Myo Min Kyaw

Myo Min Kyaw Hello

ယိုးဒယားသင်္ဘောသီးထောင်း ပြုလုပ်နည်း 😋""""""""""""""""""""""""""""""""""""""""""""""""""လတ်တလောခေတ်နောက်ပိုင်းတွေမှာ လူင...
29/12/2024

ယိုးဒယားသင်္ဘောသီးထောင်း ပြုလုပ်နည်း 😋
""""""""""""""""""""""""""""""""""""""""""""""""""
လတ်တလောခေတ်နောက်ပိုင်းတွေမှာ လူငယ်တွေအကြိုက်များ အစားများလာတဲ့ သင်္ဘောသီးစပ်စပ်လေးထောင်းနည်းလေးနော် 🤤

ပါ၀င်ပစ္စည်းများ
""""""""""""""""""""""""""""""""""""""""""""""
သင်္ဘောသီးစိမ်း - အနေတော် တလုံး
ပုဇွန်ခြောက် - အကောင် ၂၀ခန့်
မြေပဲလှော် - အစေ့၂၀ခန့်
ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
ငံြပာရည် - လက်ဖက်ရည်ဇွန်း၂ဇွန်း
ပဲတောင့်ရှည် - ၃တောင့်ခန့်
ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
သံပုရာသီး - တခြမ်း

👩‍🍳 ပြုလုပ်ပြင်ဆင်နည်း 👩‍🍳

- သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။ ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

- ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

- မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

- ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။

- ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

- ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

- ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။ ( ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။ သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။ )

- ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ငံ ြပာရည် အချိုမှုန့် တို့နည်းနည်းခြင်းဆီ ထည့်ပေးပါ။

- သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်သီးကို ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

- ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

- စားပွဲပြင်ဆင်တဲ့အခါ ပန်းကန်ထဲသို့ အရည်များရောအဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။ ဒါဆိုရင်တော့ အရသာစပ်စပ်လေးနဲ့ မွှေးမွှေးလေးရှူးရှူးရှဲရှဲစားကောင်းတဲ့ သင်္ဘောသီးထောင်းလေးရပါပြီနော် 🤤😋

စားချင်စရာ
17/12/2024

စားချင်စရာ

 #ဝက်နံရိုးမီးတောက်""""""""""""""""""""""""""""""""👩‍🍳 ထိုင်းစတိုင် ဝက်နံရိုးမီးတောက် ချဉ်စပ်ဟင်းချိုလေးပဲ ဖြစ်ပါတယ်နော်...
13/12/2024

#ဝက်နံရိုးမီးတောက်
""""""""""""""""""""""""""""""""
👩‍🍳 ထိုင်းစတိုင် ဝက်နံရိုးမီးတောက် ချဉ်စပ်ဟင်းချိုလေးပဲ ဖြစ်ပါတယ်နော်။ ဝယ်စားရင် ဈေးကြီးတာမို့ အရသာရှိသော နံရိုးမီးတောက်ချဉ်စပ် ဟင်းချိုချက်နည်းလေးကိုတင်ပေးလိုက်တယ်နော် 👩‍🍳

🔸🔹ဝက်နံရိုး ပြုတ်ရန် ပါဝင်ပစ္စည်းများ🔹🔸
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
- ဝက်နံရိုး ---- ၈၀ကျပ်သား (ရေသန့်စင်အောင် ဆေးထားပေးပါ)
- ဆား ---- စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် ---- စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် ---- လက်ဖက်ရည်ဇွန်း ၂ဇွန်း
- အသားမှုန့် ---- လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဟင်းခတ်မှုန့် ---- လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရေ ---- ၂လီတာခွဲ
- စပါးလင် (သို့) ပဒဲဂေါ ---- ၂ပင် (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူချဉ် ---- ၁ခု
- ကြက်သွန်နီ ---- ၁လုံး (ထပ်ခြမ်းခြမ်းထားပါ)
- နံနံပင် အမြစ် ---- လက်တဆုပ်စာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🔸🔹ဝက်နံရိုး ဟင်းချက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ🔹🔸
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
- ငရုတ်သီးစိမ်း ---- အတောင့် ၃၀ (ညက်အောင် ထောင်းထားပါ)
- သံပရာသီး ---- ၇လုံး (အစေ့ထုတ်ထားပါ)
- နံနံပင် ---- အနည်းငယ် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် ---- ၁စည်း (ပါးပါးလှီးထားပါ)
- ရှောက်ရွက် ---- စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)
- ငါးငံပြာရည် ---- စားပွဲတင်ဇွန်း ၃ဇွန်း

👩‍🍳ဝက်နံရိုး ပြုတ်နည်း👩‍🍳
"""""""""""""""""""""""""""""""""""""""""
1️⃣ အရင်ဆုံး ဝက်နံရိုးများကို သန့်စင်အောင် ဆေးထားပေးပါ။ အတုံးရှည်များ ပိုင်းဖြတ်ပါ။

2️⃣ ဝက်နံရိုးကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနယ်ထားပေးပါ။

3️⃣ ပြီးနောက် ဒယ်အိုးကြီးထဲ ရေ၂လီတာခွဲ ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဆား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။

4️⃣ ပြီးနောက် ဝက်နံရိုးများကို ထည့်ပြီး ပြုတ်ပေးရမှာပါ။

5️⃣ ပြီးမှ နံနံပင်အမြစ်၊ ကြက်သွန်ဖြူချဉ်၊ ကြက်သွန်နီ၊ စပါးလင်(သို့)ပဒဲဂေါ တို့ကို ထည့်ပြီး ရောမွှေလိုက်ပါ။

6️⃣ အရသာအတွက် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်များ ထည့်ပေးပါ။

7️⃣ ထို့နောက် ဝက်နံရိုးပြုတ်ရည် ဆူအောင် ပြန်တည်ထားပြီး ဆူလာလျှင် ပြုတ်ရည်မှ အမြှုပ်များကို ဇွန်းဖြင့် ဖယ်ပေးပြီး မီးလျှော့လိုက်ပါ။

8️⃣ မီးနည်းနည်းဖြင့် slow cook ၁နာရီခွဲမှ ၁နာရီ၄၅မိနစ်ခန့် တည်ပေးရမှာပါ။

9️⃣ ဝက်နံရိုးများ နူးအိပြီဆိုလျှင် နံရိုးမီးတောက်ကို စတင်ပြင်ဆင်ပါတော့မည်။

👩‍🍳 နံရိုးမီးတောက်ပြုလုပ်နည်း 👩‍🍳
""""""""""""""""""""""""""""""""""""""""""""""""""""""
1️⃣ ဒယ်အိုးထဲမှ နံရိုးများကို ဇောက်ပန်းကန်ပြားထဲ ထည့်လိုက်ပါ။

2️⃣ ပြီးလျှင် ထောင်းထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှောက်ရွက် တို့ကို ဝက်နံရိုးပေါ်မှ ဖြူးပေးလိုက်ပါ။

3️⃣ ပြီးနောက် ဝက်နံရိုးပြုတ်ရည် (၃ခွက်) စာကို ငါးငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သံပရာရည် (စားပွဲတင်ဇွန်း ၇ဇွန်း) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

4️⃣ ပြီးမှ ရောမွှေထားတဲ့ ပြုတ်ရည်များကို ဝက်နံရိုးပေါ်သို့ ပူပူလေး လောင်းချပေးလိုက်ရင် အရသာကောင်းမွန်တဲ့ နံရိုးမီးတောက်ဟင်းလေးရပါပြီနော်။ 🤤😋

စားချင်စရာ 😊😊😊
20/11/2024

စားချင်စရာ 😊😊😊

စားချင်စရာ😊😊
19/11/2024

စားချင်စရာ😊😊

မိူဟင်း စားချင်စရာ
18/11/2024

မိူဟင်း စားချင်စရာ

ဆီမပါတဲ့ ဟင်းရည်သောက် သောက်ချင်စရာ 😊
18/11/2024

ဆီမပါတဲ့ ဟင်းရည်သောက် သောက်ချင်စရာ 😊

Address

Puchong
47180

Telephone

+601151632135

Website

Alerts

Be the first to know and let us send you an email when Myo Min Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share