13/08/2025
အဖွဲ့အစည်းတခုကိုခေါင်းဆောင်တဲ့ခေါင်းဆောင်(၄)မျိုးဆိုတာ
=========================================
အဖွဲ့တစ်ခုကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်(၄)မျိုး ရှိပါတယ်...
1)Proactive Leader
++++++++++++++++
သူဟာ သိပ်ပြီး ထက်မြတ်တယ်...
အတွေးအခေါ်တွေကအမြဲ ရှင်သန်နေတယ်...
မိမိ အဖွဲ့အစည်းတစ်ခုလုံးကောင်မွန်စေဖို့သေချာရင်
ပတ်ဝန်းကျင် ကို ကြိုတင်အမြဲစူးစမ်းလေ့လာနေပြီးးး
သင့်တော်မယ့် အခြေအနေတစ်ခုကို ဦးဆောင်ပြောင်းလဲပေးဖို့အဆင်သင့်ဖြစ်နေသူ...
မိမိ လူတွေအဆင်ပြေရေးကိုသာ အမြဲ ကြိုတင်တွေးပေးနေသူပါ...
အရမ်းတော်တဲ့ ခေါင်းဆောင်မျိုးပါ...
ဒီ ခေါင်းဆောင်မျိုး နဲ့ လက်တွဲ ရရင် မိမိတန်ဖိုးရှိတဲ့အချိန်တွေ
အကျိုးမမဲ့စေရတော့ပါဘူး...
2) Reactive Leader
++++++++++++++++
သူကတော့ ဆင်ခြင်တုံတရား အသိဉာဏ်ရှိသော ခေါင်းဆောင်ပါ...
ပတ်ဝန်းကျင်အနေအထားကို အမြဲ အကဲမခပ်နေပေမယ့်
အခြေအနေရ မိမိပတ်ဝန်းကျင်အပြောင်းအလဲကိုလိုက်ပြီး
မိမိအဖွဲ့ကောင်းကျိုးကို ကြည့်ကာ ဦးဆောင်ပြောင်းလဲပေးသူပါ...
လက်တွဲသင့်တဲ့ခေါင်းဆောင်မျိုးပါပဲ...
သူနဲ့လက်တွဲထားရင် အကျိုးလုံးဝမယုတ်နိုင်ပါဘူး...
3) Die Hard Leader
++++++++++++++++
တယူသန် စိတ်ကြီးတဲ့ခေါင်းဆောင်မျိုးပါ...
ပတ်ဝန်းကျင်အပြောင်းအလဲဆက်တိုက်ဖြစ်နေတာတောင်
မိမိအယူအဆကပဲ မှန်ကန်တယ် တရားသေ တွေးပြီးးးမပြောင်းလဲနိုင်သူပါ...
မိမိ လူတွေအားလုံးအတွက်အကျိုးမရှိတာသိနေလည်းသိသိနဲ့ကို ဖိအားပေး လုပ်ဆောင်စေသူမျိုးပါ...
သင်္ဘောကြီးတစ်စီးလုံးမြုပ်နေတာတောင်မှ လုံးဝမမြုပ်နိုင်ဘူး
ဆိုပြီး ပေါ်တင် ဘူးခံ ငြင်းတက်တဲ့ ခေါင်းမရှိတဲ့ ခေါင်းဆောင်မျိုးပါ...
ဝေးဝေးကသာ ရှောင်ပါ...
သူနဲ့ကြာကြာလက်တွဲလေ ကိုယ်ပဲ လမ်းမှားရောက်လေမအောင်မြင်လေပါပဲ...
4) Layman Leader
++++++++++++++++
သူကတော့ ဖားခြေရာခွက်ထဲက ခေါင်းဆောင်ပါ...
ပတ်ဝန်းကျင်အပြောင်းအလဲကို လုံးဝစိတ်မဝင်စားသလို
သိအောင်လည်းမကြိုးစားပါဘူး...
အဖွဲ့အစည်းထဲ နေ့စဉ်လုပ်နေကြ အလုပ်တွေကိုပဲအကျိုးရှိမယ် လို့ မိမိလူတွေကို ခဏခဏ ပုံစံသွင်းပြီး အောင်မြင်မှုမရနိုင်တဲ့အလုပ်တွေနဲ့ ကျေနပ်နေသူပါ...
အဲ့လို လူမျိုးကိုသာ ခေါင်းဆောင်အဖြစ်ထားမိရင်....
မိမိ အောင်မြင်မှုအတွက် အန္တရာယ် အရမ်းများပြီးဆုံးရှုံးမှုလည်း များပါလိမ့်မယ်...
အဲဒါကြောင့် Organization တစ်ခုမှာ ခေါင်းဆောင်ဟာအင်မတန်အရေးကြီးပါတယ်...
Leader မကောင်းရင် မိမိအနာဂါတ်လည်း မကောင်းနိုင်ပါဘူး...
ဘယ်သူကဘယ်လိုခေါင်းဆောင်မျိုးဆိုတာလည်းသိနိုင်ကြပါစေ...