Dawei Breaking News

Dawei Breaking News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei Breaking News, Media/News Company, Kuala Lumpur.

06/09/2025

ထားဝယ် သတင်းထူး
မအလ ခွေးကြီး ခရီးစဥ်ကြောင့်
ထားဝယ်မြို့ပေါ် လမ်းဆုံ တချို့ ခွေးအင်အားတချို့ ကင်းချထားပြီး မြို့အဝင်ဂိတ် တွေ စစ်ဆေး တင်းကျပ် နေ
ထားဝယ် မြို့ပေါ် ရပ်ကွက်ဘတချို့ စစ်မှုထမ်း စာရွက်များပြန်ပေးနေပြီး အပတ်စဥ်အသစ် တွက် လူအင်အားစုဆောင်း
သတင်းနှင့်စာတို ရပ်ကွက်လူကြီး

06/09/2025

Daweiမြို့
ကြက်စားပြင်ရပ်ကွက်အတွင်း
စစ်ခွေးများ ခွေးဖြူခွေးမဲနေရာစုံမှာရှ်ိနေပါတယ်အပြင်ထွက်သွားလာဂရုစိုက်ကြပါ
Saturdat ,6 September

20/08/2025

Wed,20 August
သရက်ချောင်းမြို့နယ်ထဲကရွာတချို့ကို‌ ခွေးစစ်တပ်က ယနေ့ ✈✈🛩နဲ့ဗုံးကြဲနေပါတယ် ပြည်သူအားလုံး ဂရုစိုက်ကြပါဗျာ🙏🙏

19/08/2025

ထားဝယ် မြို့ပေါ်

၁၉.၈.၂၀၂၅ ထားဝယ်မြို့ပေါ် ရပ်ကွက် တချို့ အထူး ဂရုစိုက်ပါ

ထားဝယ်မြို့ပေါ်ရက်ကွက်တွင်းရှိ လမ်းဝင်လမ်းထွက် ကင်းပတ်နေပြီး လမ်းကြောင်း ရှိ လို့ ဘုရားကြီးလမ်း ဆေးရုံလမ်း ကမြောကင်းလမ်း ခွေးတွေ လုံခြုံရေးအပြည့် ယူ ထားတယ် လူငယ်တွေ အသွားအလာ ဆင်ခြင်ကြပါ

15/08/2025

Friday,15 August
ဒီနေ့ ည ထားဝယ် မြို့ပေါ် အထူး ဂရုစိုက်ပါ ဧည့် စရင်း အချိန် ရှိတုန်း တိုင်ထားကြပါ

15/08/2025

Fri . 15 August
ထားဝယ် မြို့ အဝင် အထွက် တံတား တစ်ခု ဖြစ်တဲ့ ကမြောကင်း တံတား စစ်ဆေး အရမ်း တင်းကျပ်နေ လူငယ်တွေ ဖုန်းစစ်တယ် အတက် ကား ဆိုင်ကယ် အကုန် လုံး စစ်တယ် ထောက်ခံချက် တခုခု ပါမှ ဖြတ်သန်းသွားလာ လို့ရပါတယ် အလုပ် သွား မည့် သူများက အလုပ်ရှင် ထောက်ခံချက် ပါပါမှ ဖြတ်သန်းသွားလာလို့ရပါတယ် မနက် ၇း၃၀ တည်း က စစ်နေတယ်လို့သိရ

07/08/2025

Thursday,7August
Dawei မြို့အတွင်းရှိ ရပ်ကွက်တွေသတိထားပါယနေ့ည မြန်မာစံတော်ချိန် ည ၁၁နာရီ နောက်ပိုင်းသတိထားပါ ဧည့်စရင်းအကြောင်းပြပီးဖမ်းစီးမူ့ရှိမည်

05/08/2025

Dawei
အနောက်မြို့တွင်းရပ်ကွက်မှာ
ဧည့်စရင်းစစ်ပီး ဝင်ဆွဲနေတယ်နော်
Tuesday,5August

05/08/2025

ထားဝယ်ခရိုင်မှ လူငယ် ၃၀၀ ကျော်ကို စစ်မှုထမ်း အဖြစ် စုဆောင်းရန် စစ်တပ်က မြို့ကိုပိတ်ဆို့၍ ပေါ်တာဆွဲ ဖမ်းဆီးနေ

ရန်ကုန်၊ ဩဂုတ် ၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှ လူငယ် ၃၀၀ ကျော်ကို စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းပေးရမည်ဆိုသော အမိန့်ကြောင့် စစ်တပ်က မြို့ပေါ်လမ်းပိုင်းများကို ပိတ်ဆို့ပြီး အမျိုးသမီးများပါ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ အတွင်း ထားဝယ်ခရိုင်မှ လူငယ် ၃၀၀ ကျော်ကို စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းပေးပို့ရန် လောင်းလုံး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့၏ အမိန့်ဖြင့် စစ်ကောင်စီ တပ်သားများက ထားဝယ်ခရိုင်ရှိ မြို့နယ်များ အတွင်းမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အကြမ်းဖက် စစ်တပ်က ညအချိန်များတွင် ဧည့်စာရင်း စစ်ဆေးရန် အကြောင်းပြ၍ မြို့ပေါ်လမ်းများ အားလုံးကို ပိတ်ဆို့ကာ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ပြီး အသက် ၂၀ အရွယ် အမျိုးသမီးများပါ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထားဝယ်နှင့်လောင်းလုံးမြို့ အဝင်ဂိတ်များတွင်လည်း နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သည့် လူငယ်အများအပြား ပေါ်တာဆွဲ ဖမ်းဆီးရကြောင်း သိရသည်။

"ထားဝယ်မြို့ပေါ်မှာ ညကျ ပေါ်တာဆွဲတယ်။ အရင်လို စစ်မှုထမ်းစာရွက်နဲ့ လိုက်ခေါ်တာမဟုတ်တော့ဘူး။ အိမ်တွေမှာ ဧည့် စာရင်း တက်စစ်သလိုနဲ့ ရပ်ကွက်လမ်းတွေ အကုန်ပိတ်ပြီးတော့ လိုက်ဆွဲတာ လူငယ်တွေ့တာနဲ့ ဖမ်းတယ်။ ညက ၁၃ ယောက်ပါသွားတယ်။ အသက် ၂၀ အရွယ် မိန်းကလေး ၅ ယောက်ပါသွားတယ်။ သူတို့ စိတ်ကြိုက်ရွေးပြီးတော့ ခေါ်သွားတာ အခြေ အနေ တော်တော်ဆိုးနေတယ်။ မြို့အဝင်ဂိတ်တွေမှာလည်း နေ့တိုင်း ပေါ်တာဆွဲနေတယ်။ မြို့ထဲက လူငယ်တွေ အကုန်အပြင်ထွက်မရဘူးဖြစ်နေတယ်" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထားဝယ်ခရိုင် အတွင်း အကြမ်းဖက် စစ်တပ်သည် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနိုင်သေးကြောင့် လူငယ်များ အနေဖြင့် အသွားအလာ သတိပြု နေထိုင်ကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းဆင်း လူငယ်များကို စစ်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်နေစဉ်။

05/08/2025

Tuesday, 5 August

ထားဝယ်ဒေသ အဖမ်းအဆီး များလာတဲ့ အပေါ် အခွင့်ထူးခံလူတန်းစားတချို့ တကယ်ရှိတာလား? တကယ်ရော ပေါ်တာဆွဲနေလား?

အခွင့်ထူးခံလူတန်းစားတချို့ တကယ်ရှိပါတယ် KTV ကပြန်လာသူတွေ Barတွေက ပြန်သူတွေ သူတို့က ရော စစ်အုပ်ချုပ်ရေးအောက်က လူငယ်တွေ လား မေးစရာ ရှိလာတယ် သူတို့ ကိုရော သတိထားစောင့်ကြည့်ရမှာ ဖြစ်လာတယ် ဒါကလဲ သူတို့ က အပေါ်ပိုင်းတွေ နဲ့ ပိုင်လို့လားပေါ့

တကယ်ရော ပေါ်တာ ဆွဲ လား ??

အတည်ပြုပြီး ပါပြီတကယ်ဆွဲပါတယ် ခြောက်တာမဟုဘူးနော် အဆွဲခံရသူတွေ ရဲ့ မိသားစုတွေ နဲ့ တကယ် မေးမြန် ပြီးပါပြီ နောက်ဆက်တွဲ ကိုယ့်ဉာဏ်နဲ့ စဥ်းစားဆုံးဖြတ်ပါ

04/08/2025

ထားဝယ်ကအမျိုးတွေ

နိူင်ငံရေးဟာ

ကိုယ့်နဲ့မဆိုင်သလိုနေချင်သလို

နေနေကြတဲ့သူတွေ အတွက်

အဘကတော့ အိမ်တိုင်ရာရောက်ဝန်ဆောင်မူ့နဲ့

ခေါ်ယူပေးနေပါပီနော်

04/08/2025

Dawei‼️
ထားဝယ်မြို့ပေါ် ကစပရပ်ကွက်
ဧည့်စရင်းစစ်ပီး ဝင်ဆွဲနေတယ်နော်ပါသွားတဲ့သူတွေရှိတယ်နော်
Monday, 4 August

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Dawei Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share