03/08/2024
"PRF ထောက်ပို့တာဝန်ထမ်းဆောင်ရင်း အနာဂတ်အိမ်မက်တွေကို ရဲရဲမက်နိုင်ပါပြီ"
နွေဦးထီလက်မှတ်ဂုဏ်ပြုလက်ဆောင်အစီအစဉ် ကျင်းပခဲ့တာ ၂ လ တိတိရှိခဲ့ပြီး ထီကူပွန်လက်ဆောင်လေးတွေ တပ်သား အယောက် ၁၀၀၀ စာ ပေးအပ်ခဲ့ပြီးပါပြီ။
ကူပွန်လက်မှတ်မဲပေါက်ကြသူတွေထဲကနေမှ ထီဆုတွေ ဆွတ်ခူးကြသူတွေလည်း ရှိပါတယ်။
သို့ပေမယ့်လည်း PRF တပ်သား ၃သောင်းဝန်းကျင်ရှိတာကြောင့် ကူပွန်လက်ဆောင် ကံမထူးသေးသူ အများအပြားရှိနေသေးတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ယခု ဩဂုတ်လမှာလည်း တာဝန်ထမ်းဆောင်တဲ့ တပ်သားများအတွက် ဒီအစီအစဉ်ကို ထပ်မံပြီး ပြုလုပ်သွားမယ့်အကြောင်း ကြေညာပါရစေ။
ဒီအစီအစဉ်မှာဆိုရင်
🔺 ဩဂုတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေနဲ့ ဩဂုတ်လအတွက် ကြိုတင်တာဝန်ထမ်းဆောင်ထားတဲ့ တပ်သားတွေထဲက အယောက် ၁၅၀ ကို ဩဂုတ် ၁၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
🔺 ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး
🔺 နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။
အလားတူပါပဲ…
🔺ဩဂုတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သား တွေထဲက အယောက် ၂၀၀ ကို ဩဂုတ်လ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF page မှာ ကြေညာပေးသွားမှာ ဖြစ်ပြီး
🔺 ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဩဂုတ်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
သတိပြုရမှာကတော့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဩဂုတ်လ ၂၉ ရက် ည ၁၂ ထိပဲ လဲလှယ်နိုင်မှာ ဖြစ်ပြီး အကယ်၍ ဩဂုတ်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်ပါသေးတယ်။
ဒီ နွေဦးထီ ဂုဏ်ပြုလက်ဆောင်အစီအစဉ်လေးကို လစဉ်ပြုလုပ်သွားမှာဖြစ်လို့ ထောက်ပို့တာဝန်ထမ်းဆောင်ရင်း အနာဂတ်အိမ်မက်တွေကို ရဲရဲမက်နိုင်ပါပြီ။ ဒါဆို မြေပြင်ရဲဘော်တွေအတွက် ထောက်ပို့တာဝန်ပိုယူနိုင်မှာ ဖြစ်လို့ ပွဲမြန်မြန်သိမ်းဖို့ တရက်ပိုနီးကပ်မှာ ဖြစ်ပါတယ်။
လာပါ… ငါတို့အတူတူရုန်းမယ်
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot
အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။
It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။
#နွေဦးထီ
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်