Fawyas Uddin

Fawyas Uddin Allah most merciful on every humans

မိခင်များအတွက်  ဖြစ်ရပ်မှန်အတုယူဖွယ် ဖြစ်ရပ်*****************************ယနေ့ ကအ်ဗာကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အိမာမ်ချု...
17/12/2022

မိခင်များအတွက် ဖြစ်ရပ်မှန်အတုယူဖွယ် ဖြစ်ရပ်
*****************************
ယနေ့ ကအ်ဗာကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အိမာမ်ချုပ်ကြီးတစ်ပါးဖြစ်နေတဲ့
ရှိုက်ခ်အဗ်ဒုရ်ရဟ်မာန်စုဒိုကစ် ဟာ မိမိ ရဲ့ ကေလးဘဝ က
အကြောင်းကိုတင်ပြတယ်။

ကျွန်တော် ငယ်ငယ်တုန်းက အရမ်းစော့ကစားတတ်တဲ့အကျင့်ရှိခဲ့တယ်။
တစ်နေ့ကျွန်တော်တို့အိမ်မှာ ဧည့်သည်တွေရောက်လာတော့
ဧည့်သည် ကို ကျွေးဖို့ ကျွန်တော့်အမေ က ဟင်း နဲ့ မုန့်တွေလုပ်ထားတယ်။

ကျွန်တော် အပြင်မှာ ကောင်းကောင်းစော့ကစားလာပြီး
အပြင်ကယူလာတဲ့ သဲ တစ္စုပ္ကို ဟင်းအိုးထဲပစ်ထည့်လိုက်တယ်။

အမေကြီး ဟာ တော်တော်လေး ဒေါသထွက်သွားတယ်။

အရဗ်တွေရဲ့ဓလေ့ က ဒေါသထွက်ရင် ဒုအာပေးတတ်တဲ့အကျင့်ရှိတယ်။

ကျွန်တော့် အေမ က အလွန် ဒေါသထွက်ပြီး ပါးစပ္ကေန ဘာထွက်သွားလဲဆိုရင်
"'နင် ကအ္ဗာ မွာ အိမာမ် သွားလုပ်စမ်း"
အဲ့လိုအမေ့ပါးစပ် က ထွက်သွားခဲ့တယ်။

ဒီကနေ့ ကျွန်တော် ကအ်ဗာကျောင်းတော်ကြီးရဲ့ အိမာမ်ချုပ်ဖြစ်နေတာက ကျွန်တော့်အမေရဲ့ အဲ့ဒိစကားကြောင့်ပါပဲ။

ဒီအကြောင်းအရာကနေသိရတာက မိခင်တွေဟာ ဒေါသ ထွက်ချိန်မှာလည်းသားသမီးတွေကို မကျိန်ဆဲရဘူး။

ဒုအာပဲလုပ်ပေးရမယ်။

ကျိန်ဆဲမိရင် နောက်ဆုံးတော့ ကိုယ့် သားသမီးဆိုတော့
ကိုယ်ဘဲ စိတ်ညစ်ရလိမ့်မယ်။

mr kj

08/06/2020

နမားဇ္မ်ား၏ အမည်နှင့်အဓိပ္ပါယ်များ

နမားဇ်တွင် နေ့စဉ်ဆောက်တည်ရန် ငါးကြိမ်သည် ဖရဇ်(မပြုမနေရတာဝန်)ဖြစ်သည်။

ကျန်ရှိသည့် နမာဇ်တို့မှာ နဖိလ်အိဗာဒသ်များဖြစ်ပြီး အခြေအနေတစ်ခုခုကြောင့် ဆောက်တည်ရသည့် နမားဇ်များလည်း ရှိပါသည်။ ထိုသို့သော နမားဇ်များ၏ အမည်များကို သိမှတ်သလောက် ရေးသားပါမည်။

ဖရဇ်နမားဇ် ငါးကြိမ်၏ အမည်များ

ဆွလာသုလ် ဖဂျရ် = နေမထွက်မီဖတ်ရသည့် နမားဇ်

ဆွလာသုလ် ဇုဟုရ် = မွန်းတည့်ပြီးနောက်
ဖတ်ရသည့်နမားဇ်

ဆွလာသုလ် အဆွရ် = အရိပ်နှစ်ပြန်ကျချိန်
ဖတ်ရသည့်နမားဇ်


ဆွလာသုလ် မဂ်ရိဗ် = နေဝင်သည့်အချိန်
ဖတ်ရသည့်နမားဇ်

ဆွလာသုလ် အိရှာ = နေဝင်ပြီး အချိန်အနည်းငယ်
ကြာပြီးနောက် ဖတ်ရသည့် နမားဇ်

နဖိလ်နမားဇ် ငါးကြိမ်၏ အမည်များ

ဆွလာသုလ် အိရှ်ရားက် = နေထွက်ပြီး ၁၅မိနစ်မျှ
နေပြီးနောက် ဖတ်ရသည့် နမားဇ်

ဆွလာသုသ် ဒုဟာ(ကျားရှ်) = နေထန်းတစ်ဖျား
ခန့်ရောက်သည့်အချိန် ဖတ်ရသည့်နမားဇ်

ဆွလာသုသ် သပ်(စ)ဗီဟ် = မွန်းတည့်ပြီးနောက်
သို့မဟုတ် မိမိနှစ်သက်ရာ
အချိန်တွင် ဖတ်နိုင်သည့်နမားဇ်

ဆွလာသုလ် အောက်ဝါဗီးန် = မဂ်ရိဗ်ပြီးနောက်
ဖတ်ရသည့်နမားဇ်

ဆွလာသုသ် သဟ်ဂျွဒ် = အိရှာအပြီးမှစ၍
ဖဂျရ်မရောက်ခင်အထိ
ဖတ်နိုင်သည့် နမားဇ်

ခရီးထွက်သည့်အခါ (သတ်မှတ်ချက်ပြည့်စုံပါက)
လေးရကသ် ဖရဇ်နမားဇ်ကို နှစ်ရကသ်ဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ရခြင်းကို (ကဆွရ်) ဟုခေါ်သည်။

စစ်တိုက်နေရသည်ဖြစ်စေ၊ စစ်ဖြစ်နေသည့်အချိန်ဖြစ်စေ၊ မုစ်လင်မ်တို့ ဂျမာအသ်ဖြင့် နမားဇ်ဆောက်တည်ရန် အခြေအနေလုံးဝ မရှိတော့သည့်အခါတွင်ဖြစ်စေ ဖရဇ်နမားဇ်ကို တစ်ဦးချင်း (သို့မဟုတ်) သတ်မှတ်ပုံစံဖြင့် ဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ခြင်းကို (ဆွလာသုလ် ခေါဝ်(ဖ်) )ဟုခေါ်သည်။

ဆွလာသုလ် ဂျွမ်မို့အဟ် = သောကြာနေ့ မွန်းတည့်
ပြီးနောက် ဖတ်ရသည့်နမားဇ်

ဆွလာသုလ် အီဒုလ်ဖိသိရ် = ရမ်ဇာန်အီးဒ်နေ့
နေထွက်ပြီးနောက် ဖတ်သည့်နမားဇ်

ဆွလာသုလ် အီဒုလ်အဒ်ွဟာ = ဇိလ်ဟဂ်ျလ၁ဝရက်
နေ့တွင် ကျရောက်သောအီးဒ်၌
ဖတ်သည့်နမားဇ်

ဆွလာသုလ် ဂျနာဇာ = သူသေအတွက် မြေမမြုပ်မှီ
ဖတ်ရသည့် နမားဇ်

ဆွလာသုလ် သရာဝီ = ရမသွာန်လမြတ်တွင် ဖတ်ရ
သည့် နမားဇ်

ဆွလာသုလ် ကုဆူဖ် = နေကြတ်သည့်အချိန်
ဖတ်သည့် နမားဇ်

ဆွလာသုလ် ခုဆူဖ် = လကြတ်သည့်အချိန်
ဖတ်သည့် နမားဇ်

ဆွလာသုလ် အိစ်(စ)သိစ်ကာအ် = မိုးဆုပန်နမားဇ်

ဆွလာသုသ် သဟိယသုလ်မတ်(စ)ဂျိဒ် = ဗလီဝင်
နမားဇ်

ဆွလာသုသ် သဟိယသုလ်ဝုဇူ = ဝုဇူနမားဇ်

ဆွလာသုသ် သောဝ်ဗာ = အမှားဝန်ချနမားဇ်

ဆွလာသုလ် အိစ်သိခါရာ = အကြံဉာဏ်တောင်း
သည့်နမားဇ်

ဆွလာသုလ် ဟာဂျသ် = လိုအင်ဆန္ဒတောင်းသည့်
နမားဇ်

ဆွလာသုလ် ကသလ် = သေဒဏ်ကျခံရမည့်
မုစ်လင်မ်သည် ပြစ်ဒဏ်မပေးမီ
နောက်ဆုံးဖတ်သည့် နမားဇ်

{ဤနမားဇ်ဖြစ်ပေါ်လာပုံမှာ တစ်ခါက တမန်တော်မြတ်()သည် မိမိ၏ ဆွဟာဗာများထဲ ကာရီတချို့ကို ဒေသတစ်ခု၌ ကုရ်အာန်သင်ပေးရန် စေလွှတ်လိုက်၏။ မက္ကဟ်သားကာဖိရ်တို့က လမ်းတစ်ဝက်မှနေ၍ ထိုဆွဟာဗာအားလုံးကို ဖမ်းဆီး၍ ဟဇ်ရသ်ခဗီးဗ်(ရသွေ့) သခင်မှအပ ကျန်သူအကုန်ကို ထိုနေရာ၌ပင် သတ်ပစ်လိုက်သည်။ ဟဇ်ရသ်ခဗီးဗ်(ရသွေ)သခင်ကိုမူ မက္ကဟ်သို့ ခေါ်ဆောင်သွားပြီး လူအများရှေ့၌ ပွဲလုပ်၍ သတ်လေသည်။ ဟဇ်ရသ်ခဗီးဗ်(ရသွေ)သခင်သည် ထိုသို့အသတ်မခံရမီ ၄င်းတို့ထံမှ ခွင့်တောင်း၍ နမားဇ်နှစ်ရကသ်ဖတ်လိုက်သည်။ ထိုအချိန်မှစ၍ ဤနမားဇ်သည် မုစ်သဟဗ်ဖြစ်ခဲ့ပါသည်။}

နဝါဖိလေစဖရ် = ခရီးမထွက်မီ မိမိအိမ်၌ဖတ်သည့်
နမားဇ်
မိမိနေရပ်မှ ခရီးထွက်မည်ဆိုပါက မထွက်ခွာမီ နေအိမ်၌ပင်နမားဇ်နှစ်ရကသ်ဖတ်လိုက်ရမည်။ မုစ်သဟဗ်ဖြစ်ပါသည်။
ခရီးမှပြန်လာလျှင် ဗလီသို့သွား၍ နမားဇ်ဖတ်ရမည်။ ပြီးမှ အိမ်သို့လာရမည်။
ဟဒီးစ်တော် - တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)က ခရီးမထွက်မီ မိမိအိမ်၌ ထိုနမာဇ်နှစ်ရကသ်ဖတ်သူသည် အကောင်းဆုံးသောအရာကို ချန်ခဲ့သူပင်ဖြစ်၏ဟု မိန့်တော်မူသည်။

ဟဂ်ျ၌ ဖရပ်ဇ်နမားဇ်နှစ်ကြိမ်ကို အချိန်တစ်ခုတည်း၌ ပေါင်းဖတ်ရခြင်းရှိ၏။ ထိုသို့ဖတ်ရခြင်းကို ဂျမာအ်ဗိုင်းနတ်(ဆ)ဆွလာသိုင်း(န) ဟုခေါ်သည်။

အလ်မုဖီးဒ်မှ နမားဇ်များ၏ အမည်များကို မုစ်လင်မ်များ ဗဟုသုတတိုးပွားပြီး လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ တင်ဆက်ခြင်းဖြစ်ပါသည်။

အလ်မုဖီးဒ်

မူရင်းရေးသားတင်ပြသူအားခရက်ဒစ်ပေးပါသည်။

23/05/2020
17/05/2020
29/04/2020

A bagger leader of rohingya 's episode.

Address

Pontian

Alerts

Be the first to know and let us send you an email when Fawyas Uddin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category