SANG & DIM

SANG & DIM A Promise to Love Forever 👰🤵

အဆင်မပြေခြင်းတွေကြားထဲက အဆင်ပြေအောင် နားလည်မှုတွေ ပေးရတာကိုချစ်ခြင်းမေတ္တာလို့ ခေါ်တယ် ။  💌
03/08/2025

အဆင်မပြေခြင်းတွေကြားထဲက
အဆင်ပြေအောင် နားလည်မှုတွေ ပေးရတာကို
ချစ်ခြင်းမေတ္တာလို့ ခေါ်တယ် ။

💌

14/07/2025

#ပုတု #ကျားဖောင်

12/07/2025

#သူ့အဖေကို ကလေးထိန်းခိုင်းလို့ပေါက်ကွဲနေတာ သူ့အမေကို #ချစ်စရာလေး

ဘယ်သူက စပြီး တောင်းပန်စကားပြောပြော ပြဿနာပြီးသွားဖို့က အဓိကပဲ၊ ဘယ်သူက စချော့ချော့ အဆုံးမှာ ရယ်နေနိုင်ကြဖို့ပဲလိုတာ။ ဘယ်သူ...
02/07/2025

ဘယ်သူက စပြီး တောင်းပန်စကားပြောပြော
ပြဿနာပြီးသွားဖို့က အဓိကပဲ၊
ဘယ်သူက စချော့ချော့
အဆုံးမှာ ရယ်နေနိုင်ကြဖို့ပဲလိုတာ။

ဘယ်သူ့ဘက်က စမှားမှား
ခွင့်လွှတ်နိုင်သေးရင် အဆင်ပြေနိုင်ကြတာပဲ၊
ဘယ်သူ့ဘက်က လျှော့ပေးပေး
လက်မလွှတ်ကြသ၍ ရှေ့ဆက်လို့ရနိုင်တာပဲ။

ချစ်တဲ့သူဟာ အထိအခိုက် မခံဘူး
အနာတရတွေ မပေးဘူးဆိုတာယုံ
ပျော်အောင်ထားချင်တာက ချစ်တဲ့သူတိုင်းရဲ့ဆန္ဒပဲ
လူတစ်ယောက်ဆီမှာ အရေးပါဖို့က
သူ့ဘဝထဲ မင်းကိုအမြဲ လိုအပ်သွားနေဖို့ပဲလိုတာ။

crd 💌

အမြဲတမ်းပျော်ရွှင်ရတယ်ဆိုတာမျိုးလောကကြီးမှာ တကယ်မရှိဘူး။ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်ပဲထပ်တူကြပြီးတစ်ယောက်နဲ့တစ်ယောက် နားလ...
02/07/2025

အမြဲတမ်းပျော်ရွှင်ရတယ်ဆိုတာမျိုး
လောကကြီးမှာ တကယ်မရှိဘူး။
ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်ပဲထပ်တူကြပြီး
တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်ကြပါတယ်ဆိုအုံး
အခက်အခဲ ပြဿနာလေးတွေနဲ့ ဝမ်းနည်းစေတဲ့အခိုက်အတန့်တွေ
မလွဲမသေကြုံရမှာပါပဲ။ အဓိက,က တကယ်ချစ်တယ်ဆိုရင်
ဘယ်လိုကိစ္စမျိုးတွေဖြစ်ဖြစ် အတူတူကျော်ဖြတ်ပြီး အပြန်အလှန်
အလျော့ပေးရင်း အမြဲအတူတူရှိသွားကြဖို့ပါပဲ။

crd 💌

Relationship ဆိုတာ ယောကျ်ားလေးရဲ့ အချစ်ကမိန်းခလေးရဲ့ အချစ်ထက် ပိုနေမှသာအဆင်ပြေတယ်လို့ လူတွေက ပြောကြတယ် ။ဘာကြောင့်ဆိုတာ က...
02/07/2025

Relationship ဆိုတာ ယောကျ်ားလေးရဲ့ အချစ်က
မိန်းခလေးရဲ့ အချစ်ထက် ပိုနေမှသာ
အဆင်ပြေတယ်လို့ လူတွေက ပြောကြတယ် ။

ဘာကြောင့်ဆိုတာ ကျွန်တော် နားလည်သွားပြီ...

ဘာဖြစ်လို့လဲ ဆိုတော့ ယောကျ်ားတစ်ယောက်အတွက်
သူ့ရဲ့ခံစားချက်က အဓိက အရေးအကြီးဆုံး ဖြစ်ပြီး

မိန်းခလေးတစ်ယောက်အတွက် ယောကျ်ားလေးက
သူ့ကို ဘယ်လိုခံစားရစေလဲ ဆိုတာ အရေးကြီးဆုံးပါ ။

ယောကျ်ားလေးက မင်းကို ချစ်နေသရွေ့
သူမင်းကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်သလို

မိန်းခလေးကလည်း သူအချစ်ခံနေရတယ်လို့
ခံစားနေရသရွေ့ ထွက်သွားမှာ မဟုတ်ပါဘူး ။

💌

အဆင်မပြေရင်လဲ ဒီကောင်လေးနဲ့ပဲ ။အဆင်ပြေရင်လဲ ဒီကောင်လေးနဲ့ပဲပေါ့ ။နောက်တစ်ယောက်ဆိုတာ မရှိဘူးလေ ။ဘာပဲဖြစ်ရ ဖြစ်ရ သူနဲ့ပဲပေ...
30/06/2025

အဆင်မပြေရင်လဲ ဒီကောင်လေးနဲ့ပဲ ။
အဆင်ပြေရင်လဲ ဒီကောင်လေးနဲ့ပဲပေါ့ ။

နောက်တစ်ယောက်ဆိုတာ မရှိဘူးလေ ။
ဘာပဲဖြစ်ရ ဖြစ်ရ သူနဲ့ပဲပေါ့ ။
အချစ်ကို ဘယ်လိုနားလည်လဲတဲ့
ဘယ်လိုမှတော့ နားမလည်ပါဘူး
ဒါပေမယ့် .. သူမရှိရင် မဖြစ်ဘူးလို့တော့ သဘောပေါက်ထားတယ် ။

ဒီလိုပဲ သူလဲ ပြသနာတွေဖြစ်နေရရင်တောင်
ကိုယ်နဲ့မခေါ်မပြောပဲ မနေနိုင်တာမျိုးပေါ့ ။

ဘယ်သူကမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး ။
ဒီလိုပဲ ပြီးပြည့်စုံတဲ့ relationship ဆိုတာလဲ မရှိဘူး ။

တခါတလေ သူ့ကို နားလည်ပေးရတယ် ။
တခါတလေတော့လဲ သူကပြန်နားလည်ပေးရတယ် ။
ဒီလိုပဲ တည်မြဲအောင် တည်ဆောက်နေရတာပေါ့ ။

ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင်
တစ်ယောက်ထဲဆီကပဲ ပုံအောပြီးလောဘကြီးတတ်တာ
ကောင်းပါတယ် ။

သူ့ကြောင့်ပျော်ရတယ်ဆို ။
သူ့ကြောင့်လဲ စိတ်ညစ်ခံရဲရမှာပေါ့ ။
သူတစ်ယောက်ပဲရှိနေတယ်ဆိုရင်
အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ်
ထပ်တူထပ်မျှ သူနဲ့ပဲ ဖြစ်နေရတာပေါ့ 💭🤎 ။

crd 💌

အမျိုးသမီးတစ်ယောက်ရဲ့ မေတ္တာကလေ တန်ဖိုးရှိနေတာနဲ့တင် မလုံလောက်ပြန်ဘူးတန်ဖိုးသိတတ်တဲ့ အမျိုးသားနဲ့ ဆုံတွေ့ဦးမှ အမျိုးသားတ...
28/06/2025

အမျိုးသမီးတစ်ယောက်ရဲ့ မေတ္တာကလေ
တန်ဖိုးရှိနေတာနဲ့တင် မလုံလောက်ပြန်ဘူး
တန်ဖိုးသိတတ်တဲ့ အမျိုးသားနဲ့ ဆုံတွေ့ဦးမှ

အမျိုးသားတစ်ယောက်ရဲ့ အလေးထားအလိုလိုက်မှုတွေကလည်း အင်အားကြီးပြနေရုံနဲ့ မပြီးသေးဘူး
လက်ခံနိင်စွမ်းရှိတဲ့ အမျိုးသမီးနဲ့ ဆုံဦးမှ ၊

ကမ္ဘာပေါ်မှာ အပေးယူမျှတဲ့ အယူဝါဒတွေ
ကြီးစိုးစေချင်ပါတယ် ။ ♥👫

crd 💌

ဘဝက ကိုယ်ထင်သလောက် မရိုးရှင်းပါဘူးဗျာလက်ထပ်ပြီး သုံးလအကြာမှာ ကျွန်မတို့ သီးသန့်အိမ်တစ်အိမ်ထဲနေဖို့ ဆုံးဖြတ်လိုက်တော့ မိသ...
28/06/2025

ဘဝက ကိုယ်ထင်သလောက် မရိုးရှင်းပါဘူးဗျာ

လက်ထပ်ပြီး သုံးလအကြာမှာ ကျွန်မတို့ သီးသန့်အိမ်တစ်အိမ်ထဲနေဖို့ ဆုံးဖြတ်လိုက်တော့ မိသားစုနှစ်ဖက်စလုံးက မျက်လုံးပြူးသွားကြတယ်။

ဒါပေမယ့် နှစ်နှစ်ကြာတဲ့အထိ ကျွန်မတို့ရဲ့အိမ်ထောင်ရေးက ပိုပြီးပျော်ရွှင်နေဆဲပါ။

ယေဘုယျအားဖြင့် အိမ်ထောင်ကျပြီးရင် ယောက်ျားဘက်က မိဘအိမ်မှာ အတူနေကြတာ သို့မဟုတ် မိန်းမဘက်က မိဘအိမ်မှာ အတူနေကြတာမျိုးက အများစုဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်ပြောင်းလာတာနဲ့အမျှ လင်မယားနှစ်ဦးသား မိဘနှစ်ပါးနဲ့ မနေဘဲ သီးသန့်အိမ်ခွဲနေကြတဲ့ ပုံစံဟာ မြန်မာ့လူမှုဘဝမှာလည်း စတင်ပေါ်ပေါက်လာနေပါပြီ။

သီးသန့်အိမ်ခွဲနေခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်

"ကျွန်တော်တို့ သီးသန့်အိမ်ထောင်တစ်ခုစတင်တည်ထောင်တဲ့အခါ ကိုယ့်ဘဝကိုယ်ဖန်တီးခွင့်ရတယ်။ ကိုယ်ကြိုက်တဲ့အချိန် ထမင်းစား၊ ကိုယ်ကြိုက်တဲ့အချိန် အိမ်ပြန်။ ဘယ်သူ့ခွင့်ပြုချက်မှ မတောင်းရဘူး"

၂။ လင်မယားကြား သံယောဇဉ် ပိုခိုင်မာလာခြင်း "ကျွန်မတို့ မိန်းမတွေမှာ ထမင်းဟင်းချက်ရုံရပါတယ်။ မိဘတွေနဲ့နေရင် သူတို့ရဲ့ ထမင်းဟင်းချက်ခိုင်းတာကို ချက်ရပါတယ် ။
ကိုယ့်ယောက်ျားကြိုက်တာကို ချက်ချင်တိုင်း ချက်ခွင့်မရပါဘူး ။
သီးသန့်အိမ်ခွဲနေတော့ ကိုယ့်ယောက်ျားအတွက် အထူးဟင်းလေးတွေချက်နိုင်တယ်။
ဒါက ချစ်ခြင်းမေတ္တာကို ပိုခိုင်မာစေတယ်

၃။ အိမ်ထောင်ရေး ပြဿနာများ လျော့ပါးခြင်း မိသားစုနှစ်ဖက်နဲ့ အတူနေရင် ဖြစ်လေ့ရှိတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ရှောင်ရှားနိုင်ပါတယ်။ တစ်ခါတစ်ရံ မိဘနှင့် အိမ်ထောင်ဖက်ကြားမှာ ရွေးချယ်ရတဲ့ အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ "ကျွန်တော်တို့ သီးသန့်အိမ်ခွဲနေတော့ ယောက္ခထီး၊ယောက္ခမက ကျွန်တော့်မိန်းမကို စိတ်တိုင်းကျ ကိုင်တွယ်လို့မရတော့ဘူး။

ကျွန်တော့်မိဘတွေကလည်း ကျွန်တော့်မိန်းမကို စိတ်တိုင်းကျ အမိန့်ပေးလို့မရတော့ဘူး

၄။ ပြင်ပစွက်ဖက်ခြင်းမှ ကင်းဝေးခြင်း
"ကျွန်မ ယောက်ခမနဲ့နေရတော့ သူက ကျွန်မကို အမြဲအပြစ်မြင်တယ် ။ ဘာလုပ်လုပ် ကျွန်မအပေါ် ဝေဖန်နေတာ။ ကျွန်မ ချက်တဲ့ဟင်းတွေကိုလည်း အမြဲအပြစ်ရှာတယ်။
မလိုတဲ့ အကြံဉာဏ်တွေပေးပြီး ကိုယ့်ကိုစိတ်ဓာတ်ကျစေတယ်။
သီးသန့်အိမ်ခွဲနေလိုက်တော့ မျက်နှာမမြင်တော့ ရန်မဖြစ်တော့ဘူး"

သီးသန့်အိမ်ခွဲနေရန် လက်တွေ့ကျသော အကြံပြုချက်များ

၁။ စီးပွားရေးအရ တည်ငြိမ်မှုရှိပါစေ သီးသန့်အိမ်ခွဲနေဖို့ဆိုရင် ဝင်ငွေ၊ ထွက်ငွေ တွက်ချက်ထားဖို့ လိုအပ်ပါတယ်။
ငွေကြေးမစီးပွားရေး မတည်ငြိမ်ဘဲ အိမ်ခွဲနေဖို့ ဆုံးဖြတ်တာမျိုးက ကြေးမြီတင်ကာ နောက်ဆုံးအိမ်ထောင်ရေးပြိုကွဲတဲ့အထိ ဖြစ်နိုင်ပါတယ်။

၂။ မိသားစုနှစ်ဖက်စလုံးကို လေးစားစွာ ရှင်းပြပါ "ကျွန်တော်တို့ အိမ်ခွဲနေဖို့ ဆုံးဖြတ်တော့ မိဘနှစ်ပါးစလုံးကို ဦးစွာ ရှင်းပြခဲ့တယ်။

ဒီလို အိမ်ခွဲနေတာက ဆိုးတဲ့ရည်ရွယ်ချက် မရှိကြောင်း၊ ကိုယ့်ဘဝကိုယ် တည်ဆောက်ချင်တာဖြစ်ကြောင်း၊ မိဘတွေကို မမေ့မလျော့ လာလည်နေမှာဖြစ်ကြောင်း ရှင်းပြတဲ့အခါ သူတို့နားလည်သွားကြပါတယ်"

၃။ မကြာခဏ အလည်သွားပါ မိဘမိသားစု အိမ်ကို မကြာခဏ သွားလည်ပါ။
ရက်ကြီးရက်မြတ်များတွင် မိဘနှစ်ဖက်စလုံးကို ဦးစားပေးပါ။

"ကျွန်မတို့ သီးသန့်အိမ်ခွဲနေတယ် ဆိုပေမယ့် တစ်ပတ်တစ်ကြိမ်တော့ မိဘနှစ်ဖက်စလုံးကို အလည်သွားပါတယ်။ ထမင်းစားရင်း မိဘတွေနဲ့ စကားပြောကြပါတယ်။ ပွဲတော်တွေမှာလည်း အတူတကွလုပ်ကြတယ်"

၄။ အိမ်ထောင်ရေးမှတ်တမ်းများ သီးသန့်ထားပါ အိမ်ထောင်ရေးတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စများကို သီးသန့်ထားပါ။ ကိုယ့်မိဘကို ကိုယ့်လင်/မယား အကြောင်း မကောင်းသတင်းပို့ခြင်း၊ တိုင်တန်းခြင်း၊ စော်ကားစကားပြောခြင်းများကို ရှောင်ကြဉ်ပါ။

ဒီနည်းက အားလုံးအတွက် အဆင်ပြေမှာလား? သီးသန့်အိမ်ခွဲနေတာ အားလုံးအတွက် အဆင်ပြေမှာမဟုတ်ပါ။ အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် မဖြစ်နိုင်ပါ။

ဒါ့အပြင် အောက်ပါအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

- ကလေးရှိခဲ့လျှင် ကလေးပြုစုပျိုးထောင်ရေးကိစ္စ - မိဘများသက်ကြီးရွယ်အိုဖြစ်နေပြီး စောင့်ရှောက်မှုလိုအပ်နေလျှင် - ကျန်းမာရေးအခြေအနေဖြင့် အတူနေရန် လိုအပ်နေလျှင် အဆုံးသတ် စဉ်းစားစရာ အိမ်ထောင်ရေးဟာ နှစ်ဦးနှစ်ဖက်ရဲ့ သဘောတူညီချက်နဲ့ ပုံဖော်ထားတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။

"ဒါမှ အိမ်ထောင်ရေးပါလား" လို့ အများက အခြားအမြင်နဲ့ မြင်ကောင်းမြင်ကြပါလိမ့်မယ်။

ဒါပေမယ့် သင်နဲ့သင့်အိမ်ထောင်ဖက် ကြားက ပျော်ရွှင်မှု၊ နားလည်မှု၊ လေးစားမှုတွေ အခိုင်အမာရှိနေရင် ဘယ်သူပြောပြော မေးဖို့လိုတာက "ကျွန်တော်/ကျွန်မတို့ ဘယ်လိုပုံစံနဲ့ နေထိုင်မှ တစ်ဦးနဲ့တစ်ဦး ပိုမိုပျော်ရွှင်မလဲ?"
ဆိုတာပါပဲ။
ရိုးရာဓလေ့တွေကို လေးစားပေမယ့် ခေတ်စနစ်အပြောင်းအလဲနဲ့အတူ ပုံသေကားချပ်တွေကို စွန့်လွှတ်ရဲဖို့ လိုအပ်လာပါပြီ။
အဓိကကတော့ နှစ်ဦးနှစ်ဖက် ပျော်ရွှင်ဖို့ပါပဲ...

#မိန်းမသားရာ #တန်ဖိုးထားတတ်ကျပါစေ

ကိုယ့်နားမှာ တကယ်နေချင်တဲ့သူက ခက်ခဲပင်ပန်းရရင်တောင် ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။နေလို့မရခဲ့ရင်တောင် မေးထူးခေါ...
28/06/2025

ကိုယ့်နားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။

နေလို့မရခဲ့ရင်တောင်
မေးထူးခေါ်ပြောဆိုတဲ့ အငေးရပ်ဝန်းတွေမှာ
ရှိနေလိမ့်မယ်။

ကိုယ့်ဆီကို တကယ်လာချင်တဲ့သူကလည်း
မလွယ်ကူမှုတွေ၊ အတားအဆီးတွေရှိသည့်တိုင်
ကိုယ့်ဆီကိုလာဖို့ နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး။
မင်းအတွက်... မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။
အချစ်တွေက ရိုးရှင်းပါတယ်... စစ်မှန်ခဲ့ရင်ပေါ့။ ❤️🍀

💌

လူကောင်းတစ်ယောက်ကို ချစ်မိဖို့ပဲအကြံပေးချင်တယ်။ လူကောင်းဆိုတာ အဖြေမပေးရသေးတဲ့အချိန်၊ ကိုယ်နဲ့တွဲနေတဲ့အချိန်၊ သူတစ်ခုခုလိ...
28/06/2025

လူကောင်းတစ်ယောက်ကို ချစ်မိဖို့ပဲအကြံပေးချင်တယ်။
လူကောင်းဆိုတာ အဖြေမပေးရသေးတဲ့အချိန်၊
ကိုယ်နဲ့တွဲနေတဲ့အချိန်၊ သူတစ်ခုခုလိုချင်တဲ့အချိန်
အဲ့လိုအချိန်တွေမှာပဲ ကောင်းပေးတာမဟုတ်ပဲ
ရန်ဖြစ်နေတဲ့အချိန်၊ မရည်ရွယ်ပဲ
သူ့ကိုထိခိုက်အောင်လုပ်မိတဲ့အချိန်၊
ကိုယ့်ဘဝ ဒုက္ခရောက်နေတဲ့အချိန်၊
သူ့ဘဝအဆင်မပြေတဲ့အချိန် တွေမှာပါ
ကိုယ့်အတွက်တွေးပေးပြီး ကောင်းပေးတာမျိုး၊
နောက်ဆုံးအဆင်မပြေလို့ လမ်းခွဲခဲ့ပြီးရင်တောင်
လိုအပ်ရင်အကူအညီပေးဖို့ ညှာတာပေးဖို့
အဆင်သင့်ရှိနေမယ့် သူမျိုးပေါ့။
ညှာတာတတ်တဲ့ ယောက်ျားကောင်းဆိုတာ
အဲဒီလိုလူမျိုးပေါ့။
ကိုယ်ချစ်တဲ့သူက အဲဒီလိုလူပဲ။
ဒီလိုလူမျိုးတွေဆီမှာ ကျရှုံးလိုက်ဖို့ ထိုက်တန်တယ်။
ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားကပြောတယ်တဲ့ ပြတ်သွားရင်တောင် လိုအပ်ရင် ကားဒရိုင်ဘာလာလုပ်ပေးပါ့မယ် ခေါ်လိုက်ပါတဲ့။
အဲဒါကြားပြီးတွေးမိတာ၊ ဘဝမှာ
လူကောင်းတစ်ယောက်ကိုချစ်မိခဲ့ရင်
အဲဒီအချစ်က တစ်သက်လုံးအတွက်မဟုတ်ရင်တောင်မှ
တကယ်တန်ဖိုးရှိတဲ့ ဆက်ဆံရေးတစ်ခု၊
လူတစ်ယောက်ကို ရလိုက်တာပဲ လို့ပေါ့။ 🍀

💌

Relationship တစ်ခုမှာ အရေးကြီးဆုံးက ယုံကြည်မှုပဲ။ စိတ်ကောက်တာကို ချော့လို့ရတယ် သဝန်တိုတာ၊ အူတိုတာကို ဖျောင်းဖျလို့ရတယ်။ ...
28/06/2025

Relationship တစ်ခုမှာ
အရေးကြီးဆုံးက ယုံကြည်မှုပဲ။
စိတ်ကောက်တာကို ချော့လို့ရတယ်
သဝန်တိုတာ၊ အူတိုတာကို ဖျောင်းဖျလို့ရတယ်။
ယုံကြည်မှုမရှိတာကျ
ချော့လို့လဲမရသလို ဖျောင်းဖျလို့လဲမရဘူး။

တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်ချင်ရင်
ယုံကြည်ရမယ့်လူကိုပဲ ရွေးချယ်။
တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုရှိရင်
အဲ့ဒီ Relationship ထာဝရ တည်မြဲတယ်။ 👫♥

crd 💌

Address

Kuala Lumpur
50450

Website

Alerts

Be the first to know and let us send you an email when SANG & DIM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share