04/10/2025
စစ်ဘေးဒဏ်ကြောင့် အခက်အခဲအမျိုးမျိုးကြားကနေ ပညာသင်ကြားနေရတဲ့ ကလေးငယ်များအတွက် လိုအပ်သော ဖတ်စာအုပ်များ ဝယ်ယူနိုင်ရန် ယခုလို ပါဝင်အားဖြည့်ပေးပါသော Lose and Hope အဖွဲ့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ
ပညာရေးသည် နိုင်ငံတစ်ခုအရွေ့အတွက် မေ့ထားလို့မရတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်ဗျ
ကျွန်တော်တို့ ပညာသင်ကြားရမယ့်အရွယ်ကလေးငယ်တိုင်းဟာ ပညာသင်ကြားခွင့် အခွင့်အရေးရရှိရမှာဖြစ်ပါတယ်ဗျ
ကျွန်တော်တို့ အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေ ပညာသင်ကြားခွင့်မဆုံးရှုံးစေဖို့ ကျွန်တော်တို့တတွေ တတ်နိုင်တဲ့ဖက်က ဖြည့်ဆည်းပါဝင်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဗျ
ဒါကြောင့် ကလေးတွေ ပညာသင်ကြားရာမှာ အခက်အခဲတစ်ခုဖြစ်တဲ့ ဖတ်စာအုပ် မလုံလောက်မှုပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ မိဘပြည်သူများ အနေနဲ့ တတ်နိုင်သလောက်ပါဝင် အာဖြည့်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်ပါတယ်ခင်ဗျ
ပညာသင်ကြားနေတဲ့ကလေးငယ်များအတွက် ဖတ်စာအုပ် ပါဝင်အားဖြည့်လှူဒါန်းမည်ဆိုပါက ကျွန်တော်တို့ KBETU page chat box သို့လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ
Page link ပါခင်ဗျ👇🏻
https://www.facebook.com/kayahbasiceducationteachersunion?mibextid=ZbWKwL
4.10.2025
ကရင်နီပြည်ရှိ ကလေးတွေ ပညာရေးကျောင်းဖတ်စာအုပ်များရရှိနိုင်ရေးအတွက် Lose and Hope ရုပ်ရှင်မှ သိန်း(၅၀)ကျပ် မတည် လှူဒါန်းပေးပါတယ်။
2025ခုနှစ်မှာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ကလေးတွေပညာသင်ကျောင်းတက်တာ နှစ်ဝက်ချို့ပြီး ခုထိ ကျောင်းဖတ်စာအုပ်အစုံအလင်မရရှိသေးပါဘူး။
ကလေး 5ယောက်ကို တစ်စုံနှုန်းတောင်မရကြပါဘူး။
အထူးသဖြင့် စစ်ဘေးရှောင်ကလေးတွေက ပိုအခက်တွေ့နေရပါတယ်။
ဒါကြောင့် စေတနာရှင်မိဘပြည်သူများ စစ်ရှောင်ကလေးတွေပညာရေး ဖတ်စာအုပ်အတွက် အလှူဒါနလေးတွေ ထောက်ပို့လှူဒါန်းပေးနိုင်ပါတယ်နေား
ကျနော်တို့ရဲ့ Lose and Hope - Revolution Film မှာလာရောက်လှူတန်းနိုင်သလို KBETU (ဆရာများသမဂ္ဂ)page ဆီမှာ တိုက်ရိုက်လှူတန်းနိုင်ပါတယ်👇👇
https://www.facebook.com/share/1A7bDgSRXm/
#ကျောင်းဖတ်စာအုပ်