Khampat Times - ခမ်းပါတ်တိုင်းမ်

Khampat Times - ခမ်းပါတ်တိုင်းမ် This is the Official Page Of " Khampat Times "

ဂုဏ်ပြုမှတ်တမ်းလွှာ (20.9.2021)ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) မှ ကျေးဇူးအထူးတင်ရှိပါသည်။   #ခမ်းပါတ်တိုင်းမ်
20/09/2021

ဂုဏ်ပြုမှတ်တမ်းလွှာ (20.9.2021)
ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) မှ ကျေးဇူးအထူးတင်ရှိပါသည်။

#ခမ်းပါတ်တိုင်းမ်

ချင်းပြည်နယ်၊ တီးတိန်မြို့က လူငယ်တချို့လက်သုံးချောင်းထောင်ကာ မြို့ပတ်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်း ဆန်ဒဖော်ထုတ်၁၉ စက်တင်ဘ...
19/09/2021

ချင်းပြည်နယ်၊ တီးတိန်မြို့က လူငယ်တချို့
လက်သုံးချောင်းထောင်ကာ မြို့ပတ်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်း ဆန်ဒဖော်ထုတ်
၁၉ စက်တင်ဘာ

#ခမ်းပါတ်တိုင်းမ်

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ဘုရားကျောင်းတွေဖျက်ဆီး၊ နေအိမ်တွေမီးရှို့သည်သာမက မနေ့ညက ထန်တလန်မြို့အဖြစ်အပျက်အတွက် စစ်ကေ...
19/09/2021

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ဘုရားကျောင်း

တွေဖျက်ဆီး၊ နေအိမ်တွေမီးရှို့သည်သာမက မနေ့ညက

ထန်တလန်မြို့အဖြစ်အပျက်အတွက် စစ်ကောင်စီ

တပ်အပေါ် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က

အပြင်းအထန်ရှုပ်ချကန့်ကွက်ကြောင်း‌ သဘောထား

ထုတ်ပြန်

#ခမ်းပါတ်တိုင်းမ်

စက်တင်ဘာ ၁၂  ရက်၂၁၇ ရက် မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေးကလေးမြို့သပိတ်စစ်ကြောင်းအောင်မြင်စွာချီတက်နိုင်ခဲ့ကြောင်းသိရပါတယ်။
12/09/2021

စက်တင်ဘာ ၁၂ ရက်၂၁၇ ရက် မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေးကလေးမြို့သပိတ်စစ်ကြောင်းအောင်မြင်စွာချီတက်နိုင်ခဲ့ကြောင်းသိရပါတယ်။

စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရန် PDF ၅ ဖွဲ့ ပူးပေါင်း===================စက်တင်ဘာ ၁၂ ရက်စစ်အာဏာရှင်စနစ်အား အမြတ်ပြတ်...
12/09/2021

စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရန် PDF ၅ ဖွဲ့ ပူးပေါင်း
===================
စက်တင်ဘာ ၁၂ ရက်

စစ်အာဏာရှင်စနစ်အား အမြတ်ပြတ် ချေမှုန်းရေး တက်ညီလက်ညီဆောင်ရွက်ရန်အတွက် 27 Revolutation Forces၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ ZERO ပျောက်ကြားတပ်ဖွဲ့၊ 7 People’s Defence Force (SPDF) နှင့် MGN RANGER တို့ ပူးပေါင်း၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

#မြင်းခြံ #နှလုံးလှလူမိုက်ကြီးများ
#ခမ်းပါတ်တိုင်းမ်

ကလေး နဲ့ဂန့်ဂေါကြားကားသွားလာခြင်းမပြုဖို့အကြိမ်ကြိမ်သတိပေးထားပေမယ့် မလိုက်နာတဲ့ကားတွေကို မလွဲသာမရှောင်သာပစ်တော့မယ်ဟုဆိုP...
12/09/2021

ကလေး နဲ့ဂန့်ဂေါကြားကားသွားလာခြင်းမပြုဖို့အကြိမ်ကြိမ်သတိပေးထားပေမယ့် မလိုက်နာတဲ့ကားတွေကို မလွဲသာမရှောင်သာပစ်တော့မယ်ဟုဆို

People's Defence Force (Kalay)
အသိပေးထုတ်ပြန်ချက်

စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၁

တိုက်ပွဲအခြေအနေများကြောင့် ကလေးမြို့နှင့်ဂန့်ဂေါမြို့အကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်းမပြုရန် မိမိတို့ PDF (Kalay) က အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ပြီးဖြစ်ပါသည်။

ယနေ့နံနက်မှစတင်၍ ဂန့်ဂေါမြို့နယ်၊ နှမ်းခါး နှင့် ထှယ်လှော်ရွာအကြားတွင် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိပါသည်။

ထို့ကြောင့် ကလေးမြို့ဘက်မှ မည်သည့် မော်တော်ကားအမျိုးအစားမဆို ဂန့်ဂေါဘက်သို့ မောင်းနှင်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ထပ်မံသတိပေးလိုက်သည်။ မောင်းနှင်သွားလာသော မည်သည့် မော်တော်ကားအမျိုးအစားကိုမဆို မိမိတို့ တပ်ဖွဲ့ဝင်များက မလွဲမရှောင်သာ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

#ခမ်းပါတ်တိုင်းမ်

ကလေးခရိုင်ပြည်သူ့ဆေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီဟုကြေညာ   #ခမ်းပါတ်တိုင်းမ်
12/09/2021

ကလေးခရိုင်ပြည်သူ့ဆေးတပ်ဖွဲ့
ဖွဲ့စည်းလိုက်ပြီဟုကြေညာ

#ခမ်းပါတ်တိုင်းမ်

12/09/2021

မင်းတပ် C.D.F တပ်သားတစ်ဦးရဲ့သေတမ်းစာ
=====================
12.9.2021

ကျနော်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်အာဏာရှင်ကိုတွန်းလှန်တော်လှန်ရင်း ကျရှုံးခဲ့သည်ရှိသော် အောက်ပါအချက်အလက်များအား မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့်ကျနော်၏ချစ်သောရဲဘော်များအား သိရှိစေရန် ဤစာကိုရေး၍ထားခဲ့၏။

(၁) ကျွန်ုပ်၏ အသုဘပွဲအား သက်သတ်လွတ်
ဖြင့်ပြီးပါစေ။ ကျနော်၏အသုဘတွင်မည်သည့်သက်ရှိသတ္တဝါကိုမျှသတ်ဖြတ်ခြင်း (အသုဘပွဲ) မပြုရ။ပြည်သူလူထုအားညှင်းပန်းနှိပ်စက်သော အာဏာရှင်မှလွဲ၍ မည်သည့်သက်ရှိကိုမျှ နာကျင်သေကြေခြင်းငှာ အလိုမရှိ။

(၂)ကျွန်ုပ်အားသင်္ဂြိုဟ် ချိန်တွင်သေနတ်ပစ်ဖောက်ခြင်း မပြုရ။ ကျည်ဆံဟူသမျှကိုရန်သူ့ဘက်သို့သာကျရောက်ပါစေ။ကျနော့် ကြောင့်ပစ်ဖောက်မည့်ကျည်ဆံအား ပြည်သူလူထုကိုကာကွယ်ရန်နှင့်အာဏာရှင်လူတစ်စု အတွက်သာအသုံးပြုပါ။

(၃)ကျွန်ုပ်အသုဘပွဲ၌ ငိုကြွေးခြင်းမပြုရ။
ကျနော် ကျရှုံးခြင်းသည် မွန်မြတ်သော ကျရှုံးခြင်းဖြစ်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းမပြုရ။ ကျနော် အသုဘ၌ ဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့် နောက်နေ့အတွက် မဟာဗျူဟာများကိုဆွေးနွေးတိုင်ပင်ခြင်းကိုသာပြုလုပ်ရန်။

(၄)ကျွန်ုပ်ကျရှုံးမှုအပေါ် မည်သူ၌မျှအပြစ်မရှိ။
ဤတော်လှန်ရေးတွင်ပါဝင်ခြင်းသည် ကျနော့် ဆန္ဒအလျောက်သာ ဖြစ်သောကြောင့်မည်သူ့အပေါ်တွင်မျှအပြစ်တင်ရန် မလိုအပ်ပေ။ ထို့ကြောင့် မိဘဆွေမျိုးများမှ အပြစ်တင်ရန်
ပြုမှုများရှိလာပါက ပြန်လည်တုန့်ပြန်နိုင်သည်။

(၅)အဆုံးအထိတိုက်ပွဲဝင်ပေးရန်။
စိတ်ပျက်အားလျော့ခြင်းမပြုဘဲ ရည်မှန်းချက်ပြည့်ဝသည်အထိ ဇွဲမလျှော့စတမ်း တိုက်ခိုက်ပေးရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီပြည့်ဝသောနိုင်ငံအား ထူထောင်ပေးရန်...တို့ဖြစ်ပါသည်။

ဆလိုင်း ခိုပါလိန်း
မြို့ပေါ်တပ်ရင်း
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) C.D.F-Mindat

#ခမ်းပါတ်တိုင်းမ်

စကစတပ်များဟာ ပြည်သူတို့ရဲ့ အကြမ်းဖက်ဆန့်ကျင့်တော်လှန်မှုကို စိုးရိမ်တကြီးဖြစ်နေမှုကို ရေကြောင်းများမှာပါ လုံခြုံရေးကင်းလ...
11/09/2021

စကစတပ်များဟာ ပြည်သူတို့ရဲ့ အကြမ်းဖက်ဆန့်ကျင့်တော်လှန်မှုကို စိုးရိမ်တကြီးဖြစ်နေမှုကို ရေကြောင်းများမှာပါ လုံခြုံရေးကင်းလှည့်နေမှုဖြင့်သိနိုင်
=================
စက်တင်ဘာ ၁၁ ရက်

ချောင်းဦးမြို့နယ် အမြင့်ဆိပ်ကမ်းတဝိုက်မှာ စကစ အကြမ်းဖက် ၈‌ ကောင်ခန့် ရေကြောင်းကင်းလှည့်နေ‌ကြောင်း ဒေသခံ မီဒီယာများမှ သိရပါတယ်။ ဝန်လေးသည့်အတွက် ရှေ့သို့မတက်နိုင်သေးလို့ သိရှိရပါတယ်။ “ခုတော့ခွေးစစ်သင်္ဘောဟာ အမြင့်နားမှာ ရေကြောင်းမသီလို့ ဒစ်လည်းနေတယ်. .
အကြီးတစ်စီး ရေစမ်းဘုပ်နှစ်စီးပါတယ်”လို့ ဒေသခံ တဦးကပြောပါတယ်။ ဒီကောင်တွေ အကြမ်းဖက်ခုခံတော်လှန်ရေးကို အ‌တော်ကြော်နေပြီလို့ဆိုပါတယ်။ မိမိတိုပြည်သူများကလည်း အချိန်မီ သတင်းပေးခြင်းဖြင့် အကြမ်းဖက်ကို တတ်နိုင်တဲ့ဘက်မှ ပူးပေါင်း တိုက်ခိုက်ကြရမည်ဖြစ်ပါယ်။

#ခမ်းပါတ်တိုင်းမ်

စက်တင်ဘာ ၁၁ ရက်၂၁၆ ရက် မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေးကလေးမြို့သပိတ်စစ်ကြောင်းပြည်သူသာ အမိ ပြည်သူသာ အဖ ပြည်သူ့ရင်ခွင်ခိုလ...
11/09/2021

စက်တင်ဘာ ၁၁ ရက်၂၁၆ ရက် မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေးကလေးမြို့သပိတ်စစ်ကြောင်းပြည်သူသာ အမိ ပြည်သူသာ အဖ ပြည်သူ့ရင်ခွင်ခိုလုံကြကြွေးကြော်သံနဲ့အောင်မြင်စွာချီတက်နိုင်ခဲ့ကြောင်းသိရပါတယ်။

#ခမ်းပါတ်တိုင်းမ်

တွန်းဇံမြို့မှ ရဲတပ်သား ဦး ခမ်ရှင်းခိုင်(A)နှင့် ဦး ကပ်ဆွင်းမုန်(B)တို့သည် အာဏာသိမ်း စစ်​ကောင်စီလက်​အောက်တွင် တာဝန်မထမ...
11/09/2021

တွန်းဇံမြို့မှ ရဲတပ်သား ဦး ခမ်ရှင်းခိုင်(A)နှင့် ဦး ကပ်ဆွင်းမုန်(B)တို့သည် အာဏာသိမ်း စစ်​ကောင်စီလက်​အောက်တွင် တာဝန်မထမ်း​ဆောင် လို​တော့၍ အများပြည်သူနှင့်ပူးပေါင်းလာ​ကြကြောင်း သိရ
======================
၁၁.၉.၂၀၂၁

ချင်းပြည်နယ်၊တွန်းဇံမြို့တွင် တာဝန်ထမ်းဆောင်နေသောပြည်သူ့ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ဦး ခမ်ရှင်းခိုင်(A) ကိုယ်ပိုင်အမှတ် လ/၂၇၄၅၆၃ ကိုင်ဆောင်သူနှင့် ရဲတပ်သား ဦး ကပ်ဆွင်းမုန် ကိုယ်ပိုင်အမှတ် လ/၂၈၂၂၉၈ ကိုင်ဆောင်သူတို့သည် စစ်အာဏာရှင်လက်အောက်တွင် နိုင်ငံ့တာဝန်ကို မထမ်းဆောင်လိုတော့သဖြင့် ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်​နေ့မှစ၍ အများပြည်သူနှင့် လာရောက်ပူးပေါင်းခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ စစ်အာဏာရှင် ကျဆုံးသည်အထိ CDF တွန်းဇံတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အများပြည်သူထံ အသိပေးကြောင်း သိရသည်။

#ခမ်းပါတ်တိုင်းမ်

ZFU/PDF Zoland ရဲ့ အထူးသတိပေး ထုတ်ပြန်ချက်   #ခမ်းပါတ်တိုင်းမ်
08/09/2021

ZFU/PDF Zoland ရဲ့ အထူးသတိပေး ထုတ်ပြန်ချက်

#ခမ်းပါတ်တိုင်းမ်

စက်တင်ဘာ ၈ ရက်နေ့ အောင်ပွဲရတဲ့အထိ အတူဆင်နွဲမယ်ဆိုတဲ့ လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာက အမျိုးသမီးလူထု၏ "စစ်အာဏာရှင်အ...
08/09/2021

စက်တင်ဘာ ၈ ရက်နေ့

အောင်ပွဲရတဲ့အထိ အတူဆင်နွဲမယ်ဆိုတဲ့ လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာက အမျိုးသမီးလူထု၏ "စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ တို့အမျိုးသမီးအားလုံး ပါဝင်စို့" ဆိုတဲ့ "တပ်ကိုကြိတ်မယ့်မိန်းမများ သံတိုင်ကြားကလက်ထောင်ထား" အမျိုးသမီးသပိတ်စစ်ကြောင်းသို့ မုံရွာကျောင်းသားများသမဂ္ဂမှ ဝန်းရံအားဖြည့်ခဲ့ပြီး လူထုသို့နိုင်ငံရေးတရားများ ဟောပြောခဲ့ပါသည်။

#တရားသောစစ်ပွဲ_အောင်ရမည်
#ဓမ္မနှင့်အဓမ္မတိုက်ပွဲ_ဓမ္မကနိုင်မည်၊ အဓမ္မကျရှုံးရမည်
#တရားသောစစ်_အောင်ပါစေ
#မုဒိမ်းစစ်တပ်_အမြစ်ဖြတ်
#တို့အမျိုးသမီးအားလုံးညီရဲ့လားဟေ့_ညီတယ်ဟေ့
#အရေးတော်ပုံအောင်ရမည်_
#ခမ်းပါတ်တိုင်းမ်

မင်းတပ်မြို့နယ် ခရစ်ယာန်အမှု​တော်​ဆောင်အဖွဲ့မှ စစ်​ကော​င်စီ​ပေးအပ်သည့်ထောက်ပံ့​ငွေငွေကျပ် ၃၉သိန်း ၆ သောင်း ကို ယနေ့စက်တင...
08/09/2021

မင်းတပ်မြို့နယ် ခရစ်ယာန်အမှု​တော်​ဆောင်အဖွဲ့မှ စစ်​ကော​င်စီ​ပေးအပ်သည့်ထောက်ပံ့​ငွေငွေကျပ် ၃၉သိန်း ၆ သောင်း ကို ယနေ့စက်တင်ဘာလ ၈ ရက်နေ့တွင် မင်းတပ် ပရဟိတ မိတ်​ဆွေလူမှုရေးအသင်းထံ ပြန်လည် လွှဲ​ပြောင်း လှူဒါန်းကြောင်းသိရပါသည်။

#ခမ်းပါတ်တိုင်းမ်

ပြည်သူတို့ မျှော်လင့်တောင့်တသောဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက်အဆုံးထိတိုက်ပွဲဝင်သွားမယ့်PDF (Kalay) ရဲ့ ရှေ့တန်းရေ...
08/09/2021

ပြည်သူတို့ မျှော်လင့်တောင့်တသော
ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက်
အဆုံးထိတိုက်ပွဲဝင်သွားမယ့်
PDF (Kalay) ရဲ့ ရှေ့တန်းရောက်တပ်ဖွဲ့ဝင်အချို့

စက်တင်ဘာ ၈

"အရေးတော်ပုံ အောင်ရမည်"


#ခမ်းပါတ်တိုင်းမ်

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် PDF တမူးက ဒေသခံပြည်သူတွေကို ပန်ကြား   #ခမ်းပါတ်တိုင်းမ်
03/09/2021

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် PDF တမူးက ဒေသခံပြည်သူတွေကို ပန်ကြား

#ခမ်းပါတ်တိုင်းမ်

CDF မင်းတပ်ရဲဘော် ၁ ယောက် ဒီမနက်ကျဆုံး===================စက်တင်ဘာ ၃CDF မင်းတပ်ရဲဘော် ၁ ယောက်ဟာ ဒီနေ့ စက်တင်ဘာ ၃ ရက် မနက်...
03/09/2021

CDF မင်းတပ်ရဲဘော် ၁ ယောက် ဒီမနက်ကျဆုံး
===================

စက်တင်ဘာ ၃

CDF မင်းတပ်ရဲဘော် ၁ ယောက်ဟာ ဒီနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းကကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ကျဆုံးသွားတဲ့ CDF Mindat ရဲဘော်ဟာ အသက် ၁၉၊ ၂၀ ဝန်းကျင်လူငယ် ဖြစ်ပါတယ်။

မင်းတပ်မှာ ၃ လ​ ကျော်တိုက်ပွဲအတွင်း CDF Mindat ရဲဘော် (၃၃) ဦးကျဆုံးပါတယ်။ တစ်လကို ပျမ်းမျှ (၁၀) ဦးခန့် တိုက်ပွဲကျတဲ့ အ​နေအထားဖြစ်ပါတယ်။

စစ်​ကောင်စီ ဘက်က​တော့ ၂၅၀ - ၃၀၀ အတွင်း ​သေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

#ခမ်းပါတ်တိုင်းမ်

ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၁ အား စင်ကာပူရောက် လူငယ်များက ကျပ် ၁၅ သိန်း လှူဒါန်း===================စက်တင်ဘာ ၃စစ်ကိုင်းတ...
03/09/2021

ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ အား စင်ကာပူရောက် လူငယ်များက ကျပ် ၁၅ သိန်း လှူဒါန်း
===================
စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ (KPDF-1)အား စစ်အာဏာရှင်ကို တော်လှန်ရာတွင် လိုအပ်သည်များအသုံးပြုနိုင်ရန်အတွက် စင်ကာပူရောက် လူငယ်များက ကျပ်၁၅သိန်း လှူဒါန်းခဲ့သည်ဟု KPDF-1က ယနေ့ စက်တင်ဘာလ ၃ရက်၌ မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြထားသည်။

#ခမ်းပါတ်တိုင်းမ်

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Khampat Times - ခမ်းပါတ်တိုင်းမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share