28/10/2025
လူမျိုးအနွယ် (၁၀) မျိုး ပျောက်ဆုံးသွားခြင်း
——————————
ယာကုပ် ကနေဆင်းသက်လာတဲ့ Israel အနွယ် ၁၂ နွယ် ရှိပါတယ်။ အဲဒါတွေကတော့
1. Reuben
2. Simeon
3. Levi
4. Judah
5. Zebulun
6. Issachar
7. Dan
8. Naphtali
9. Gad
10. Asher
11. Ephraim
12. Manasseh စသည်တို့ဖြစ်ပါတယ်။
ပျောက်ဆုံးသွားတဲ့ မျိုးနွယ်တွေကတော့ Reuben, Simeon, Levi, Zebulun, Issachar, Dan, Naphtali, Gad, Asher, Ephraim နှင့် Manasseh တို့ဖြစ်ပါတယ်။
သခင်ယေရူခေတ်ရောက်တဲ့အခါ အဲဒီ ၁၂ နွယ်ကနေ၊ အနွယ် (၂) ခုပဲကျန်ပါတော့တယ်။ အဲဒါတွေကတော့ Judah နှင့် Benjamin အနွယ်ပဲဖြစ်ပါတယ်။
တချို့တွေက ၁၂ နွယ်လုံးရှိနေသေးတယ်လို့ ထင်ကြပါတယ်။ ဒီနေ့ Israel လူမျိုးတွေဟာ အဲဒီ နှစ်နွယ်ကနေ ပေါက်ဖွားဆင်းတက်လာတဲ့ သူတွေ လို့ ယူဆရပါတယ်။ ကျန်တဲ့ အနွယ် (၁၀) နွယ် ဘယ်ရောက်သွားသလဲ။
အနွယ် (၁၀) နွယ် ပျောက်ဆုံးသွားခြင်း
ရှောလမုန် မင်းကြီး နောက်ပိုင်း Israel နိုင်ငံ ဟာ တောင်ပိုင်း နှင့် မြောက်ပိုင်း ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။
722 BCE မှာ အာဆီးရီးယန်း (Assyrian) တွေက မြောက်ပိုင်းဣသရေလ နိုင်ငံကို သိမ်းတယ်။ အဲမှာရှိတဲ့ ဣသရေလ လူမျိုး (၁၀) မျိုးလုံးအစုလိုက်အပြုံလိုက် ရွေ့ပြောင်းခြင်းခံရတယ်။ Assyrian Empire အနှံ့ဟိုတစု ဒီတစု ပြန်ံကျဲ နေထိုင်သွားကြတယ်။ သမ္မာကျမ်းစာမှာ Assyrian Empire ကနေ ပြည်တော်သို့ ပြန်လာကြတဲ့ အထောက်အထားမတွေ့ရဘူး။ ရောက်တဲ့အရပ်မှာ ပျော်သလိုနေလိုက်ကြပုံရတယ်။ အကျိုးဆက်
ကတော့ မြောက်ပိုင်းက ဣသရေလ အနွယ် (၁၀) နွယ် လုံး ပျောက်ဆုံးသွားတယ်။
ဘာကြောင့်ပျောက်ဆုံး သွားကြသလဲလို့ မေးတဲ့အခါ ယူဆချက်တချို့ထွက်လာတယ်။
(၁) Assyrian တွေဟာ သူတို့ကို မပုန်ကန်နိုင်အောင် ဣသရေလ လူမျိုးတွေကို Assyrian Empire အနံ့တကွဲတပြားနေထိုင်စေတယ်။
(၂) သူတို့နေထိုင်အခြေချရတဲ့ ဒေသက လူမျိုးတွေနဲ့ အိမ်ထောင်ပြုခြင်း၊ ဘာသာစကားအသစ်များကိုသင်ယူပြောဆိုရခြင်း၊ ထုံးဓလေ့နှင့် ယဉ်ကျေးမှုတွေမှာနှစ်မြုပ်နေထိုင်ခြင်း (Assimilation into other cultures)
(၃) မြောက်ပိုင်းဣသရေလတွေမှာ အားကောင်းတဲ့ ဘာသာရေးအင်စတင်ကျူးရှင်းမရှိခြင်း (The northern tribes did not have a central religious institution)၊ တောင်ပိုင်းမှာက သူတို့ရဲ့ Identity ကို ထိန်းသိမ်းပေးမယ့် ယေရုဆလမ် ဗိမ္မာန်တော်စနစ် အခိုင်အမာရှိခဲ့တယ်။ သို့သော် မြောက်ပိုင်းမှာက without a strong national or religious identity.
(၄) တောင်းပိုင်းအဖွဲ့တွေက စုစုစည်းစည်းပြည်တော်ပြန်ခဲ့ကြပေမယ့်၊ မြောက်ပိုင်းအဖွဲ့တွေ ထိုသို့ စုစုစည်းစည်းပြည်တော်ပြန်ခဲ့တာ မရှိခဲ့ဘူး။
အထက်က အချက်တွေက ယူဆချက်တွေဖြစ်ပါတယ်။ သို့ပေမယ့် ကျနော်တို့ကို သတိပေးနေတဲ့ အချက်တွေဖြစ်ပါတယ်။
လူမျိုးပျောက်တယ်ဆိုတာ ခိုင်ခိုင်မာမာ မရှိ ရင် ပျောက်တယ်၊ တခြားလူမျိုးရဲ့ ယဉ်ကျေးမှု၊ဘာသာစကားကို အထင်ကြီးလိုက်လုပ်ရင်းနဲ့ပျောက်တယ်၊ စုစုစည်းစည်းမရှိဘဲ တကွဲတပြားဖြစ်ရင် ပျောက်တယ်။
ဆိုတော့ ပျောက်ချင်တဲ့ လူမျိုးဖြစ်ချင်လား၊ တည်တံ့တဲ့ လူမျိုးဖြစ်ချင်လား လော်ဝေါ်လူကြီးလူငယ်များ စဉ်းစားကြပေါ့။
အကြောင်းအရာပြန်ဆက်ရရင် -
586 BCE မှာ တောင်ပိုင်းယုဒ နိုင်ငံက ဗာဗုလုန်
အင်ပါယာ (Babylonian Empire) လက်ထဲကျရောက်သွားတယ်။ 539 BCE မှာ ပါရှားဘုရင် ကုရုမင်း (Cyrus the great) က ဗာဗုလုန်ကို သိမ်းပိုက်နိုင်ပြီး ဂျူးလူမျိုးတွေ ကို ပြည်တော်ပြန်ခိုင်းခဲ့တယ်။ 539-516 BCE ကြားမှာ ဗာဗုလုန်ကနေ ဂျူး တွေ အဖွဲ့လိုက် တစ်သုတ်ပြီးတစ်သုတ် ပြည်တော်ပြန်ခဲ့ကြတယ်၊ ဂျေရုဆလမ် ကို ပြန်တည်ဆောက်ကြတယ်။
တောင်ပိုင်းက ယုဒ နှင့် ဗင်ယာမင် အနွယ် (၂) နွယ် ရဲ့ ကြံ့ကြံ့ခံ ရပ်တည်ခြင်းကြောင့် ဂျူးလူမျိုး နှင့် ဘာသာတရား မပျောက်ပျက်ခဲ့တာ လို့ ယူဆ နိုင်ပါတယ်။
#နားမလည်သေးဘူးဆိုရင်
ရှမာရိ လူမျိုး အကြောင်းပြန်ရေးပေးမယ်