြစ်နေပီလေအိမ်မှာအလကားဖြစ်
တာပေါ့ရှေ့နေစာချုပ်ကရောမြန်မာစာနဲ့လား
အမ....ထိုင်းစာနဲ့ပဲလေတံဆိပ်တုံးတေဘာတေနဲ့
ညီမ....မြန်မာပြည်ကတံဆိပ်တုံးတောင်အစုံမသိတာ
အမရယ်ထိုင်းတုံးဆိုပိုဆိုးပေါ့ယုံရောယုံရလို့လား
အမ....ယုံရတယ်အဲ့ရုံးမှာမြန်မာတေလည်းရှိတယ်
memberခေါ်ပေးတာ10ယောက်ပြည့်ရင်
ရှယ်ယာတစ်စုထပ်ရအုံးမှာ
ညီမ....အဲ့ဒါကြောင့်အခုညီမကိုလာခေါ်တယ်ဆိုပါတော့
အမ....ဟဲဟဲကြီးပွားရင်ငါ့ညီမလေးကျန်ခဲ့မှာဆိုးလို့
ညီမ....မပါတော့ပါဘူးအမရယ်ညီမကသူများပိုက်ဆံ
အလကားရတဲ့ကံမပါဘူးရယ်ပိုက်ဆံလည်းတခါ
မှမကောက်ရဘူးသလိုကိုယ့်ပိုက်ဆံကိုစုမဲစုလို့
မဲနှိုက်တာတောင်နောက်ဆုံးရတာနှဖူးကချွေး
ခြေမထိကျအောင်လုပ်လို့ရတဲ့ပိုက်ဆံပဲမြဲတာ
အမ....အယ်တခါတလေကံစမ်းကြည့်ပေါ့အခုကရမှာ
သေချာလို့လာခေါ်ပေးနေတာအမတောင်လစာ
ထုတ်ရင်ထပ်ဝင်မလို့လေ
ညီမ....ရှယ်ယာထပ်ဝင်ရင်ရောပစ္စည်းတေကဝယ်ရအုံး
မှာလား
အမ....ဘတ်2ထောင်လောက်ကပုံမှန်ပေါ့ပစ္စည်းမလိုချင်
ပြန်သွင်းလို့ရတယ်လေစျေးတော့နှိမ်တာပေါ့
ညီမ....ဟင်သူ့စျေးအတိုင်းပြန်ဝယ်ပေးပေါ့ပြန်သွင်းလို့
စျေးနှိမ်လိုက်ရင်သူတို့ကကြားထဲကအလကား
စားလိုက်ရတာပေါ့ကြည့်လည်းလုပ်ပါအုံး
အမရယ်မိအေး2ခါနာဖြစ်နေပီနော်
အမ....5လနေလို့5ဆပြန်ရရင်တွက်ကြည့်တော့လည်း
တလ3ထောင်လောက်ရတယ်လေမဆိုးပါဘူး
ကြားထဲစားရတာတေကအမြတ်ပေါ့
ညီမ....မပါတော့ပါဘူးအမရယ်ညီမကကိုယ့်လက်ထဲ
ရှိတာပဲယုံလို့ပါ
အမ....ရစေချင်လို့လာခေါ်တာကိုမရချင်တော့လည်း
နေဟေ့သူများတေသူဌေးဖြစ်မှတယောက်တည်း
ကျန်နေခဲ့မယ်
#ကောက်ရိုးပုံကြားထဲအပ်ပျောက်ရှာနေရသလိုပဲ
#ကိုယ့်လက်ထဲရှိမှကိုယ့်ပိုက်ဆံ
#သူများလက်ထဲရောက်ရင်သူများပိုက်ဆံဖြစ်သွားပီ
#နောက်postလေးမှာထပ်တင်ပေးမယ်နော်အပိုင်းဆက်တေကို

ကျားဖြန့်ဆိုတာခုမှဖုန်းတေပေါများလာလို့့လူသိများလာကြတာဒို့များလွန်ခဲ့တဲ့၁၄နှစ်လောက်ကတည်းကထိုင်းမှာကြုံဖူးပီးသားကျားဖြန့်ဆ...
19/03/2026

ကျားဖြန့်ဆိုတာခုမှဖုန်းတေပေါများလာလို့့
လူသိများလာကြတာဒို့များလွန်ခဲ့တဲ့၁၄နှစ်လောက်
ကတည်းကထိုင်းမှာကြုံဖူးပီးသား
ကျားဖြန့်ဆိုတာလူတွေရဲ့လောဘကိုအခြေခံပီး
လှည့်စားကြတာမိန်းကလေးနဲ့ယောကျာ်းလေးမှာ
မိန်းကလေးတွေအများဆုံးလိမ်ခံထိတာများတယ်
ဘာလို့ဆိုမိန်းကလေးတေကယောကျာ်းလေးထက်
လောဘပိုကြီးကြတာများတယ်အိမ်မှာနေရင်း
အပိုဝင်ငွေလေးရမယ်ဆိုပိုရှာချင်ကြတယ်လေ
အပိုလေးရရင်ဘာလေးလုပ်မယ်ညာလေးလုပ်မယ်ဆိုပီး
ကြိုပီးတောင်တွေးထားတတ်သေးတာ
သူတို့​တွေရဲ့လိမ်နည်းလေးကတစ်မျိုးအဆန်းလေး
တနေ့တုန်းကအဲ့နည်းလမ်းလေးပြန်သုံးလာတာမြင်မိလို့
အရင်ကမြင်ခဲ့ကြားခဲ့ရတာလေးပြန်မျှဝေပေးမလို့

#စာရှည်မှာဆိုးလို့နောက်postတွေမှာအပိုင်းလေးတွေနဲ့တင်ပေးမယ်နော်

ငယ်ငယ်တုန်းကအရမ်းတုံးတယ်ပြောရမယ်မင်းသားမင်းသမီးတွေကြော်ငြာတဲ့ဘယ်ပစ္စည်းပဲဖစ်ဖြစ်ကိုယ်ထင်တာကအော်သူတို့သုံးနေတာကောင်းလို့ဖ...
19/03/2026

ငယ်ငယ်တုန်းကအရမ်းတုံးတယ်ပြောရမယ်
မင်းသားမင်းသမီးတွေကြော်ငြာတဲ့
ဘယ်ပစ္စည်းပဲဖစ်ဖြစ်ကိုယ်ထင်တာက
အော်သူတို့သုံးနေတာကောင်းလို့ဖြစ်မယ်ပေါ့
သူတို့ကြော်ငြာပေးနေတာလို့ထင်တာ
ကြီးမှသိတယ်ဘယ်ဟုတ်မလဲ
သူတို့ကရိုက်တုန်းပဲသုံးပြတာ
ပီးရင်အကောင်းစားနိုင်ငံခြားbrandတေ
သုံးကြတာအော်ငါငယ်ငယ်ကတော်တော်တုံးခဲ့တာပဲ
#ဘဝတူတေရှိကြလား🤣🤣🤣

Address

Klang

Website

Alerts

Be the first to know and let us send you an email when Dream Do Come True posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share