26/08/2026
မြန်မာတဲ့လာ သူပြောပုံအရဆိုရင်
ငါထင်တာ မွတ်လာလို
အဆိုပါ ဗီဒီယိုဖိုင်တွင် လုပ်သားဖြစ်သူက မလေးရှားငွေကြေးနှင့် ပတ်သက်၍ မြန်မာကျပ်ငွေ တန်ဖိုးကွာခြားချက်များ၊ ရုန်းကန်ရသည့် အခြေအနေများကို အားမလိုအားမရ ပြောဆိုထားသည်။
မလေးရှား ၁ ရင်းဂစ်သည် မြန်မာငွေ ၁,၁၀၀ ကျပ်ဝန်းကျင်အထိ တန်ဖိုးရှိသဖြင့် ပင်ပန်းကြီးစွာ ရှာဖွေနေရကြောင်းနှင့် အနိုင်ကျင့်စရာ မလိုကြောင်း ဒေါသတကြီး စိန်ခေါ်ပြောဆိုထားသည်ကို တွေ့ရသည်။
ထို့အပြင် ၎င်းအား ခြိမ်းခြောက်မှုများ ပြုလုပ်ပါက သက်ဆိုင်ရာ စစ်ဆင်ရေးအဖွဲ့များထံ ဖုန်းဆက် အကြောင်းကြားမည်ဖြစ်ပြီး၊ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် အသင့်ရှိကြောင်းလည်း ပြောဆိုထားသည်။
လက်ရှိတွင် အဆိုပါ ဗီဒီယိုဖိုင်သည် မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကြားတွင် များစွာ ရေပန်းစားလျက်ရှိပြီး၊ လုပ်သားများ၏ အလုပ်အကိုင်နှင့် လူမှုဘဝ ရုန်းကန်ရမှု အခြေအနေများကို မီးမောင်းထိုးပြရာ ရောက်နေသည်။