Huai Pi

Huai Pi (ကျမ်း/စာဖတ်မယ်)
အသက်ရှိသ၍ကိုယ်တော်ကိုချီးမွမ်းကိုးကွယ်မည်GodBlessYou...

11/06/2026

#တစ်ဆူတည်းသောဘုရား12JuneAm
44ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလ၊ နားထောင်လော့။ 2 သင့်ကို ဖန်ဆင်းတော်မူသောဘုရား၊ ဖွားစကပင် သင့်ကိုပြုပြင်၍၊ နောင်၌လည်း မစလတ္တံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။ 3 အကြောင်းမူကား၊ ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကိုလည်းကောင်း၊ သင်၏အနွယ်အပေါ်မှာ ငါ့ကောင်းချီးမင်္ဂလာကိုလည်းကောင်း ငါသွန်းလောင်းမည်။ 4 သူတို့သည်လည်း ရေမြောင်းအနားမှာ မိုးမခပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။ 5 တစ်ယောက်က၊ ငါသည် ထာဝရဘုရား၏လူ ဖြစ်သည်ဟု ဆိုလိမ့်မည်။ တစ်ယောက်သည်လည်း၊ ယာကုပ်အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တစ်ယောက်သည်လည်း၊ ထာဝရဘုရား၏လူဟူ၍ မိမိလက်တွင် စာတန်းထိုးလျက်၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။
6 ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနုတ်သော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။a 7 ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဖို့ခေါ်၍ ထုတ်ဖော် စီရင်နိုင်မည်နည်း။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတ္တံ့သောအမှုတို့ကို သူတို့အား ဖော်ပြကြစေ။ 8 မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည် မဟုတ်လော။ သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတစ်ပါး အခြားသောမူလအမြစ်မရှိ။ တစ်စုံတစ်ဦးကိုမျှ ငါမသိ။
#ရုပ်တုကိုးကွယ်မှုကိုပြက်ရယ်ပြုခြင်း
9 ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသော အရာတို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။ 10 ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း။ 11 ထိုသူ၏ အပေါင်းအဖော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်။ လုပ်သောသူတို့သည် လူသက်သက်ဖြစ်ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ။ တစ်ပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည်။
12 ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှာ မီးခဲ၌ဖုတ်၍၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ်၏။ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။ 13 လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား၍၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင်၊ အိမ်၌နေစေခြင်းငှာ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။ 14 ကိုယ်အဖို့အလိုငှာ အာရဇ်ပင်တို့ကိုခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကိုရွေးယူသဖြင့်၊ တောပင်အမျိုးမျိုးတို့ကို ဆည်းပူးတတ်၏။ အာရဇ်ပင်ကိုစိုက်၍ မိုးရေလည်း မွေးတတ်၏။ 15 လူသုံးရန် ထင်းဖြစ်၏။ လူလည်းယူ၍ မီးလှုံတတ်၏။ တစ်ဖန် မီးမွှေး၍ မုန့်ကို ပေါင်းတတ်၏။ တစ်ဖန် ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုကိုထုလုပ်၍ ရုပ်တုရှေ့မှာ ပျပ်ဝပ်တတ်၏။ 16 ထိုသစ်သားတစ်ပိုင်းနှင့် မီးမွှေးတတ်၏။ တစ်ပိုင်းနှင့် အမဲသားကိုချက်၍ စားတတ်၏။ ဖုတ်ကင်ပြီးမှ ဝစွာစားတတ်၏။ တစ်ဖန် မီးလှုံ၍ အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီဟု ဆိုတတ်၏။ 17 ကျန်သောအပိုင်းကိုလည်းယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏။ 18 ထိုသို့သောသူသည် ပညာမရှိ။ ဉာဏ်မရှိ။ မမြင်နိုင်အောင် မျက်စိကိုလည်းကောင်း၊ နားမလည်နိုင်အောင် စိတ်နှလုံးကိုလည်းကောင်း ပိတ်၏။ 19 ငါသည် တစ်ပိုင်းနှင့် မီးမွှေးပြီး။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ။ အမဲသားကိုလည်း ကင်၍ စားလေပြီ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေရမည်လော။ သစ်သားရှေ့မှာ ငါပျပ်ဝပ်ရမည်လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာ အလျှင်းမရှိပါတကား။ 20 သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက်သောစိတ်နှင့် လမ်းလွဲပြီ။ ထိုကြောင့်၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ မိမိလက်ယာလက်၌ မိစ္ဆာဒိဌိပါသလောဟု မအောက်မေ့နိုင်ပါတကား။
#ဣသရေလတို့၏ကယ်တင်ရှင်
21 အို ယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင်လော့။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ်၏။ အို ဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။ 22 သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ။ ငါ့ထံသို့ပြန်လာလော့။ သင့်ကိုငါ ရွေးနုတ်ပြီ။ 23 အို မိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရားပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့၊ ကျူးဧသောအသံကို ပေးကြလော့။ ထာဝရဘုရားသည် ယာကုပ်ကို ရွေးနုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။
24 သင့်ကို ရွေးနုတ်တော်မူ၍၊ ဖွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မိုးကောင်းကင်ကို ငါတစ်ပါးတည်းကြက်လျက်၊ မြေကြီးကို အဖော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။ 25 ငါသည် မိစ္ဆာဆရာတို့၏ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ်၏။ ပညာရှိတို့ကိုလှန်၍ သူတို့၏ပညာကို မိုက်စေတတ်၏။b 26 ငါသည် ငါ့ကျွန်၏စကားကိုတည်စေ၍၊ ငါ့တမန်တို့ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍လည်းကောင်းဆို၏။ 27 ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏မြစ်အပေါင်းကို ငါခန်းခြောက်စေမည် ဟူ၍လည်းကောင်း၊ 28 ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်းဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍လည်းကောင်း ငါဆို၏။c

11/06/2026

11/6/2026Today memo thakyou lord
1msAm 1phCPm

11/06/2026

#ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့ဆိုရင်မြက်ပင်ကလေးတစ်ပင်ဟာညောင်ပင်ကြီးနဲ့ဘယ်တော့ကမှ အမြင့်ချင်းမပြိုင်ပါဘူး၊
မင်းလည်း မင်းမဟာ ကောင်းကင်နဲ့မင်းမို့
ငါလည်း ကျယ်ပြောတဲ့ ကွင်းပြင်နဲ့ ငါပါ။

ရေအေးခွက်ဟာ
ဘယ်တော့မှ ကော်ဖီခွက်နဲ့ အမွေးချင်း မပြိုင်ပါဘူး၊
မင်းဟာမင်း အနှံ့တစ်ထောင်းထောင်းပေမဲ့လို့၊
ငါလည်း ငါ့အေးမြမှု နဲ့ငါပါ။

ဘယ်လိုပဲနေနေ
ထမင်းသုံးနှပ်ပါ။
ဘယ်လိုပဲ အသက်ရှင်ရှင်
ကျမ်းမာဖို့က အဓိကပါ။

ပြိုင်ဆိုင်ချင်ရင် ပျော်ရွှင်မှု ဆုံးပါးရပါတယ်၊
မနာလိုဖြစ်ရင် လောဘ ဒေါသ ပွားရပါတယ်၊
စိတ်ထားရှင်းလေ၊ သောကနည်းလေဖြစ်သလို
ရောင့်ရဲလွယ်လေ၊ ပျော်ရွှင်မှု စစ်စစ်ရရှိလေဖြစ်ပါတယ်။

သင်နဲ့ထိုက်တန်ရင်
သင်မပြိုင်လည်း၊ သင်ပိုင်သွားမှာပါ။
သင်နဲ့ မထိုက်ခဲ့ရင်
ဘယ်လောက်ပဲ လောဘတက်တက်
ရပြီးရင်တောင် ပြန်ဆုံးရူံးသွားတတ်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကိစ္စကိုပဲ ဖြစ်ဖြစ်
အကောင်းဆုံး ကြိုးစားပြီးရင် ကျေနပ်သင့်ပါပြီ၊
စိတ်ပျိုရင် ကိုယ်နုပါတယ်၊
စိတ်ထောင်းရင်လည်း ကိုယ်ကျေပါတယ်၊
လူဆိုတာ..
သူများရဲ့ လမ်းပြမြေပုံကို လိုက်လျှောက်ခြင်းထက်
ကိုယ့်ပိုင်လမ်းကို လျှောက်လှမ်းတာ အချမ်းမြေ့ ဆုံးပါ။
သူများရဲ့ ပြင်ပ တောက်ပြောင်မှုနဲ့
ကိုယ့်အတွင်းစိတ်က အားနည်းချက်ကို
သွားမနိူင်းယှဉ်မိဖို့ လိုပါတယ်။

တောင်တက်သမားတိုင်း သိကြပါလိမ့်မယ်။
တောင်ထိတ်တစ်ခုကို ရောက်တိုင်းရောက်တိုင်း
နောက်တောင်ထိပ်တစ်ခုက ပိုမြင့်တယ်လို့
အမြဲခံစားရပါတယ်။
အမြင့်တွေ့တိုင်းသာ တက်ရမယ်ဆိုရင်
ဘယ်တော့မှ တက်လို့ ပြီးတော့မှာ မဟုတ်ပါ။

ဘဝမှာ၊ ပျော်ရွှင်မှု စစ်စစ်ကို ရယူခံစားလိုရင်..
ရောင့်ရဲမှုနဲ့ အတူ၊မိသားစုဝင်တွေနဲ့ အေးအေး
ချမ်းချမ်းနေထိုင်မယ်၊
သူငယ်ချင်းများနဲ့ ရိုးရိုးသားသားပေါင်းသင်းမယ်၊
သူများကို အတတ်နိုင်ဆုံး ကူညီမယ်၊
စိတ်ညစ်စေတဲ့ အရာများအားလုံးကို လွတ်ချမယ်။
ပျော်ရွှင်နိုင်ကြပါစေ။

အေးချမ်းစွာရှင်သန်ပါ

11/06/2026

ဒီနေ့ခေတ်ဘဝကို တည်ဆောက်ဖို့က
ထင်သလောက်မလွယ်ဘူး။

၁။ ပိုက်ဆံနဲ့ ဘဝတည်ဆောက်ရတယ်
၂။ အလုပ်အကိုင်နဲ့ ဘဝတည်ဆောက်ရတယ်
၃။ ပညာနဲ့ ဘဝတည်ဆောက်ရတယ်
၄။ အချစ်နဲ့ ဘဝတည်ဆောက်ရတယ်
၅။ အပေါင်းအသင်းနဲ့ဘဝတည်ဆောက်ရတယ်
၆။ ဒါတွေလုပ်ဆောင်ဖို့ ကျန်းမာနေဖို့လိုတယ်
၇။ နောက်ခေတ်နောက်မကျဖို့ကလဲ အမြဲလေ့လာနေဖို့လိုတယ်။

ပိုက်ဆံရဖို့ အလုပ်အကိုင်ကောင်းဖို့လိုတယ်။
အလုပ်အကိုင်ကောင်းဖို့ ပညာလိုတယ်။
ဒါတွေအဆင်ပြေပြီး
အချစ်ရေး (မိဘ၊ သားသမီး၊ သမီးရည်းစားလင်မယား)
အဆင်မပြေရင်လဲ
ဘဝကအဆင်မပြေတဲ့အတွက်
အချစ်ရေးကလဲ အရေးကြီးတယ်။
သာရေးနာရေး ဆက်သွယ်ရေးအတွက်
အပေါင်းအသင်းရေးရာ social ကလဲ အရေးကြီးပြန်တယ်။​

ဒါတွေရဲ့ထောက်တိုင် ကျန်းမာရေးနဲ့
ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။

Phyo Paing @ Derek

10/06/2026

#ဘယ်သူကမှ ကိုယ့်အိမ်၊ ကိုယ့်မြေကို စွန့်ခွာပြီး သူစိမ်းပြင်ပနိုင်ငံမှာ မနေချင်ကြပါဘူး။ ဒါပေမဲ့... ကိုယ့်ဇာတ....

10/06/2026

#သမီးတစ်ယောက် ထဲပျော်နေတယ်

10/06/2026

#ဒီမနက်ဆေးခန်းသွားဖို့ဒီမှာရောက်မှားပို့Gကဆေးခန်းမှာဆက်ပြန်သွားပို့

09/06/2026

#လူအများစုဟာ ကိုယ်ခန္ဓာ သန့်ရှင်းဖို့ အရေးကြီးတယ်ဆိုတာ သိကြပါတယ်။ လက်ညစ်ပတ်ရင် ဆေးကြတယ်။

အဝတ်အစား ညစ်ပတ်ရင် လျှော်ကြတယ်။ အိမ်ညစ်ပတ်ရင် သန့်ရှင်းရေးလုပ်ကြတယ်။

ဒါပေမယ့် စိတ်နှလုံးထဲက မနာလိုမှု၊ မုန်းတီးမှု၊ ဒေါသ၊ မာနနဲ့ အငြိုးအတေးတွေကိုတော့ သန့်စင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

အပြင်ပန်း သန့်ရှင်းနေပေမယ့် အတွင်းစိတ် ညစ်နွမ်းနေမယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အပြင်ပန်း အသွင်အပြင်ထက် သူ့ရဲ့ စိတ်နှလုံး အရည်အသွေးပေါ်မှာ ပိုမို မူတည်နေပါတယ်။

လက်ကို ဆေးဖို့ ရေလိုသလို၊ နှလုံးသားကို ဆေးဖို့ မေတ္တာ၊ ခွင့်လွှတ်ခြင်း၊ သနားကြင်နာခြင်းနဲ့ ရိုးသားမှုတွေ လိုအပ်ပါတယ်။

နေ့တိုင်း လက်ကို ဆေးကြသလို၊ ကိုယ့်စိတ်နှလုံးကိုလည်း ပြန်လည် စစ်ဆေးသန့်စင်ဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ညစ်ပတ်တဲ့လက်က ရောဂါဖြစ်စေနိုင်ပေမယ့် ညစ်ပတ်တဲ့နှလုံးသားကတော့ ဘဝတစ်ခုလုံးကို ပျက်စီးစေနိုင်လို့ပါ။

Kh,John(Hantharwaddy)

 #မိသားစု ရှိနိုင်တဲ့သူတွေဒီတစ်ခါတော့PaPaနှင့်NuNuနှင့်ပထမရိုက်တဲ့အမှတ်တရပုံ  2026 Sun.
09/06/2026

#မိသားစု ရှိနိုင်တဲ့သူတွေဒီတစ်ခါတော့PaPaနှင့်NuNuနှင့်ပထမရိုက်တဲ့အမှတ်တရပုံ
2026 Sun.

Address

Kuala Lumpur
55200

Telephone

+601121166034

Website

Alerts

Be the first to know and let us send you an email when Huai Pi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Huai Pi:

Shortcuts

Share