01/10/2026
🥊 အောင်လအန်ဆန်းက ဖြစ်ရပ်အပေါ် တောင်းပန်စကား ပြောကြား
ပြီးခဲ့တဲ့စနေနေ့ UFC ပွဲမှာ သူငယ်ချင်းဖြစ်သူ Mickey Gall ရဲ့ ထောင့်ကနေ နည်းပြအဖြစ် ကူညီပေးဖို့ စီစဉ်ထားခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် Mickey Gall ရဲ့ပွဲ ပျက်သွားခဲ့တယ်လို့ အောင်လအန်ဆန်းက ရှင်းပြထားပါတယ်။
အဲဒီနောက် မြို့ထဲကို မမျှော်လင့်ဘဲ ပြန်ရောက်လာတာကြောင့် သူ့ရဲ့ကစားသမား Talita ကို ကြံ့ခိုင်ရေးနည်းပြနဲ့ လေ့ကျင့်နေချိန်မှာ သွားရောက်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလုပ်ရပ်ကြောင့် တချို့သူတွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာ၊ ထိခိုက်ခံစားခဲ့ရတာတွေ ရှိခဲ့ပါက မိမိဘက်က ရည်ရွယ်ချက်မရှိခဲ့ကြောင်းနဲ့ သတိမမူမိခဲ့တဲ့အတွက် တောင်းပန်ကြောင်း အောင်လအန်ဆန်းက ပြောပါတယ်။
သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာ စတဲ့ မတူညီတဲ့ ယုံကြည်မှုနောက်ခံရှိသူတွေနဲ့အတူ လေ့ကျင့်၊ အလုပ်လုပ်၊ ယှဉ်ပြိုင်ခဲ့ပြီး မိတ်ဆွေသံယောဇဉ်တွေလည်း တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဘာသာရေးနဲ့ နောက်ခံကွဲပြားမှုရှိပေမယ့် လူတိုင်းအပေါ် ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုထားရှိကြောင်း၊ အမုန်းတရားနဲ့ လုပ်ဆောင်တာမရှိဘဲ အပြန်အလှန်လေးစားမှုနဲ့ ရှေ့ဆက်ဖို့ ကြိုးစားနေကြောင်းလည်း အောင်လအန်ဆန်းက ဖော်ပြထားပါတယ်။
“မိမိရဲ့လုပ်ရပ်ကြောင့် တစ်စုံတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်၊ နာကျင်ခံစားခဲ့ရရင် တကယ်ကို ဝမ်းနည်းစွာ တောင်းပန်ပါတယ်။ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူပြီး နောက်ပိုင်းမှာ ပိုကောင်းအောင် လုပ်ဆောင်သွားပါမယ်” လို့ အောင်လအန်ဆန်းက တောင်းပန်ထားပါတယ်။ 🙏