Khine Myat -Activities

Khine Myat -Activities BECAUSE OF YOU

လက်ပြနှုတ်ဆက်နေတဲ့ လရောင်လက်ကျန်ရယ်အားယူထွက်ပြူစ အာရုံဦး နေရောင်ခြည်ရယ် ပြီးတော့ မြို့ပြရဲ့ လျပ်စစ်မီးတွေရယ် အမှောင်ထုခ...
07/11/2024

လက်ပြနှုတ်ဆက်နေတဲ့ လရောင်လက်ကျန်ရယ်
အားယူထွက်ပြူစ အာရုံဦး နေရောင်ခြည်ရယ်
ပြီးတော့ မြို့ပြရဲ့ လျပ်စစ်မီးတွေရယ်
အမှောင်ထုခမျာ ဆက်မှောင်ဖို့ရာ မဝံ့ရဲရှာ

လူအများရဲ့ကိုးကွယ်ရာ ဆည်းကပ်ရာ အဆောက်အဦးကိုဖြစ်စေ လူ/ပုဂ္ဂိုလ်  ကိုဖြစ်စေ မထီမဲ့မြင် မပြုတန်ရာ လူတွေရဲ့ ဆုတောင်းတွေ ကျိ...
07/11/2024

လူအများရဲ့ကိုးကွယ်ရာ ဆည်းကပ်ရာ အဆောက်အဦးကိုဖြစ်စေ လူ/ပုဂ္ဂိုလ် ကိုဖြစ်စေ မထီမဲ့မြင် မပြုတန်ရာ

လူတွေရဲ့ ဆုတောင်းတွေ ကျိန်စာတွေ စိတ်ဆန္ဒတွေ ယုံကြည်မှုတွေ ကိန်းဝပ် ရာ တွေမှာ သာမာန် ထက်တော့ သတ္တိထူးတွေ ရှိနေမှာပဲ

Aquarius
30/06/2024

Aquarius

25/03/2024

စင်ပြိုင်

တနေ့က ကျနော် ဖိနပ်စင်တခု အွန်လိုင်းက မှာခဲ့သည်။

ဖိနပ်ကြိုက်တဲ့ကျနော်က ဒီဖက်နှစ်တွေရောက်မှ ကိုယ်ကြိုက်ရာလုပ်ဖို့ စိတ် ပိုင်းဖြတ်ပြီး ကိုယ်ကြိုက်ရာဖိနပ် ဝယ် စီး ရင်း ဖိနပ်ကလေးတွေ စုမိလာသည်။ တနှစ်ကအထိ ဖိနပ်တရံထဲကိုသာ နှစ်ပေါက်အောင်စီးနေခဲ့ရသည်။ကိုယ်မက်သည်ကလည်း ဖိနပ်နှင့်နာရီလောက်သာရှိသည်လေ။

များလာတဲ့ ဖိနပ်အရေအတွက်အရ တခြားသူဖိနပ်စင်ကိုတင်ရတာအားနာသည့်အလျောက် ကိုယ်ဖိနပ်စင်ကလေးနှင့်ကိုတင်ဖို့ စျေးသင့်သည်ဖိနပ်စင်တခုအွန်လိုင်က မှာခဲ့မိသည်။

လောဘတကြီး ၇ဆင့် စင်မှာမိသည်မို့ မူရင်းစင်ပေါ် ထပ်ဆင့်လိုက်သည့်အခါ ဖိနပ်စင်က အတော်မြင့်သွားခဲ့သည်။

ကျနော်တို့ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် အယူအဆ အရ ဗုဒ္ဒဘုရားဟာ နံပါတ်တစ်ဦးစားပေး စရာ အထွဋ်အမြတ်ထားရာ အမြင့်မြတ်ဆုံးကိုးကွယ်ရာ အဖြစ် အိမ်တိုင်းမှာ စင် တင် ပူဇော်လေ့ရှိသည်။

ကျနော်တို့နေသည့် အိမ်မှာလည်းရှိသည်။ အိမ်က ကလေးမလေးတယောက် စင်ရိုက် ပူဇော်ထား ခြင်းသာဖြစ်သည်။ ဘုရားပန်းသူကပ်သည်၊ဘုရားဆွမ်းသူတင်သည်။ ဘုရားသောက်တော်ရေ သူလဲသည်။ ဘုရားရှိခိုး ပုံမှန်သူလုပ်သည်။

အဲဒီစင်ကလေးဟာ ကျနော်တို့ စုပေါင်းနေသည့် အိမ်၏ဧည့်ခန်း ထောင့်တွင်ရှိသည်။

ကျနော်တို့ဟာ ကိုယ်အထွဋ်အမြတ်ထားရာ ဘုရားစင်ကို တခြားအရာတွေ ထက်အမြင့်ဆုံးမှာ ထား ကြသည်။

အခုတော့ကျနော့် ဖိနပ်စင် ဟာအတော်မြင့်နေသည့်အတွက် ဖိနပ်စင်ကို ကိုယ်တိုင် ဆင်နေရင်းကျနော့်စိတ် စနိုးစနောင့် ဖြစ်လာသည်။

အဲဒါနဲ့ ကျနော်စင်ကို ကြည့်ရင်း ဖိနပ်မတင်ခင်အတော်ကြာ တွေးနေမိသည်။

တွေးရင်းတွေးရင်း ကျနော်သဘောပေါက်လာသောအခါ ကိုယ့်ကို ကို လည်း အတော်အသုံးမကျတဲ့အတွေးတွေးမိနေတာပဲဟု အပြစ်တင်မိသည်။

ဟုတ်ပါရဲ့။ ကျနော်ဟာ မနှိုင်းအပ်တဲ့အရာနှစ်ခုကိုယှဥ်ကာ မအပ်မရာ ယှဥ်နေမိသည်။

ဖိနပ်စင်တခု ဟာ ဘယ်လောက် အဆင့်အထိ မြင့်တက်သွားပါစေ ဘယ်တော့မှ ဘုရားစင်ရဲ့ အသရေကို ယုတ်လျော့သွားအောင် သေးသိမ်သွားအောင်မပြုနိုင်မစွမ်းနိုင် ။

ဖိနပ်စင်တခုရဲ့ အသုံးဝင် ပုံဟာ ဖိနပ် တင်ဖို့တခု တည်းကလွဲ တခြား အသုံး လည်းမတည့်ချေ ။

မည်မျှတန်ဖိုးကြီးသည် ဖြစ်စေ မည်မျှ မြင့်တက်နေသည် ဖြစ်စေ ဖိနပ် စင်သည်ဖိနပ်တင်သည့်စင် အဖြစ်မျှသာ။ သူနေရာသည်ကား ဖိနပ်ထားသည့် အိမ်ရှေ့ အိမ်အပြင် အိမ်ခြေရင်း မျှသာ ဖြစ်သည်။ ဘယ်တော့မှ လူတွေ အထွဋ်အမြတ်ထားရာ ခေါင်းရင်းကိုရောက်မလာနိုင်။

ဘုရားစင်သည်ကား မည်မျှ နိမ့်သည်ဖြစ်စေ၊ ကျနော်တို့ ခေါင်းရင်း က နံရံထက်မှာပင်ဖြစ်စေ ကျနော်တို့ ကိုးကွယ်ရာ ယုံကြည်ရာ အထွဋ်အမြတ်ထားရာ ဘုရား ရတနာ ကိန်းဝပ်ရာ စံမြန်းရာ ဖြစ်တော့သည်။

တခါတလေ ကျနော်တို့သတိလက်လွတ် ယှဥ်မိကြသည်။

ကိုယ်ဖြစ်တည်မှု ကိုအမှန်အတိုင်းမသိပဲ တလွဲမာန ထောင်လွှားကြသည်။

ငါအတော်မြင့်နေပြီ မာန်တက်ကြသည်။

မြင့်ကားမြင့်၏ မမြတ် သည်ကို သတိ မမူ မိ တော့။

ဖိနပ်စင်လို မြင့် ခြင်းမှာ ဘုရားစင်၏မြတ်ခြင်း သည် မတည် ။

စင်နှစ်ခု ယှဥ် လာတိုင်း မပြိုင် အပ်သည် မဟုတ်တုံလော လေ ။

ဘယ်ဘုရားစင်ကမှတော့ ဖိနပ်စင်ကို ဆင်းမပြိုင်။

ဖိနပ်စင် တချို့ကသာ ငါဘုရားစင်ထက် မြင့်နေပြီ အထင်ရောက်တတ်ကြသည် ကောလေ။

Khine Myat Soe
24.3.2024
SUNDAY
12:20pm

13/01/2024

ရှူ မ ဝ နိုင်ပါ မချစ်စု

အခုတလော အကြောင်းတိုက်ဆိုင်စွာ ကျနော့် ငယ်ဘဝ နဲ့ ကျနော့်ရွာ ကိုသတိရသည်။

ငယ်ငယ်က ကျနော်တို့နေခဲ့သည့်အိမ်က အညာ ဓလေ့ ဝါးကပ်မိုးထရံကာ လေးပင်နှစ်ထပ်အိမ် ။

အမေဟာအငယ်ဆုံးသမီးပီပီ အိမ်ထောင်ကျတော့လည်း အမေ့အမေ ကျနော်အမေကြီးတို့နှင့်အတူနေသည်။

အမေကြီးရယ် အမေ့အမအကြီးဆုံး အဒေါ်ကြီးရယ် မမမြင့်ရယ် ကျနော်တို့မိသားစုရယ်။

အိမ်ရဲ့အောက်ထပ်မှာ ခေါင်းရင်းဖက် ကုတင်နှစ်လုံး ရှိပြီး ကုတင်ခြေရင်းမှာတော့ အဒေါ်ကြီး ယက်သည့် ယက်က္ကန်းစင်ရှိသည် ။

အိမ်ရှေ့မှာအဖီ ထပ်ဆွဲချထားပြီး အဲဒီ နေရာဟာ လူအများကြီးဆန့် သည့် ဧည့်ခန်းမကြီး ။ ဘာဆက်တီ ထိုင်ခုံ မှမလိုပဲ အညာသဲ သန့်သန့်ပေါ် ဖင်ထိုင်ချရင်း နေ့လည်နေ့ခင်းတိုင်း အဒေါ်ကြီး အမေ အမ နဲ့ အိမ်လာလည်သည့် လူတွေဟာ သန်းရှာ ရင်း စကားပြောရင်း အိမ်မှာလူ ဆက်မပြတ် ။

သည်ကြားထဲ အမေ့အမ စလေက အဒေါ် နဲ့ အဒေါ်သမီး တွေ ဟာလည်း အမေကြီးဆီ လာလည်ရင်းကန်တော့ရင်း ရံဖန်ရံခါလာတတ်သည်။

ကျနော့်အမေမှာ မွေးချင်းမောင်နှမ ခုနှစ်ယောက်ရှိ သည့်အထဲ စလေက အဒေါိ ကြီးကတော့အမေနှင့် နှစ်ယောက်ခြားအထက်က အမပေမယ့် ရုပ်လည်းတူ ကာ ပိုနီးစပ်ကြသည်။

အဒေါ့် မှာသားသမီး ၈ယောက် ရှိလေရာ ကျနော်တို့ငယ်စဥ်က အဝတ်အစားအတွက် မပူပင်ရ။ အဒေါ့်သမီး ကျနော့်အမဝမ်းကွဲတွေ ဝတ်သည့် စကပ် ဂါဝန် ဘောင်းဘီအင်္ကျီ မတော်တာမှန်သမျှ ကျနော်တို့ညီအမ ဝတ်ကြရသည်။

ကျောင်းတက်စဥ် ၂တန်းအထိ ကျနော် ကို အာကာထွန်းဘောင်းဘီ နှင့် အဆင်ပြေရာအင်္ကျီဝတ်ရသည်။

၃တန်းနှစ်မှာ ကျနော်တို့ ဆရာကြီးက ကလေးကိုအာကာထွန်းဘောင်းဘီ ပေးမဝတ်ရ အမိန့်ထုတ်မှ ကျနော့် ကိုယ်မှာအာကာထွန်းဘောင်းဘီအပေါ်ကထပ်အမတွေစကပ် စကပ်တော့သည်။
အလယ်တန်းတက်ချိန် ကျနော့်သူငယ်ချင်းတွေနှင့်ရန်ဖြစ်တိုင်းကျနော်က စကပ်နှင့် ခေါင်းကိုအုပ် လိမ်ကာ နားရင်းချည်း တီးတတ်သည်။ ထို့ကြောင့်ကျနော့်ကို သူငယ်ချင်းတွေအခုအချိန် လာနှုတ်ဆက်လို့ကျနော်ကမမှတ်မိလျင် နင်စကပ်နဲ့ အုပ်နားရင်းတီးခဲ့တဲ့ကောင်လေဟာ ဟု အစဖော်ပေး တတ်ကြသည်။

ကျနော်ငယ်ငယ်က ကျနော်အိပ်သည့်ပုခက်ကို အဒေါ်ကြီး ရဲ့ ယက္ကန်းစင်ဘေး အိမ်အပေါ်ထပ်က ထုတ်တန်းမှာ ချိတ် အမေ နှင့် အဒေါ်တို့က သန်းရှာရင်းပုခက်လွှဲသိပ် လေ့ရှိသည့်။

ကျနော်အမှတ်တရရှိသည့် အဲဒီနေ့ကတော့ စလေက လာလည်သည့် ကျနော့်အမ မမပြုံးတယောက်ကျနော့်ကို ပုခက်ထဲထည့်သိပ်ရင်း ချော့မြူ လွှဲသိပ်နေခဲ့လေသည်။ သူဆိုသည့်သီချင်းကို ပါကျနော်မှတ်မိနေသေးသည်


ရှူမဝနိုင်ပါ နတ်လအု ။ ရှူမဝနိုင်ပါနတ်လအု ဟုအထပ်ထပ် ဆိုပြရင်း လွှဲသိပ်နေသည်။

အမ သီချင်းကို ဘယ်လောက်စိတ်ပါလက်ပါဆိုရင်းလွှဲနေသည်မသိ ပုခက်က အရှိလွန်ကာ ပုခက်ထဲက ကလေးဟာ ယက္ကန်းစင်ဘေး ပြုတ်ကျနေသည်အထိ အမ မသိသေး။

အမေက သန်းရှာရင်း မြေကြီးပေါ်ပြုတ်ကျနေသည့် ကျနော်ကိုမြင်မှ ဟယ် ငါ့သမီးလေး ငါ့သမီးလေး ရေရွတ်ရင်းပြေး ကောက်လာတော့သည်။

အဲဒီအချိန်က ကျနော်အလွန်ငယ်သေးသည်။သို့သော်ကျနော်မှတ်မိနေခဲ့သည်။

နောက်ကြီးလာလို့ အမေ့ကို စကားစပ်မိရင်း အဲဒီအဖြစ်အပျက်ကို သတိရရင်း အမေ အမဆိုတဲ့သီချင်းက ဘာလဲဟုပြန်မေးစဥ် ၊ အမေက သီချင်းကို ဆိုပြပါတော့သည်။

ရှူမဝနိုင်ပါ မချစ်စု
အို … ချောလှသည် ယဥ်လှသည်
မြင်ရသူ အသဲကြား ပန်းများလို နု
မချစ်စု တဲ့လေ ။ သီးချင်း လွဲချင်လွဲနိုင်ပါသည်။

သို့သော် ကျနော့်ကို ကျနော့်အမ ဟာ ရှူမဝနိုင်သည့်မချစ်စုလေးအဖြစ်ချော့မြူ ချီပိုး ထိန်းကျောင်းလွှဲသိပ်ခဲ့ဖူးသည်၊

ကျနော်တို့ မွေးချင်းဆွေမျိုး တွေဟာ အရွယ်ရောက်လို့ လောကဓံက ရိုက်ခတ်လိုက် ဘဝရေစီးမှာမြောလိုက် ကိုယ့်မိသားစု တကိုယ်စာ ရုန်းကန်လိုက် နေရင်း ကျနော်တို့ကိုချော့မြူချီပိုးထိန်းကျောင်းချစ်ခင်ဖူးသည့် ညီအကိုမောင်နှမ ဆွေမျိုးတို့ကို မေ့ ထားတတ်ကြသည်။

သို့မဟုတ် မေ့ချင်ယောင်ဆောင်ပစ်တတ်ကြသည်။

အရေးကိစ္စမကြုံမချင်း တခါတရံ ရန်သူသဖွယ် တခါတရံ ချစ်သူသဖွယ် တခါတရံပြိုင်ဖက်သဖွယ် စိတ် ဆောင်ရာ ပါရင်း သွေးကွဲတတ်ကြသည် ။

အသက်ရှင်စဥ် သူဘယ်လိုနေသလဲ ငါဘယ်လိုနေသလဲ ဖေးမဖို့ ကူညီဖို့ မေ့နေတတ်ကြသည်။ မမြင်ယောင်ဆောင်နေတတ်ကြသည်။

သေတော့မှ အသဲနာရင်း နောင်တရရင်း စိတ်ဒဏ်ရာ ဖြစ်ရင်း နေမထိထိုင်မသာဖြစ်ကြရသည်။သေသူအတွက်အကူငွေ ဟုနာမည်တပ်ကူတတ်ကြသေးသည်။ရှင်စဥ် ဘယ်လိုကူရမယ်ကိုတော့မေ့ထားတတ်ကြသည်။

တကယ်တော့ သွေးရင်းသားရင်းဆွေမျိုး အရင်းတွေ ကြား ကျနော်သည်လည်း ကျနော့် အကိုများ အမများ၏ရှူမဝနိုင်သည့် မချစ်စုကလေးဖြစ်ခဲ့ဖူးသည်။

ကျနော့်ညီမ ကျနော့်တူမကလေးတွေသည်လည်း ကျနော်၏ ရှူမဝနိုင်သည့် မချစ်စုကလေးတွေ ဖြစ်ခဲ့ ဖူးသည်။

တခါတရံတိုက်ခတ်သည့် လေစိမ်းကြောင့်ဖျားနာဖူးသည်ကို သတိတရ အနာတရ ဖြစ်ဖို့ မမေ့မလျော့ကြပေမယ့် အမြဲတိုက်ခတ်နေသည့်လေနုအေး ကလေးတွေကိုတော့တန်ဖိုးထား ကျေးဇူးတင်ဖို့ မေ့ နေတတ်ကြသလို ပါပဲ။

အရွယ်ရောက်လာလို့ အခန့်မသင့်ပြောမိသည့်စကားစိမ်းစိမ်းတို့ကိုနာကျည်း ဖို့ မမေ့ပေမယ့်
ငယ်စဥ်တလျှောက်ချော့မြူချီပိုးထိန်းကျောင်း ချစ်ခင်ပေးခဲ့သည့်မေတ္တာစိတ်ကလေးတွေကိုတော့ ကျနော်တို့သတိမရကြတော့ ။

ကျနော်ဟာ ကျနော့်အကိုကြီး တွေ ကျနော့်အမကြီးတွေ ရဲ့ ရှူမဝနိုင်သည့်မချစ်စုကလေး ဖြစ်ခဲ့ဖူးကြောင်း သတိတရ ။ ။

Khine Myat Soe
13.1.2024
2:07am

Address

Puchong
47100

Telephone

+601139386410

Website

Alerts

Be the first to know and let us send you an email when Khine Myat -Activities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khine Myat -Activities:

Share