T Media News For All
This is official page for T Media. Please like like and follow us. media, news, entertainment, social etc.....

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲမှာ မဲပေးနေသည့်  ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ပုံရိပ်ဖြစ်ပါသည်။
12/28/2025

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲမှာ မဲပေးနေသည့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ပုံရိပ်ဖြစ်ပါသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲမြင်ကွင်း
12/28/2025

စစ်ကောင်စီ၏ ရွေးကောက်ပွဲမြင်ကွင်း

ငမဲလုံး ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးနေသည့်ပုံရိပ်များ
12/28/2025

ငမဲလုံး ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးနေသည့်ပုံရိပ်များ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နိုင်ငံပိုင်ငွေခိုးယူမှုဖြင့် ထောင် ၁၅ နှစ်ကျ။ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ မလေးရှားနိုင်ငံ၏ အ...
12/27/2025

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နိုင်ငံပိုင်ငွေခိုးယူမှုဖြင့် ထောင် ၁၅ နှစ်ကျ။

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

မလေးရှားနိုင်ငံ၏ အကြီးဆုံး အကျင့်ပျက်ခြစားမှုတစ်ခုဖြစ်ခဲ့သည့် 1MDB အရှုပ်တော်ပုံနှင့် ပတ်သက်၍ တရားရုံးက ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ကို ဒီဇင်ဘာ ၂၆ ရက်က ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

နာဂျစ်ရာဇတ်သည် နိုင်ငံခြား ငွေများကို ဆွဲဆောင်ပြီး မလေးရှားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်ဟုဆိုကာ "နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့” (1Malaysia Development Berhad- 1MDB) ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့သော်လည်း ရန်ပုံငွေအဖွဲ့မှ မလေးရှားရင်းဂစ် ၂ ဒသမ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇၀ သန်း) ကို အလွဲသုံးစားပြုလုပ်ခဲ့ အရှုပ်တော်ပုံ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ရာဂျစ်သည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ထိုနှစ် ဇူလိုင်လတွင် အာဏာအလွဲသုံးစားမှု ၄ မှု၊ ငွေကြေးခဝါချမှု ၂၁ မှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ရင်းဂစ် ၁၁ ဒသမ၈ ဘီလီယံ ဒဏ်ရိုက်ခဲ့သည်၊ ဒဏ်ငွေမဆောင်ပါက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဖြစ်သည်။
အဆင့်မြင့်အရာရှိများနှင့် ၎င်းတို့၏ အပေါင်းအပါများက 1MDB ရန်ပုံငွေအဖွဲ့မှ အနည်းဆုံး ဒေါ်လာ ၄.၅ ဘီလီယံမှာ အလွဲသုံးစားပြုခဲ့သည်၊ ၊ ဒေါ်လာ ၁ ဘီလီယံကျော်မှာ နာဂျစ်၏ ဘဏ်စာရင်းများအတွင်းသို့ စီးဝင်ခဲ့သည်ဟု အမေရိကန် စုံစမ်းစစ်ဆေးသူတို့၏ အဆိုအရ ဆိုသည်။

အမှုတွင် အဓိကလက်သည်ဟု ယူဆရသည့် စီးပွားရေးသမား ဂျိုလိုးဆိုသူသည် ယခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။

ဂျိုလိုးသည် 1MDB အဖွဲ့တွင် မည်သည့်တရားဝင် ရာထူးနေရာမျှ မရှိသော်လည်း နာဂျစ်၏ တရားမဝင် အကြံပေး သို့မဟုတ် နောက်ကွယ်က ကြိုးကိုင်သူ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် နာဂျစ်၏ မိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို အသုံးပြု၍ 1MDB ၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးခဲ့သည်ဟုဆိုသည်။

ဂျိုလိုးသည် 1MDB မှ ငွေများကို ခိုးယူရန်အတွက် ကမ္ဘာအနှံ့တွင် အမည်သာရှိသည့်ကုမ္ပဏီများ (Shell Companies) ကို ထူထောင်ခဲ့သည်။
မလေးရှားနိုင်ငံအနေဖြင့် အဆိုပါရန်ပုံငွေအဖွဲ့၏ အလွဲသုံးစားမှုကြောင့် တင်ရှိနေသည့် ဒေါ်လာဘီလီယံနှင့်ချီသည့် ကြွေးမြီများကို လက်ရှိအချိန်အထိ ပေးဆပ်နေရဆဲ ဖြစ်သည်။

အစ္စရေးသည် ဆိုမာလီလန်ကို လွတ်လပ်သောနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာဒီဇင်ဘာ ၂၇၊ ၂၀၂၅။ အစ္စရေးနို...
12/27/2025

အစ္စရေးသည် ဆိုမာလီလန်ကို လွတ်လပ်သောနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာ

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

အစ္စရေးနိုင်ငံသည် ဆိုမာလီလန်က လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် သမ္မတနိုင်ငံအဖြစ် ထူထောင်မှုကို သောကြာနေ့တွင် ပထမဆုံး တရားဝင်အသိအမှတ်ပြုလိုက်သည်။ ဤဆုံးဖြတ်ချက်သည် ဒေသတွင်းနိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲပုံဖော်စေနိုင်သကဲ့သို့ ဆိုမာလီလန်၏ ခွဲထွက်မှုကို ကာလရှည်ကြာ ကန့်ကွက်လာခဲ့သည့် ဆိုမာလီနိုင်ငံ၏ ရပ်တည်ချက်ကိုလည်း စိန်ခေါ်ရာရောက်နိုင်ပါသည်။

အစ္စရေးနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် စီးပွားရေးကဏ္ဍများတွင် ဆိုမာလီလန်နှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်သွားရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့ပါသည်။

12/27/2025

တို့ချင်းပြည် မင်းတပ်မြို့က အဆိုတော်ကြီးရဲ မူယာမာယာမပါသည့် သီဆိုမှု

ထိုင်း နဲ့ ကာဘောဒီယားတို့ လောလော‌ဆယ် ၇၂ နာရီကြာ အပစ်ရပ်စဲရေး သဘောတူညီမှုရရှိ။
12/27/2025

ထိုင်း နဲ့ ကာဘောဒီယားတို့ လောလော‌ဆယ် ၇၂ နာရီကြာ အပစ်ရပ်စဲရေး သဘောတူညီမှုရရှိ။

12/26/2025

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံရှိ UN ရုံး‌အခြေနေ။

12/26/2025

မြို့တော် ဟားခါးတိုက်ပွဲမှာ CDF ဘက်က ၁၁ ဦး ကျဆုံးခဲ့တယ်လို့ သိရ။
😭😭😭

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Hakha ဝင်ရောက်တိုက်ခိုက်၊ ဟားခါးမြို့နားမှာ တိုက်ပွဲများ ပြင်းထန်နေ။ဒီဇင်ဘာလ ၂၆...
12/26/2025

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Hakha ဝင်ရောက်တိုက်ခိုက်၊ ဟားခါးမြို့နားမှာ တိုက်ပွဲများ ပြင်းထန်နေ။

ဒီဇင်ဘာလ ၂၆၊ ၂၀၂၅။

ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ရုန်းတောင် (Rungtlang) ရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်နံနက် ၆:၃၀ နာရီခန့်မှာ ဟားခါးမြို့နယ်မှာ စစ် ရေးလှုပ်ရှားတဲ့ CDF-Hakha တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဟားခါးမြို့အနီး ပတ်ဝန်းကျင် နေရာ (၃) ခုခန့်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲစဖြစ်တာ။ အရမ်းပြင်းထန်တယ်။ ရုန်းတောင်ပေါ်က စစ်ကောင်စီစခန်းထဲမှာလည်း မီးတွေ အတော်လောင်နေတာ မြင်ရတယ်” ဟု ဟားခါး ဒေသတွင်းမီဒီယာဖြစ်တဲ့ လုံမီလီ (Lungmili Post) သို့ ပြောပါတယ်။

တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို Chin World Media မှ ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေပြီး ဟားခါးမြို့ခံများထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်း နေကာ ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါတယ်။

Credit - Chin World

Merry Christmas to you all
12/25/2025

Merry Christmas to you all

12/25/2025

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အထင်ကရနေရာ ပါဗီလျန်က ခရစ်စမတ်မြင်ကွင်း။

Address

6804 Nw106th Street Johnston
Des Moines, IA
50131

Alerts

Be the first to know and let us send you an email when T Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T Media:

Share