TNH Myanmar

TNH Myanmar Entertainment and Knowledge Sharing.

၂၅-၁၀-၂၀၂၅==========မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး  မှာ ဒီကနေ့...
25/10/2025

၂၅-၁၀-၂၀၂၅
==========

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မှာ ဒီကနေ့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ကိုး Kim Hourn လည်း တက်ရောက်ခဲ့ပါသည်။ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး၊ Dato' Seri Utama Haji Mohamad bin Haji Hasan က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးတွင် မလေးရှားနိုင်ငံ၏ အဓိက ဦးစားပေး လုပ်ငန်းများနှင့် လာမည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများ အတွက် ပြင်ဆင်မှုများကို အလေးထား ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် အရှေ့တောင်အာရှဒေသတွင်းရှိ ပြည်သူများအတွက် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းရန် တူညီသော ရည်မှန်းချက်များ မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
#ပြန်လည်မျှဝေသည် #သတင်း #မလေးရှား #စင်ကာပူ

အာဆီယံထိပ်သီးအစည်းအဝေးတက်မယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု  ======================အေတီ/BVJ_ အောက်တိုဘာ ၂၂၊ ၂၀၂၅ လာမယ့်ရက်ပိုင်...
22/10/2025

အာဆီယံထိပ်သီးအစည်းအဝေးတက်မယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု
======================
အေတီ/BVJ_ အောက်တိုဘာ ၂၂၊ ၂၀၂၅
လာမယ့်ရက်ပိုင်းအတွင်း မလေးရှား၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကို ခရီးထွက်ဖို့အစီအစဥ်ရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပါတယ်။ သြစတြေးလျဝန်ကြီးချုပ် Anthony Albaneseနဲ့ အိမ်ဖြူတော်မှာမနေ့က တွေ့ဆုံအပြီးမှာ ဒေါ်နယ်ထရမ့်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပမယ့် အာဆီယံအစည်းအဝေးကိုတက်မယ်လို့ သမ္မတထရမ့်အနေနဲ့ ပထမဆုံးအကြိမ်ကိုယ်တိုင်အတည်ပြုခဲ့တာဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ သီးသန့်အစီအစဥ်တစ်ခုအဖြစ်ပါဝင်မယ့် ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ထိုးပွဲမှာ ကြီးကြပ်သူအဖြစ်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်မှာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာစန်ကအတည်ပြုထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ ဂျပန်နိုင်ငံကို ဒေါ်နယ်ထရမ့်ဆက်သွားဖို့ရှိပြီးအောက်တိုဘာ၂၇ကနေ သုံးရက်ကြာ ဂျပန်နိုင်ငံမှာရှိနေမှာဖြစ်တယ်လို့ ဂျပန်အစိုးရသတင်းအရင်းမြစ်တွေကပြောပါတယ်။
အောက်တိုဘာ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိကျင်းပမယ့် လေးရှားနိုင်ငံကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်မယ့်အာဆီယံထိပ်သီးဆွေးပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘရာဇီးသမ္မတလူလာဒါဆေးလ်ဗားနဲ့ တောင်အာဖရိသမ္မ ရာမာဖိုဇာတို့လည်း ဧည့်သည်တွေအနေနဲ့ တက်ရောက်ကြဖို့ရှိပါတယ်။

ဂျပန်ခရီးစဥ်ပြီးရင်တောင်ကိုရီးယားကို ဒေါ်နယ်ထရမ့်ဆက်သွားပြီး အောက်တိုဘာ၃၁ရက်ကနေ နိုဝင်ဘာ၁ရက်နေ့အထိကျင်းပမယ့် အာရှပိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်လို့ သိရပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခုလာမယ့် အာရှခရီးစဥ်ဟာ ဇန်နဝါရီလကစတင်တာဝန်ယူတဲ့ ဒုတိယမြောက်သမ္မတသက်တမ်းမှာ ပထဆုံးအာရှခရီးစဥ်ဖြစ်ပါတယ်။
#သတင်း #ပြန်လည်မျှဝေသည် #မလေးရှား #စင်ကာပူ

 #မလေးရှား    #မြန်မာလူtatမှုတဲ့မလေးရှား၊ Johor Bahru (JB) ရဲ့ Mount Austin မှာ မနေ့က အောက်တိုဘာ ၂၀ ရက်နေ့မှာ လူtatမှုဖြ...
21/10/2025

#မလေးရှား #မြန်မာလူtatမှုတဲ့

မလေးရှား၊ Johor Bahru (JB) ရဲ့ Mount Austin မှာ မနေ့က အောက်တိုဘာ ၂၀ ရက်နေ့မှာ လူtatမှုဖြစ်ပွါးခဲ့ရာမှာ မြန်မာနိုင်ငံသား ၂ ဦး tatဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ဟာ လူစည်ကားလှတဲ့ Mount Austin ဈေးနဲ့ စားသောက်ဆိုင်တွေများတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ရဲသတင်းအရ tayဆုံးသွားသူထဲက အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးရဲ့ ရင်ဘတ်နားမှာ ဓားဒဏ်ရာအများကြီး တွေ့ရတယ် လို့ Johor Bahru တောင်ပိုင်း ရဲမှူး Raub Selamat က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ လူသွားလမ်းမကြီးတစ်လျှောက် ဖြစ်ခဲ့တာကြောင့် လူတွေက ဓာတ်ပုံတွေရိုက်ပြီး အွန်လိုင်းမှာတင်ခဲ့တာမို့ ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ လမ်းထဲမှာလည်း မိသားစုကာရာအိုကေတွေ၊ စားသောက်ဆိုင်များနဲ့ ဖျော်ဖြေရေးဆိုင်များပြည့်နေတဲ့ နေရာပါ။

မနေ့ညနေ ၇ နာရီ ၄၀ မိနစ်ခန့်မှာ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာအလုပ်သမား တည်းခိုဆောင်သို့ သွားရာလမ်းပေါ်တွင် လမ်းလျှောက်နေစဉ် အtatခံရတာဖြစ်ပြီး အခင်းဖြစ်နေရာမှာ လူtatလက်နက်လို့ ယူဆရတဲ့ ၂၄ စင်တီမီတာရှည် ဓားတစ်ချောင်းကို တွေ့ရှိခဲ့ကြောင်း ရှာဖွေစစ်ဆေးမှုအရ သတင်းမှာဖော်ပြထားပါတယ်။

ရဲဘက်က ထုတ်ပြန်ချက်အရ မြန်မာအမျိုးသမီးကို tatတယ်လို့ သံသယရှိသူဟာလည်း မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး မိန်းကလေးရဲ့ ချစ်သူဟောင်း ဖြစ်နိုင်တယ် လို့ ယူဆထားကြပြီး၊ ဒီလူဟာလည်း ကိုယ့်ကိုယ်ကိုယ် သtatသေခဲ့တယ်လို့ ဆိုပါတယ်။ ဆိုရရင်တော့ အမျိုးသမီးကို tatပြီး ကိုယ်တိုင် အဆုံးစီရင်တဲ့ ဖြစ်စဉ်လို့ ရေးထားပါတယ်။

မလေးရှား The Star သတင်းစာမှာ ဖော်ပြတဲ့အရ အသက် ၂၃ နှစ်အရွယ် နိုင်ငံခြားသားမိန်းကလေးတစ်ဦးနဲ့ အသက် ၂၇ နှစ်အရွယ် မလေးရှားလူမျိုး တစ်ဦးဟာလည်း လူtatမှုကို တားဆီးဖို့ ကြိုးစားရင်း ဒဏ်ရာရပြီး ဆေးရုံတင်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

မလေးရှားသတင်းမှာ ရေးထားတာကတော့ ရဲစစ်ချက်အရ မနာလိုစိတ်ကြောင့် လူtatမှုလို့ ဖြစ်ရတယ်လို့ ယူဆကြောင်း လို့ ဆိုပါတယ်။

to Tin Min
#ပြန်လည်မျှဝေသည် #သတင်း #ဗဟုသုတ #မလေးရှား #စင်ကာပူ

https://www.facebook.com/share/p/14Q2AevMUVU/

🇫🇷ပြင်သစ် Louvre ပြတိုက်ကြီးကနေ တော်ဝင်ရတနာတွေလုယက်မှုက ၄ မိနစ်ပဲကြာခဲ့တာ ဖြစ်ပါတယ်။20-October -2025သူခိုးတွေက စိန်းမြစ်...
20/10/2025

🇫🇷ပြင်သစ် Louvre ပြတိုက်ကြီးကနေ တော်ဝင်ရတနာတွေလုယက်မှုက ၄ မိနစ်ပဲကြာခဲ့တာ ဖြစ်ပါတယ်။

20-October -2025

သူခိုးတွေက စိန်းမြစ်ကမ်းဘက်အခြမ်း ကနေ ဆောက်လုပ်ရေးအလုပ်သမားပုံစံနဲ့ ဝင်ခဲ့တာလို့ ဆိုပါတယ်။

လုပ်သွားတဲ့ပုံစံက တနင်္ဂတွေနေ့ ပြတိုက်ဖွင့်ခါစမှာ ဆောက်လုပ်ရေးအလုပ်သမားဝတ်စုံကိုဝတ်ပြီး သူခိုး ၃ ယောက်က basket lift လှေခါးပါတဲ့ ကားနဲ့ ပြတိုက်အပြင်ဘက်ခြမ်းကို ချဉ်းကပ်သွားတယ်။

လှေခါးနဲ့ အပေါ်ထပ်ပြတင်းပေါက်ကိုတက်ပြီးတာနဲ့ Disc cutter ဖြတ်စက်နဲ့ ပြတင်းကိုအမြန်ဖြတ်ပြီး တော်ဝင်ရတနာတွေထားတဲ့ အခန်းထဲကိုဝင်တယ်။

ပြတိုက်ကို လာရောက်လည်ပတ်တဲ့သူတွေ အပြည့်ရှိနေစဉ်မှာပဲ မှန်ပုံးနှစ်ခုကို ချိုးဖျက်ပြီး အတွင်းက တော်ဝင်ရတနာတွေထဲက အဖိုးတန်ရတနာပေါင်းများစွာ စီခြယ်ထားတဲ့ သရဖူနဲ့ နန်းသုံးရတနာတွေကို လုယူသွားတာ ဖြစ်ပါတယ်။

စုစုပေါင်းဝင်ရောက်လုယက်ချိန်က (၄) မိနစ်ပဲကြာတယ်လို့ပြောပါတယ်။ မနေ့က ၇ မိနစ်လို့ ကနဦးသတင်းတွေမှာ ဆိုထားတာပါ။

အချက်ပေးသတိပေးသံတွေကြောင့် လုံခြုံရေးတွေက အသည်းအသန်ပြေးသွားကြပေမဲ့ သူခိုးတွေက အခန်းထဲကပြေးထွက်သွားပါပြီ။

တော်ဝင်ရတနာပစ္စည်းပေါင်း (၉) ခုပါသွားတယ်လို့သိရပြီး ဘယ်ပစ္စည်းတွေဆိုတာ အတိအကျမသိရသေးပါ။

အဲ့ဒီထဲက တတိယမြောက်နပိုလီယံရဲ့ကြင်ယာတော် Eugénie မိဘုရားကြီး ပိုင်ဆိုင်ခဲ့တဲ့ စိန်အလုံးပေါင်း (၁,၃၅၄) လုံးနဲ့ မြပေါင်း (၅၆) လုံးပါတဲ့ သရဖူကို ပြတိုက်အပြင်ဖက်ကနေ ပြန်ရခဲ့ပါတယ်။

ကြည့်ရတာ သူခိုးတွေကမန်းကတန်း ထွက်ပြေးချိန်မှာ ကျကျန်ခဲ့တာဖြစ်ပုံရပြီး သရဖူကပုံပျက်ပြီးကျိုးနေတယ်လို့ ဆိုပါတယ်။

ရှေးသမိုင်းဝင်လက်ရာအမွေအနှစ်တွေဖြစ်တာရယ်၊ တန်ဖိုးကြီးရတနာတွေဖြစ်တာရယ်ကြောင့် တန်ဖိုးကမနည်းပါ။

မျက်နှာဖုံးစွပ်ရုပ်ဖျက်ထားတဲ့ သူခိုးတွေနောက်ကို ရဲကအသည်းအသန်ခြေရာခံလိုက်နေပြီဖြစ်ပါတယ်။

ဒီလောက်တန်ဖိုးကြီးရတနာတွေပြသထားရာနေရာကို လုံခြုံရေးတိုးမြှင့်ဖို့အစီအစဉ်တွေဆွဲထားပေမယ့် အခါနှောင်းသွားပြီလို့ လူတွေကဝေဖန်နေကြပါတယ်။

to Richard Myo Thant with respect #သတင်း #ပြန်လည်မျှဝေသည် #ဗဟုသုတ #မလေးရှား #စင်ကာပူ

❝ ကျောင်းအတူတူသွားနေသူအချင်းချင်းမနာလိုပဲ that မှု ❞ဟောင်ကောင်တဖက်ကမ်း တရုတ်ပြည် Shenzhen မှာ Zhong ဆိုတဲ့ အသက် ၁၄ နှစ်အ...
18/10/2025

❝ ကျောင်းအတူတူသွားနေသူအချင်းချင်းမနာလိုပဲ that မှု ❞

ဟောင်ကောင်တဖက်ကမ်း တရုတ်ပြည် Shenzhen မှာ Zhong ဆိုတဲ့ အသက် ၁၄ နှစ်အရွယ်ကောင်လေးရယ်၊ Pan ဆိုတဲ့ အသက် ၁၄ နှစ်အရွယ်ကောင်မလေးရယ်၊ Chen ဆိုတဲ့ ကောင်လေးရယ်ဟာ လုံဟွာဒိစကြိတ်က အလယ်တန်းကျောင်းမှာ တစ်တန်းတည်းတက်နေတဲ့ အတန်းဖော်တွေလို့ ဆိုပါတယ်။

Zhong ရော၊ Pan ရော၊ Chen ရော သုံးယောက်စလုံးက အိမ်ရာတစ်ခုတည်းမှာ အတူတူနေနေကြတဲ့ သူငယ်ချင်းကျောင်းသွားဖော်တွေပါ။

ကောင်မလေး Pan ရဲ့အဖေနဲ့ ကောင်လေး Chen ရဲ့အဖေက ကလေး (၃) ယောက်ကို တစ်လှည့်စီကျောင်းလိုက်ပို့နေကျလို့ ဆိုပါတယ်။

အဲ့ဒီလို လိုက်ပို့ပေးနေတာ ၃ နှစ်ရှိပါပြီ။ ကောင်လေး Zhong ရဲ့အဖေက ဘာလို့ လိုက်မပို့ပေးနိုင်လဲ မသိပါ။

ဧပြီလ ၈ ရက်နေ့က Chen ရဲ့အဖေက ကလေး (၃) ယောက်ကို ကျောင်းကပြန်ကြိုပြီး အိမ်ရာအဝမှာ ချထားပေးခဲ့တယ်။

ကောင်မလေး Pan နဲ့ ကောင်လေး Chen က ဘယ်ဘက်ကွေ့ပြီး အိမ်အတူပြန်ကြတယ်။ ကောင်လေး Zhong က ညာဘက်လမ်းအတိုင်း သူ့အိမ်ကိုပြန်တယ်။

ဒါပေမဲ့ ကောင်မလေး Pan တစ်ယောက်တည်း လမ်းပေါ်မှာရှိနေတုန်း Zhong က အနားကပ်လာပြီး အိတ်ထဲက ခေါက် dar ထုတ်ပြီး ထိုးပါလေရော။

အဲ့ဒီ ခေါက် dar က သူအွန်လိုင်းပေါ်ကနေ ဝယ်ထားတာလို့ ဆိုပါတယ်။

ထိုးတာမှ ကောင်မလေး Pan လဲကျသွားတဲ့ အထိထိုးတုန်းပါ။ ပြီးတော့ Zhong က ပြေးပါလေရော။

ကောင်မလေး Pan က ဒဏ်ရာတွေနဲ့ ကြောက်လန့်တကြားအော်ဟစ်အကူအညီတောင်းတာမြင်တော့ Zhong က ပြန်လာပြီး လည်ပင်းကို ထပ် ထ-ိုးပြန်ပါတယ်။

ဟောင်ကောင်သတင်းစာ Sing Tao Daily အဆိုအရ dar ဒဏ်ရာ အချက် ၂၀ ကျော်တွေ့ရတယ်လို့ဆိုပါတယ်။

Zhong က dar ကိုလွှင့်ပစ်ပြီး အိမ်ပြန်ပြေးပြီးတော့ တစ်ယောက်ယောက်ကို ကယ်လိုက်လို့ လက်မှာ ဓားဒဏ်ရာရလာခဲ့တယ်လို့ လိမ်ပြောပါတယ်။

Zhong ရဲ့မိဘတွေက Group chat မှာ သူ့သားက တစ်ယောက်ယောက်ကို ကယ်လိုက်လို့ ဒဏ်ရာရလာလို့ ဆေးရုံပို့ထားရတယ်လို့ တင်လိုက်ပါသေးတယ်။

အိမ်ရာအုပ်ချုပ်ရေးက ရဲကိုဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပြီး အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ပေမဲ့ ကောင်မလေး Pan ခမျာမှာ သေဆုံးသွားရှာပါတယ်။

နောက်နေ့မှာပဲ Zhong ကို ဆေးရုံပေါ်ကနေ သွားရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီအမှုကို Shenzhen Intermediate People's Court မှာ တနေ့က အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ဆေးမှ လူသိများလာတာပါ။

ဘာကြောင့်အတန်းတူကျောင်းသွားဖော်ချင်းကို that ရတာလဲ❓

Zhong က အသက် ၁၄ နှစ်အရွယ်တစ်ယောက်ကို that ရင်ဘာပြစ်ဒဏ်ကျနိုင်သလဲကို အွန်လိုင်းပေါ်မှာ အရင်ရှာဖတ်ခဲ့တယ်လို့ တရားရုံးစစ်ချက်မှာ ဆိုပါတယ်။

ဒီအမှုမှာ Pan ကစာတော်လို့ Zhong ကမနာလိုဖြစ်ပြီး that တယ်လို့ ယူဆကြပါတယ်။

တရားရုံးမှာ Zhong ဘက်ကရှေ့နေက Zhong ဟာကျောင်းမှာ အနိုင်ကျင့်ခံရလို့ လုပ်တာလို့ ထွက်ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းက ဆရာဆရာမတွေနဲ့ ကျောင်းသားတွေအားလုံးက Zhong သာလျှင်ကျောင်းမှာ သူများကို အနိုင်ကျင့်တတ်သူလို့ ထွက်ဆိုကြပါတယ်။

Pan ရဲ့အမေပြောတာက တရားရုံးရှေ့နေက Zhong ဟာ နောင်တရပုံလုံးဝမပြတဲ့အတွက် 6သဒဏ်ပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

Zhong က အဲ့ဒီ 6သဒဏ်လည်းကြားရော ခခယယတောင်းပန်ပြီး လျော့ပေါ့ပေးဖို့ တောင်းပန်တယ်လို့ ဆိုပါတယ်။

ဒီအမှုကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး အမိန့်မချသေးပါ။

အသက် ၁၄ နှစ်ပဲရှိသေးတဲ့ Zhong လို ကျောင်းသားလေးက အန္တရာယ်ရှိတဲ့ dar ကို အွန်လိုင်းပေါ်ကနေ ဘာလို့အလွယ်တကူဝယ်လို့ ရနေတာလဲ❓

Zhong အပါအဝင်၊ တနေ့က မလေးရှားက ကျောင်းသားလေးရော ဘာလို့ အခုလို လက်ရဲဇက်ရဲ လူ that ရဲတဲ့အထိဖြစ်လာကြတာလဲ❓

ဒီအချက်တွေကို ကျောင်းတွေ၊ မိဘတွေ၊ အွန်လိုင်းကဈေးရောင်းသူတွေ #သတိထားသင့်ပြီလို့ ထင်ပါတယ်။

ကျနော်ရေးသားပေးနေတဲ့ နိုင်ငံတကာသတင်းတွေမှာ လက်ရှိဖြစ်ပျက်နေတဲ့ လူမှုရေးကိစ္စတွေ ထင်ဟပ်နေတာကို သတိထားမိကြမယ်ထင်ပါတယ်။

အခုခေတ်မှာ မြီးကောင်ပေါက်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းလာမှုကို မိဘ/ဆရာတွေက ကြိုတင်သတိထားမိပြီး ပြုပြင်သင့်တာပြုပြင်၊ တားဆီးသင့်တာ တားဆီးမှုတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။

ဘာကြောင့်ဖြစ်တယ်ဆိုတာ တသတ်မှတ်တည်းပြောလို့မရပဲ ဖြစ်ရပ်မျိုးစုံကနေ အနည်းနဲ့အများတော့ သတိထားစရာတွေရမယ်လို့ မျှော်လင့်ပါတယ်။

ဒီအမှုမှာ Pan ရဲ့အဖေခမျာ သူ့သမီးနဲ့အတူတူ ကျောင်းကို ၃ နှစ် ၃ မိုး ကြိုပို့ပေးခဲ့တဲ့ ကောင်လေးက ဒီလိုလုပ်လိမ့်မယ်လို့ ထင်ထားခဲ့မှာမဟုတ်ပါ။

to Richard Myo Thant with respect
#ပြန်လည်မျှဝေသည် #သတင်း #မလေးရှား #စင်ကာပူ #ဗဟုသုတ

ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် မြန်မာတွင် ဘီလာရုစ်အဆိုတော် ရောင်းစားသတ်ဖြတ်ခံရဟု သတင်း ထွက်ပေါ်ဘီလာရုစ်အဆိုတော်အမျိုးသ...
16/10/2025

ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် မြန်မာတွင် ဘီလာရုစ်အဆိုတော် ရောင်းစားသတ်ဖြတ်ခံရဟု သတင်း ထွက်ပေါ်

ဘီလာရုစ်အဆိုတော်အမျိုးသမီးတဦးသည် ထိုင်းနိုင်ငံသို့ သွားခဲ့ရာမှ အလိမ်ခံရပြီးနောက် မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။
ထိုအမျိုးသမီးကို ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် ရောင်းချခဲ့ပြီး၊ သူမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ် လိုက်ပြီဖြစ်ကြောင်း မိသားစုအား လူစိမ်းများက အကြောင်းကြားလာခဲ့သည်။
ဘီလာရုစ် “The Voice” သီချင်းဆိုပြိုင်ပွဲ၏ ပြိုင်ပွဲဝင်ဟောင်း အသက် ၂၆ နှစ်အရွယ် အမျိုးသမီးသည် မော်ဒယ်လ်လုပ်ငန်း လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသို့ သွားခဲ့သော်လည်း လိမ်လည်မှုစင်တာ သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူမကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။အောက်တိုဘာလ အစောပိုင်းတွင် သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် “သူမကို ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် ရောင်းချပြီး၊ သူမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီ” ဟု မိသားစုအား အကြောင်းကြားခဲ့ကြောင်း ရုရှားမီဒီယာ များကို ကိုးကား၍ UNN မှ သတင်းဖော်ပြခဲ့သည်။
ဘီလာရုစ်အဆိုတော် ဗီရာ ကေသည် မော်ဒယ်လ်အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသို့ သွား ရောက်ခဲ့သည်။ သို့သော် သူမသည် လိမ်လည်မှုစင်တာနှင့် ကျွန်ပြုခံခဲ့ရသည်။
ဗီရာကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားပြီး၊ ထိုနေရာတွင် ချိန်းတွေ့သည့် ဝက်ဘ်ဆိုက်များ၌ အမျိုးသား များထံမှ ငွေညှစ်ယူရန် အတင်းအဓမ္မ ခိုင်းစေခြင်း ခံခဲ့ရသည်။
အောက်တိုဘာလ အစောပိုင်းတွင် သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ မကြာမီတွင် လူစိမ်းများက သူမ၏ ဆွေမျိုးများကို ဆက်သွယ်လာပြီး “သူမအား ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် ရောင်းချပြီး၊ သူမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီ” ဟု အကြောင်းကြားလာခဲ့သည်။
ယင်းမတိုင်မီကလည်း မိသားစုနှင့် မိတ်ဆွေများက သီတင်းတပတ်ကြာ လိုက်လံရှာဖွေနေခဲ့သော အသက် ၂၀ အရွယ် ယူကရိန်း မော်ဒယ် မာရီယာ ကိုဗယ်ချပ်ကို ဒူဘိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။
သူမသည် ဒဏ်ရာများကြောင့်၊ ဆေးရုံတင်ထားရပြီး၊ အခြေအနေမှာ စိုးရိမ်ရသည်။
ယူကရိန်းကောင်စစ်ဝန်ရုံးက နစ်နာသူ၏ ဆွေမျိုးများ၊ ရှေ့နေနှင့် ယူအေအီးအာဏာပိုင်များနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ကာ အမှုကိစ္စကို စောင့်ကြည့်ခဲ့သည်။

UNN မှ Killed and sold for organs? Former participant of Belarusian “The Voice” disappeared in Myanmar – Russian media အား သောမတ် ဘာသာပြန်သည်။

to Mizzima
#သတင်း #ပြန်လည်မျှဝေသည် #ဗဟုသုတ #မလေးရှား #စင်ကာပူ

15/10/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Big shout out to my newest top fans! 💎 Naw Ael, Amir RamosDrop a comment to welcome them to our community,
15/10/2025

Big shout out to my newest top fans! 💎 Naw Ael, Amir Ramos

Drop a comment to welcome them to our community,

ဓားစာခံ ၂၀ လုံးကို အသက်ရှင်လျှက် အစ္စရေးလက်ခံရရှိကြောင်း ကြေငြာလိုက်ပါပြီ။ ဟားမတ်အဖွဲ့က ဓားစာခံအလောင်းထည့်ထားတဲ့ အခေါင်း...
14/10/2025

ဓားစာခံ ၂၀ လုံးကို အသက်ရှင်လျှက် အစ္စရေးလက်ခံရရှိကြောင်း ကြေငြာလိုက်ပါပြီ။

ဟားမတ်အဖွဲ့က ဓားစာခံအလောင်းထည့်ထားတဲ့ အခေါင်း ၄ ခုကိုပါ လွှဲပေးခဲ့ရပြီး ကျန်အလောင်းတွေက ဘယ်နေရာမြုပ်ထားခဲ့သလဲ ပြန်ရှာရအုံးမှာမို့ အချိန်တခုလိုတယ်လို့ ဆိုပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဖက်က ချုပ်ထားသူ ၁၇၀၀ နဲ့ ထောင်ချထားသူ ၂၅၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဓားစာခံ ၂၀ နဲ့ ပါလက်စတိုင်း ၂၀၀၀ ကိုလဲလှယ်လိုက်ရသလိုပါပဲ။

သမ္မတထရမ့်ဟာ အစ္စရေးပါလီမန်မှာစကားပြောရာဝယ်

ကောင်းကင်ကြီးက ငြိမ်သက်နေတယ်။
သေနတ်သံတွေ မကြားရတော့ဘူး။
လေကြောင်းရန်အချက်ပေးသံတွေ ငြိမ်နေကြပြီ။
မြင့်မြတ်တဲ့ဒီမြေပေါ်မှာ ငြိမ်းချမ်းရေးနဲ့အတူ နေထွက်လာခဲ့ပြီ။
အစ္စရေးနဲ့ပါလက်စတိုင်းပြည်သူတွေရဲ့ ကာလရှည်အိမ်မက်ဆိုးကြီးကနေ နိုးထနိုင်ခဲ့ကြချေပြီ။

ထရမ့်ဟာ အစ္စရေးကနေ အီဂျစ်မှာလုပ်တဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ စာချုပ်မှာ အမေရိကန်၊ ကာတာ၊ အီဂျစ်နဲ့ တူရကီတို့က လက်မှတ်ထိုးကြတယ်။ ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်တက်ရောက်ကာ သက်သေလုပ်ကြတယ်။ ဟားမတ်နဲ့ အစ္စရေးတို့က ဒီပွဲမတက်ဘူး။ ဆော်ဒီအာရေးဘီးယားနဲ့ ယူအေအီးလည်း လာမတက်ဘူး။ အဓိကဆွေးနွေးကြတာက ဂါဇာဒေသကို အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေအတွက်ပဲ ဖြစ်ပါတယ်။ ဂါဇာမှာပြန်ပေါ်လာတဲ့ နှာခေါင်းစည်းနဲ့ လက်နက်ကိုင်ထားတဲ့ ဟားမတ်စစ်သားတွေက အစ္စရေးဖက်ကအလိုရှိနေတဲ့ ဟားမတ်အဖွဲ့ လက်နက်စွန့်ရမယ်ဆိုတဲ့အချက်ဟာ မဖြစ်နိုင်သေးဘူးဆိုတာကို ဖော်ဆောင်နေပါတယ်။

ဂါဇာစစ်ပွဲငြိမ်းချမ်းရေးဟာ ရေရှည်ခံနိုင်ပါ့မလား? 🤔

ref: Reuters
to ZA with respect #ပြန်လည်မျှဝေသည် #သတင်း #ဗဟုသုတ #မလေးရှား #စင်ကာပူ

မလေးရှားတွင် စားသောက်ဆိုင်နှစ်ဆိုင်ဝင်စီးခံရ၍ (၃)နှစ်အရွယ်ကလေးတစ်ဦးနှင့် မြန်မာအမျိုးသမီးများအပါအဝင် ၆၂ ဦးဖမ်းဆီးခံရသဉ္ဇ...
13/10/2025

မလေးရှားတွင် စားသောက်ဆိုင်နှစ်ဆိုင်ဝင်စီးခံရ၍ (၃)နှစ်အရွယ်ကလေးတစ်ဦးနှင့် မြန်မာအမျိုးသမီးများအပါအဝင် ၆၂ ဦးဖမ်းဆီးခံရ

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၅

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကူလိုင်အင်တာပူရတွင် စားသောက်ဆိုင်နှစ်ဆိုင်ဝင်စီးခံရ၍ မြန်မာအမျိုးသမီးများနှင့် အသက် (၃)နှစ်အရွယ် က‌လေးတစ်ဦးအပါအဝင် ၆၂ ဦးဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ မြန်မာအမျိုးသား (၃၀)ဦး၊ မြန်မာအမျိုးသမီး (၁၄)ဦး ၊ မြန်မာ ကလေးတစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦး ၊ အင်ဒိုနီးရှား နိုင်ငံသားငါးဦး၊ နီပေါ နိုင်ငံသားတစ်ဦး ၊ သီရိလင်္ကာ နိုင်ငံသား တစ်ဦး၊ အိန္ဒိယ နိုင်ငံသားနှစ်ဦး ၊ ဗီယက်နမ် အမျိုးသမီးနှစ်ဦး၊ အင်ဒိုနီးရှား အမျိုးသမီးသုံးဦးတို့ပါဝင်သည်။

အဆိုပါစားသောက်ဆိုင်နှစ်ဆိုင်ရှိ အလုပ်သမားများသည် တရားဝင်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်၊ ညနေ ၇ နာရီခန့်တွင် အာဏာပိုင်များ၏ ဝင်ရောက်စီးနင်းခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မလေးရှားသတင်းမီဒီယာတစ်ခုက ဖော်ပြထားသည်။

အဆိုပါ စားသောက်ဆိုင်တန်းနှစ်ခုမှ စုစုပေါင်း (၁၄၃)ဦး၏ အထောက်အထားများကို စိစစ်ပြီးနောက် အသက် ၃ နှစ်မှ ၅၀ နှစ်ကြားရှိ ၆၂ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
Johor လူဝင်မှုကြီးကြပ်ရေးဌာန ဒါရိုက်တာ Datuk Mohammad Rusdi Mohammad Darus က ဖမ်းဆီးခံရသူများအား တရားဝင် ခရီးသွားစာရွက်စာတမ်းမရှိခြင်း၊ ၎င်းတို့၏ ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခြင်းနှင့် ၎င်းတို့၏ ဗီဇာများကို အလွဲသုံးစားလုပ်ခြင်းဖြင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းအပါအဝင် အမျိုးမျိုးသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့် တရားစွဲဆိုထားကြောင်း ပြောကြားထားသည်။

ထို့အပြင် ပြည်တွင်းစားသောက်ဆိုင်ပိုင်ရှင်နှစ်ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ 1959/63 အရ နိုင်ငံခြားသား အလုပ်သမားများအား အလုပ်ခန့်ထားမှုဖြင့် စွဲချက်တင်ရန် စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

ကိုးကား Jagonews24

#သတင်း #ပြန်လည်မျှဝေသည် #ဗဟုသုတ

ပြတ်သားနိုင်မှ တော်ကာကျ 😬😳မလေးရှား ဂျိုဟိုး (Johor) မှာ အောက်တိုဘာလ ၈ ရက်နေ့က  အသက် ၃၄ နှစ်ရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး...
12/10/2025

ပြတ်သားနိုင်မှ တော်ကာကျ 😬😳
မလေးရှား ဂျိုဟိုး (Johor) မှာ အောက်တိုဘာလ ၈ ရက်နေ့က
အသက် ၃၄ နှစ်ရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးက သူ့ရည်းစားရဲ့ ဖွားဖက်တော် ငယ်ပါ ကို ဓားနဲ့ဖြတ်လို့ ရဲ ဖမ်းဆီးခံခဲ့ရတယ်တဲ့
သူ့ရဲ့ ၃၃ နှစ်အရွယ် boyfriend ကလည်း ဘင်္ဂလားဒေ့ရှ်ကနေ အလုပ်လာလုပ်နေတဲ့ ဘဂုံးတယောက်ပါပဲ
မလေးရှားမှာ ၂ ယောက် ချစ်ကြိုက်ပြီးကာမှ ရွာမှာ သူ့ကောင်လေးက တရားဝင် ဇနီးမယား ရှိနေသေးတာကိုမတော်တဆ သိသွားခဲ့ရာကနေ ရုတ်တရက် ပေါက်ကွဲဒေါသဖြစ်ကာ
ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက် ကို ပြတ်ပြတ်သားသား ချလိုက်ပြီး
အပြတ်ရှင်းဖို့ လုပ်ခဲ့လိုက်တာဖြစ်မယ်
ဒီဘဂုံး ပြန်သုံးလို့ ရမရ တော့မသိ လောလောဆယ်တော့ ဆေးရုံမှာ fighting 😬
အလားတူပဲ Australia မှာ အမျိုးသမီးတယောက်က သူနဲ့ ချစ်ဇာတ်လမ်းရပ်နားသွားတဲ့ ရည်းစားဟောင်းရဲ့ အင်္ဂါကို ဖြတ်ပေးဖို့ S$3,900 ပေးပြီး ကြေးစား ဂွေးသင်း သမားကို ငှားခဲ့တာ
အချစ်ကြီးရင် အမျက်ကြီးတယ်
အချစ်ရေးမှာ လိမ်လည်လှည့်ဖြားဖို့ မကြံစည်ကြပါနဲ့
အိမ်ထောင်ရှိပြီး ဖောက်ပြန်တယ်ဆိုတာ ဘာလဲ
အလကားရလို့ကတော့ ဆွဲစားလိုက်မယ်ဆိုသူတွေ
ခုကိစ္စလို ဒီဘဝ အဖြတ်မခံ ခဲ့ရင်တောင် နောင်ဘဝမှာ ဂွေးသင်းခံရဖို့ ပြင်ထားကြပေတော့ 🤭
to Owen Maung with respect
#သတင်း #ပြန်လည်မျှဝေသည် #ဗဟုသုတ

Address

Kuala Lumpur
68100

Website

Alerts

Be the first to know and let us send you an email when TNH Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share