
04/03/2025
#ပြာခံပွဲအား သူတပါးအား ရှင်းပြနည်း
နှစ်စဉ် ကက်သလစ်များ ဝါဝင်သည့် ကာလ
ပြာခံပွဲ ဗုဒ္ဓဟူးနေ့တွင်
နဖူးပေါ်တွင် ခံယူထားသော ပြာဖြင့် ပုံဖော်ထားသော လက်ဝါးကားတိုင် အမှတ်လက္ခဏာအား
သူတပါးအား ရှင်းပြရန် နည်းလမ်း ၃ မျိုး
ပြာခံပွဲ ဗုဒ္ဓဟူးနေ့တွင် ဘုန်းတော်ကြီးက ပြာတို့ပေးရင်း ပြောသည့် စကားမှာ
ကမ္ဘာဦးကျမ်း (၃း၁၉) မှ ကိုးကားထားသည့်
သင်သည် မြေမှုန့်မှ လာ၍ မြေမှုန့် ပြန်ဖြစ်လိမ့်မည်။ ဟူ၍ ဖြစ်သည်။
ပြာခံပွဲအပြီး ကက်သစ် ခရစ်ယာန်များသည် နဖူးပေါ်မှ ပြာအမှတ်ဖြင့် ကျောင်း၊ အလုပ်နှင့် လူများသော နေရာများသို့ သွားသော အခါ ပြာခံပွဲနှင့် ပြာအမှတ်လက္ခဏာအကြောင်း မေးမြန်းခံရသည့် အခါ အောက်ဖော်ပြပါ အချက် ၃ မျိုးကို ပြောပြနိုင်ပါသည်။
၁။ သမ္မာကျမ်းစာလာ နည်း
ပြာခံယူမှုအား ဓမ္မဟောင်းကျမ်းစာတွင် စတင် ဖော်ပြခဲ့သည်။ ကက်သလစ် အသင်းတော်၏ သမ္မာကျမ်းစာတွင် ပြာခံယူမှုအား ဝမ်းနည်းသည့် အချိန်ကာလနှင့် နောင်တယူသည့် ကာလတွင် လုပ်ဆောင်ကြောင်း ဖော်ပြထားခဲ့သည်။ ယနေ့တွင် တကိုယ်လုံး ပြာခံယူသည့်အစား နဖူးပေါ်တွင်သာ ခရစ္စတူးအမှတ် လက္ခဏာဖြင့်သာ ပြာခံယူသည်။ သမ္မာကျမ်းစာ ကျမ်းကိုးကားရမည်ဆိုလျှင် (ယောဘ Job 42:6, Job 16:15, Daniel 9:3-6) တို့တွင် ပြာခံယူသည့် အလေ့အထအား ဤသို့ ဖော်ပြထားသည်။ ပြာခံယူသူသည် သက်တောင့်သက်သာမရှိ ကြမ်းတမ်းလှသော အဝတ်အစားကို ဝတ်ဆင်၍ ပြာပုံပေါ်တွင် လူးရန်ဟု ဖော်ပြထားခဲ့သည်။
သူတပါးအား ရှင်းပြနိုင်သည့် စကား
- သမ္မာကျမ်းစာတွင် နောင်တရယူသည့် အချိန်၌ လူများသည် ကိုယ်ခန္ဓာတစ်ခုလုံး ပြာဖြင့် ဖုံးစေသည့် အလေ့အထ ရှိခဲ့သည်။ ယနေ့တွင် ခရစ်ယာန်များ ဝါဝင်ပြီ ဖြစ်၍ ဘုရားသခင်နှင့် မိမိ အကြား ဆက်ဆံရေးကို ပြန်လည် သုံးသပ်ရန် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အလားတူ ယခု လက်ရှိအချိန်သည် မိမိ၏ ဘာသာရေးဆိုင်ရာ သုံးသပ်မှုများကို ပြုလုပ်ရင်း လက်တွေ့ ပုဂ္ဂိုလ်ရေးရာ ပြင်ဆင်မှုများကို ပြုလုပ်ရန် အချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ပြာမှုန့်သည် မိမိတို့၏ ဝါတွင်း ကာလအတွက် ရုပ်ပိုင်းဆိုင်ရာ သတိပေးသည့် အမှတ်သင်္ကေတလည်း ဖြစ်သည်။
၂။ သမိုင်းဆိုင်ရာ နည်း
သူတပါးအား ရှင်းပြနိုင်သည့် စကား
- ရှေးယခင် ခရစ်ယာန် အခမ်းအနားများတွင် ပြာမှုန့်အား ဝေမျှသည့် အလေ့အထ စတင်လာခဲ့သည်။ အပြစ်ကြီး ကျူးလွန်ထားသူသည် ပြာခံပွဲ ဗုဒ္ဓဟူးနေ့ကြီးတွင် မိမိ၏ အပြစ်အား နောင်တရသည်ဆိုသည်ကို လူအများရှေ့ပြသရန် ပြာခံယူသည့် အလေ့အထကို အေဒီ အစောပိုင်း ရာစုများတွင် စတင် လုပ်ဆောင်လာခဲ့သည်။ ထုံးတမ်းအစဉ်အလာအရ ထိုသို့သော နောင်တယူသည့် သူများသည် ရက် ၄၀ တိုင်တိုင် နောင်တယူသည့် အနေအထားဖြင့် အပြစ်များ ခွင့်လွတ်ခံရရန် နေထိုင်ခဲ့ကြသည်။ ယနေ့ ဗုဒ္ဓဟူးနေ့ကြီးတွင် ခရစ်ယာန်များသည် မိမိ၏ ဝါရှောင်ခြင်း၊ နောင်တယူသည့် အမူအကျင့်များကို စတင်လုပ်ဆောင်ရန် ဘုရားကျောင်းသို့ သွား၍ ပြာခံယူကြခြင်း ဖြစ်သည်။
လွန်ခဲ့ပြီးသော နှစ် ထောင်ပေါင်းများစွာက ယုံကြည်သူများသည် ပြာခံပွဲ ဗုဒ္ဓဟူးနေ့ကြီးတွင် မိမိတို့၏ အပြစ်အတွက် နောင်တရယူသည့် အမှတ်အဖြစ် နဖူးပေါ်တွင် ပြာခံယူကြသည်။ ထိုဗုဒ္ဓဟူးနေ့ကြီးကို Dies Cinerum (Day of Ashes) ပြာခံပွဲနေ့ဟု ခေါ်တွင်ခဲ့သည်။ ပြာခံပွဲတွင် အသုံးပြုသည့် ပြာသည် မေတ္တာပန်းနေ့ Palm Sunday မှ ပန်းခြောက်များကို ပြာချထားခြင်း ဖြစ်သည်။ ထိုပြာများအပေါ် လော်ဘန်မုန့်များနှင့် မေတ္တာရေများအပေါ် သွန်းလောင်းကာ ရှေးအစဉ်အလာမှ မေတ္တာများဖြင့် ရွတ်ဆို ကောင်းကြီး ပေးထားခြင်း ဖြစ်ပေသည်။ သာမန် လူဝတ်ကြောင် ခရစ်ယာန်များနှင့် မတူညီပဲ ခရစ်ယာန် ဘုန်းတော်ကြီးများသည် ပြာမှုန့်အား နဖူးပေါ်တွင် ခံယူသည်မဟုတ်ပေ။ ပုပ်ရဟန်းမင်းကြီး အပါအဝင် ဘုန်းတော်ကြီးများသည် ပြာမှုန့်အား ခေါင်းထိပ်ပေါ်တွင် ခံယူကြခြင်း ဖြစ်သည်။ ဖော်ပြထားသည့် ပုံတွင် ပုပ်ဘက်နဒစ်က ကာဒီနယ် ဆရာတော်ကြီးများအား ခေါင်းပေါ်တွင် ပြာမှုန့်ပေးအပ်သည့် ပုံအား တွေ့မြင်နိုင်ပေမည်။
၃။ အမှတ်သင်္ကေတ နည်း
သူတပါးအား ရှင်းပြနိုင်သည့် စကား
- ပြာခံယူသူသည် နဖူးပေါ်တွင် တည်ရှိသည့် ပြာအား တနေကုန် မဖျက်ပဲ ထိန်းသိမ်းထားခြင်းက မိမိတို့သည် ကမ္ဘာပေါ်တွင် တဒဂ္ဂသာ နေထိုင်ခြင်း ဖြစ်သည်။ဟု ဖော်ပြခြင်းလည်း ဖြစ်သည်။ ပြာခံယူပြီး ဝါတွင်းကာလသည် ကြှနျုပျတို့သညျ လောကီရေးထက် ဘုရားသခင်နှင့် ကောင်းကင်နိုင်ငံတော်ကို ပိုမို အာရုံစိုက်ရန် ကြိုးစားမည့် အချိန်ဖြစ်ပါသည်။
ဘုရားသခင်သည် မြေမှုန့်ကို ယူ၍ အသက်တာကို မှုတ်သွင်းလိုက်ခြင်းအားဖြင့် လူသည် အသက်ရှင်သော သူဖြစ်လာပေသည်။ (ကမ္ဘာဦးကျမ်း ၂း၇)
သိထားကြသည့်အတိုင်း မိမိတို့၏ ကိုယ်ခန္ဓာသည် မည်သည့်အရာမှ ဖြစ်ပေါ်လာသည် မဟုတ်ပေ။ ပြာမှုန့်သည် ပျက်သုန်းနိုင်သည့် ကမ္ဘာလောကကြီးကို အမှတ်သင်္ကေတ ပြုသလို သေခြင်းတရား၏ အဓိပ္ပာယ်လည်း ဖြစ်ပေသည်။ (John ၉း၆)
သို့သော် ယနေ့ကဲ့သို့ ပြာခံပွဲမှစ၍ အီစတာ ရှင်ပြန်ထမြောက်သည့် ပွဲနေ့အထိ ဤဝါတွင်းကာလကို အကောင်းဆုံး ကြိုးပမ်းသွားကြရတော့ပေမည်။
ခရစ်တော် သခင် ယေဇူး၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အားဖြင့် အစဉ်ထာဝရ အသက်ရှင်မည့် ဘဝသက်တာကို ရရှိရန် ဤဝါတွင်းအားဖြင့် ကြိုးပမ်းကြပါစို့။
ှင့်ဆိုင်သောဗဟုသုတ
Jangma Mung Song
၂၀၁၇ ဘာသာပြန်ဆောင်းပါး