19/01/2024
*မြန်မာပြည်က PDF*
ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံမှာမှ ဒီလို PDF(Terrorist) မျိုး ရှာတွေ့နိုင်မည် မဟုတ်ပါ။
-
မြန်မာနိုင်ငံမှာတော့ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ဆရာ/ဆရာမတွေ အ-သ-တ်-ခံ ရတာ ဒီနေ့အထိဆို ၆၉ ယောက်ရှိသွားပါပြီ။ နောက်ဆုံးကတော့ အခုလ ၁၆ ရက်နေ့ မနက်ပိုင်းက တံတားဦးမြို့နယ်၊ တပယ်ရွာက ကျောင်းဆရာမ ဒေါ်မီမီထွန်း (၄၁)နှစ်အား လက်ပြန်ကြိုးတုတ်ပြီး လုပ်ကြံ သွားကြပြန်ပြီ။
-
မြေဖြူကိုင်ပြီး ကလေးတွေ ပညာတတ်ဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ ဥယျာဉ်မှူးလေးတွေက မင်းတို့ကို ဘာဒုက္ခပေးနေလို့ ရက်စက်ကြရတာလဲကွာ။