01/11/2023
အောက်တိုဘာ ၃၁ ရက်နေ့ တိုက်ပွဲသတင်းများ
စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်း(၇)ခုကိုထပ်မံသိမ်းယူရရှိပြီး ယနေ့အထိ စုစုပေါင်း(၈၇)ခုကိုသိမ်းပိုက်နိုင်ခဲ့
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့
အောက်တိုဘာ (၃၁) ရက်နေ့ တွင် ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) စသည့်ဒေသများတွင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့မှ (၁၀.၂၇) စစ်ဆင်ရေး operation ကြီးကို ဆက်လက်လုပ်ဆောင်နေပါသည်။ တိုက်ပွဲ တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)မှ စစ်ကောင်စီ၏တပ်စခန်း (၇)ခု ကို ထပ်မံ တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ (၁၀.၂၇)စစ်ဆင်ရေး operation ကြီးကို စတင်လုပ်ဆောင်လာပြီး ဒီနေ့ အထိဆိုလျှင် MNDAA မှ စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေးပေါင်း (၈၇)ခုကို အောင်မြင်စွာ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါသည်။
ကိုးကန့်တိုက်ပွဲ
=====
(၃၀) ရက်နေ့တွင် MNDAAမှ ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ ၊ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းကို တစ်ညလုံး အဆက်မပြတ်ထိုးစစ်တိုက်ခိုက်ပြီး (၃၁)ရက်နေ့ နံနက်(၈း၂၇)နာရီအချိန်ခန့်တွင် ၎င်းဒေသရှိ စစ်ကောင်စီ၏ စခန်း(၄)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။ MNDAA ၏ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက် သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် စစ်ယူနီဖောင်းချွတ်ပြီး စခန်းမှထွက်ပြေးခဲ့ကြသည်ကို တွေ့ရပါ သည်။ ထို့ပြင် ရှင်းဝမ်ဒေသတွင်လည်း MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့ တို့မှ ကိုးကန့်ခရိုင်၊ ရှမ်းဝမ်းဒေသ ရှင်ဖင်ကိုင်ရွာ၊ တရုတ်ဘုရားကျောင်းတွင် အခြေချနေထိုင်သော စစ်ကောင်စီ၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ ပြီး နေ့လည် (၁၂)နာရီခန့် တွင် ၎င်းတပ်စခန်းကို အောင်မြင်စွာ သိမ်းယူခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီ (၇)ဦး ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပါသည်။
မူပန်(သိန္နီ)တိုက်ပွဲ
======
အောက်တိုဘာ( ၃၀ )ရက်မှ( ၃၁ )ရက်နေ့အထိတွင် ကိုးကန့်(MNDAA)နှင့်ရက္ခိုင့်တပ်တော်AAတို့သည် မူပန်(သိန္နီ)ဒေသ ဟိုပန်ကျေးရွာအုပ်စု ၊ မိုင်းတင်ရော်ဘာတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နာတိအခြေချ နေထိုင်သော ပြည်သူ့ စစ်အဖွဲ့စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ နာတိတပ်စခန်းတွင် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် (၁၆)ယောက် ဖမ်းဆီးရရှိခဲ့၍ (၅)ယောက်ချေမှုန်းနိုင်ခဲ့ပြီး (၃)ယောက်ကို ထိခိုက်ဒဏ်ရာများရရှိစေခဲ့ပါသည်။ ထို့ပြင် စစ်ပစ္စည်း အချို့ကိုလည်းသိမ်းဆည်းရရှိပါသည်။ အခြားတစ်ဖက် တွင် MNDAA မှ စစ်ကောင်စီ၏ မူပန်(သိန္နီ)ခရိုင်၊ဟော်ပန်ကျေးရွာအုပ်စု၏ လမ်းခွဲတွင်အခြေချထားသော တပ်စခန်း နှင့် နန်ဖုန်းကျေးရွာရှိ တပ်ရင်း(၂၉၁)၏တပ်စခန်း (၂)ခု ၊ ကွမ်ယုံနတ်ကျောင်းစခန်း နှင့် ကွမ်းလုံစခန်း များကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ (၃၀) ရက်နေ့ နေ့လည် (၁၂)နာရီမှ (၁)နာရီကြားတွင်လည်း စစ်ကောင်စီ၏ လားရှိုးမှ စစ်ကူလာသော သံချပ်ကာအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။
မုံးကိုးတိုက်ပွဲ
=======
မုံးကိုးဘက်တွင် သိမ်းပိုက်ထားသောတပ်စခန်းများကို နယ်မြေရှင်းလင်းရေးများဆက်လက်လုပ်နေပါသည်။ ထို့ပြင် မိုးကိုးခရိုင်၊ ဟုတ်ကျီကျင့်ဒေသရှိ စစ်ဆေးရေးဂတ်တစ်ခုကို လည်း ချေမှုန်းနိုင်ခဲ့ပါသည်။