Nan Khin May Win

Nan Khin May Win 📌အကောင်း😊👍🏼အားဖြင့်
အဆိုးကို
နိုင်🏆💯လော့

📌အဆိုးအားဖြင့်အရှုံး✅🙅🏼‍♂️✅မခံနှင့်💯🙆‍♀️💯 Thanks for everything �

25/07/2025

video

 #သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိလိုသူများအတွက်===========================...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွ...
20/07/2025

#သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိလိုသူများအတွက်
===========================
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ

(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
#ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း

(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)

#အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
#သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
#အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
#အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
#သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
#သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
#အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ

... Original uploader
#ကျန်းမာရေးဗဟုသုတရကြပါစေ

Good morning 🌄🌻🌄 အားလုံးအတွက်သာယာပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
12/07/2025

Good morning
🌄🌻🌄
အားလုံးအတွက်သာယာပျော်ရွှင်သော
နေ့လေးဖြစ်ပါစေ

တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။ ဘာကြောင့်အဲ...
12/07/2025

တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။

ဘာကြောင့်အဲဒီလိုဖြစ် ရတာလည်းဆိုရင်
စိတ်မှာတင်းကျပ်မှု၊
ခန္ဓာကိုယ်တင်းကျပ်မှုတွေနဲ. အိပ်သွားလို့ဖြစ်ပါတယ်။
ဒါကြောင့်
အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။

သတိမထားပဲ ဆက်သွားလို့ အခန့်မသင့်ခဲ့လျှင် nervous
break down ဖြစ်နိုင်ပါတယ်။

ဆေးပညာ၏လက်တွေ့စမ်းသပ်ချက်။
အမေရိကမှာ ဆေးပညာရှင် တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronicsenser တွေ
တပ်ထားပြီ ကွန်ပြူတာနှင့် ဆက်သွယ်ကာ၊ screenမှာ
စောင့်ကြည့် နေခဲ့ပါတယ်။

ခန္ဓာကိုယ်ကို relax လုပ်လိုက် ရင် blood pressure ကျသွားတာ တွေ.ရတယ်။

စိတ်နည်းနည်း ပူတာနဲ
heart beat က တက်လာပြီး၊ စိတ်နည်းနည်းအေးသွားတာနဲ heart beat က လျော့ကြသွားတယ်။

အိပ်ပျော်နေတဲ့အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊tension တွေရှိနေတာ တွေ.ရတယ်။
၄င်းကို residual tension
လို.ခေါ်တယ်။
" လက်ကျန် တင်းကျပ်မှု " လို.ခေါ်တယ်။

ဘယ်လို အိပ်ကြမလဲ ?

( Enough is enough )

မအိပ်ခင်မှာ အချိန်နည်းနည်း တရားရှုမှတ်ပါ။
( ထိုင်၍ဖြစ်စေ၊လှဲ၍ဖြစ်စေ )

အိပ်မှတ်တဲ့အခါ
ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီး
ဖြစ်နေတတ်တယ်။

မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။
နောက်ကျရင် အသက်မှ
ရှုရဲ.လားထင်မှတ် ရလောက်အောင် နူးညံ့လာပါတယ်။

စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ်ကိစ္စတွေးလိုက်၊ ဟိုတွေးလိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။
တစ်နေကုန် တွေးခဲ့
လုပ်ခဲ့ပြီးပြီ။ Enough is enough.

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို့ဆုံးဖြတ်၍ တရားမှတ်အိပ်လိုက်ပါ။

***အကျိုးကျေးဇူများ***

အနည်းငယ် တရားရှုမှတ်၍ အိပ်စက်ခြင်းသည်

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။

အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
၄ နာရီခန်.အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။

*** တရားရှုမှတ်ရင်းနဲ့
ခန္ဓကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့
ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် လက်ကျန်တင်းကျပ်မှု ( residual tension )က အောက်ဆုံးအထိ
ရောက်သွားတယ်။ ၄င်း tension အကျွင်းအကျန်
မရှိမှသာ
အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
အိပ်တတ်ကြပါစေ။

🙏အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး🙏

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုတများ

#ကျန်းမာရေး

ကလေးတွေရဲ့ အသက်အရွယ် အလိုက် ထိုးထားသင့်သော ကာကွယ်ဆေးများ✅===================================================== ာဝန်
11/07/2025

ကလေးတွေရဲ့ အသက်အရွယ် အလိုက် ထိုးထားသင့်သော ကာကွယ်ဆေးများ✅
=====================================================
ာဝန်

ကောင်းကင်ပြာ☁️🙆🏼‍♀️🌌
09/07/2025

ကောင်းကင်ပြာ☁️🙆🏼‍♀️🌌

ငါတစ်ယောက်ထဲတော့ မဟုတ်ဘူး🤨😁😅  photo
09/07/2025

ငါတစ်ယောက်ထဲတော့ မဟုတ်ဘူး🤨😁😅
photo

17/05/2025

😁ကြောင်နဲ့ကြွက်

ဖြစ်နိုင်မယ်ဆိုရင် ဘေးကအေးဆေးအိပ်နေတဲ့လင်ကိုလဲ ကိုယ်ဝန်ဆောင်ကြည့်စေချင်တယ်🤨🙄
17/05/2025

ဖြစ်နိုင်မယ်ဆိုရင် ဘေးကအေးဆေးအိပ်နေတဲ့လင်ကိုလဲ ကိုယ်ဝန်ဆောင်ကြည့်စေချင်တယ်🤨🙄

Address

Kuala Lumpur

Alerts

Be the first to know and let us send you an email when Nan Khin May Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Khin May Win:

Share