T Media News For All
This is official page for T Media. Please like like and follow us. media, news, entertainment, social etc.....

11/11/2025

ဖိလိပိနိုင်ငံက ရေကြီးနေသည့်မြင်ကွင်းက တကယ်ကြောက်စရာ‌ကြီးပါ။

စစ်ကောင်စီ ရွေးကောက်ပွဲ အောင်မြင်ရေး အနုပညာရှင်များစွာ ဝါဒဖြန့်လှုံ့ဆော်။နိုဝင်ဘာ ၁၁ ၊ ၂၀၂၅။စစ်ကောင်စီ ရွေးကောင်ပွဲ ထောက...
11/11/2025

စစ်ကောင်စီ ရွေးကောက်ပွဲ အောင်မြင်ရေး အနုပညာရှင်များစွာ ဝါဒဖြန့်လှုံ့ဆော်။

နိုဝင်ဘာ ၁၁ ၊ ၂၀၂၅။

စစ်ကောင်စီ ရွေးကောင်ပွဲ ထောက်ခံပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ပုဒ်အမျိုးမျိုးကို ကိုင်ဆောင်ပြီး အနုပညာရှင်များစွာမှ ဝါဒဖြန့်စည်းရုံးလှုံ့ဆော်နေသည့် ရုပ်သံဖိုင်များစွာကို MRTV ချန်နယ်အပါအဝင် စစ်ကောင်စီ ဝါဒဖြန့် ပလက်ဖောင်းများမှ ထုတ်လွှင့်နေသည်။

စစ်ကောင်စီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်နေသော အနုပညာရှင် ၂၁ ဦးတို့မှာ အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူနဲ့ လိမ္မော်သီး၊ ကိုင်ဇာ၊ မိုးယံဇွန်၊ နန်းဆုရတီစိုး၊ ရတနာမိုင်၊ ထွန်းကိုကို၊ ယွန်းယွန်းနှင့် သဥ္ဇာတို့ ပါဝင်ကြောင်း သိရသည်။

11/10/2025

Mara satlia Delson Notlia ta USA marasaw nata atyhna ama hneina liata marapa kyh areipa he apha ngasa vaw nathli hra ma y.

ULA/AA နဲ့ ချင်းညီနောင်တို့ စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးမဟာမိတ်အထိ ပူးပေါင်းနိုင်ရေး ဆွေးနွေးခဲ့ဟု ဆို  နိုဝင်ဘ...
11/10/2025

ULA/AA နဲ့ ချင်းညီနောင်တို့ စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးမဟာမိတ်အထိ ပူးပေါင်းနိုင်ရေး ဆွေးနွေးခဲ့ဟု ဆို

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၅ ခုနှစ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ULA/ AA ထိပ်ပိုင်းဆောင်များနှင့် ချင်းညီနောင် CB အဖွဲ့တို့ တွေ့ဆုံပြီး မဟာမိတ်အပြင် နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့သည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။

ချင်းညီနောင်အဖွဲ့၏ ခေါင်းဆောင်များသည် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်သို့ သွား‌ရောက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ထိပ်ပိုင်းခေါင်းဆောင်များ၊ အာရက္ခတပ်‌တော် AA ထိပ်ပိုင်းခေါင်းဆောင်များကို စုံစုံလင်လင်တွေ့ဆုံကာ ဆွေးနွေးနိုင်ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၈ ရက်က ပြုလုပ်သော ချင်းညီနောင် ရန်ပုံငွေပွဲတွေ CB ပြောခွင့်ရက ပြောသည်။

စစ်အစိုးရ ခေတ်အဆက်ဆက်သည် ချင်းနှင့် ရခိုင်ကို ဝေးကွာနေအောင် လုပ်ထားပြီး ရခိုင်ပြည်နယ်နှင့် နီးကပ်သောကြောင့် လက်ရှိကာလတွင် စီးပွားရေးပူးပေါင်းလုပ်ဆောင်နိုင်မှုနှင့် ကုန်သွယ်နိုင်မှုကိုလည်း ဆွေးနွေးသည်ဟု သိရသည်။

ချရ်းညီနောင်အဖွဲ့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ULA/ AA ခေါင်းဆောင်များက ကူညီနိုင်မည့် အပိုင်းနှင့် ပူးပေါင်း‌ေဆာင်ရွက် နိုင်မည့်အပိုင်းတို့ကို စိတ်ဝင်တစား မေးမြန်းခဲ့ကြောင်း ULA/ AA တာဝန်ရှိသူများက ဧည့်ဝတ်ကျေပွန်စွာ ဆရ်ဆံပြီး ပြည်နယ်အဆင့် အလည်အပတ်ခရီးစဉ် State Visit ကဲ့သို့ ခံစားရသည်ဟု CB ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ မင်းတပ် CDF - မင်းတပ်၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/ CNDF ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး -ZFU / PDF - Zoland၊ ချင်းကာကွယ်ရေးတပ် ကန်ပက်လက် CDF - ကန်ပက်လက်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် - MRO/ CDF - မတူပီ နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/ MDF တို့ပါဝင်သည်။

Source: khomunthung Burmes

11/09/2025

အသံလည်းမိုက်သလောက် ပါဖော်မန်းလည်း အရမ်းကောင်းပါတယ်။ ချင်းမလေးတွေ အသံကောင်းတာကတော့ မဆန်းဘူးလို့ ပြောရမှာပါ။

11/08/2025

မနေ့ညက ကပုန်းရှိ မြန်မာဆိုင်မှာ အော်ပရစီဝင်းစီးကာ ဆိုင်ရှင်၊ ကာစတာမာအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။

မြန်မာဖိုက်တာ ဘရော်နီကာ အမှတ်နဲ့ အနိုင်ရရှိ။ယ‌နေ့ည ထိုးသတ်သည့် onechampionship ပွဲမှာ မြန်မာဖိုက်တာ ဘရော်နီကာဟာ ပွဲပြီး ...
11/07/2025

မြန်မာဖိုက်တာ ဘရော်နီကာ အမှတ်နဲ့ အနိုင်ရရှိ။

ယ‌နေ့ည ထိုးသတ်သည့် onechampionship ပွဲမှာ မြန်မာဖိုက်တာ ဘရော်နီကာဟာ ပွဲပြီး အမှတ်နဲ့ ပြိုင်ဘက် တရုတ်နိုင်ငံသူကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Kepongမြို့ရှိ မြန်မာဆိုင်ကို အော်ပရာစီဝင်စီး။နိုဝင်ဘာ ၇ ၊ ၂၀၂၅။မြန်မာတွေအများစုနေထိုင်ရာ Kepongမြို့ရှိ မြန်မာကာရာအိုကေ...
11/07/2025

Kepongမြို့ရှိ မြန်မာဆိုင်ကို အော်ပရာစီဝင်စီး။

နိုဝင်ဘာ ၇ ၊ ၂၀၂၅။

မြန်မာတွေအများစုနေထိုင်ရာ Kepongမြို့ရှိ မြန်မာကာရာအိုကေဆိုကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ည ယခု ၁၁ နာရီမှာ အော်ပရာစီဝင်စ္းနေတာ ဖြစ်ပါတယ်။

မြန်မာကာရာအိုကေဆိုင်ဟာ အရက်ဘီယာများအပြင် စားသောက်ဆိုင်လည်းရှိပါတယ်။ အခန်းသီးသန့်တွေရှိပြီး မိုးလင်းပေါက်ဖွင့်ထားတယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ကယ်တင်နိုင်သလို စစ်သုံ့ပန်းတချို့ဖမ်းဆီးရမိတယ်လို့ ...
11/07/2025

တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ကယ်တင်နိုင်သလို စစ်သုံ့ပန်းတချို့ဖမ်းဆီးရမိတယ်လို့ ‘ချင်းညီနောင်’ ထုတ်ပြန်။
-
နိုဝင်ဘာ ၇၊ ၂၀၂၅။

ချင်းပြည် တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုနဲ့ နှစ်ဘက်တို၊က်ပွဲပြင်းထန်နေတယ်လို့ ‘ချင်းညီနောင်’ က ဒီနေ့ (နိုဝင် ၇) တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၂၉ ရက် တီးတိန်မြို့ကနေ သိုင်းငင်ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ ၁ ပတ်ကျော် နှစ်ဘက် ထိတွေ့ တို၊က်ပွဲဖြစ်ပွားနေတာလို့ ပြောပါတယ်။ စစ်အုပ်စုက လူသားဒိုင်းအဖြစ် အတင်းဖမ်းဆီးတဲ့ ပြည်သူ ၁၄ ဦးကိုလည်း ပြန်လည်ကယ်တင်နိုင်ခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင်တချို့နဲ့ ခဲယ၊မ်းတွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ‘ချင်းညီနောင်’ က ပြောပါတယ်။

တီးတိန်မြို့ဟာ စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်အတည်ပြုထားတဲ့ မြို့ဖြစ်ပြီး အမှတ် ၂၆၉ ခြေလျင်တပ်ရင်း အထိုင်ချပါတယ်။

မြန်မာဖိုက်တာ သန့်ဇင် ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်။ပြိုင်ဖက် ခွန်ဖွန်နိုင်က သန့်ဇင်ကို ခြေကန်ချက်နဲ့ လက်သီးတွဲလုံးတွေကိ...
11/07/2025

မြန်မာဖိုက်တာ သန့်ဇင် ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်။

ပြိုင်ဖက် ခွန်ဖွန်နိုင်က သန့်ဇင်ကို ခြေကန်ချက်နဲ့ လက်သီးတွဲလုံးတွေကို အားပြုသုံးခဲ့ပြီး ၃ ချီပြည့်ထိုးသတ်ခဲ့ပါတယ်။

သန့်ဇင်နဲ့ ထိုးသတ်ခဲ့တဲ့ ထိုင်းဖိုက် ခွန်ဖွန်နိုင် ဟာ မြန်မာဖိုက်တာ မိုးထက်အောင်နဲ့ ထိုင်းနာမည်ကြီး FairTax Gym မှာ မွေထိုင်းလေ့ကျင့်နေတဲ့ မြန်မာဖိုက်တာ ဆွန်ရတ်တို့ကို အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။

ခွန်ဖွန်နိုင်ဟာ ONE Championship မှာ ၉ ပွဲထိုးပြီး နှစ်ပွဲပဲ ရှုံးထားတဲ့ ဖိုက်တာဖြစ်ပါတယ်။

မြန်မာဖိုက်တာ စိုးနောင်ဦး ထိုင်းဖိုက်တာကို အနိုင်ရ မြန်မာဖိုက်တာ စိုးနောင်ဦးက ထိုင်းဖိုက်တာ မိုင်ဆန်ဂျန်ကို ဒိုင်အဆုံးအ...
11/07/2025

မြန်မာဖိုက်တာ စိုးနောင်ဦး ထိုင်းဖိုက်တာကို အနိုင်ရ

မြန်မာဖိုက်တာ စိုးနောင်ဦးက ထိုင်းဖိုက်တာ မိုင်ဆန်ဂျန်ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ အခုပွဲဟာ စိုးနောင်ဦးအတွက် One Championship မှာ သူ့ရဲ့ ဒုတိယမြောက်ပွဲဖြစ်ပါတယ်။

ထိုင်းဖိုက်တာဟာ ဒုတိယအချီနဲ့ တတိယအချီတွေ စိုးနောင်ဦးရဲ့ ထိုးချက်တွေကြောင့် လဲသွားခဲ့ပြီး ဒိုင်အမှတ်ရေခံလိုက်ရပါတယ်။

စကမ ၏ ရွေးကောက်ပဠဲ မဲဆွယ်ဝါဒဖြန့်မှုမှာ မပါဝင်ခဲ့သည့် မင်းသမီး ဖွေးဖွေးကို စကမ က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ကနဦး သိရ...
11/07/2025

စကမ ၏ ရွေးကောက်ပဠဲ မဲဆွယ်ဝါဒဖြန့်မှုမှာ မပါဝင်ခဲ့သည့် မင်းသမီး ဖွေးဖွေးကို စကမ က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ကနဦး သိရပါသည်။

Address

6804 Nw106th Street Johnston
Des Moines, IA
50131

Alerts

Be the first to know and let us send you an email when T Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T Media:

Share