𝙳𝚊𝚒𝚜𝚢'𝚜 𝙱𝙾𝚁𝙰

  • Home
  • Malaysia
  • Shah Alam
  • 𝙳𝚊𝚒𝚜𝚢'𝚜 𝙱𝙾𝚁𝙰

𝙳𝚊𝚒𝚜𝚢'𝚜 𝙱𝙾𝚁𝙰 (ရေးဖူးသမျှ)
KISS💋
The energy of love 💖
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
ပြိုင်မျဉ်းနှစ်ခုကြားကနေကြာ့ပန်း

19/07/2024

ပြန်မလာတာ ကြာလို့ ဇူးဇူး သတိပေးနေပြီး ..လန့်ပါ လန့်တယ်ကွယ်🤭

19/06/2024

မင်မင် စာပြန်ရေးဖို့ မိုတီလေးရအောင် အားပေးစကားပြောသွားကြပါလား...
(ရင်ထဲမပါရင်တောင်မှ 🥰)
ပစ်ထားဝာာလည်း ကြာနေပြီးမို့၊ ခုတလော စိတ်ဓာတ်ကျ ဘာမှမလုပ်ချင် ဖြစ်နေတာ 🥲

The Energy of Love (အချစ်ရဲ့စွမ်းအင်🍀)Episode -17(end)....နိုးလာတဲ့ မနက်ခင်းလေးမှာ မနေ့ညက ချွတ်ထားတဲ့ အင်္ကျီပင် မဝတ်သေး...
27/05/2024

The Energy of Love (အချစ်ရဲ့စွမ်းအင်🍀)

Episode -17(end)
....

နိုးလာတဲ့ မနက်ခင်းလေးမှာ မနေ့ညက ချွတ်ထားတဲ့ အင်္ကျီပင် မဝတ်သေးဘဲ..လှဲနေရာမှာ ဘေးဘီကို လှည့်ပတ်စမ်းနေသည်။ ဘေးနား ပင်း မရှိတာ သိလို့ ချက်ချင်းခေါင်းထောင်ကြည့်လိုက်တယ်။
အတွင်းခံ ကို ယူဝတ်လိုက်ပြီး အခန်းအပြင်ကို အလျင်အမြန်ထွက်ကာ ဟင်းနံ့လေး မွေးနေလို့ ပင်းမနက်စာအတွက် ချက်ပေးနေကြောင်း သိလိုက်ရပြီး စားဖိုဆောင်ဆီ ဝင်လာလိုက်သည်။

ပေါင်လယ်ဖုံးအထိသာရှိတဲ့ ဘောဘီတိုနဲ့ T shirt အမဲကိုဝတ်ဆင်ကာ သူ့ကို နောက်ကျောပေးကာ ချက်ပြုတ်ကြော်လှော်နေသည်။ အနောက်ဘက်ကို လျှောက်သွားပြီး ခါးသေးသေးကိုဖက် ဖုခုံးပေါ် မေးတင်ကာ...

"ကိုယ်ဗိုက်ဆာလိုက်တာ...ဖက်လိုက်ရတော့ အားပြည့်သွားတာပဲ "

"5မိနစ်ပဲ စောင့်ပေးပါ၊ ကို ကြိုက်တဲ့အရွက်စိမ်းကြော် ကြော်ပြီးရင် ရပြီး"

အူယားစွာ ပင်းရဲ့ လည်ပင်းနားကို ဖွဖွလေး နမ်းမွလိုက်တယ်။

"ကို ..မျက်နှာမသစ်ရသေးဘူး မလား ၊ ကျွန်တော့ကို လာနမ်းတယ် "

"ဘာလဲ မရဘူးလား "

"မရဘူး "

"အိုကေလေ ...ကိုယ်ရေချိုးပြီးမှ အသက်ရှူမှားအောင် နမ်းပစ်လိုက်မယ်..သတိထားနေတော့ ပြွစ်"

ပြောပြီး ပါးကိုပါ တစ်ချက်အသံထွက်နမ်းပစ်လိုက်ပြီး အခန်းထဲပြန်ဝင်ကာ ရေချိုးလိုက်တယ်။
အဝတ်အစားလဲပြီးလို့ ပြန်ထွက်လာတော့ ပင်း အကုန်လုံးကို ပြင်ဆင်ပြီးသားဖြစ်နေသည်။

ခုံမှာထိုင်လိုက်ပြီး..

"မနက်စာက အရွက်သုတ်နဲ့ ကြက်ဥပြုတ်ပဲလား "

"ဟုတ်တယ်လေ..ခုတလော ကိုကို ဝိတ်တက်လာတယ်လေ ..ခုကစပြီး ပင်း ကို့အတွက် diet plan ပေးထားမယ်.."

"အဲ့လောက်ထိမလိုသေးဘူးထင်တယ် "

"ကိုကို ဇာတ်ကားပြန်ရိုက်ရမယ်လေ..မင်းသားဆိုတော့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ ခန့်ခန့်ညားညားလေးဖြစ်နေမှ ကြည့်ကောင်းမှာမလား "

"ကိုယ်ရုပ်ဆိုးသွားရင် ပင်းမကြိုက်တော့ဘူးလား "

နစ်ချာရဲ့ အပြောကို ပင်းက သူ့အနားလျှောက်လာပြီး ပါးနှစ်ဖက်ကို ဖြန့်ညစ်လိုက်ပြီး...

"ဒီလောက်ချောမောတဲ့ ကျွန်တော့်ကောင်လေးက ဘယ်လိုလုပ် ရုပ်ဆိုးနိုင်မှာလဲ .ဟင်..ဒါပေမယ့် မင်းသားဆိုတာ အမြဲတမ်းကြည့်ကောင်းနေမှ ရမယ်မဟုတ်လား ..ခု‌တလော ကိစ္စတွေနဲ့ ကိုကို့ရဲ့ Come back ကိုမျှော်နေကြတဲ့ ပရိတ်သတ်တွေရှိနေမှာ..ကိုကိုလက်မလျော့လိုက်ပါနဲ့ "

"ပင်း ပြောတာကိုယ်နားလည်ပါတယ် ၊ ကိုယ်အဖေ နေပြန်ကောင်းလာရင် ကိုယ်ဇာတ်ကားပြန်ရိုက်ဖို့ ကြိုးစားမှာပါ "

"ဒါဆို မေမေကို ပြောပေးထားမယ်လေ..ပင်းဇာတ်ညွှန်းရေးပေးမယ် "

"ဟာဗျာ ...သဘောကျလိုက်တာ "

"အတည်ပြောတာ "

"အင်ပါ..ဒါဆို ဇာတ်ဆောင်ရဲ့ ရည်းစားနေရာမှာ ပင်းကို ထည့်ပေးနော်."

"ဟာ.."

"ပင်းကိုပါထည့်ရိုက်ခိုင်းမှာ ...ကိုယ်မရိုက်ဖူးတဲ့ BL series ကို ပင်းနဲ့ရိုက်မယ်...အပြင်ရော series ထဲမှာရော အသေရိုပစ်အောင် ရေးပေး၊ အပြင်မှာပဲ နမ်းရတာ မဝဘူး "

"အင် ...အင် ပြောရင်းနဲ့ နှာခေါင်းက ပွချင်နေပြီး "

မနက်စာ စားပြီးလို့ ဆိုဖာပေါ်ထိုင်ကာ ....ပင်း ခွဲစိတ်ပေးထား‌တဲ့ အသီးတွေကို ထိုင်စားနေလိုက်တယ်။
ထိုအချိန်ဖုန်းဝင်လို့ ခနဖုန်းပြောပြီး ...ပင်းကို တောင် သတိမပေးအားပြီး ပြေးလေးပြေးထွက်လာခဲ့တယ်။
ဆေးရုံ ကဖုန်း ။ အဖေဦးစေရာ သတိရလာပြီးဆိုလို ...ဝမ်းသာသွားရတယ်။ ဆေးရုံကိုရောက်တော့ အဖေရှိနေတဲ့ အခန်းထဲ ဝင်ပြီး အဖေ့ရဲ့ လက်ကို ဆုတ်ကိုင်ကာ စိတ်အထိန်းနိုင်တော့ဘဲ ငိုချလိုက်တယ်။

"ဖေဖေ "

"သားလေး "

သတိရခါစဖြစ်လို့ အားယူပြီးခေါ်လိုက်ရတဲ့ အဖေ့ရဲ့ အသံလေး။

အဖေ့သတိရလာပြီးဖြစ်လို့ နစ်ချာ့ အနည်းငယ် ရင်အေးလာရတယ်။အဖေက စကား ကောင်းကောင်းပြန်ပြောနိုင်တဲ့ အခြေအနေမရှိသေးလို့ ဆေးရုံမှာ ရက်အတော်ကြာကြာနေရဦးမယ်။

အဖေ့ရဲ့ဘေးမှာ အဖော်အနေနဲ့ နေတိုင်းလာလို့နေပေးသည်။ မိထွေးဖြစ်သူကတော့ ဦးစေရာသတိရလာလို့ မလုံမလဲ မျက်နှာထားနဲ့ နေ့တိုင်း မျက်နှာပြပြီး လာရောက် ပြုစုနေသည်။

တစ်ရက် တိုက်ပြေးသွားတဲ့ ကားသမားကို ရဲတွေက စုံစမ်းဖမ်းမိသွားတယ်။ ရဲ စခန်းတွင် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် တရားခံက ဒီကိစ္စမှာ သူတစ်ဦး တစ်ယောက်သာ ပါဝင်ကြောင့် ဖြေလို့ ပါဝင်ပတ်သတ်သူရီသည်မရှိသည်ကို မသိရဘဲ ထိုတရားခံကိုသာ နှစ်ရှည်ထောင်ချလိုက်သည်။

ဦးစေရာကလည်း ရက်ကနေလနည်းငယ်အကြာမှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာသည်။

အဖေဆေးရုံဆင်းတဲ့ နေ့မှာ နစ်ချာက ပင်းနဲ့အတူ ဆေးရုံသွားသည်။ အဖေက သူတို့ကို ဘာမှမပြောသေး။မသိမသာလေး ကြည်ရှူအကဲခပ်နေသည်။

အိမ်ပြန်ရောက်တော့ အဖေနဲ့ စကားပြောဖြစ်တယ်။
အိမ်ရှေ့အခန်း‌တွင်ပင်းနဲ့အတူ အဖေနဲ့မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင်ထိုင်ကာ ပင်းကို အဖေနဲ့ တရားဝင်မိတ်ဆက်ပေးသည်။ သူ၏ချစ်သူအနေနဲ့။

"မင်းအမေက ဒါရိုက်တာ မီယာတဲ့လား"

"ဟုတ်ကဲ့ ..ဦးလေး ၊ ကျွန်တော့်မေမေပါ "

"အင်လေ .၊ဦးလေးကတော့ ဘာမှထပ်ပြောစရာမရှိတော့ဘူး ၊မင်းတို့ကို သဘောတူတယ် ၊ကျန်တာကတော့ ဒေါ်မီယာနဲ့ပဲ ဆက်ပြောရမယ်ထင်တယ်"

ဦးစေရာရဲ့ အပြောကို သူတို့နှစ်ယောက်လုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
..........

"နစ်ချာ "

"ဗျာ ဒါရိုက်တာ "

"မင်းဆုံးဖြတ်ချက်က တကယ်လား ၊ နောက်ဆို ကတိဖျက်လို့မရဘူးနော် "

"တကယ်ပါ ..ဒါရိုက်တာ "

လအနည်းငယ်အကြာမှာ ..နစ်ချာနဲပင်းတို့ တရားဝင် လင်မယားအဖြစ် လက်မှတ်ထိုးလိုက်ကြသည်။နှစ်ဖက်မိဘ‌အသိတွေနဲ့။

မင်္ဂလာဆောာင်ပေးဖို့အတွက်ကတော့ နောက်သုံးနှစ်အကြာမှာ ပြုလုပ်မည်ဟု နှစ်ဦးစလုံးသဘောတူကြသည်။

လက်မှတ်ထိုးပြီးပြီဆိုတော့ အတူတူ လွတ်လွပ်စွာ နေရသည်။

နစ်ချာက အရင်ကလို ဇာတ်ကားတွေ ပြန်ရိုက်နေပြီး။ ပြန်ရိုက်ခါစက ဝေဖန်သံတွေကြားနေရပေမယ့် ကြာလာတော့ လက်ခံလာကြတယ်။

ပင်းကတော့ အိမ်မှာ အိမ်ရှင်မအနေနဲ့ ရှိနေပေးတယ် ။ ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေး အသေးစားလေးလဲ လုပ်သေးတယ်။ အဲ့ဒါက "Strawberry"လို့ အမည်ရတဲ့ ကိတ်မုန့်ဆိုင်လေး။

ဆိုင်ရဲ့ အသွင်အပြင်ကို စတော်ဘယ်ရီပုံ ပန်ချီများ ရေးဆွဲထားသည်။ ဆိုင်အဝင်ပေါက်မှာ စတော်ဘယ်ရီပုံ ခေါင်းလောင်းလေးများလည်း ချိတ်ဆွဲထားသေးတယ်။ ပါဆယ်ဗူးပုံ၊ ဆိုင်မှာစားတဲ့ ဇွန်း၊ခရင်းများကိုလည်း စတေယ်ဘယ်ရီသီး ပုံများ သွန်းလုပ်ထားသည်။

ထိုင်နေရာ ထိုင်ခုံ၊စာပွဲများကိုလည်း စတော်ဘယ်ရီ စတစ်ကာလေးများ ကပ်ထားသေးတယ်။
ပြောရရင် ဆိုင်ထဲ ဝင်လိုက်တာနဲ့ စတော်ဘယ်ရီအိမ်ကိုရောက်သွားသလို နေရာတိုင်းမှာ စတော်ဘယ်ရီရှိနေသည်။

တံခါးဖွင့်လိုက်တာနဲ့ ခေါင်းလောင်းသံလေးတွေ ကြားလိုက်ရလို့ ဧည့်ကြိုကောင်မလေးက ...

"မင်္ဂလာပါ...စတော်ဘယ်ရီကနေ ကြိုဆိုပါတယ် "

ဧည်သည်များ ပြန်လည်ပြုံးပြလိုက်ကာ ခုံအလွတ်တစ်နေရာတွေ ထိုင်လိုက်ကြတယ် ။

ကောင်တာမှာရှိတဲ့ ဆံပင်ကောက်ကောက်နဲ့ ရုပ်ရည်ချောမောတဲ့ ဆိုင်ရှင်ဖြစ်ဟန်တူတဲ့ ‌ကောင်လေးတစ်ယောက်က ဧည်သည်များကို ပြုံးပြလျက် ...

"ဘယ်လိုများ သုံးဆောင်မလဲ ခင်ဗျ"

"ကျွန်မကို စတော်ဘယ်ရီကိတ်ရယ် ၊သူ့အတွက် Blueberry ကိတ်၊ နောက်ပြီးတော့ ကော်ဖီအေးလေး နှစ်ခွက်ပေးပါ "

"ဟုတ်ကဲ့ခင်ဗျ"

Order စာရွက်ကို ဆိုင်ဝန်ထမ်းကောင်လေးတွေကို ပေးပြီး ကောင်တာကို ပြန်လာခဲ့လိုက်တယ်။

ဧည်ကြိုကောင်မလေးက အနားကို လျှောက်လာပြီး ..

"အစ်ကိုပင်း ."

"ဘာလဲ ဇူးဇူး."

"ဒီနေ့ ကိုကိုနစ်ချာ လာမှာလား ၊မတွေ့ရတာကြာလို့ လွမ်းနေပြီး "

"မသေချာဘူး၊ သူအခုအလုပ်များနေတယ်လေ ၊ဘယ်လိုလာမလဲ ၊ အလုပ်ကိုပဲ သေချာလုပ် လျှောက်မတွေးနဲ့ "

"အကိုပင်းကလည်းနော် ၊ကိုယ့်လူကို ကပ်စေးနည်းလိုက်တာ "

"ဒီကောင်မလေး ဘာတွေလာပြောနေတာလဲ "

"တွေ့လား၊ မျက်နှာကြည့်တာနဲ့ သိပါတယ်နော် "

"ဇူးဇူး၊ ကောင်မလေး ၊ဧည်ကြိုကို ပြန်သွား ၊လူမရှိရင်လည်း အိမ်စာလေး လုပ်နေပါလား ၊ ကျောင်းပိတ်ရက်လေး part time လာဆင်းတာလား၊ ငါ့လူအကြောင်းလာစုံစမ်းတာလား "

"ကိုကိုနစ်ချာက ဇူးဇူးရဲ့ အချစ်ဦးပါနော် ၊"

"ဟုတ်ကဲ့ပါဗျာ ၊ကလေးမရယ် "
...............

"အက်ရှင် 🎬"

ဒါရိုက်တာက "အက်ရှင်"လိုပြောလိုက်တာနဲ့ သရုပ်ဆောင်သူ နှစ်ဦးမှ စတင်ကာ...

"ခင်များ လူတစ်ယောက်လုံးရပ်နေတာ မမြင်ဘူးလား "

"‌ဟို..တောင်းပန်ပါတယ် အကိုရယ် "

"မင်းတော့ပန်တာနဲ့ ပြီးရောလား ၊ဒီမှာကြည့် ကျုပ်အင်္ကျီစွန်းသွားပြီး ၊ချိန်းထားတာ ရှိပါတယ်ဆိုကွာ "

"ကျွန်မမှ မသိတာရှင့်၊ ပြီးတော့ ဒါမတော်တဆ‌ဖြစ်တာပဲ "

"တော်ပြီးကွာ ၊ မင်းနဲ့စကားပြောရတာ အာရုံနောက်တယ် "

ပြောပြီး အမျိုးသမီးအနီးမှ ထွက်ခွာသွားသည် ။

"ကဒ်"

လို့ကြားလိုက်တာနဲ့ သရုပ်ဆောင်နေကြတာကို ရပ်လိုက်ပြီး ရိုက်ထားတာကို ပြန်ကြည့်လိုက်ကြသည်။

"အဆင်ပြေရဲ့လား ဒါရိုက်တာကြီး "

"ပြေပါတယ်ကွာ ၊ မင်းသားရော မင်းသမီးရော အရမ်း‌တော်တယ် ၊ ခဏနားပြီးရင် နောက်တစင်း ရိုက်ကြမယ် "

ဒီနေ့ ကားရိုက်ပြီးလို့ ကားဆီပြန်ထွက်မှာ ...ပရိတ်သတ်များက နစ်ချာကို မြင်ရဖို့ အများအပြားရောက်ရှိလာကြတယ်။

မန်နေဂျာက..

"ဟင် ဘယ်လိုလုပ်မလဲ ၊လူတွေအများကြီး "

"ရပါတယ် ၊ ကျွန်တော်အဆင်ပြေတယ် "

နစ်ချာက ထိုသို့ပြောပြီး မန်နေဂျာနဲ့ အကူကောင်လေးထက်အရင် ပရိတ်သတ်ကြားတိုးဝင်သွားသည်။

"လက်မှတ် ထိုးပေးပါဦး နစ်ချာ "

"အကို့ကို ချစ်လိုက်တာ "

"ဓာတ်ပုံလေး ရိုက်ချင်တယ်"

ပရိတ်သတ်များ တိုးဝေ့နေတဲ့ ကြားက တောက်ပဆုံးအပြုံးကို ပြုံးပြကာ...

"ခနလောက် အသံလေးတိတ်ပေးပါ၊မတိုးဝေ့ကြပါနဲ့ ဒီနေ့တော့ ခင်များလေးတို့ကို အချိန်ပေးမယ် ၊ ဓာတ်ပုံလည်းရိုက်မယ်၊လက်မှတ်လဲ ထိုးပေးမယ်၊ ဟုတ်ပြီးလား "

"ဟုတ်ကဲ့"

ပရိတ်သတ် များက ပြိုင်တူဖြေလိုက်ကြပြီး နစ်ချာမဲ့အတူ အလှည့်ကျ ဓာတ်ပုံရိုကြသည်။

မလှမ်းမကမ်းမှာ ရပ်ကြည့်နေတဲ့ ဒါရိုက်တာက မင်းသမီးကို...

"နစ်ချာ အရင်လိုမဟုတ်တော့ဘူးပဲ ၊ပရိတ်သတ်တွေနဲ့ ဖော်ဖော်ရွေရွေ ရှိလှတယ် "

"ဟုတ်လား ၊အရင်ကဘယ်လိုပုံမျိုးလဲ ၊ဒါရိုက်တာကြီး "

"အရီအပြုံးသိမရှိတဲ့ မျက်နှာထားနဲ့ပေါ့ ၊ ဒါရိုက်တာ တော်တော်များများက သူနဲ့မရိုက်ချင်ကြဘူး၊ သူ့ရဲ့ ပုံစံကို မကြိုက်ကြလို့ "

"ဒါပေမဲ့ သူရိုက်သမျှ ဇာတ်ကားတွေက အောင်မြင်တာများတယ်နော် "

"အင် ..ဒါကလဲ သူ့ရဲ့စန်းပဲပေါ့၊ အခုတော့ တခြားသူတွေနဲ့ စကားတွေ အများကြီးပြောလာတယ် ၊သူရီပြုံးတာလဲ မကြာခဏမြင်လာရတယ်၊ ခုလည်း ကြည့်ပါလား၊အရင်က ပရိတ်သတ်နဲ့ တွေ့ရမှာ‌ ရှောင်နေတဲ့သူက ခုတော့ ပရိတ်သတ်ကြားမှာ အတောက်ပဆုံးပြုံးလို့နေတယ် "

"ဘယ်အရာက သူ့ကို ပြောင်းလဲစေတာလဲ "

"အချစ်ပေါ့၊ လူတိုင်းက အချစ်နဲ့ပတ်သတ်ရင် ပြောင်းလဲတတ်ကြတယ်လေ "

မင်းသမီးက ဒါရိုက်တာ ပြောတဲ့စကားများကိုထောက်ခံတဲ့ အနေနဲ့ ခေါင်းငြိမ့်ကာနေလိုက်တယ်။
.

ပရိတ်သတ်များကို နှုတ်ဆက်ပြီးလို့ ကားပေါ်ပြန်ရောက်မှာ လေပူတစ်ချက်ကို မှုတ်ထုတ်ကာ ..

"အမ ရေပေးပါလား "

မန်နေဂျာက ရေဗူးကို လှမ်းပေးကာ ယူပြီး မော့သောက်လိုက်လေသည်။

တစ်ချက်လေး ပြုံးလိုက်ပြီး ..

"ပရိတ်သတ်တွေနဲ့ တွေရတာ ပျော်စရာတမျိုး ကောင်းသားပဲ ၊အရင်က ဒီလိုမျိုးမခံစားမိဘူး "

🎼🎶အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာ
အချစ်ဆိုသည်မှာ လူသားတိုင်းရဲ့ နှလုံးသားထက် အရှင်သခင် 🎶🎼

အကူကောင်းလေးက ထိုသို့သီချင်းစာသားတွေကို ဆိုပြလိုက်တော့ ..သူအော်ရီလိုက်မိလေသည်။

ဟုတ်တာပေါ့။အချစ်ဆိုတာ ဆန်းကြယ်တဲ့အရာလေ။

"အကိုလေး ဘယ်ကို မောင်းပေးရမလဲ "

"အိမ်ပဲပြန်ချင်တယ် ၊အိမ်ကိုပို့ပေးပါ "

အိမ်ပြန်ရောက်တော့ ရေချိုးအဝတ်အစားလှဲက ပင်းကို ဆိုင်မှာ ကြိုဖို့ သွားဖို့ ပြင်ဆင်လိုက်တယ်။

ည ၇နာရီမှာ ပင်းလည်း ဆိုင်သိမ်းခါနီဖြစ်လို့ ခပ်သွက်သွက် ထွက်လာခဲ့လိုက်တယ်။ ဆိုင်ရောက်ခါနီး ကားပေါ်က လှမ်းကြည့်နေရင် နဲ့. ဆိုင်ထဲရနေ ပင်းကို လှမ်းမြင်နေရတယ်။

အင်္ကျီအနီတင်းနဲ့ ကောင်တာမှာ စာရင်းတွက်နေဟန်ရှိတယ်။ လွန်ခဲ့တဲ့ လကပဲ ဆံပင်ကောက်နေလိုက်တယ်။ ဒါက ခေတ်စားနေတဲ့ ဆံပင်ပုံစံဆိုပြီး ပြောလို့ ဆံပင်‌သွားကောက်လိုက်တာတဲ့။

ဆံပင်ကလည်း သူ့ရဲ့ cutie ပုံစံလေးနဲ့ အတော်လေး လိုက်ဖက်တယ် ။

ပြီးတော့ ပြောသေးတယ် ။ပင်းဒီလိုပြင်ဆင်နေတာက ကိုကို့အတွက်တဲ့လေ။ ကိုယ့်မှာ ဆူချင်တာတောင် ဆူခွင့်မရလိုက်ဘူး။

ကားပေါ်က ဆင်းပြီး ဝယ်လာတဲ့ အစားအသောက်များကို ယူကာ ဆိုင်ထဲ ဝင်လာလိုက်တယ်။

ဆိုင်ဝန်ထမ်းလေးတွေကတော့ ဆိုင်သိမ်းဖို့အတွက် ဆိုင်သန့်‌ရှင်းရေးတွေ လုပ်နေကြသည်။

"ဆိုင်ပိတ်ပါ....အားးးးးးးးးးးးး"

ဇူးဇူးရဲ့ အော်သံကြောင့် စာရင်းတွက်နေတဲ့ ပင်း တောင် လန့်ပြန့်သွားရတယ်။

"နစ်ချာ ...ကိုကိုလာတယ် ပျော်လိုက်တာ "

"ဟဲ့ မိဇူးမ ၊ငါဖြင့်လန့်သွားတာပဲ "

ပင်းက နစ်ချာကို ကြည့်ပြီး ...

"လာကြိုစရာမလိုဘူးလို့ ပင်းပင်းပြောထားတယ်လေ "

"ကိုယ်လာကြိုချင်တယ်လေ "

ဒါကို ဇူးဇူးက အမြင်ကပ်ဟန်နဲ့..

"အကိုပင်း မသိရင်ခက်မယ်နော်...သဝန်တိုနေတာလား ၊ ကိုကိုနစ်ချာနဲ့ ယူတောင် ယူပြီးနေပြီး ဘာကို သဝန်တိုနေတာလဲ "

"ဒီကလေးမ "

"ဟုတ်ကဲ့ပါ မပြောတော့ပါဘူး၊ ကိုယ့်အကိုအကြောင်း အသိဆုံးပါ "

အကုန်လုံးရီမောလိုက်ကြသည်။

"ဒီမှာ စားစရာလေးတွေ ဝယ်လာတယ် ၊ဆိုင်အလုပ်လေးပြီးရင် စားကြပေါ့ "

"ဟုတ်ကဲ့ ကျေးဇူးပါ "

ဆိုင်ဝန်ထမ်းကောင်လေးနှစ်ယောက်က ပြိုင်တူဖြေလိုကြတယ်။ ဆိုင်ပိတ်လို့ ...ဇူးဇူးကို အိမ်ကိုအရင်ပြန်ပို့ပြီး မှ သူတို့ပြန်လာခဲ့ကြတယ်။

"ပင်းကို မလာကြိုခိုင်းတာက ကိုကို ပင်ပန်းတယ်လေ ၊ရှုတင်လဲ သွားရ၊ ပွဲလဲတက်ရနဲ့ "

"ကိုယ်မပင်ပန်းပါဘူး ၊ဒါတွေက ကိုယ်လုပ်နေကျအလုပ်ပဲ‌ ကျင့်သားရနေပါပြီး "

"အင်ပါ "

"ဦးလေးဆီသွားတာရော အဆင်ပြေလား "

"အဖေက အမွှေကိစ္စ စကားပြောတာပါ ၊အရင်ကလည်း ကိုယ့်ကိုပေးဖို့ ရည်ရွယ်ထားဝာာပဲ "

"အဒေါ်နွယ်ကရော ဘယ်လိုနေလဲ "

"သူဘယ်လိုလုပ်မှာလဲ ..အဖေက နစ်နာကြေးပေးပြီး ကွာရှင်းလိုက်တယ်လေ ၊အဖေက မတော်တဆ ကိစ္စမှာ သူက အဓိကတရားခံဆိုတာ သိတယ် ၊ပြဿနာပိုမကြီးချင်တဲ့အဖေကတော့ ကွာရှင်းခွင့်ပဲတောင်းလိုက်တယ် "

"ကြောက်ဖို့ကောင်းတဲ့ မိန်းမပဲနော်"

"အဖေ့ကို ဘာရည်ရွယ်ချက်နဲ့ ချဉ်းကပ်ခဲ့လည်း သိသာနေတာပဲ ၊အဖေက ခုဆို နောင်တရနေပါပြီး"

"အဲ့လိုမိန်းမနဲ့ ကွာရှင်းလိုက်တာ ၊ဦးလေး အတွက် ဝမ်းသာတယ် "

"ဟုတ်ပါပြီး ၊ဒါတွေထားလိုက်တော့ ကိုယ်တို့အကြောင်းပဲပြောကြမယ် "

ကားလေးကို မီးရောင်စုံများနဲ့ လှပ‌တဲ့ နေရာဆီကို ပင်းကိုခေါ်သွားတယ်။ လှပတဲ့နေရာ‌‌ဖြစ်လို့ လာရောက်သူများက များပြားလှတယ်။ လူပါးတဲ့ နေရာတစ်ခုကိုရွေးချယ်ပြီး ပင်းနဲ့အတူ တခြားချစ်သူရည်းစားများကဲ့သို့ အတူထိုင်စကားပြောကြတယ်။နစ်ချာရင်ခွင်ထဲ ခေါင်းတိုး‌ဝင်ကာ...

"ကိုကို့ကို ချစ်တယ် "

နှစ်ယောက်တည်း ရှိနေတဲ့အချိန် ဒီလိုစကားမျိုးပြောရတာ အရသာတွေ့လှတယ်။

"ကိုယ်လည်း မင်းကို ချစ်တယ် "

ဒီလိုပြန်ဖြေရတာလည်း ကျေနပ်လှတယ်။

တစ်‌ယောက်လက်တစ်ယောက် လက်တွဲထားကြတဲ့ အတွဲတွေကို လိုက်ကြည့်ရင်ကနေ သူတို့လဲ တခြားအတွဲများကဲ့သို့ပင် ချိန်းတွေ့ကြသည်ကို အလိုလိုနေရင်း ပြုံးမိလိုက်ကြတယ်။ ‌



တော်တော်ကြာသွားတယ်နော် 🥴

Update တွေ မပေးတာကြာလို့ သတိရလို့ ပြန်ကြည့်မိသောအခါ::::::
25/05/2024

Update တွေ မပေးတာကြာလို့ သတိရလို့ ပြန်ကြည့်မိသောအခါ::::::

1to 16ကိုတော့ တစ်ချို့တွေဖတ်ပြီး‌ မေ့နေကြလောက်ပြီးထင်။ မင်မင်လည်း ep17 upဖို့ မေ့နေတာmassager မှာလည်း လာတောင်ဆိုကြတယ် ။ ...
25/05/2024

1to 16ကိုတော့ တစ်ချို့တွေဖတ်ပြီး‌ မေ့နေကြလောက်ပြီးထင်။ မင်မင်လည်း ep17 upဖို့ မေ့နေတာmassager မှာလည်း လာတောင်ဆိုကြတယ် ။ ဒီအက်မင် ကို ခွင့်လွတ်ကြပါလို့ ။ update ပေးမယ်။

10/05/2024

မင်မင်က Topပဲနော်....
သီပေါမင်းလက်ထပ်ကနေ 2024 အထိလှမ်းကြည့်ရင်တောင် Topပဲ...
အောက်လုံးဝမဆင်းဘူး 🌚

10/05/2024

ဒီpage admin ကို ဝင်ဆဲသွားကြပါ ။အချိုးမပြေလို့ 😏

10/05/2024

Wattpad version မမြင့်ရသေးခင်ကတော့ Topပေါ့...

Version မြင့်ပြီးသွားရော ပန်လေးပွင့်ရော..
Bottom ဖြစ်ပြီးပေါ့ 🥲

ဘယ်တော့မှ အောက်မဆင်းကြသူများ🌚✨ ‎
09/05/2024

ဘယ်တော့မှ အောက်မဆင်းကြသူများ🌚✨
‎

08/05/2024

Fic ဘယ်သူမျှော်နေလဲ..
ပျောက်သွားတာကြာပြီးဆိုတော့??

အာလူးလေးက အပေါ်ရုပ်လေးဆိုပေမယ့် 🤭
02/05/2024

အာလူးလေးက အပေါ်ရုပ်လေးဆိုပေမယ့် 🤭

Address

Shah Alam

Alerts

Be the first to know and let us send you an email when 𝙳𝚊𝚒𝚜𝚢'𝚜 𝙱𝙾𝚁𝙰 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share