BLA Vlogs

BLA Vlogs စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။

ချောချင်ရင် 👇👇👇Prompt: Black and white fine art portrait of a young woman, long slightly messy hair framing her delicate...
25/09/2025

ချောချင်ရင် 👇👇👇
Prompt: Black and white fine art portrait of a young woman, long slightly messy hair framing her delicate face, smooth fair skin, wearing an oversized white shirt falling in shoulder. pose, sitting looking at the camera with a calm and thoughtful expression. studio setting with plain grey background, soft cinematic lightning, minimalist composition, ultra realistic, sharp facial details, natural textures, elegant and sophisticated style, professional photography, 8k quality high
contrast monochrome aesthetic.

22/09/2025

အရာရာ ဆိုးနေတဲ့ ဘဝထက်
အရာရာကို အဆိုးမြင်နေတဲ့စိတ်က
လူကို ပို ဒုက္ခဖြစ်စေတယ်

အကောင်းမြင်စိတ်နဲ့
မေတ္တာတရားသာ မရှိရင်
ကမ္ဘာဟာ ပျော်စရာမကောင်းတာ အမှန်ပဲ

ဗိုင်းရပ် ပိုးတွေထက်
အတိတ်နဲ့ အတွေးဆိုးတွေက
လူကို မြန်မြန်သေအောင် သတ်ပါတယ်

ဒဏ်ရာကို ပြပြီး
ကိုယ့်ကိုယ်ကိုယ် သနားနေသရွေ့တော့
ဘယ်တော့မှ မင်း သန်မာသူ ဖြစ်မလာဘူး

အမြဲတမ်း လင်းနေပြန်ရင်လဲ
ကြာရင် မျက်လုံးကို ထိခိုက်တတ်တယ်
ဒီ တော့
တစ်ခါတလေ မှောင်နေတာကိုလဲ
ဘဝလို့ နားလည်ယူလိုက်

တစ်ခါတစ်လေတော့လဲ ပြိုလဲမိမှာပေါ့

တစ်ခါတလေတော့လဲ ဝမ်းနည်းငိုကြွေးမိမှာပေါ့

တစ်ခါတလေတော့လဲ ခက်ခဲပင်ပန်းရမှာပေါ့

တစ်ခါတလေတော့လဲ အထီးကျန်နာကျင်ရမှာပေါ့

တစ်ခါတလေတော့လဲ လက်လျှော့လိုက်ချင်တာပေါ့

ဒါ ပေ မယ့်
ဒါ ဘ ဝ ပဲ လေ

ဘဝဆိုတာ
အကောင်းတွေချည်း မရှိသလို
အဆိုးတွေချည်းလဲ အမြဲကြုံမနေရပါဘူး

အပူ အအေး
အနိမ့် အမြင့်တွေကြားမှာ
ကိုယ့်စိတ်လေးကို မျှတအောင်ထားပြီး
နေတတ်အောင် လေ့ကျင့်ယူရမှာ

အောင်မြင်မှုတွေရမှာ
ငွေကြေးတွေ ချမ်းသာမှ
အရာရာ ပြည့်စုံတဲ့တစ်နေ့ကျမှ
ငါ ဘဝအရသာကို ခံစားမယ်
ငါ ပျော်အောင်နေမယ်ဆိုတာက မသေချာပါဘူး
တကယ် မသေချာဘူး

အရာရာ ပြောင်းလဲနေတဲ့လောကမှာ
မနက်ဖြန်ဆိုတဲ့ အနာဂတ်က
ဒီနေ့ဆိုတဲ့ ပစ္စုပ္ပန်လောက်
ဘယ်လိုလုပ်ပြီး သေချာပါ့မလဲ

ဒါကြောင့်
ဘဝကို ဒီနေ့က စပြီး
စိတ်တိုင်းကျ နေထိုင်ပါ

တစ်ခုခု အဆင်မပြေတာနဲ့
တစ်သတ်လုံး မပျော်တော့မယ့်ပုံစံမျိုး မလုပ်နဲ့

တစ်ခုခု ဆုံးရှုံးသွားတာနဲ့
ငါဘဝကြီးတော့ သွားပါပြီးကွာဆိုတာမျိုး မတွေးနဲ့

အနားက တစ်ယောက်ယောက် ထွက်သွားတာနဲ့
သူမရှိရင် ငါတော့ မဖြစ်ဘူးဆိုတဲ့
ပျော့ညံ့တဲ့ စိတ်တွေ မထားနဲ့

တစ်ယောက်ယောက်
ကိုယ့်ကို နားလည်မပေးနိုင်တာနဲ့
လိုက်ရှင်းပြနေရတာတွေ လုပ်မနေနဲ့

တစ်ချို့နေရာတွေမှာ
သူက သူ
ကိုယ်က ကိုယ်ဘဲလေဆိုတဲ့ စိတ်မျိုးထားနိုင်တဲ့
သိပ့် ကို ကောင်း တယ်

အမြဲ ပျော်နေရမယ်လို့ မပြောဘူး
ဒါပေမယ့် အမြဲညည်းငြူးနေရင်တော့
စိတ်ထိခိုက်ပင်ပန်းရတာက လွဲပြီး
ကိုယ့်ဝဘဝအနာဂတ်က ဘာမှဖြစ်လာမှာမဟုတ်ဘူး

တကယ်တော့
လူ့ဘဝဆိုတာကတော့
ပူတယ် အပူတွေများတယ်
ဟုတ်တယ် ဒါ လက်ခံတယ်

ဒါပေမယ့်
အဲ့အပူတွေကြားမှာ အေးအောင်နေနိုင်တာ
နေတတ်တာကိုက ကိုယ့်အရည်အချင်းပဲ
အဲ့ဒါကို နောက်တစ်နည်း ဘဝပညာလို့ခေါ်တယ်
ကိုယ့်မှာ ဒီလို နေတတ်တဲ့ပညာမျိုး ရှိရမယ်

နောက်ဆုံးတစ်ခုပြောချင်တာက
ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဖို့
နေတတ်ဖို့ ဖြေတတ်ဖို့ ပျော်တတ်ဖို့ဆိုရင်

ကိုယ့်မှာ ဘာတွေ မရှိဘူးဆိုပြီး
အမြဲစိတ်ပျက်အားငယ် မနေဘဲနဲ့

သြော် ငါ့မှာတော့ ဘာတွေရှိတာပဲလေဆိုပြီး
ကိုယ့်မှာရှိတဲ့ တန်ဖိုးကို
မြင်အောင်ကြည့်တတ်ဖို့လဲ လိုသေးတယ် ။...

#မူရင်းရေးသားသူကိုလေးစားလျက်

17/09/2025

“ကိုယ်ချင်းစာစိတ်”ဆိုတာလည်း
ဘဝမှာ အင်မတန်မှ အရေးကြီးတဲ့
အရာတစ်ခုဖြစ်တယ်။
အထာကျကျနေလို့ရတယ်။အကြောတင်တင်း၊ခပ်ချေချေ
နေလို့ရတယ်။
သို့ပေမဲ့ တစ်ကိုယ်ကောင်းဆန်လို့
မရဘူး။အတ္တမဆန်ရဘူး။
နောက်ပြီး ကိုယ့်ကြောင့် သူတစ်ပါး
မနာကျင်ရဘူး။ကိုယ့်ကိုယ်ကိုလည်း နာကျင်အောင် မလုပ်ရဘူး။
ဒါဟာ သူတစ်ပါးကို လေးစားသလို မိမိကိုယ်ကို တန်ဖိုးထားတဲ့လက္ခ
ဏာတစ်ရပ် ဖြစ်တယ်။

ဘယ်လိုပြောခံရရင်၊ဘယ်လိုဆက်ဆံခံရရင် နာကျင်မလဲဆိုတာ
ကိုယ်တိုင် အသိဆုံးဖြစ်တယ်။
ကိုယ်တိုင်ကြုံဖူးတဲ့အတွေ့အကြုံ
ကြောင့် ကိုယ်ဟာ အရင်ထက်
ကိုယ်ချင်းစာစိတ် ပိုများလာတယ်။
လူတွေကို ပိုနားလည်လာတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့လူက
လူ့ဘုံအလယ်မှာ ချီးမြှောက်ခံရတယ်။လေးစားခံရတယ်။မြတ်နိုး
ခံရတယ်။အသိအမှတ်ပြုခြင်း
ခံရတယ်။
ဘဝမှာ အများကြီးမပိုင်ဆိုင်ရင်တောင် ကိုယ်ချင်းစာစိတ်တော့
ပိုင်နိုင်အောင် ကြိုးစားပါ။
ကြိုးလည်း ကြိုးစားသင့်ပါတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့လူက
လူတော်တစ်ယောက် ဖြစ်တယ်။

“ဘယ်သူသေသေ ငတေမှာရင်
ပြီးရော”ဆိုတဲ့အဆိုအမိန့်လို
မဖြစ်ဖို့ လိုတယ်။
ကိုယ့်အောင်မြင်မှု၊ကိုယ့်ပျော်ရွှင်မှုထဲ သူတစ်ပါးရဲ့ငိုမျက်ရည်၊သူတစ်ပါးဘဝကို နင်းချေပြီးမှ ရလာတဲ့အရာတွေဟာ ကြာရှည်မခံဘူး။နောက်ပြီး နှစ်မြို့စရာ မကောင်းပါ။
မှတ်လောက်စရာ မရှိပါ။

နေရာတိုင်းမှာ ကိုယ်ချင်းစာစိတ်ရှိပါ။ဘာလို့လဲဆိုရင် လူဆိုတာ
ကိုယ်စိုက်ထားတဲ့အတိုင်း ကိုယ်ပြန်
ရိတ်သိမ်းရပါတယ်။

#နူးနူးအောင်

15/09/2025

သင် သိပါသလား...
လူဟာ အရမ်းအားငယ်နေချိန်မှာ
ပထမဆုံး သတိရမိတတ်တာက
သူ့အတွက် အရေးပါဆုံးဆိုတဲ့ လူကိုပါတဲ့..

အဲဒီလူဟာ ဘေးမှာရှိသည်ဖြစ်စေ၊
အဝေးမှာရှိသည်ဖြစ်စေ သတိရမိတတ်တယ်။
ဒီအချိန် ဒီအခါမှာ သူ့ဆီက နှစ်သိမ့်မှု ရရင်
သိပ်ကောင်းမယ်လို့ တွေးကြတယ်။

တချို့က ပြောတယ်..
လူတိုင်းက လောဘကြီးတယ်တဲ့။
ပွေ့ဖက်မှုတစ်ခုကို ရပြီးရင်
နမ်းရှုပ်မှုတစ်ခုကို လိုချင်တယ်၊
နမ်းရှုပ်မှုကိုရပြီးရင်
ရှည်လျားတဲ့ တစ်သက်တာကို လိုချင်ရောတဲ့။

ကိုယ်ကတော့ အဲလို မထင်ပါဘူး...
လူတိုင်းကလည်း လောဘမကြီးပါဘူး။

အချစ်ခံ၊ ဦးစားပေးခံရသူကသာ
လောဘကြီးတာပါ။
သူတို့က အချစ်ကို ပိုင်ဆိုင်ထားတော့၊
ဆုံးရှုံးသွားတတ်မှာ မဟုတ်မှန်းလည်း သိတော့
ဆိုးနွဲ့ရဲ၊ စိတ်ရူးပေါက်ရဲ၊ စိတ်ကြီးဝင်ရဲကြတယ်။

တချို့က ချစ်နေ၊ တွယ်တာနေပြီး
လွမ်းဆွတ်ရုံလေးသာ ရခဲ့တယ်။

လွမ်းတယ်ဆိုပြီး ချက်ချင်း တွေ့ခွင့်ရတဲ့လူတွေကို အားကျတတ်လား....

တချို့မှာတော့ လွမ်းတဲ့အခါ ဓာတ်ပုံလေးလှန်ကြည့်၊ အသံတိတ်လွမ်း၊
မနှောင့်ယှက်တာကို အကျင့်ဖြစ်နေခဲ့ပြီ။

စိတ်ထဲမှာ သူ့နာမည်ကို အကြိမ်တစ်ထောင်၊
တစ်သောင်းမက ဟစ်ခေါ်မိလည်း
အပြင်ပန်းက ဘာမှ မဖြစ်သလို၊
မေ့သွားသလို ရှိနေခဲ့ပြီ။

လူတစ်ယောက်ကို လွမ်းတဲ့အရသာက
ဘယ်လိုပါလိမ့်...

မူးနေအောင် သောက်ထားလည်း
ဘယ်သူ့ကို ကြည့်ကြည့် သူနဲ့ တူနေတာမျိုးလား။

နားထောင်မိတဲ့ သီချင်းစာသားတိုင်းက
သူနဲ့ ကိုယ့်ဇာတ်လမ်းကို ရေးထားတာမျိုးလား။

အရာရာတိုင်းမှာ သူ့အရိပ်က ထင်နေတယ်။

လူတစ်ယောက်ကို လွမ်းတဲ့အခါ
တစ်ခါခါ နွေးထွေးတယ်၊
တစ်ခါခါ အထီးကျန်တယ်။

ကံကောင်းတဲ့ လွမ်းဆွတ်ခြင်းက
တစ်ယောက်ယောက်ကို ကိုယ်လွမ်းတဲ့အခါ
အဲဒီတစ်ယောက်ယောက်ကလည်း
ကိုယ့်ကို လွမ်းနေတာပါပဲ...

ကံကောင်းပါစေနော်....


💌
#နိုင်းနိုင်းစနေ

အနူနူပဲ 😂😂
15/09/2025

အနူနူပဲ 😂😂

05/08/2025

စကားနည်းနည်းပဲ ပြောလေလေ
မင်းရဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ ဖြစ်စေပါတယ်၊၊

ဘယ်ကိစ္စကိုမှ အရမ်းမတွေးပါနဲ့
ဘယ်သူမှ သင့်အကြောင်းကို
သင့်လောက် မတွေးပါဘူး။

ပြဿနာတွေကို အာရုံစိုက်ရင်
ပြဿနာတွေပဲ ဖြစ်လာမယ်
ဖြစ်နိူင်ချေတွေကို အာရုံစိုက်ရင်
အခွင့်အလမ်းတွေ ပိုများလာမယ်။

သင်အခု ဘယ်လောက်ပဲ နာကြင်ရပါစေ
တနေ့ကျရင် နောက်ပြန်လှည့်ကြည့်တဲ့ အခါ
ဒီအခက်ခဲတွေက သင့်ဘဝကို
ပိုကောင်းအောင် ပြောင်းလဲ စေခဲ့တယ်ဆိုတာ နားလည်လာလိမ့်မယ်။

သင့်ဘဝမှာ လူတွေနဲ့ အကြောင်းအရင်းရှိလို့ တွေ့ရတာ
မင်းဘဝကို ပြောင်းလဲဖို့ သူတို့ကို လိုအပ်တာလား..
ဒါမှမဟုတ်... မင်းက သူတို့ဘဝကို ပြောင်းလဲပေးမှာလား..

အသစ်အသစ်တွေ သင်ယူဖို့ မကြောက်ပါနဲ့
မင်းသိထားတဲ့ အကန့်အသတ်တွေထဲမှာပဲ နေမယ်ဆိုရင်...
ဘဝက ပျင်းစရာ ကောင်းလာလိမ့်မယ်။

အခိုက်အတန့်တွေက ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတာကို...
အဲ့ဒီအရာတွေက အမှတ်တရ ဖြစ်လာတဲ့အထိ မင်းသိမှာ မဟုတ်ပါဘူး။

သင့်မှာ ရှိပြီးသားအရာတွေ၊
ကျေးဇူးတင်ရမယ့် အရာတွေကို
စာအုပ်ထဲ ချရေးထားရင်...
သင့်မှာ မရှိတဲ့ အရာတွေက
အမြင်ထဲကနေ ပျောက်ကွယ် သွားလိမ့်မယ်။

သင့်ရဲ့ ပါးစပ်ကို မထိန်းချုပ်နိုင်ရင်
သင့်အနာဂါတ်ကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

ဘဝက မှန်တချပ်လိုပဲ...
သင် ဘယ်အရာတွေ တွေးနေလဲ
တွေးတဲ့အတိုင်း ဖြစ်လာတယ်။

သင် မနက်မိုးလင်းတိုင်း ရင်ဆိုင်ရမယ့်
တဦးတည်သောသူက သင်ကိုယ်တိုင်ပဲ။
ဒါကြောင့်... ကိုယ့်ကိုကိုယ် အမြဲ အနိုင်ယူ ထိန်းချုပ်ပြီး... ကိုယ့်ဘဝ အောင်မြင်ဖို့အတွက် မိမိတွေးမြင်တာကို အောင်မြင်အောင် ကြိုးစားသူ ဖြစ်ပါစေ၊၊

Credit မူရင်း

28/07/2025

ဟာသအမြင်နဲ့ပါ။ 😆😆

တကယ်ခင်မှ အပေါင်းအသင်းလုပ်ပါ ။ရုပ်ချောလို့ခင်တာမျိုးကြီးမဖြစ်စေချင်ဘူး။
26/07/2025

တကယ်ခင်မှ အပေါင်းအသင်းလုပ်ပါ ။
ရုပ်ချောလို့ခင်တာမျိုးကြီးမဖြစ်စေချင်ဘူး။

အသက် ၁၈ နှစ်ပြည့်ပြီးကတည်းကအိမ်နဲ့အဝေးမှာနေခဲ့ရတယ်။အိမ်ရဲ့အထောက်အပံ့နည်းနည်းနဲ့ဘဝကိုကိုယ်တိုင်လျှောက်လှမ်းခဲ့တယ်။မပြည့်စ...
25/07/2025

အသက် ၁၈ နှစ်ပြည့်ပြီးကတည်းက
အိမ်နဲ့အဝေးမှာနေခဲ့ရတယ်။
အိမ်ရဲ့အထောက်အပံ့နည်းနည်းနဲ့
ဘဝကိုကိုယ်တိုင်လျှောက်လှမ်းခဲ့တယ်။
မပြည့်စုံမှုတွေ၊ အားငယ်မှုတွေ၊ သိမ်ငယ်မှုတွေနဲ့ပေါ့။
ဒါပေမဲ့ ရောက်တဲ့နေရာ၊ လုပ်တဲ့အလုပ်အတိုင်းမှာ
ဘယ်တော့မှ သူများထက်မလျော့ခဲ့ဘူး။
အတောက်ပဆုံးမဖြစ်ခဲ့ရင်တောင်မှပေါ့။.........

ကိုယ့်ဘဝကို မပျက်စီးအောင်
ကိုယ်တိုင်ထိန်းကျောင်းနိုင်ခဲ့သလို တစ်ပါးသူရဲ့
ဘဝတွေကိုလည်း တည့်မတ်ပေးနိုင်ခဲ့တယ်။
*တချို့ကဦးဆောင်သူနေရာမှာရှိနေကြပြီ*
တချို့အတွက်ကျနော်ဟာ *အဖေတစ်ယောက်လို*
အခုထိတန်ဖိုးထားခံနေရတုန်းပဲ။..........

တတ်သင့်တဲ့အတတ်ပညာတချို့ကိုလေ့လာခဲ့တယ်။
သင်ယူခဲ့တယ်။ လူမှုဆက်ဆံရေးလည်းမညံ့ဘူး။ စိတ်ဓာတ်ခံယူချက် အောက်တန်းမကျဘူးလို့
ကိုယ့်ကိုယ်ကိုအပြည့်အဝယုံတယ်။.........

မက်လောက်စရာထိ ငွေမရှာနိုင်ပေမယ့်။ ငတ်တဲ့အထိတော့ မညံ့ခဲ့ဘူး။ ပြုန်းတီးခဲ့တဲ့ အချိန်တချို့ကြောင့်သာ အချိန်အခက်တွေ့နေရတာပါ။ ထပ်ပြီး
မဖြုန်းတီးမိအောင်လည်းဂရုစိုက်လျက်ပါ။.......

လူတွေလေးစားရလောက်တဲ့အထိလည်း
မရင့်ကျက်ပေမယ့် လူတိုင်းကိုတော့ တန်ဖိုးထားတတ်
ပါတယ်။ လေးစားမခံချင်ဘူး။ စော်ကားလည်း
မခံချင်ဘူး။
*တစ်ခါစော်ကားခံလိုက်ရတိုင်း မိဘကိုအားနာတယ်*
သူတို့မွေးထားတာလေ။.......

မခံစားရဘူး၊ ဒေါသမထွက်ဘူးရယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲ။ လူသားတစ်ယောက်မို့ လူသား
ခံစားချက်အပြည့်ရှိပါတယ်။ ဒါပေမဲ့ ဆင်ခြင်တွေးတောပြီး ပိုင်းခြားတတ်မှုကသာ လူသားရဲ့တစ်ဦး
တန်ဖိုးဆိုတာကို လက်ခံယုံကြည်ထားသူပါ။........

ကိုယ်ကျင့်တရားတွေကို လိုက်နာကျင့်ကြံမှုမရှိဘူး၊
ဘာသာရေးကိုင်းရှိုင်းသူလည်းမဟုတ်ဘူး။
လူဟာလူပီသဖို့မနည်းကြိုးစားနေတဲ့ လူသားတစ်ဦးပါ

ကိုယ်ချင်းစာစိတ်ဟာ လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့
အခြေခံကျတဲ့အချက်လို့ခံယူထားတဲ့ သူတစ်ယောက်
ပါ။

ဘရန်လီအောင် (ကွတ်ခိုင်)

25/07/2025

ရှင် သန် ​နေ ချိန် လေး မှာ

မနက်ဖြန်တွေမှာ ဘာဖြစ်မယ်လို့ မသေချာ
ကမ္ဘာကြီးဘာဖြစ်လာမယ်သေချာမသိပေမယ့်
တစ်နေ့ပြီးတစ်နေ့ဖြတ်လျှောက်ပြီး
နေ့သစ်တွေမှာ ပြန်နိုးထရဦးမှာပဲမဟုတ်လား

ပျော်စရာတွေနည်းနည်းနဲ့
ငိုစရာတွေက ခပ်များများလောကမှာ
အတိတ်ဟောင်းတွေနဲ့
အနာဟောင်းတွေကို ထားခဲ့ဖို့ပါပဲ

မျော်လင့်ချက်ကို
ဟိုးအောက်ဆုံးထိ ပင့်ရှိုက်ချလိုက်ပြီးမှ
ဖြာထွက်လာတဲ့ ရောင်နီးဦးကို ကြိုဆိုခဲ့ဖူးသလို
တစ်ခုခုကို ရတော့မလိုလိုအပိုင်တွက်ပြီးမှ
တကယ်မရလိုက်တဲ့ဖြစ်ရပ်တွေလည်း ရှိကြမှာ

ဝင်သွားတဲ့လကို ပြန်ထွက်လာမယ်အထင်နဲ့
မျော်နေသေးသရွေ့တော့
ညတွေဟာ
ကောင်းကောင်းအိပ်လိုက်ရမှာမဟုတ်ဘူး
ကိုယ့်ရင်ထဲမှာ အလင်းရဖို့ဆိုတာလည်း
အမှောင်ညတွေကို
စိတ်ရှည်ရှည်နဲ့ ဖြတ်ရဲဖို့လိုသေးတယ်လေ

ဆုပ်ကိုင်မထားတာဟာ
ကိုယ်လွတ်လပ်ဖို့အတွက်ပဲ

အလိုမများပဲ ကျေနပ်တတ်တာဟာ
ကိုယ်အေးချမ်းဖို့အတွက်ပဲ

ဒုက္ခကိုမငြီးပဲ
ဘဝကိုရင်ဆိုင်ရဲတာဟာလည်း
ကိုယ့်အိမ်မက်ကို ရှာတွေ့ဖို့အတွက်ပဲ

ချစ်ခြင်းတစ်ခုတည်းမှာ ငြိကပ်မနေတာဟာလည်း
စိတ်ဒဏ်ရာတွေ ကိုယ့်မှာ မများစေဖို့ပါပဲ

မရခဲ့တာတွေ
မရှိတော့တဲ့အရာတွေကို မေ့လိုက်
ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ပြီး
ပေးသလောက် ပြန်ရမယ်လို့
မျော်လင့်ချက်တွေ မထားတာဟာလည်း
ကိုယ့်စိတ်ကို သက်သာရာ ရစေဖို့အတွက်ပါပဲ

တကယ်တမ်းကျ
အဝေးကြီးကို လျှောက်ဖို့မှန်းထားပေမယ့်
အဝေးကြီးကို ရောက်ဖို့တော့ မသေချာခဲ့

ဘဝမှာ
ဂရုစိုက်ရှောင်နေတဲ့ကြားကလဲ
တိုက်မိတဲ့ ခလုတ်တွေ ရှိမှာပဲ
နာကျင်ဒဏ်ရာတွေ ရခဲ့ရင်တောင်
နာချိန်မှာ နာသင့်သလောက်အနာခံပြီး
အနာသာသက်သာတဲ့အခါ
ရှေ့ဆက်သွားနိုင်ဖို့ဟာအရေးကြီးပါတယ်

လုပ်ချင်တာတွေကို ပြီးအောင်လုပ်ခဲ့မယ်
ထွက်ချင်တဲ့ခရီးတွေကို
တစ်နေ့တော့ ရအောင်ထွက်ခဲ့မယ်
ကိုယ့်ကို မျော်နေမယ့်သူရှိတဲ့ အိမ်ကို
ရောက်အောင်ပြန်မယ်
ချစ်စရာရှိတဲ့သူတွေကို ပြည့်ပြည့်ဝဝချစ်ခဲ့မယ်
မုန်းစရာရှိလို့ မုန်းခဲ့မိတဲ့သူတွေကိုတော့
ကိုယ့်ဘက်က စပြီး ခွင့်လွှတ်ပေးခဲ့လိုက်မယ်

တကယ်တော့
ရှင်သန်ချိန်ဆိုတာ
ဘယ်နေ့မှာ အဆုံးသတ်မလဲ ကြိုမသိနိုင်တဲ့
ခဏတာ ရပိုင်ခွင့်လေးတစ်ခုပါ

အဲ့ဒီရှိနေသေးတဲ့
ရှင်သန်နေချိန်လေးမှာပဲ
အတ္တကင်းကင်းနဲ့ ပြုံးပြနိုင်ခဲ့ဖို့
ရိုးရိုးသားသားနဲ့ အသက်ရှင်နေဖို့လိုတာ ☺

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
#စာပေချစ်သူများအားအစဥ်လေးစားလျှက်ပါ #မေတ္တာဖြင့်စာပေမျှဝေသူ

22/06/2025

လူ့သမိုင်းဟာ ပိုက်ဆံချည်းပဲရှိတဲ့ သူဌေးတွေကို မှတ်တမ်းမတင်ဘူး
ဒါကိုမဖတ်ခင် ခရစ်တော်မပေါ်မီ BC (၆)ရာစုနဲ့ (၁)ရာစုကြားကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး တွေထဲက(၅)ယောက်နာမည်ကို ခင်ဗျားသိသလားစဉ်းစားကြည့်ပါ။ဒါမှမဟုတ် တယောက်ယောက်လောကျမြားသိသလားစဥ်းစားကြည့်ပါ။
ဒါကဝေးလွန်းလို့မသိဘူးဆိုရင်အေဒီ (၁)ရာစုကနေ (၁၈)ရာစုကြား ကမ္ဘာမှာအချမ်းသာဆုံးသူဌေးတွေထဲက (၅)ယောက်နာမည်ပြောပြပါဆိုရင်လည်း ခင်ဗျားသိမှာမဟုတ်ပါဘူး။
ဒါကလည်းဝေးလွန်းလို့မသိဘူးဆိုရင် ၁၉၃၀ကနေ ၁၉၆၀ခုနှစ်ကြားမြန်မာပြည်မှာအချမ်းသာဆုံးသူဌေးတွေထဲက (၅)ယောက်နာမည်ပြောပြပါဆိုရင်လည်း ခင်ဗျားသိ နေမှာမဟုတ်ပြန်ဘူး။
ဒါဆိုဒီမေးခွန်းကို နောက်တခါမေးကြည့်မယ် ခရစ်တော်မပေါ်မီ BC ၆ ရာစုနဲ့ ၁ရာစုကြားက
ကမ္ဘာ့ လူသားတွေကို အသိပညာပေးခဲ့တဲ့
ကွန်ဖြူးရှပ်
ပိုက်သာဂိုးရပ်စ်
ဆိုကရေးတီး
ဗုဒ္ဓ
ယူကလစ် တို့ထဲက တယောက်ယောက်ကိုသိသလားမေးရင် ခင်ဗျားသိနေမှာပဲ။
အေဒီ (၁)ရာစုကနေ (၁၈)ရာစုကြားကမ္ဘာ့ လူသားတွေကို အသိပညာပေးခဲ့တဲ့
နယူတန်
ဂယ်လီလီယို
ဒေးကား
လီယိုနာဒိုဒါဗင်ချီ
ရှိတ်စပီးယား
(၅)ယောက်နာမည်ကို စဉ်းစားကြည့်ပါ။သင်သိပါသလား? အဲဒီထဲက အနည်းဆုံး တယောက်ယောက်ကိုသိသလားမေးရင် ခင်ဗျားသိနေမှာပဲ။
ဒါမှမဟုတ်၁၉၃၀ကနေ ၁၉၆၀ခုနှစ်ကြားမြန်မာပြည်ကလူအများစုအတွက် အသိဉာဏ်မြင့်ဖို့ နှလုံးသားလှဖို့ အကျိုးဖြစ်ဖို့တခုခုလုပ်ပေးခဲ့တဲ့
ဒီလူတွေနာမည်ကို စဉ်းစားကြည့်ပါ။သင်သိပါသလား?
မသိနိုင်ဘူးဆိုရင်မေးကြည့်ပါမယ်
ဆရာကြီးရွှေဉဒေါင်း
ဆရာဇော်ဂျီ
ဦးချစ်မောင်
ဆရာစံ
ဗိုလ်ချုပ်အောင်ဆန်း
သခင်ဖိုးလှကြီး
ဦးဥတ်တမ
ဦးရာဇတ်
ဒီထဲလူ (၅)ယောက်ထဲက အနည်းဆုံး သုံးယောက်ကတော့ ခင်ဗျားကြားဖူးမှာပါ။
ဆိုလိုချင်တာက လူ့သမိုင်းဟာ လူသားတွေဟာ လောကအတွက်အသိဉာဏ်၊ နှလုံးသားနဲ့ လူသားတွေရဲ့ ငြိမ်းချမ်းရေးကို အကျိုးပြုခဲ့သူတွေကိုသာ မှတ်တမ်းတင်ပါတယ် ။ ပိုက်ဆံသက်သက်ချည်းရှိနေတဲ့ ၊ကမ္ဘာပေါ်မှာဈေးအကြီးဆုံးကားကို စီးနိုင်တဲ့ သူဌေးတွေကိုမှတ်တမ်းမတင်ဘူးလို့ဆိုချင်တာပါ။
နောက်တခု မြန်မာတနိုင်ငံလုံးကို ကြည့်လိုက်ပါ သူဌေးနာမည်နဲ့လမ်း သူဌေးနာမည်နဲ့ အဆောက်အဦးတခုစ နှစ်ခုစ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုရှိတဲ့ဟာတွေကလည်း ဒီသူဌေးတွေရဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းကို နှလုံးသားနဲ့နားလည်ပြီး ပေးဆပ်ခဲ့သူတွေအတွက်သာ ရှိနေမှာပါ။
ချမ်းသာလွန်းလို့ဆိုပြီး ကြည်ညိုလို့ ပေးထားတဲ့အထိမ်းအမှတ်လမ်း အဆောက်အဦးနာမည်ဆိုတာ ရှိမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဆိုင်ရာလူ့အဖွဲ့အစည်းအတွက် အသိဉာဏ်၊ နှလုံးသားနဲ့ လူသားတွေရဲ့ ငြိမ်းချမ်းရေးကို အကျိုးပြုခဲ့သူတွေကိုတော့ နာမည်အမျိုးမျိုးနဲ့လမ်းတွေ အထိမ်းအမှတ်တွေ ဂုဏ်ပြုထားတာတွေ့ရမှာပါ။
ဆိုလိုချင်တာက
အသိပညာပဲရှာရှာ
ဉစ္စာပဲရှာရှာ
လူ့အဖွဲ့အစည်းအတွက် စဉ်းစားချက်မရှိရင် လူ့အဖွဲ့အစည်းက မှတ်တမ်းတင်မှာမဟုတ်ပါဘူး။
ခင်ဗျားအလုပ်တွေရပ်လိုက်ပြီး သေဆုံးသွားတာနဲ့ ခင်ဗျားဟာသေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားမှာလို့ ဆိုချင်တာပါပဲ။
#ကိုနန္ဒမိုး

Address

Desa Sri Hartamas
Kuala Lumpur
50480

Alerts

Be the first to know and let us send you an email when BLA Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BLA Vlogs:

Share