14/12/2025
ရိုဟင်ဂျာရုပ်ရှင်ဇာတ်ကားသစ်တစ်ခု ‘Lost Land’ သည် ပင်လယ်နီရုပ်ရှင်ပြ ပွဲတော်တွင် Best Film Award ဆုရရှိ၊ ဆုပေါင်း ၁၂ ဆုရ စံချိန်တင် ဇာတ်ကားသစ် ဖြစ်လာ
Mayyu TV News - မေယုတီဗီသတင်း
Dec 13, 2025
ရိုဟင်ဂျာဘာသာစကားဖြင့် အပြည့်အဝရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည့် "Lost Land" သည် ယခုနှစ် Red Sea Film Festival ရုပ်ရှင်ပြပွဲတော်တွင် အကောင်းဆုံးရုပ်ရှင်ဆု Golden Yusr Award ကို ရရှိခဲ့ပါတယ်။ ဤဇာတ်ကားသည် ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် ကမ္ဘာလုံးဆိုင်ရာရုပ်ရှင်ဇာတ်ကားလောကတွင် လုံးဝမရှိခဲ့ဖူးတဲ့ ရှားရှားပါးပါးတစ်ခုသာ ဖြစ်ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ရုပ်ရှင်ဇာတ်ကားထုတ်လုပ်ရေးအဖွဲ့က ဖော်ပြထားပါတယ်။
ဂျပန်ရုပ်ရှင်ဒါရိုက်တာ Akio Fujimoto ရိုက်ကူးတဲ့ ဤရုပ်ရှင်သည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆန့်ကျင်ရေးအကြမ်းဖက်မှုများမှ ထွက်ပြေးရန် အတင်းအကျပ်ခိုင်းစေခံရတဲ့ မောင်နှမငယ်နှစ်ဦးအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၎င်းသည် အသက်ကိုးနှစ်အရွယ် Somira နှင့် သူမ၏ညီငယ် Shafi တို့၏ အသက်ရှင်နေနိုင်ဖို့ ရုန်းကန်ကြိုးစားခဲ့တဲ့ ဘဝအကြောင်းကို အခြေခံပြီး ၎င်းတို့ ညီအစ်မ ၂ ယောက်သည် တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်ဖက်လည်းမဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်ရဲ့ ညွှန်းကြားချက်လည်းမရရှိကြပေ၊ မလေးရှားသို့ရောက်ရှိရန် ကြိုးစားခဲ့ကြသည့် အကြောင်းတွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ခရီးစဉ်ကို မှောင်ခိုသမားတွေက ကြောက်ရွံ့မှုနဲ့ အမြတ်ထုတ်မှုတွေဖြင့် ပုံဖော်ထားပြီး ရုပ်ရှင်ရဲ့ အဓိက ကျောရိုးအဖြစ် စိတ်ခံစားမှုဆိုင်ရာ အဖြစ်အဖျက်နဲ့ ဖွဲ့စည်းပုံဖော်ထားပါတယ်။
"Lost Land" ရုပ်ရှင်ကို ဒီနှစ်အစောပိုင်းက Venice ရုပ်ရှင်ပွဲတော်ရဲ့ Orizzonti အပိုင်းမှာ ပြသခဲ့ပြီး ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ရိုဟင်ဂျာအကျပ်အတည်းရဲ့ အကန့်အသတ်မရှိတဲ့ အရေးတကြီးဖြစ်မှုကို အလေးပေးဖော်ပြထားပြီး နိုင်ငံတကာအဖွဲ့ဖြစ်တဲ့ Kazutaka Watanabe၊ Angèle de Lorme၊ Sujauddin Karimuddin၊ Elise Shick နဲ့ Christian Jilka တို့မှ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
Fujimoto ဟာ အမြင့်ဆုံးဂုဏ်ပြုဆုကို ကိုယ်တိုင်လက်ခံရယူခဲ့ပြီး ဒီနှစ်ရဲ့ Red Sea ပြိုင်ပွဲ ဂျူရီလူကြီးအဖြစ် တာဝန်ယူခဲ့တဲ့ "Anora" ရုပ်ရှင်ဒါရိုက်တာ Sean Baker ဆီက Golden Yusr Award ဆုကို ရရှိခဲ့ပါတယ်။ နာမည်ကြီး ဂျူရီလူကြီးတွေဖြစ်တဲ့ Nadine Labaki, Olga Kurylenko နဲ့ Naomie Harris တို့လည်း ဆုပေးပွဲအခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။
ပွဲတော်ရဲ့ ဆုပေးပွဲမတိုင်မီ ညနေခင်းကို Idris Elba, Darren Aronofsky နဲ့ Anthony Hopkins တို့အတွက် ဂုဏ်ထူးဆောင် အသိအမှတ်ပြုလက်မှတ်တွေနဲ့ စတင်ခဲ့ပြီး ဆော်ဒီအာရေဗျ၌ ရှိနေစဉ်အတွင်း အများပြည်သူနဲ့ မေးမြန်းချက်တွေမှာ ပါဝင်ခဲ့ကြပါတယ်။ ပင်လယ်နီရုပ်ရှင်ပွဲတော်(Red Sea Film Festival) သည် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပါတယ်။
"Lost Land" ဇာတ်ကားသည် ပွဲတော်၏ အမြင့်ဆုံးဂုဏ်ပြုချီးချူးမှုကို ရရှိခဲ့ပေမည်၊ သို့သော် ၎င်း၏ ပိုမိုနက်ရှိုင်းတဲ့အောင်ပွဲသည် ရိုဟင်ဂျာဘာသာစကားဖြင့် ဇာတ်လမ်းပြောပြခြင်းကို နိုင်ငံတကာဇာတ်ခုံ၏ဗဟိုချက်တွင် ထားရှိနိုင်ခြင်းဖြစ်ပါတယ်။ ၎င်းသည် ကာလရှည်ကြာနှိမ့်ကျဆက်ဆံခြင်း နဲ့ ပယ်ထားခြင်း ခံနေရတဲ့ လူမျိုးအတွက် ရှားပါးပြီး နံလန်ထူနိုင်ဖို့ ဟိန်းသံလို့ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။
ယခုနှစ်အတွင်း အောက်အမည်ပါဆုများကို ရရှိကြောင်း Daily Star မှာ ရေးသားဖော်ပြထားပါတယ်။
Golden Yusr – Best Feature Film
• "Lost Land" (Akio Fujimoto)
Silver Yusr – Feature Film
• "All That's Left Off You" (Cherien Dabis)
Yusr Jury Prize
• "Hijra" (Shahad Ameen)
Yusr Best Director
• Ameer Fakher Eldin (Yunan)
Yusr Best Screenplay
• Cyril Aris & Bane Fakih (A Sad And Beautiful World)
Yusr Best Actor
• George Khabbaz (Yunan)
Yusr Best Actress
• Seo Su-Bin (The World Of Love)
Asharq Best Documentary
• In-I In Motion, (Juliette Binoche)
AlUla Audience Award – Saudi Film
• Hijra (Shahad Ameen)
AlUla Audience Award – Best Non-Saudi Film
• My Father's Scent (Mohamed Siam)
Golden Yusr – Best Short Film
• Coyotes (Said Zagha)
Yusr Cinematic Achievement
• Nighttime Sounds (Zhang Zhongchen)
_____________