Hyper Impactś

Hyper Impactś အလျားအနံမရှိပေမဲ့၊ အသွားအပြန်ရှိတဲ့
မေတ္တာတရားကြောင့်ပေါ့ဗျာ😍

B 🩸🩸
23/07/2025

B 🩸🩸

ဘီသွေးပိုင်ရှင်လေးကို ချစ်မိရင် ...

အရင်ဆုံး သူ့စိတ်ကို နားလည်ပေးဖို့ လိုတယ်မဟုတ်လား ... အရင်ဆုံး သူ့ပုံစံလေးကို သိထားဖို့ လိုတယ် မဟုတ်လား ... ဘီသွေးပိုင်ရှင်လေးတွေကလေ ခရုလေးတွေနဲ့ တူတယ် အပေါ်ယံ မာကျောချင်ယောင် ဆောင်ထားသလောက် တကယ်တမ်းကျတော့ အရမ်းကို နူးညံ့တတ်တာမျိုးလေ ။ သူ့အကြောင်းကို မသိရင် အရမ်းကို သန်မာနေသလိုမျိုး ပြီးတော့ အရမ်းကို ရင့်ကျက်နေသလိုမျိုးပေါ့ တကယ်တမ်းကျတော့ သိပ်အားငယ်တတ်တာ ။

ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားတွေ သုံးတတ်သလောက် ဘယ်အရာကိုမဆို စိတ်ထဲ နှစ်ထားတတ်တဲ့ လူစားမျိုးပေါ့ ။ သေးသေးလေးကအစ အရာအားလုံးကို နှလုံးသားနဲ့ ခံစားလိုက်တာမျိုးပေါ့ ။ ပြီးတော့ ဟင့်အင်း မတွေးပါဘူး ဘာမှ ဖြစ်မနေပါဘူးဆိုတဲ့ စကားကို သုံးတယ် ။ သူတို့က အမှတ်သိပ်ကြီးတာနော် လက်စားချေဖို့လည်း မဟုတ်ဘူး အငြိုးထားတတ်လို့လည်း မဟုတ်ဘူး ဒီအတိုင်းပဲ ဘယ်အရာကိုမဆို လွယ်လွယ်လေး မေ့မသွားတတ်ကြတာ များသောအားဖြင့် ပျော်စရာ အမှတ်တရကိုပဲဖြစ်ဖြစ် နာကျင်စရာ အတိတ်ကိုပဲ ဖြစ်ဖြစ် ဘယ်တုန်းကလေဆိုပြီး အစအဆုံးပြန်ပြောပြနိုင်တဲ့အထိကို သူတို့ရဲ့ အမှတ်သင်္ညာက ကြီးလွန်းတယ် ။

တကယ်လို့ သူသိပ်ချစ်မိသွားရင် ... ဘယ်အရာကိုမဆို ဂရုစိုက်တတ်သလောက် သေးသေးမွှားမွှားလေးတွေကအစ နာကျင်ကောင်းနာကျင်နေတတ်လိမ့်မယ် ။ အများကြီး နားလည်ပေးချင်သလောက် အများကြီးလည်း သ၀န်တိုတတ်သေးတာလေ ။ ဒါပေမယ့် နားလည်မပေးနိုင်ဘူးဆိုပြီး အထင်ခံရမှာလည်း သိပ်ကြောက်တော့ များသောအားဖြင့် နားလည်ပေးဖြစ်တာများပါတယ် ။ နောက်မှ ဘယ်သူမှ မသိအောင် ကြေကွဲတတ်တယ် ဆိုပါတော့ ။

အဲ့ဒီဘီသွေးပိုင်ရှင်လေးကလေ ... သိပ်အားငယ်တတ်တာကော သိရဲ့လား ... သူငယ်ချင်းတွေကြားမှာ အပေါင်းအသင်းတွေကြားမှာ အလုပ်ခွင်မှာ ဘယ်ပြဿနာကိုမဆို သူ့ဆီပဲ ရင်လာဖွင့်တတ်ကြတယ် သူ့ကိုပဲ တိုင်ပင်တတ်ကြတယ် ။ ဒါပေမယ့် သူကိုယ်တိုင်ကျ ဘာမှ သိပ်ပြီးမပြောပြတတ်ဘူး ။ တကယ်လို့ မင်းကို ချစ်မိသွားပြီဆိုရင်တော့ အဲ့ဒီ ရင့်ကျက်တာတွေ သန်မာတာတွေ အားလုံးကို အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ခဝါချပြီး မင်းရှေ့မှာ ကလေးဆန်ချင် ဆန်နေမှာ ။ နားလည်ပေးနိုင်မှာလား ဒါမှမဟုတ် အပြစ်တင်နေမှာလား ။ တခြားသူအမြင်မှာ ရင့်ကျက်တယ်လို့ ထင်ခံရသလောက် သူကိုယ်တိုင်က တကယ်တမ်းကျတော့ ပျော့ညံ့ပါတယ် မြိုသိပ်တတ်တယ်ဆိုရုံလောက်ပဲရှိတာ ။

နောက်ပြီး သိပ်အားနာတတ်တာ ။ အဲ့ဒီဒဏ်တွေကိုကော ခံနိုင်ရည်ရှိပါ့မလား ... ပြောရမယ်ဆိုရင် သူ့ဆီမှာ အပူတွေအများကြီး ရှိနေလိမ့်မယ် ပြဿနာတွေ အများကြီးရှိနေလိမ့်မယ် ဒါပေမယ့် အဲ့တာတွေကလေ သူဖန်တီးခဲ့တာ တစ်ခုမှ မပါဘူးနော် ။ သူက ဓားခုတ်ရာကို လက်၀င်လျှိုမိလိုက်သလိုမျိုး ပြဿနာက သူ့ကို တကူးတက မီးထွန်းရှာခံရတဲ့ လူစားမျိုးပေါ့ ။ အဲ့ဒီ အားနာတတ်တဲ့စိတ် သနားတတ်တဲ့စိတ် ငဲ့ညှာတတ်လွန်းတဲ့ စိတ်တွေကြောင့် မကြာခဏဆိုသလို သူ့မှာ ခက်ခဲနေရတာ သူချည်းသက်သက်ဆို သူက အဆင်ပြေအောင် သေချာပေါက် နေတတ်ပါတယ် ။ မင်း သည်းခံနိုင်ပါ့မလား ။

ဘီသွေးပိုင်ရှင်လေးကို ချစ်မိပြီဆိုရင်လေ ... လူနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်နေရသလိုမျိုး ဖြစ်နေလိမ့်မယ် ။ တစ်ခါတစ်လေ အရမ်းကလေးဆန်နေလိမ့်မယ် အရမ်းချွဲနေလိမ့်မယ် အရမ်းပျော့ညံ့နေလိမ့်မယ် တကယ့်ကလေးလေးတစ်ယောက်လိုမျိုးပေါ့ ။ တကယ်လို့ ကိုယ်တစ်ခုခုဖြစ်ရင် သူက ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေလိမ့်မယ် လူကြီးတစ်ယောက်လိုမျိုး လမ်းပြပေးလိမ့်မယ် ။ ပြီးတော့ ဆုံးမသြဝါဒတွေ အများကြီး ချွေလိမ့်မယ် ။ စဥ်းစားနော် ... ဘီသွေးပိုင်ရှင်လေးကို ချစ်မယ်ဆိုရင် သေချာလေး စဥ်းစားနော် ။

သေချာပေါက် အများကြီး ချစ်ခံရမယ် အများကြီး ဂရုစိုက်ခံရမယ် ဂရုစိုက်လွန်းလို့ တစ်ခါတစ်လေကျ နေရတောင် ကျပ်ချင် ကျပ်နေဦးမှာ ။ တစ်ခုတော့ ... စိတ်ပူရတယ် သူက နာကျင်စရာတွေကို အများကြီးသိမ်းထားတဲ့လူမို့ တစ်ခါတစ်လေကျ အများကြီး မြိုသိပ်ထားလိမ့်မယ် လျှို့၀ှက်ချက်တွေ အများကြီး ရှိလိမ့်မယ် ဒါပေမယ့်အဲ့ဒါဟာ လိမ်ညာချင်လို့ဆိုတာမျိုး မဟုတ်ဘူးနော် မနာကျင်စေချင်လို့ ဖွင့်မပြောတာလောက်ပဲ ။ မလွယ်ဘူး အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ... သူ့ကို ချစ်ဖို့ဆို အများကြီး နားလည်ပေးနိုင်မှပဲ ဖြစ်လိမ့်မယ် ။

#ကျေးကို

20/07/2025
"မအားလို့ပါ"ဆိုတဲ့အကြောင်းပြချက်နဲ့ဂရုမစိုက်ပဲပစ်ထားမယ်ဆိုရင်ပျော်စရာဆိုတာဟာကိုယ်တို့ကြားမှာတိတ်ဆိတ်သွားလိမ့်မယ်။မအားတဲ့...
18/07/2025

"မအားလို့ပါ"ဆိုတဲ့အကြောင်းပြချက်နဲ့
ဂရုမစိုက်ပဲပစ်ထားမယ်ဆိုရင်
ပျော်စရာဆိုတာဟာ
ကိုယ်တို့ကြားမှာတိတ်ဆိတ်သွားလိမ့်မယ်။

မအားတဲ့ကြားကနေ သတိရကြောင်းကိုပြောပေးရပါတယ်
အချိန်မရှိတဲ့ကြားကနေ အချိန်ဖဲ့ပေးရပါမယ်
ပေးဆပ်တယ်ဆိုတာ ဒါပါပဲ။

ဂရုစိုက်တယ်ဆိုတာ
ကိုယ့်အတွက်ကို သီးသန့်အချိန်ပေးတာပါပဲ
တန်ဖိုးထားတယ်ဆိုတာဟာ
ကိုယ့်ကိုလစ်လပ်မှုမရှိစေတာပါပဲ။

နီးသည်ဖြစ်စေ၊ဝေးသည်ဖြစ်စေ
ကိုယ့်ရင်ခုန်သံကိုနီးစပ်စေတာပါပဲ
ပျော်စရာဆိုတာဟာ ခက်ခဲမှုတွေကြားကနေ
တိုးထွက်လာတဲ့အလှဆုံးပန်းတွေပါပဲ။

မအားလို့ဆိုပြီးပစ်ထားတာထက်စာရင်
မအားတဲ့ကြားကနေ အချိန်ပေးတာဟာ
နှစ်ဦးသားကို သံယောဇဥ်ပိုခိုင်မာစေပါတယ်။

ချစ်လို့ရွေးချယ်ထားတဲ့သူကို
မျက်နှာပျက်အောင်မလုပ်မိပါစေနဲ့
ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်နေပါစေ။

🤍

Jul 28. 2025 // -- 💬💬
: ) ♡

°•°•° •°•°• °•°•° •°•°• °•°•° •°•°• °•°•° •°•°• •°•°• ;crd

✔シ


--- 🖤🤍 ---ကိုယ် နာကျင်ခဲ့ရသလိုမနာကျင်ပါစေဆိုတဲ့စကားကလေ ...ကျိန်စာမဟုတ်ဘူးတကယ့်ကို စေတနာပါ ။ကိုယ့်နာကျင်ခဲ့ရခြင်းတွေကိုကိ...
13/07/2025

--- 🖤🤍 ---

ကိုယ် နာကျင်ခဲ့ရသလို
မနာကျင်ပါစေဆိုတဲ့
စကားကလေ ...
ကျိန်စာမဟုတ်ဘူး

တကယ့်ကို စေတနာပါ ။

ကိုယ့်နာကျင်ခဲ့ရခြင်းတွေကို
ကိုယ်ကိုယ်တိုင်ပဲ သိတာမို့
တစ်စုံတစ်ယောက်သာ
ကိုယ့်လို နာကျင်ရရင်

ခံနိုင်ရည်ရှိမနေမှာစိုးတဲ့
စတေနာ ။

#ကျေးကို
# crd

ခံစားဖူးလားတော့ မသိဘူး ...လူတစ်ယောက်အနားရပ်နေရင်းကကိုယ်ဟာ အဲ့ဒီလူအတွက်ဘာမှ ဟုတ်မနေတော့သလိုနာကျင်လာရတာမျိုးလူတစ်ယောက်ကိုခ...
07/07/2025

ခံစားဖူးလားတော့ မသိဘူး ...

လူတစ်ယောက်အနား
ရပ်နေရင်းက
ကိုယ်ဟာ အဲ့ဒီလူအတွက်
ဘာမှ ဟုတ်မနေတော့သလို
နာကျင်လာရတာမျိုး

လူတစ်ယောက်ကို
ချစ်နေရင်းက
ငါ မချစ်လည်း
ဘာမှ ဖြစ်သွားမှာမဟုတ်ဘူးဆိုပြီး
အတွေးတွေ ၀င်လာမိတာမျိုး

အင်း ...
တစ်ခါတစ်လေဆို
အဆင်ပြေပေမယ့်
အမြဲတမ်း ဖြစ်လာတဲ့အခါ

ချစ်ပါတယ်ဆိုတဲ့ စကားကိုပြောဖို့
သိမ်ငယ်လာရတတ်တာပါပဲ ။

#ကျေးကို

Jul 7. 2025 // -- 💬💬
: ) ♡

°•°•° •°•°• °•°•° •°•°• °•°•° •°•°• °•°•° •°•°• •°•°• ;crd

✔シ


Adresse

Democratic Republic Of The

Heures d'ouverture

Lundi 17:00 - 22:00
Mardi 17:00 - 22:00
Mercredi 17:00 - 22:00
Jeudi 17:00 - 22:00
Vendredi 17:00 - 22:00
Samedi 09:00 - 17:00

Téléphone

+601123684701

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Hyper Impactś publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Hyper Impactś:

Partager