BLA Vlogs

BLA Vlogs စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။
VPN ခံပြီးကြည့်ပေးပါ။

24/08/2026

Podcast Ep 1.1

21/08/2026

တတ်တူး နဲ့ တတ်တူအပေါ်မြင်တဲ့ ကျနော်တို့ဒေသရဲ့အမြင်တွေ၊ ရိုက်ခက်မှုတွေ ဘာညာ ကွိကွပြောထားတဲ့ Video ထဲက အပိုင်းမစအနည်းငယ်။
Video အပြည့်အစုံကြည့်ချင်ရင် Comment မှာရေးခဲ့ပါ။
ကြည့်မယ် ဒါမှမဟုတ် မကြည့်ချင်ဘူး။

21/08/2026

တတ်တူးအကြောင်း ဘာညာကွာစိ

17/08/2026

သီချင်းပျက်ပြီလားမသိဘူး 😬

17/08/2026

“ကျရှုံးချိန် Fighting ပြောသူ များပေမယ့်၊ အောင်မြင်ချိန် Congratulations ပြောနိုင်သူ ရှားတယ်”

🔳 လူ့ဘဝမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝတစ်ခု ရှိပါတယ်။ လူတစ်ယောက် လဲကျသွားတဲ့အခါ၊ အခက်အခဲကြုံနေရတဲ့အခါ ဖေးမကူညီချင်တဲ့ လက်တွေ၊ အားပေးစကားပြောတဲ့သူတွေ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတတ်ပါတယ်။ “အားတင်းထားနော်”၊ “အဆင်ပြေသွားမှာပါ” ဆိုတဲ့ စကားသံတွေကြားမှာ လောကကြီးက သိပ်နွေးထွေးတယ်လို့ ခံစားရတတ်ပါတယ်။

ဒါပေမယ့် အဲဒီလူ ပြန်လည်ထူမတ်လာပြီး တခြားသူတွေထက် ခြေတစ်လှမ်း ပိုရှေ့ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ထူးထူးခြားခြား အောင်မြင်သွားတဲ့အခါမှာတော့ လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးပေးတဲ့သူ အရေအတွက်ဟာ သိသိသာသာ နည်းသွားတတ်ပါတယ်။

လူတွေဟာ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို စာနာပေးဖို့ လွယ်ကူပေမယ့်၊ သူတစ်ပါးရဲ့ အောင်မြင်မှုကို ဝမ်းသာပေးဖို့ကျတော့ ခက်ခဲနေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် ကျရှုံးနေချိန်မှာ ကိုယ်က သူ့ထက် ပိုသာနေတယ်၊ ဒါမှမဟုတ် လုံခြုံတဲ့အနေအထားမှာ ရှိနေတယ်ဆိုတဲ့ စိတ်ခံစားမှုက ကိုယ့်ကိုယ်ကိုယ် အလိုလို ကျေနပ်စေပါတယ်။

ဒါကြောင့် ကူညီပေးရတာ၊ သနားပေးရတာဟာ ကိုယ့်ရဲ့ အတ္တကို မထိခိုက်စေပါဘူး။ ဒါပေမယ့် သူက ကိုယ့်ထက် သာသွားတဲ့အခါမှာတော့ “ငါရော ဘာတွေ လုပ်နေမိတာလဲ” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တဲ့စိတ်က အတွင်းထဲမှာ ဝင်လာတတ်ပါတယ်။

🔳 ဒီလိုဖြစ်တာဟာ လူ့သဘာဝရဲ့ အားနည်းချက်တစ်ခုမျှသာ ဖြစ်ပါတယ်။ ကိုယ်နဲ့ အတူတူရှိနေခဲ့တဲ့သူ၊ ကိုယ်နဲ့ အဆင့်အတန်းတူတယ်လို့ သတ်မှတ်ထားတဲ့သူတစ်ယောက်က ရုတ်တရက် အပေါ်ကို ရောက်သွားတဲ့အခါ လူတွေရဲ့ စိတ်ထဲမှာ မလုံခြုံမှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီမလုံခြုံမှုကနေတစ်ဆင့် အသိအမှတ်မပြုချင်တာ၊ လျစ်လျူရှုတာ၊ တစ်ခါတလေဆိုရင် အပြစ်ရှာချင်တဲ့စိတ်တွေအထိ ပြောင်းလဲသွားတတ်ပါတယ်။

ဥပမာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြည့်လိုက်ပါ။ အဆင်မပြေတဲ့အကြောင်း၊ ဝမ်းနည်းစရာအကြောင်း ရေးတင်လိုက်ရင် အားပေးကြတဲ့ မှတ်ချက်တွေ၊ ဂရုစိုက်ကြတဲ့သူတွေ အများကြီး တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရလိုက်တဲ့အကြောင်း၊ ဥပမာ—စီးပွားရေးလုပ်ငန်းအသစ်တစ်ခု စတင်လိုက်နိုင်တာပဲဖြစ်ဖြစ်၊ ဘဝအတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခု လုပ်နိုင်ခဲ့တာပဲဖြစ်ဖြစ် အဲဒီလို ဝမ်းသာစရာတွေ မျှဝေလိုက်တဲ့အခါမှာတော့ တကယ်ကို ရင်ထဲကနေ ဂုဏ်ပြုပေးတဲ့သူဟာ လက်ချိုးရေလို့ ရလောက်တဲ့အထိ နည်းပါးသွားတတ်ပါတယ်။

📌 “Anybody can sympathise with the sufferings of a friend, but it requires a very fine nature to sympathise with a friend's success.” “မိတ်ဆွေတစ်ယောက်ရဲ့ ဆင်းရဲဒုက္ခကို စာနာပေးဖို့ဆိုတာ လူတိုင်းလုပ်နိုင်ပေမယ့်၊ သူ့ရဲ့အောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာပေးဖို့ဆိုတာတော့ တကယ့်ကို မွန်မြတ်တဲ့ စိတ်ထားရှိမှ ရတာပါ” လို့ ကမ္ဘာကျော်စာရေးဆရာကြီး အော်စကာဝိုင်းလ် (Oscar Wilde) က ဆိုခဲ့ဖူးပါတယ်။ ဒါဟာ အလွန်မှန်ကန်တဲ့ လူမှုဘဝအမှန်တရားတစ်ခုပါ။

ဒုက္ခရောက်ချိန်မှာ ကူညီပေးတဲ့သူတွေဟာ မိတ်ဆွေစစ်တွေလို့ ဆိုကြပေမယ့်၊ ကိုယ်အောင်မြင်လာတဲ့အခါ မျက်နှာမပျက်ဘဲ တကယ်ဝမ်းသာပေးနိုင်တဲ့သူဟာလည်း အလွန်ရှားပါးပြီး တန်ဖိုးထားရမယ့် မိတ်ဆွေစစ်တွေပါပဲ။ အောင်မြင်မှုဆိုတာ ကိုယ့်ဘဝအတွက် ဆုလာဘ်တစ်ခု ဖြစ်သလို၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ စိတ်ရင်းအမှန်ကို စစ်ထုတ်ပေးတဲ့ ဇကာတစ်ချပ်လည်း ဖြစ်နေတတ်ပါတယ်။

🔳 အကယ်၍ ကိုယ့်ဘဝမှာ အောင်မြင်မှုတွေ ရလာလို့ ပတ်ဝန်းကျင်က လူတချို့ ခပ်ခွာခွာ ဖြစ်သွားတယ်ဆိုရင် ဝမ်းမနည်းပါနဲ့။ ကိုယ်က မာနကြီးသွားလို့၊ ဒါမှမဟုတ် ကိုယ်က ပြောင်းလဲသွားလို့ မဟုတ်ဘဲ၊ သူတို့ကိုယ်တိုင်က သူတို့ရဲ့ စိတ်မလုံခြုံမှုတွေနဲ့ ရုန်းကန်နေရလို့သာ ဖြစ်ပါတယ်။

အဲဒီလိုအချိန်မှာ ကိုယ့်ရဲ့ အလင်းရောင်ကို သူတို့မျက်စိမကျိန်းအောင်ဆိုပြီး ပြန်လျှော့ချပစ်စရာ မလိုပါဘူး။ လင်းလက်ခွင့်ရှိတဲ့အချိန်မှာ အားရပါးရ လင်းလက်လိုက်ပါ။ တကယ့်မိတ်ဆွေစစ်ဆိုတာ ကိုယ့်ရဲ့ အလင်းရောင်အောက်မှာ နွေးထွေးမှုကို ခံစားတတ်သူတွေသာ ဖြစ်ပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်လည်း ကိုယ်တိုင်ကရော တခြားသူတွေရဲ့ အောင်မြင်မှုအပေါ် ဘယ်လိုတုံ့ပြန်နေသလဲဆိုတာ ပြန်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ တိုးတက်မှုကို မြင်တဲ့အခါ မနာလိုဝန်တိုစိတ်မရှိဘဲ “Congratulations” လို့ ရိုးရိုးသားသား ပြောနိုင်ဖို့ဆိုတာ Emotional Intelligence မြင့်မားမှ ရတာပါ။ ဗုဒ္ဓဘာဘာမှာဆိုရင်တော့ ဒါကို ‘မုဒိတာ’ လို့ ခေါ်ပါတယ်။ မေတ္တာ၊ ကရုဏာထားဖို့ထက် မုဒိတာပွားဖို့က ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ မုဒိတာပွားနိုင်ဖို့ ကိုယ့်ရဲ့ ‘အတ္တ’ နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေတဲ့စိတ်ကို အများကြီး လျှော့ချထားနိုင်မှ ဖြစ်လို့ပါပဲ။

📌 ဒါကြောင့် ဘဝမှာ အထီးကျန်ဆန်မှုကို ကြောက်ပြီး ကိုယ့်ရဲ့ ခြေလှမ်းတွေကို နောက်မဆုတ်လိုက်ပါနဲ့။ အမြင့်ကို တက်လေလေ အတူတူရပ်တည်ပေးမယ့်သူ နည်းလာလေလေ ဆိုတာကို ကြိုတင်လက်ခံထားရပါမယ်။ အောင်မြင်မှုဆိုတာ အခွင့်အရေးတွေ၊ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးသလို၊ တစ်ချိန်တည်းမှာပဲ ဘယ်သူတွေက ကိုယ့်ဘဝမှာ ဆက်ပါလာသင့်သလဲ ဆိုတာကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးသွားတတ်ပါတယ်။

ဘဝမှာ ကိုယ်လဲကျချိန် လာရောက်တွဲထူသူတွေကို ကျေးဇူးတင်ပါ။ ဒါပေမယ့် ကိုယ်တောက်ပနေချိန်မှာ မျက်စိမနောက်ဘဲ အနားမှာ ဂုဏ်ယူစွာ ရပ်တည်ပေးနိုင်သူတွေကိုတော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့။
လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို သိချင်ရင် ကိုယ်ပြေလည်နေချိန်မှာ သူ မုဒိတာ ပွားနိုင်၊ မပွားနိုင်ကို ကြည့်လိုက်ပါ။

#ဉာဏ

August 4, 2026

ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

14/08/2026

"ကိုယ်ကျိုးရှာတဲ့ ဆက်ဆံရေးတွေမှာ အဖြူစင်ဆုံးလူက အနာကျင်ရဆုံးပါပဲ"

လောကမှာ လူတချို့ ရှိပါတယ်။

သူတို့ဟာ လူတစ်ယောက်ကို ခင်မင်ပြီ၊ ချစ်ပြီ ဆိုရင် ဘာတွက်ကိန်းမှ မရှိဘဲ ရင်ဘတ်ထဲကနေ အစစ်အမှန် ပေးဆပ်တတ်ကြသူတွေပါ။

ကိုယ့်ဘက်က ကောင်းရင် သူ့ဘက်ကလည်း ကောင်းမှာပဲလို့ ရိုးရိုးရှင်းရှင်း တွေးပြီး တစ်ဖက်လူအပေါ် အရာရာကို ယုံကြည် ပုံအပ်တတ်ကြတယ်။

ဒါပေမယ့် ဘဝရဲ့ အင်မတန် ရင်နာစရာ ကောင်းတဲ့ အမှန်တရား တစ်ခုကတော့...

လူတိုင်းရဲ့ ရင်ဘတ်ထဲမှာ သင် ထင်ထားသလို သန့်ရှင်းဖြူစင်တဲ့ နှလုံးသားတွေ မရှိကြဘူး ဆိုတာပါပဲ။

သင့်ရဲ့ အဲဒီလို အတိုင်းအတာ မသိတဲ့ ဖြူစင်မှု၊ ရိုးသားမှုနဲ့ အားနာတတ်မှုတွေကို အခွင့်အရေးယူပြီး အသုံးချဖို့ ချောင်းမြောင်းနေတဲ့ "ကိုယ်ကျိုးရှာသမားတွေ" (Opportunists) နဲ့ တွေ့ဆုံသွားတဲ့ အခါမှာတော့ သင့်ရဲ့ ဘဝဟာ အဆိုးရွားဆုံး အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်လာပါတော့တယ်။

ကိုယ်ကျိုးရှာသမားတွေဟာ သင့်ရဲ့ ဖြူစင်မှုကို "မွန်မြတ်တဲ့ အရည်အသွေးတစ်ခု" လို့ မမြင်ပါဘူး။

သူတို့က သင့်ကို "လှည့်စားရ အလွယ်ကူဆုံးနဲ့ ခိုင်းစားလို့ အကောင်းဆုံး လူမိုက်တစ်ယောက်" လို့သာ သတ်မှတ်ပါတယ်။

သူတို့ လိုချင်တာ ရှိတဲ့အခါ သင့်ဆီကို အချိုသာဆုံး စကားတွေနဲ့ ချဉ်းကပ်လာမယ်။

သင့်ရဲ့ ကူညီပေးတတ်တဲ့ စိတ်ကို အသုံးချပြီး သူတို့ရဲ့ ပြဿနာတွေကို သင့်ခေါင်းပေါ် ပုံချမယ်။

သင်ကလည်း သူငယ်ချင်းပဲ၊ ချစ်သူပဲ၊ ဆွေမျိုးပဲ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး အရာရာကို လိုက်လျော ဖြည့်ဆည်းပေးနေမိလိမ့်မယ်။

ဒါပေမယ့်...

သင့်ဘက်က အကူအညီ လိုအပ်လာတဲ့ အချိန်၊ သင့်ဘက်က အားငယ်နေတဲ့ အချိန်တွေမှာတော့ အဲဒီလူတွေဟာ သင့်နားမှာ အရိပ်တောင် ပြပေးမှာ မဟုတ်ပါဘူး။

သူတို့ အလိုပြည့်သွားတဲ့ အခါ သင့်ကို အလွယ်တကူပဲ ကျောခိုင်း သွားတတ်ကြပါတယ်။

> "ရိုးသားဖြူစင်ခြင်းဟာ ကိုယ်ကျိုးရှာသမားတွေရဲ့ လက်ထဲ ရောက်သွားတဲ့အခါ အလွယ်တကူ အသုံးချလို့ရတဲ့ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးရှာတဲ့ ဆက်ဆံရေးတိုင်းမှာ အပေးဆပ်ဆုံးနဲ့ အဖြူစင်ဆုံး လူဟာ အမြဲတမ်း အနာကျင်ရဆုံးပါပဲ။"

သင် ဖြူစင်တာ၊ ရိုးသားတာ မမှားပါဘူး။

ဒါပေမယ့် အဲဒီ ဖြူစင်မှုနောက်မှာ "ဉာဏ်ပညာ" မပါတဲ့အခါ အဲဒါဟာ "အသုံးချခံရခြင်း" သက်သက် ဖြစ်သွားပါတယ်။

သူများတွေက ကိုယ့်ကို အသုံးချသွားလို့ ဆိုပြီး လူတွေကို နာကြည်း မုန်းတီးနေမယ့်အစား၊ ကိုယ့်ရဲ့ ဖြူစင်မှုကို နေရာတကာမှာ အလွယ်တကူ ပုံအောပေးနေတဲ့ ကိုယ့်ရဲ့ အကျင့်ကို အရင်ဆုံး ပြင်ဆင်ရပါမယ်။

သင့်ရဲ့ မေတ္တာ၊ သင့်ရဲ့ ကူညီဖေးမမှုတွေကို တန်ဖိုးထားတတ်တဲ့ သူတွေ၊ အပြန်အလှန် လေးစားမှု ရှိတဲ့သူတွေ အတွက်ပဲ သေချာ ကန့်သတ်ပြီး ပေးဝေပါ။

ဒီနေ့ကစပြီး လူတိုင်းအပေါ် အလွန်အကျွံ ဖြူစင်ပြနေမယ့် အစား၊ ကိုယ့်ကို အသုံးချဖို့ လာတဲ့ သူတွေကို "မရဘူး" လို့ ပြတ်ပြတ်သားသား ငြင်းဆန်ရဲတဲ့ သတ္တိကို မွေးမြူလိုက်ပါ။

ဒါမှသာ ကိုယ်ကျိုးရှာသမားတွေရဲ့ လက်ထဲမှာ ဒဏ်ရာရနေတဲ့ သင့်ရဲ့ နှလုံးသားကို အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

#သုခကျော်

ဆရာသုခကျော်၏ ထွက်ရှိပြီးသော စာအုပ်ကောင်းများ -

၁။ အာဂယောက်ျား

၂။ ပျော့ညံ့ညံ့ယောက်ျားတစ်ယောက်အဖြစ်ကနေ ရုန်းထွက်ပစ်လိုက်ပါ

၃။ စိတ်ကို လွှမ်းမိုးခြယ်လှယ်ခြင်း

၄။ စွမ်းအင်စုပ်ယူသူများ (Energy Vampire)

စာအုပ်ဆိုင်ကြီးများ၊ City Mart များနှင့် အွန်လိုင်းစာအုပ်ဆိုင်များတွင် အဆင်သင့် ဝယ်ယူရရှိနိုင်ပါပြီဗျ။

#သုခကျော်

14/08/2026

အပန်းဖြေ

12/08/2026

စိတ်ထောင်းတော့ ကိုယ်ကြေ

ဒီစကားပုံကို လူကြီးတွေပြောတာ နားထဲစွဲနေခဲ့တာ ကြာပြီ။ ငယ်ငယ်ကတော့ သာမန်ရိုးရှင်းတဲ့ စကားပုံလို့ပဲ ထင်နေမိခဲ့တယ်။ ဒါပေမဲ့ တကယ့်ဘဝထဲ ခြေစုံပစ်ဝင်လာပြီး ရှေ့ဆက်ဖို့ရုန်းကန်နေရတဲ့ အချိန်တွေမှာမှ ဒီစကားလေးရဲ့အဓိပ္ပာယ်က ဘယ်လောက်အထိလေးနက်ပြီး မှန်ကန်နေလဲဆိုတာကို သဘောပေါက်လာတယ်။

ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဖိအားတွေက အရင်ခေတ်တွေနဲ့ လုံးဝမတူတော့ဘူး။ အပြင်ပန်းကနေကြည့်လိုက်ရင် ပေါ့ပါးနေသလိုထင်ရပေမဲ့ အတွင်းစိတ်ထဲမှာတော့ ဘယ်သူမှမသိနိုင်တဲ့ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတယ်။ အောင်မြင်ရမယ်၊ မြန်မြန်ဆန်ဆန် ရပ်တည်နိုင်ရမယ်၊ အများကို လိုက်မီနေရမယ်ဆိုတဲ့အတွေးတွေက ဦးနှောက်ထဲမှာ အမြဲတမ်း လည်ပတ်နေတယ်။ အဲဒီလို အဆက်မပြတ်တဲ့ စိတ်ဖိစီးမှုတွေကြောင့် ဦးနှောက်က ကိုယ်ခန္ဓာကိုအချက်ပြလာတဲ့အခါ စားမဝင်တော့ဘူး၊ ညဘက်တွေမှာ အိပ်မပျော်တော့ဘူး၊ အကြောင်းပြချက် မရှိဘဲ နွမ်းနယ်လာတယ်။ တကယ်တော့ အဲဒါဟာ "စိတ်ထောင်းလို့ ကိုယ်ကြေ" နေရတဲ့ လက်တွေ့ပြယုဂ်ပါပဲ။

ကျွန်တော်တို့ ဘာလို့ ဒီလောက်တောင်ပင်ပန်းနေရတာလဲ။ အဓိက အကြောင်းရင်းကတော့ ရပ်တန့်လို့မရတဲ့ ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့တန်ဖိုးကို အမြဲတမ်းသက်သေပြနေရလို့ပဲ။ ဆိုရှယ်မီဒီယာပေါ်က သူများတွေရဲ့ တောက်ပနေတဲ့အောင်မြင်မှုဇာတ်ကြောင်းတွေကို နေ့တိုင်း မြင်နေရတော့ ကိုယ့်ဘဝရဲ့ အမှောင်ဖုံးနေတဲ့ရုန်းကန်ချိန်တွေကို အလိုလို အပြစ်တင်မိလာတယ်။ "သူတို့တောင် ဒီအရွယ်မှာ ဒီလောက်ဖြစ်နေပြီ၊ ငါကဘာလို့ ဒီနေရာမှာပဲ ရှိနေသေးတာလဲ" ဆိုတဲ့ နှိုင်းယှဉ်ချက်က လူကို စတင်သတ်ဖြတ်ပါတော့တယ်။ အဲဒီကနေစပြီး စိတ်ကပိုထောင်းလာပြီး ကိုယ်ပါ လိုက်ပါပြီး ကြေမွလာရတာပေါ့။

နောက်တစ်ခုကတော့ ရလဒ်ကို ချက်ချင်းလိုချင်တဲ့ စိတ်စွဲလမ်းမှုပါပဲ။ အရာရာကို အမြန်နှုန်းနဲ့ လုပ်ဆောင်နေရတဲ့ပတ်ဝန်းကျင်က လူငယ်တွေကို စိတ်ရှည်သည်းခံနိုင်စွမ်းကင်းမဲ့လာအောင် လုပ်ပစ်လိုက်တယ်။ အလုပ်လုပ်ရင် ချက်ချင်းအသိအမှတ်ပြုခံချင်တယ်၊ စီးပွားစရင် ချက်ချင်းအမြတ်ထွက်ချင်တယ်၊ ကိုယ့်ကိုယ်ကိုလည်း အမှားမခံဘဲ အကောင်းဆုံးဖြစ်နေရမယ်လို့ ဖိအားပေးတယ်။ တကယ်တမ်းတော့ ဘဝဆိုတာ မာရသွန်ပြိုင်ပွဲလိုပါပဲ။ အစောပိုင်းမှာ အသက်ရှူမှားပြီး အတင်းပြေးရင် ခရီးတစ်ဝက်မှာတင် လဲကျသွားတတ်တယ်။

အဲဒီလိုလဲကျသွားတဲ့အခါ အပြင်ကပေးတဲ့ဖိအားထက် ကိုယ့်ကိုယ်ကို ပြန်ပြီးဒဏ်ခတ်နေတဲ့ အတွေးတွေက ပိုပြီးဆိုးရွားတယ်။ ငါ မတော်လို့လား၊ ငါ့မှာ ကံမပါလို့လားဆိုပြီး ကိုယ့်ကိုယ်ကို အမြဲအပြစ်တင်နေတော့ စိတ်ထဲမှာ ငြိမ်းချမ်းရေးဆိုတာ ပျောက်ဆုံးသွားတယ်။ ခန္ဓာကိုယ်ကလည်း အဲဒီအဆိပ်အတောက်ဖြစ်စေတဲ့ဖိအားတွေကို လက်ခံထားရတာမို့ ကျန်းမာရေးတွေ ချို့တဲ့လာတယ်။

ဒါဆိုရင် ဒီလိုအခြေအနေကနေ ကျွန်တော်တို့ ဘယ်လိုရုန်းထွက်ကြမလဲ။

ပထမဆုံးလုပ်ရမယ့်အရာက ကိုယ်မထိန်းချုပ်နိုင်တဲ့ အပြင်ဘက်က အကြောင်းအရာတွေကို လက်ခံဖို့ပါပဲ။ လောကကြီးက ငါ့စိတ်တိုင်းကျ ဖြစ်လာမှာမဟုတ်ဘူး၊ လူတွေရဲ့အမြင်တွေကလည်း ငါ့ဘက်မှာ ရှိနေမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လိုက်တာနဲ့တင် ရင်ထဲက တန်ဖိုးမရှိတဲ့ဝန်ထုပ်ဝန်ပိုးတွေ တစ်ဝက်လောက်လျော့သွားတယ်။ ကိုယ့်လက်ထဲမှာ ရှိတာက ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ကိုယ့်ရဲ့တုံ့ပြန်ပုံဆိုတဲ့ အပိုင်းလေးတစ်ခုတည်းသာ ဖြစ်တယ်။ အဲဒီအပေါ်မှာပဲ အာရုံစိုက်လိုက်ပါ။

ဒုတိယအချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရှိန်အဟုန်ကို လက်ခံပေးဖို့ပါပဲ။ သစ်ပင်တိုင်းဟာ ပွင့်လန်းရမယ့်ရာသီချိန် ကိုယ်စီရှိကြတယ်။ သူများတွေ စောစောစီးစီးအသီးတင်နေလို့ ကိုယ်ကနောက်ကျနေတယ်လို့ မထင်ပါနဲ့။ ကိုယ့်ရဲ့အချိန်တန်လာတဲ့အခါ ကိုယ်လည်း လှပစွာ ထွန်းလင်းတောက်ပလာမှာ သေချာပါတယ်။ အဓိကကတော့ လမ်းမပျောက်ဖို့နဲ့ လမ်းမှာ ရပ်မသွားဖို့ပါပဲ။

အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ကြင်နာတတ်ဖို့ဖြစ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ ခံစားရမယ်၊ မှားယွင်းမယ်၊ ပင်ပန်းမယ်၊ လဲကျမယ်၊ ဒါတွေအားလုံးက သဘာဝပါပဲ။ လဲကျတဲ့အခါမှာ ကိုယ့်ကိုကိုယ်အပြစ်တင်မယ့်အစား ဒဏ်ရာတွေကို သေချာဆေးထည့်ပေးပြီး ပြန်ထဖို့အားပေးရမယ်။

ဘဝဆိုတာ ကိုယ့်ကိုကိုယ်နှိပ်စက်ပြီး အောင်မြင်ပြရမယ့်ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စွာနဲ့ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လှမ်းသွားရမယ့် ခရီးစဉ်တစ်ခုဖြစ်တယ်။ စိတ်ကို ပင်ပန်းဆင်းရဲမှုတွေနဲ့ မထောင်းစေဘဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ သည်းခံမှု၊ ကြင်နာမှုတွေနဲ့ ပြုစုပျိုးထောင်လိုက်ပါ။ အဲဒီအခါကျရင် စိတ်ရောကိုယ်ပါကြံ့ခိုင်လာပြီး ဘယ်လိုမုန်တိုင်းကိုမဆို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စွမ်းအားတွေ ကိုယ့်ဆီမှာ အလိုလိုရှိလာလိမ့်မယ်။

▪️ချမ်းမွန်

#စိတ်ထောင်းတော့ကိုယ်ကြေ #လူငယ်နှင့်ဘဝ #စိတ်ကျန်းမာရေး #ခွန်အားဖြည့်စာစု

10/08/2026

စိတ်ညစ် 😂😂😂

09/08/2026

ချီးမွမ်းမကုန်နိုင်ဘူး

Address

Desa Sri Hartamas
Kuala Lumpur
50480

Alerts

Be the first to know and let us send you an email when BLA Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BLA Vlogs:

Shortcuts

Share