17/02/2026
https://www.facebook.com/share/v/1B91F7S8rE/
📢 UNHCR ဖုန်းခေါ်ဆိုမှု အချိန် ပြောင်းလဲခြင်း ကြေညာချက်
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် (တနင်္လာနေ့) မှစတင်၍
UNHCR ဖုန်းခေါ်ဆိုမှုကို ဗုဒ္ဓဟူးနေ့တိုင်း နေ့လယ် ၂ နာရီမှ ၄ နာရီအတွင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNHCR မှ အသိပေးအကြောင်းကြားထားပါသည်။
🚨မည်သူများ ဖုန်းခေါ်ဆိုနိုင်ပါသလဲ?
၁။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မတိုင်မီ UNHCR စာရင်းသွင်းမှုကို လျှောက်ထားခဲ့သူများ
၂။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မတိုင်မီ မိသားစုထည့်သွင်းမှုကို လျှောက်ထားပြီး ယခုအချိန်အထိ ရက်ချိန်း မရရှိသေးသောသူများ
🌟ဆက်သွယ်ရန် အချက်အလက်
📞 017-614 3810
☎️ ဖုန်းဖြင့်ခေါ်ဆိုမှုသာ လက်ခံပါသည် (WhatsApp မရပါ)
🗓 ဗုဒ္ဓဟူးနေ့တိုင်း
🕑 နေ့လယ် ၂ နာရီမှ ၄ နာရီအထိ
** ဖုန်းခေါ်ဆိုမီ သတိပြုရန်အချက်များ
👉🏻 ဖုန်းခေါ်ဆိုခြင်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မတိုင်မီ လျှောက်ထားသူများအတွက်သာ ဖြစ်ပါသည်။
👉🏻 ဖုန်းခေါ်ဆိုမှုများကို ဗုဒ္ဓဟူးနေ့၊ နေ့လယ် ၂ နာရီမှ ၄ နာရီအတွင်းသာ လက်ခံပါသည်
👉🏻 UNHCR သည် ဖုန်းခေါ်ဆိုမှု၊ SMS နှင့် အီးမေးလ် မှတဆင့် ချိန်းဆိုမှုများကို ဆက်လက်ပေးပို့သွားမည် ဖြစ်ပါသည်