LU NGAL လူ ငယ်

LU NGAL လူ ငယ် ကျေနပ်သလောက်ဘဲပြုံးပါ...

ကျွန်တော် page ကို Follow ထားလို့
မတန်ဘူးဆိုရင် ကြိုက်သလိုပြော....

Lu Ngal လူငယ်

ချစ်တယ်....ပါးစပ်ကနေ တဖွဖွမပြောတော့ဘူး...ရင်ထဲကနေ နစ်နစ်ကာကာနဲ့ချစ်တယ်ဘယ်လောက်ထိလည်းဆိုတာကိုလည်းမပြောတော့ဘူး.....ဒီသံသရာ...
19/10/2025

ချစ်တယ်....

ပါးစပ်ကနေ တဖွဖွမပြောတော့ဘူး...
ရင်ထဲကနေ နစ်နစ်ကာကာနဲ့ချစ်တယ်

ဘယ်လောက်ထိလည်းဆိုတာကိုလည်း
မပြောတော့ဘူး.....
ဒီသံသရာပြီးလို့ နောက်သံသရာတွေရှိသေးတဲ့ထိချစ်တယ်...

အတွေးထဲကနေလည်း ချစ်တယ်
နှလုံးသားထဲကနေလည်း ချစ်တယ်

ရင်ဘတ်ကနေဖြစ်တည်တာမို့
တစ်ဘဝစာ တစ်သက်တာအတွက်
ချစ်ပါတယ် ချစ်သူရယ်....

ူငယ်

12/10/2025

သူပျော်ရင် ကိုယ်ပျော်ပြီး
သူစိတ်ညစ်ရင် ကိုယ်လည်းစိတ်ညစ်တာမျိုးက
ချစ်ခြင်းမေတ္တာဖြစ်သလို....

သူပျော်ပြီး ကိုယ်မပျော်ရလည်း
ရတယ်ဆိုတာမျိုးကလည်း
ချစ်ခြင်းမေတ္တာပါပဲ....

ူငယ်

နှလုံးသားထဲ မင်းရောက်တဲ့နေ့ကစပြီးငါ့ဟာ အနာဂတ်အကြောင်းတွေတွေးတတ်လာတယ်...ငါ့ မင်းလက်ကိုဆုပ်ကိုင်ပြီးတဲ့နောက်ဘယ်လမ်းကိုဖြစ်...
12/10/2025

နှလုံးသားထဲ
မင်းရောက်တဲ့နေ့ကစပြီး
ငါ့ဟာ အနာဂတ်အကြောင်းတွေ
တွေးတတ်လာတယ်...

ငါ့ မင်းလက်ကိုဆုပ်ကိုင်ပြီးတဲ့နောက်
ဘယ်လမ်းကိုဖြစ်ဖြစ်
ငါလျှောက်ရဲခဲ့တယ်....

ဘဝမှာရှိတဲ့အဓိပ္ပါယ်တွေနဲ့
အပျော်တွေဆိုတာ မင်းအပြုံးတွေမြင်ပြီး
ငါသိလာခဲ့တယ်....

ငါပျော်ရွှင်မှုတွေ
ငါ့ဝမ်းနည်းမှုတွေ အားလုံးဟာ
မင်းနဲ့အချိုးကျပြီး
ငါ့ဘဝဟာ မင်းနဲ့တည်ဆောက်ထားတဲ့
အိမ်တစ်လုံးပါပဲ ချစ်သူ....

ူငယ်

ရင်ဘတ်တွေ နာကျင်နေတယ်နှလုံးသားတွေ ငိုကြွေးနေတယ်ဒဏ်ရာရှိလျှက်နဲ့မနာကျင်ပါဘူးလို့ ညာခဲ့တယ်...ဘဝရဲ့ လျှောက်လမ်းထဲခလုတ်တွေလည...
28/09/2025

ရင်ဘတ်တွေ နာကျင်နေတယ်
နှလုံးသားတွေ ငိုကြွေးနေတယ်

ဒဏ်ရာရှိလျှက်နဲ့
မနာကျင်ပါဘူးလို့ ညာခဲ့တယ်...

ဘဝရဲ့ လျှောက်လမ်းထဲ
ခလုတ်တွေလည်းပေါ အလိမ်အညာတွေလည်းပေါ

ကောင်းကင်ပြာပြာအောက်မှာ
နှလုံးသားအနက်ရောင်နဲ့လူတွေက
အဖြူရောင်စကားတွေပြောပြီး
လောကကို ကာလာပြောင်းကြ...

မှောင်လိုက် မဲလိုက် နေ့ရက်ထဲ
ရင်ဘတ်တွေ ကွဲကြေးလိုက်ရ
နှလုံးသားတွေ ကြေကွဲလိုက်ရ...

အဖြူရောင် သက္ကရာဇ်တွေပျောက်ခဲ့တာကြာပြီ
အဖြူရောင် နေ့ရက်တွေပျောက်ခဲ့တာလည်းကြာခဲ့ပြီ...

အမှောင်ကင်းတဲ့ နေ့ရက်တွေဆီ
အမြန်ရောက်ချင်ပြီ...

ူငယ်

ကံပါလို့ပဲဆုံဆုံရေစက်ကြောင့်ပဲဆုံဆုံမင်းနဲ့တွေ့ဆုံမှုကို မြတ်နိုးတယ်တန်ဖိုးထားတယ်...ဘဝမှာ ပြိုလဲချင်လောက်အောင်အားငယ်တဲ့အ...
18/09/2025

ကံပါလို့ပဲဆုံဆုံ
ရေစက်ကြောင့်ပဲဆုံဆုံ
မင်းနဲ့တွေ့ဆုံမှုကို မြတ်နိုးတယ်
တန်ဖိုးထားတယ်...

ဘဝမှာ ပြိုလဲချင်လောက်အောင်
အားငယ်တဲ့အချိန်တွေမှာ
မင်းက ငါ့ဘဝအတွက်
အားဆေးဖြစ်တယ်...

အခက်ခဲတွေကို
မင်းစိတ်နဲ့ ဖြတ်ကျော်ဖြစ်ခဲ့တယ်...

နာကျင်မှုတွေဟာ
မင်းကြောင့် သက်သာခဲ့တယ်...

မင်းက ငါ့ဘဝအတွက်
မရှိမဖြစ်လေးပါပဲ ချစ်သူ...

ူငယ်

အရိုးထဲထိ စွဲခဲ့တာမို့အသွေးအသားထဲကထိတောင်းတပါတယ်...မင်းရဲ့ ကြင်နာမှုတွေနဲ့မင်းရဲ့ချစ်ခြင်းမေတ္တာတွေကို... ူငယ်
13/09/2025

အရိုးထဲထိ စွဲခဲ့တာမို့
အသွေးအသားထဲကထိ
တောင်းတပါတယ်...

မင်းရဲ့ ကြင်နာမှုတွေနဲ့
မင်းရဲ့ချစ်ခြင်းမေတ္တာတွေကို...

ူငယ်

ကြွယ်ပြနေတာမဟုတ်ပါဘူး...တကယ်ကို တွယ်တာနေတာပါ...ဟန်ပြနေတာမဟုတ်ပါဘူး...တကယ်ကို ခံစားနေတာပါ...အပိုတွေ မဟုတ်ပါဘူးတကယ်လိုနေတာ...
31/08/2025

ကြွယ်ပြနေတာ
မဟုတ်ပါဘူး...
တကယ်ကို တွယ်တာနေတာပါ...

ဟန်ပြနေတာ
မဟုတ်ပါဘူး...
တကယ်ကို ခံစားနေတာပါ...

အပိုတွေ မဟုတ်ပါဘူး
တကယ်လိုနေတာ မင်းမို့
နှလုံးသားက တောင်းတောင်းတတ
ဖြစ်နေတာပါ...

နှလုံးသားထဲ
မင်းရောက်လာပြီးကတည်းက
ဘဝက လင်းထိန်သွားခဲ့တာပါ
အချစ်ရယ်....

ူငယ်

အိပ်မက်တွေ မကောင်းရင်မင်းကိုစိတ်ပူတယ်....မျက်ခုံတွေလှုပ်ရင်လည်းမင်းကိုစိတ်ပူတယ်...ခလုတ်တိုက်ရင်လည်းမင်းကို စိတ်ပူတယ်...တ...
31/08/2025

အိပ်မက်တွေ မကောင်းရင်
မင်းကိုစိတ်ပူတယ်....

မျက်ခုံတွေလှုပ်ရင်လည်း
မင်းကိုစိတ်ပူတယ်...

ခလုတ်တိုက်ရင်လည်း
မင်းကို စိတ်ပူတယ်...

တကယ်ပါ...
မင်းနဲ့တွေ့ဆုံပြီးတဲ့နောက်
ငါ့ကိုယ်ငါထက် မင်းကိုပဲ
စိတ်တွေပူနေမိတော့တာ...

ူငယ်

တိမ်တွေကိုပဲငေးငေးခြေဦးတည့်ရာကိုပဲ ပြေးပြေးနှလုံးသားရဲ့ဦးတည်ရာဟာမင်းဆီကိုပဲ အချစ်ရေ...မျက်လုံးကိုစုံမှိတ်ပြီးခြေစုံရပ်...
31/08/2025

တိမ်တွေကိုပဲငေးငေး
ခြေဦးတည့်ရာကိုပဲ ပြေးပြေး

နှလုံးသားရဲ့ဦးတည်ရာဟာ
မင်းဆီကိုပဲ အချစ်ရေ...

မျက်လုံးကိုစုံမှိတ်ပြီး
ခြေစုံရပ်နေလည်း
ငါ့အနာဂတ်ဟာ မင်းပဲ...

နေရောင် စတဲ့အချိန်ကစပြီး
နေရောင်ပျောက်တဲ့အချိန်ထိ
မင်းအကြောင်းတွေက ငါ့နေ့ရက်တွေ
ဝါးမျိုးထားတယ်...

ဒီနေ့မှ စ သက်ဆုံးတိုင်းပါ
အချစ်ရေ....

ူငယ်

ချစ်တဲ့သူနဲ့မနီးပဲနီးတဲ့လူနဲ့ ချစ်သွားကြတဲ့ချစ်ခြင်းမေတ္တာမျိုးကို မြင်တော့အချစ်ဆိုတာ သံလိုက်လိုမျိုးနီးရာကိုဆွဲငင်တယ်လိ...
31/08/2025

ချစ်တဲ့သူနဲ့မနီးပဲ
နီးတဲ့လူနဲ့ ချစ်သွားကြတဲ့
ချစ်ခြင်းမေတ္တာမျိုးကို မြင်တော့

အချစ်ဆိုတာ သံလိုက်လိုမျိုး
နီးရာကိုဆွဲငင်တယ်လို့ထင်မိတယ်

ချစ်တဲ့သူနဲ့နီးအောင်ကြိုးစားပြီး
အခက်ခဲအားလုံးကို ကျော်ဖြတ်တဲ့
ချစ်ခြင်းမေတ္တာမျိုးကို မြင်တော့

အချစ်ဆိုတာ အရာရာကို
ပြီးမြှောက်စေတယ်လို့
ထင်မိတယ်...

မင်းကတော့
ကိုယ့်အတွက် အရာရာကို
ပြီးပြည့်စုံစေတာပဲ အချစ်ရယ်....

ူငယ်

ကျေးဇူးပြုပြီးပြုံးနေပေးပါ ချစ်သူမင်းအပြုံးဟာငါ့ပျော်ရွှင်မှုနဲ့ ထပ်တူကျတာမို့ကျေးဇူးပြု၍ ပျော်အောင်နေပါချစ်သူ..... ူငယ်
07/08/2025

ကျေးဇူးပြုပြီး
ပြုံးနေပေးပါ ချစ်သူ

မင်းအပြုံးဟာ
ငါ့ပျော်ရွှင်မှုနဲ့ ထပ်တူကျတာမို့
ကျေးဇူးပြု၍ ပျော်အောင်နေပါ
ချစ်သူ.....

ူငယ်

ပြန်ချင်ပြီး ပြန်လို့မရသေးတဲ့အိမ်ရယ်....တွေ့ချင်ပြီး တွေ့ခွင့်မရသေးတဲ့လူတစ်ယောက်ရယ်....အကွာအဝေးတွေကြားမှာအလွမ်းတွေနဲ့ဖုံ...
07/08/2025

ပြန်ချင်ပြီး ပြန်လို့မရသေးတဲ့
အိမ်ရယ်....

တွေ့ချင်ပြီး တွေ့ခွင့်မရသေးတဲ့
လူတစ်ယောက်ရယ်....

အကွာအဝေးတွေကြားမှာ
အလွမ်းတွေနဲ့ဖုံးနေတဲ့
နှလုံးသားတစ်စုံရယ်...

ဒီကမ္ဘာကြီးရဲ့ ဒေါင့်တစ်နေရာမှာ
ရှိတယ်....

ူငယ်

Address

Kuala Lumpur
10096794

Website

Alerts

Be the first to know and let us send you an email when LU NGAL လူ ငယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share