James Linghung

James Linghung လေလာသူ

နောင်တတရားနှင့်တိုးဝင်ပါ"* ဘုရားဝမ်းနည်းခြင်းကနေ ဘုရားနှစ်သိမ့်ခြင်းဆီ၂ ကောရိန္သု ၇:၁၀   တရားဟောရာ ၂၀:၃ သုတ္တံ ၁၆:၃ | နာ...
14/06/2026

နောင်တတရားနှင့်တိုးဝင်ပါ"*

ဘုရားဝမ်းနည်းခြင်းကနေ ဘုရားနှစ်သိမ့်ခြင်းဆီ

၂ ကောရိန္သု ၇:၁၀
တရားဟောရာ ၂၀:၃
သုတ္တံ ၁၆:၃ | နာဟုံ ၁:၇

၁. နောင်တဆိုတာဘာလဲ?
၂ ကော ၇:၁၀ ဘုရားသခင်အလိုတော်နှင့်အညီဖြစ်သောဝမ်းနည်းခြင်းသည် နောင်တတည်းဟူသော ကယ်တင်ခြင်းသို့ရောက်စေတတ်၏"

နောင်တ= လှည့်ခြင်း 180°
ဂရိစကား "Metanoia" = စိတ်ကိုပြောင်း၊ လမ်းကိုပြောင်း၊ ဦးတည်ရာကိုပြောင်း။

လောကဝမ်းနည်းခြင်း vs ဘုရားဝမ်းနည်းခြင်း:
1. လောကဝမ်းနည်း= "ဖမ်းမိလို့၊ ဂုဏ်ပျက်လို့၊ ဆုံးရှုံးလို့" = ကိုယ့်ကိုကြည့်လို့ = အဆုံးမှာသေ။ ယုဒလို ကြိုးဆွဲချပစ်
2. ဘုရားဝမ်းနည်း= "ဘုရားရင်နာသွားပြီ" = ဘုရားကိုကြည့်လို့ = အဆုံးမှာကယ်တင်။ ပေတရုလို ငိုပြီးနောင်တရ

မလေးရှားမှာအလုပ်မှာလိမ်မိပြောမိ။ လောကဝမ်းနည်းရင်ဆရာကြီးကိုကြောက်လို့။ ဘုရားဝမ်းနည်းရင်ဘုရားကိုနာကျင်စေမိလို့။
ငိုတာနောင်တမဟုတ်။ ဘုရားဆီပြန်လှည့်မှပဲနောင်တအစစ်။
၂. နောင်တမရရင်ဘာဖြစ်မလဲ?
တရားဟောရာ ၂၀:၈ "ကြောက်တတ်သောသူ၊ နှလုံးပျော့ပျောင်းသောသူကို အိမ်ပြန်စေလော့"

နောင်တမရတဲ့သူ = စစ်မတိုက်နိုင်တဲ့သူ

နောင်တမရတဲ့သူ့မှာ လက္ခဏာ ၃ ချက်:
1. ဆင်ခြေရှာ= "ဒါလူတိုင်းလုပ်တယ်၊ ဆရာလည်းဒီလိုပဲ"
2. တခြားသူအပြစ်တင်*= "ဇနီးကစလို့၊ သူဌေးကစလို့"
3. *]ဖုံးထားတယ်= "ဘုရားကျောင်းသွားရင်းနဲ့ပဲဖုံး"

သုတ္တံ ၁၆:၂၅ -> လမ်းသည် လူအမြင်မှာမှန်သကဲ့သို့ထင်သော်လည်း၊ ထိုလမ်း၏အဆုံး၌မူ သေခြင်းတရားရှိ၏"
နောင်တမရတဲ့အပြစ်က နှလုံးထဲမှာပိုးအိမ်လိုပဲ။ နေ့တိုင်းကြီး၊ နေ့တိုင်းစားတယ်။ နောက်ဆုံးနှလုံးပျက်တယ်။
၃. ဘယ်လိုနောင်တရမလဲ
(၄ )ခြေလှမ်း
သုတ္တံ ၁၆:၃မိမိအမှုကို ထာဝရဘုရားအပ်နှံလော့"

နောင်တရခြင်းခြေလှမ်း ၄ ချက်:

၁. သိ -> အပြစ်ကိုအပြစ်လို့သိ
ဒါဝိဒ်လို "ငါသည်ဘုရားသခင်ကိုသာပြစ်မှားပြီ" ဆာလံ ၅၁:၄
ငါဒေါသထွက်မိတာ မကောင်းဘူး၊ ဘုရားစိတ်တော်နာတယ်"

၂. ဝန်ခံ ->
ဖုံးမထားနဲ့၊ ဆင်ခြေမရှာနဲ့
သုတ္တံ ၂၈:၁၃ "အပြစ်ကိုဖုံးထားသောသူသည် မ prospers ဖြစ်၊ ဝန်ခံ၍စွန့်သောသူမူကား ကရုဏာကိုခံရ"
၃. စွန့် -> ပြန်မလုပ်တော့ဘူး
နောင်တဆိုတာ ငိုပြီးပြန်လုပ်နေတာမဟုတ်။ ဘုရားဆီပြေးပြီး ခွန်အားတောင်း။
၄.ပြေး -> ခိုလှုံရာမြို့ ပြေး
တရားဟောရာ ၁၉:၄ မသိမသာသတ်မိတဲ့သူမြို့ပြေးသလိုပဲ။ မင်းလဲမှားမိရင် ယေရှုဆီပြေး။
နာဟုံ ၁:၇ ->ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏" - မင်းကိုဘုရားမေ့မထား
ဘုရားသခင်၏ကတိတော်ရှိသဖြင့်... ကာယနှင့်ဝိညာဉ်ညစ်ညူးခြင်းအပေါင်းတို့ကို မိမိကိုယ်ကိုစင်ကြယ်စေကြစို့"
၄. နောင်တရပြီးရလဒ်ကဘာလဲ?။၂ ကော ၇:၁ ဇွဲသတ္တိ၊ ဒေါသထွက်ခြင်း၊ ကြောက်ခြင်း၊ ပြင်းစွာတောင့်တခြင်း၊ ပူပန်ခြင်းနှင့် အပြစ်ကိုစစ်ကြောခြင်းရှိလျက်"

နောင်တရဲ့အသီး ၇ ချက် = ဘုရားပြန်ရှင်းပေးပြီ* ဆိုတဲ့လက်မှတ်
၂ ကော ၇:၆ -> နှိမ့်ချသောသူတို့ကို နှစ်သိမ့်တော်မူသောဘုရား"
နောင်တရတဲ့သူကို ဘုရားကိုယ်တိုင်ဖက်ပေးမယ်။ မဆူဘူး။ မရှက်စေဘူး။ ပြန်ရှင်းပေးတယ်။
သုတ္တံ ၁၆:၇ -> လူတစ်ယောက်ရဲ့လမ်းတို့ကို ထာဝရဘုရားနှစ်သက်တော်မူလျှင် သူ့ရန်သူတို့နှင့်ပင်ခွင်လွတ်ပေးစေတယ်" နောင်တရတဲ့လူ့ရန်သူတောင်သူငယ်ချင်းဖြစ်သွားတယ်။
ညီအစ်ကိုမောင်နှမတို့ နားထောင်ပါ။ယနေ့ည ဘုရားက "သားသမီး ပြန်လာခဲ့" လို့ခေါ်နေပြီ။
မင်းအပြစ်ကြီးလို့ မကြောက်နဲ့။ ပေတရုခရစ်တော်ကို ၃ ကြိမ်ငြင်းပြီးတောင် ပြန်ချစ်ပေးတယ်။

နောင်တတရားနှင့်တိုးဝင်နည်းလမ်း ၃ ချက်:
1. နှလုံးဖွင့် = ဘုရား ငါမှားပါပြီ
2. ဒူးထောက်= လူ့ရှေ့မှာမဟုတ်၊ ဘုရားရှေ့မှာနှိမ့်ချ
3. လက်မြှောက် = ဘုရားခွင့်လွှတ်ခြင်းကိုယူ

"အဘဘုရား၊ ကျွန်တော်သည် အပြစ်သားဖြစ်ပါ၏။ ဘုရားကိုစိတ်ညှိုးအောင်လုပ်မိပြီ။ ယခုနောင်တရပါ၏။ ယေရှုသွေးတော်ဖြင့်ဆေးကြောတော်မူပါ။ နှလုံးသစ်ပေးတော်မူပါ။ နာဟုံ ၁:၇ အတိုင်း ကိုယ်တော့်ရဲတိုက်ထဲခိုလှုံပါရစေမည်။ ယေရှုနာမ၌ အာမင်။"

ဘုရားသခင်ကောင်းချီးပေးပါစေ

James Linghung

Amen Amen AmenAmen Amen Amen         သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွားသောအခါ၊ ကိုယ်ထက်သာ၍များသောမြင်း၊ ရထား၊ ...
13/06/2026

Amen Amen Amen
Amen Amen Amen

သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွားသောအခါ၊ ကိုယ်ထက်သာ၍များသောမြင်း၊ ရထား၊ လူတို့ကိုမြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ရှိတော်မူ၏။
အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ရန်သူတို့ကိုစစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အားပြောဆိုရကြမည်။

တရားဟောရာ 20:1, 4
Amen Amen Amen
Amen Amen Amen

James Linghung

Amen Amen AmenAmen Amen Amen       သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွ...
13/06/2026

Amen Amen Amen
Amen Amen Amen

သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။

တရားဟောရာ 19:2
Amen Amen Amen
Amen Amen Amen

ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။

၂ ကောရိန္သု 7:1

စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။
လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။

သုတ္တံ 16:1, 3, 9

အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ်သော နောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။- ဘုရားသခင်၏ အလိုတော်နှင့်ညီသော သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။

၂ ကောရိန္သု 7:10-11

James Linghung

13/06/2026

တရားဟောရာကျမ်း ၁၉း
တရားဟေားရာကျမ်း၂၀း
၂ ကော ၇း
သုတ္တံ ၁၆း

13/06/2026

13/06/2026

ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။

နာဟုံ 1:7

နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။

၂ တိမောသေ 3:1-5

13/06/2026
Amen Amen AmenAmen Amen Amenဘုရားစကားနာခံလိုက်လျှောက်ခြင်း ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း...
13/06/2026

Amen Amen Amen
Amen Amen Amen

ဘုရားစကားနာခံလိုက်လျှောက်ခြင်း

ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။ ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။

ရှင်လုကာ 5:5-6

"ကျွန်တော်တကယနလိုက်၀၀လျှောက်ပါ့မယ်" ဆိုတဲ့ စကားတစ်ခွန်းက ကောင်းကင်မှာ ပျော်ပွဲရွှင်ပွဲဖြစ်သွားပြီ သိကြျလား
လုကာ ၁၅:၇
"ပြန်လှည့်သော တစ်ယောက်သော လူဆိုးတစ်အတွက်...

ဘုရားက မင်းရဲ့ဆုံးဖြတ်ချက်ကို ဂုဏ်ပြုနေပြီ
လိုက်လျှောက်ဖို့ ခြေလှမ်း ၃ လှမ်းကတိကဝတ်
ခုကစ မနက်ဖြန်ကစပြီး ဒီ ၃ ချက်လေးပဲလုပ်ပါမိတ်ဆွေ

1. နားစွင့်ချိန်
မနက်အိပ်ရာထတာနဲ့ ဖုန်းမကိုင်ခင် "ယေရှု ဒီနေ့ကျွန်တော့်ကိုဘာပြောမလဲ" လို့ ၁ မိနစ်တိတ်
2. ၁ ကတိ။
တရားဟောရာကျမ်း ၁၈:၁၅ "သူ့နားကိုထောင်ကြလော့" ဒီတစ်ပိုဒ်တည်းကို တစ်နေကုန်မှတ်
3. ၁ ခြေလှမ်း လုပ်ဆောင်
ဘုရားစကားထဲက မင်းနှလုံးထိတဲ့တစ်ချက် = အဲဒါကို ဒီနေ့လိုက်လုပ်လိုက်။ ခွင့်လွှတ်/ဆုတောင်း/ပေးကမ်း/ရိုးသား ဘာပဲဖြစ်ဖြစ်

ဘုရားကတိ မင်းအတွက်
မင်းမိသားစု တွက်

ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။

ယောရှု 1:8

ဤတရားစာကို နေ့မပြတ် ဆင်ခြင်လျက်... ထိုသို့ပြုလျှင် သင်သည်သွားရာရာအရပ်၌ prosper ဖြစ်လိမ့်မည်

မင်းတစ်ယောက်တည်းမလျှောက်ရဘူး။ ယေရှုကိုယ်တိုင်က "ငါလမ်းခရီးဖြစ်၏

ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ရှင်ယောဟန် 14:6

မင်းရဲ့ဘေးမှာအမြဲရှိနေမယ်။
မင်းမိသားစု ဘေးမှာ အမြဲရှိတယ်
မင်းအတိုင်းအဝိုင်းဘေးမှာရှိတယ်

မင်းသွားလေးရာတိုင်းလုပ်လေရာတိုင်းဘုရားကောင်းချီးနဲ့အတူသွားလာပါ ခြေလှမ်းတိုင်းမှာဘုရားရှိတယ်

အယောက်စီတိုင်ဘုရားသခင်ကောင်ကြီးပေးပါစေ

Amen Amen Amen
Amen Amen Amen

James Linghung
Esther Hningmang

13/06/2026Amen Amen AmenAmen amen Amen              ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလ...
13/06/2026

13/06/2026

Amen Amen Amen
Amen amen Amen

ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။

နာဟုံ 1:7

James Linghung
Esther Hningmang
Samuel Hungling

13/06 /2026ဘုရားစကားနားခံခြင်းနား    = သမ္မာတရား -> မှန်ရင် နှလုံးမှန် နှလုံး = သမ္မာတရား-> မှန်ရင် နှုတ်မှန် နှုတ်  = သ...
13/06/2026

13/06 /2026
ဘုရားစကားနားခံခြင်း

နား = သမ္မာတရား -> မှန်ရင် နှလုံးမှန်
နှလုံး = သမ္မာတရား-> မှန်ရင် နှုတ်မှန်
နှုတ် = သမ္မာတရား->မှန်ရင်ဘဝမှန်

Amen Amen Amen
Amen Amen Amen

James Linghung
Esther Hningmang
Samuel Hungling

12/06/2026

13/06/2026

သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင့်အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏စကားကို နားထောင်ရမည်။

တရားဟောရာ 18:15

မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။-
ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။- ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။

၂ ကောရိန္သု 6:14, 16-17

ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။ ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ၏။ ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။

သုတ္တံ 15:1-4

James Linghung

Address

Jalan Cerapu Satu
Rajshahi Division
56100

Telephone

+60163449192

Website

Alerts

Be the first to know and let us send you an email when James Linghung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to James Linghung:

Share