14/07/2026
လင်မယားနှစ်ယောက်တို့ စကားလက်ဆုံကျလို့ နေကြပါတယ်။
ဇနီးသည် - "ရှင် ဟိုနေ့က တီဗွီထဲက သွားတိုက်ဆေးကြော်ငြာ တွေ့လိုက်လား..."
ခင်ပွန်းသည် - "တွေ့တာပေါ့ဟ...၊ ဒါကြောင့် မနေ့ကဘဲ ငါ အဲဒီသွားတိုက်ဆေး ဝယ်ပေးထားခဲ့ပြီးပြီလေကွာ..."
ဇနီးသည် - "အို.. အဲဒါပြောတာမဟုတ်ဘူး..."
ခင်ပွန်းသည် - "ဒါဖြင့် ဘာလဲကွာ..."
ဇနီးသည် - "အဲဒီသွားတိုက်ဆေးကြော်ငြာတဲ့ မင်းသမီး ဝတ်ထားတဲ့ အင်္ကျီမျိုး ကြိုက်လို့...၊ အဲဒါမျိုး ဝယ်ပေးဖို့ ပြောမလို့ပါ..." 🤣🤣