Ja Ko Chi Lisu

Ja Ko Chi Lisu သင်ယူနေခြင်း မရပ်တန့်သရွှေ့ သင်ဟာအောင်မြင်သူပါ

နိုင်ဂျီးရီးယားနိုင်ငံဖွား ကလေးအထူးကု ခွဲစိတ်ဆရာဝန်တစ်ဦးဟာ အမေရိကန်နိုင်ငံ ကလေးအထူးကု Center တစ်ခုမှာမယုံနိုင်စရာကောင်း...
11/08/2026

နိုင်ဂျီးရီးယားနိုင်ငံဖွား ကလေးအထူးကု ခွဲစိတ်ဆရာဝန်တစ်ဦးဟာ အမေရိကန်နိုင်ငံ ကလေးအထူးကု Center တစ်ခုမှာမယုံနိုင်စရာကောင်းတဲ့ ခွဲစိတ်မှုတစ်ခုကြောင့်နာမည်ကြီးလာပါတယ်။
အဲ့တာကတော့ ၂၃ပတ်ပဲရှိသေးတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ဝမ်းဗိုက်ထဲက ကလေးလေးလိုင်လီလို့ နာမည်ပေးထားတဲ့ လူမမယ်လေးမှာ လူ့လောကထဲကိုတောင်မရောက်သေးပဲ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အကျိတ်တစ်မျိုးကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
အကျိတ်ကြီးလာတာနဲ့အမျှ ကလေးမှာ အသက်အန္တရာယ်ရှိလာနိုင်တာကြောင့် ဆရာဝန်တွေဟာ ခက်ခဲတဲ့ခွဲစိတ်မူ့တစ်ခုကိုပြုလုပ်ဖို့ ဆုံးဖြတ်ချက်တွေကိုချခဲ့ရပါတယ်။
ခွဲစိတ်မူ့စတင်တာနဲ့ မိခင်ရဲ့ သားအိမ်ကို ခွဲစိတ်ဖွင့်ပြီး ကလေးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သားအိမ်အပြင်ဘက်သို့ ဂရုတစိုက် ထုတ်ယူခဲ့ကြပါတယ်။
ဒါပေမယ့် ကလေးရဲ့ခန္တာကိုယ်တစ်ခုလုံးကိုအပြင်ကို ထုတ်ယူလိုက်တာမျိုးတော့မဟုတ်ပါဘူး..
ဗိုက်ထဲကကလေးလေး လိုင်လီကတော့ အချင်းနဲ့ ဆက်လက်ချိတ်ဆက်နေခဲ့ပြီး အောက်ဆီဂျင်နဲ့ အာဟာရတွေကို ဆက်လက်ရရှိနေခဲ့ပါတယ်။
ခွဲစိတ်မှုဟာ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး ခွဲစိတ်နေစဉ်အတွင်း လိုင်လီရဲ့ သေးငယ်တဲ့ နှလုံးခုန်နှုန်းဟာ ပြတ်တောက်သွားမတက်နှေးကွေးသွားခဲ့ပေမယ့် ဆေးအဖွဲ့က အချိန်မီ တည်ငြိမ်အောင် ပြန်လည်ထိန်းပေးနိုင်ခဲ့ပါတယ်။
အံ့ဩစရာအကောင်းဆုံး အချိန်က ဆရာဝန်တွေဟာ အကျိတ်ကို ဖယ်ရှားပြီးတဲ့နောက်မှာ လိုင်လီလေးကိုမိခင်ရဲ့ သားအိမ်အတွင်း ပြန်လည်ထားရှိခဲ့တာဖြစ်ပြီး သားအိမ်ကိုလည်း သေချာစွာ ပြန်ပိတ်ပေးပြီး ကိုယ်ဝန်ကို ဆက်လက်တည်တံ့စေခဲ့ပါတယ်။
နောက်ထပ် ၁၂ ပတ် ကြာပြီးတဲ့နောက်မှာတော့ လိုင်လီလေးကို ကိုယ်ဝန် ၃၆ ပတ်မှာ ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့ပါတယ်။
ဒါကြောင့် လိုင်လီလေးရဲ့ ဇာတ်လမ်းကို လူတော်တော်များများက ဘဝတစ်ခုကိုနှစ်ကြိမ်မွေးဖွားခဲ့တဲ့ ကလေးလေး လို့ တင်စားခေါ်ဆိုနေကြတာဖြစ်ပြီး ပထမအကြိမ်က ခွဲစိတ်မှုအတွင်း သားအိမ်ထဲကနေ အပြင်ခဏထုတ်ယူခံရချိန်ဖြစ်ခဲ့ပြီး၊ ဒုတိယအကြိမ်ကတော့ မွေးဖွားပြီး ကမ္ဘာကြီးထဲကို အမှန်တကယ် ရောက်ရှိလာချိန်ပဲဖြစ်ပါတယ်။
ဒီခွဲစိတ်မှုကြောင့်ပဲ နိုင်ဂျီးရီးယားနွယ်ဖွားကလေးအထူးကုဆရာဝန်ရဲ့ ကျွမ်းကျင်မူ့နဲ့ တိကျပြတ်သားမူ့စတဲ့ ဂုဏ်သတင်းကနာမည်ကြီးလာတာပဲဖြစ်ပါတယ်..


လွှတ်တော်အဆောက်အအုံ — ဩဂုတ်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်ကျွန်ုပ်သည် ဘန်ကောက်မြို့ကိုယ်စားပြု ပြည်သူ့ပါတီ (People’s Party) မှ အမျိ...
08/08/2026

လွှတ်တော်အဆောက်အအုံ — ဩဂုတ်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်
ကျွန်ုပ်သည် ဘန်ကောက်မြို့ကိုယ်စားပြု ပြည်သူ့ပါတီ (People’s Party) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Assoc. Prof. Dr. Anuson Thamchai ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပင်လုံစာချုပ်၏ အခြေခံမူများကို အခြေခံ၍ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးစနစ်ကို တည်ဆောက်နိုင်ရန် နှင့် မြန်မာနိုင်ငံ၏ နယ်စပ်ရေးရာပြဿနာများကြောင့် ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူများအပေါ် သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ မင်းအောင်လှိုင် ထံသို့ ဤအဆိုပြုစာကို ရေးသားတင်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအဖြစ် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော မင်းအောင်လှိုင်အား ထိုင်းပြည်သူများကို ကိုယ်စားပြု၍ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်ပြီး ရေရှည်တည်တံ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးစနစ် တည်ဆောက်နိုင်ရန် ဆွေးနွေးညှိနှိုင်းရေးနှင့် အပြန်အလှန်တိုင်ပင်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို စတင်ဖော်ဆောင်ရန် အဆိုပြုလိုပါသည်။
ထိုလုပ်ငန်းစဉ်တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား သဘောတူညီခဲ့သည့် ပင်လုံစာချုပ်၏ အခြေခံမူများ ကို အလေးထားလိုက်နာသင့်ပါသည်။ ထိုသဘောတူညီချက်သည် တိုင်းရင်းသားလူမျိုးများအကြား ပူးပေါင်းဆောင်ရွက်၍ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် အရေးကြီးသော နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ဖြစ်ပါသည်။
ထို့အပြင် ရွေးကောက်ခံအစိုးရလက်ထက်တွင် ဖော်ဆောင်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အခြေခံမူများကိုလည်း ဆက်လက်အလေးထားသင့်သည်ဟု ယုံကြည်ပါသည်။ ရည်ရွယ်ချက်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ် တည်ဆောက်ရန် ဖြစ်ပါသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြင်းထန်စွာ ထိခိုက်ရပ်တန့်ခဲ့ပြီး မြန်မာနိုင်ငံသည် ယခင်ထက် ပိုမိုပြင်းထန်သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်နေရပါသည်။
ထို့အပြင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်နေသော ပြဿနာများနှင့် ၎င်းတို့၏ သက်ရောက်မှုများကိုလည်း အလေးအနက်ထား ဖြေရှင်းပေးရန် တိုက်တွန်းလိုပါသည်။ ထိုပြဿနာများကြောင့် ထိုင်းနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် တိုင်းရင်းသားလူမျိုးများအပေါ် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် တိကျသော အချိန်ဇယားနှင့် ရှင်းလင်းသော ဖြေရှင်းရေးအစီအစဉ်များ ချမှတ်သင့်ပါသည်။
အထူးသဖြင့်—
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊
အွန်လိုင်းလိမ်လည်မှုနှင့် Scam လုပ်ငန်းများ၊
လူကုန်ကူးမှု၊
နယ်စပ်ဒေသ လက်နက်ကိုင်ပဋိပက္ခများ၊
ရေထုညစ်ညမ်းမှုနှင့် အဆိပ်အတောက်များ နယ်စပ်ဖြတ်ကျော် စီးဆင်းမှု၊
လေထုညစ်ညမ်းမှုနှင့် အခြားနယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ
ကို အချိန်ကာလသတ်မှတ်ချက်များနှင့်အတူ ထိရောက်စွာ ဖြေရှင်းသင့်ပါသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက် ကို အခြေခံ၍ စစ်မှန်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်မည်ဆိုပါက မြန်မာနှင့် ထိုင်းပြည်သူများအတွက်သာမက ဒေသတွင်းရှိ ပြည်သူများအားလုံးအတွက် အကျိုးရှိမည့် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ပါသည်။
ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့သည် မြန်မာနှင့် ထိုင်းပြည်သူများ၏ ဘုံမျှော်လင့်ချက် ဖြစ်ပါသည်။

Assoc. Prof. Dr. Anuson Thamchai ရဲ့ post ကို မြန်မာလိုဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။


https://www.facebook.com/share/1MgwgUowLa/




ဘဝမှာ ကိုယ်လိုချင်တာအားလုံးမရနိုင်ဘူးစွန့်လွှတ်ရမှာတွေရှိတယ်ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမယ်ကိုယ်ဘာကို စွန့်လွှတ်မလဲကိုယ်တန်ဖို...
05/08/2026

ဘဝမှာ ကိုယ်လိုချင်တာ
အားလုံးမရနိုင်ဘူး
စွန့်လွှတ်ရမှာတွေရှိတယ်
ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမယ်
ကိုယ်ဘာကို စွန့်လွှတ်မလဲ
ကိုယ်တန်ဖိုးအထားဆုံးဟာဘာလဲ?
- အောင်ဆန်းစုကြည် -

#အောင်ဆန်းစုကြည် #စာပေ #စာတို #တိုးတက်


#

03/08/2026

SAO JI ( Chiang Mai 2026)
မှာ Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့ ထိုင်း လီဆူမလေးကို ဂုဏ်ယူပါတယ်။
Congratulations on
your achievement BY TIRZA ..
သင့်ရဲ့ကြိုးစားမှုအပေါ် ဘုရားသခင်သာ၍ချီးမြောက်ပေးပါစေ။

03/08/2026

to #အောင်ကိုကို

😱😱😱😱လာရောက်စွန့်ပစ်ထားသည့် ကလေးငယ် (၂) ဦးအား မြောက်ဒဂုံမြို့နယ် ကြက်ခြေနီရုံးတွင် စောင့်ရှောက်ထားရှိရက်စွဲ - ၂၀၂၆ ခုနှစ်...
03/08/2026

😱😱😱😱
လာရောက်စွန့်ပစ်ထားသည့် ကလေးငယ် (၂) ဦးအား မြောက်ဒဂုံမြို့နယ် ကြက်ခြေနီရုံးတွင် စောင့်ရှောက်ထားရှိ
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်
ဖြစ်စဉ်က
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ရာဇာဓိရာဇ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကြက်ခြေနီရုံးအနီး၌ အသက် (၂) လခန့်ရှိ အမွှာဟု ယူဆရသော ကလေးငယ် နှစ်ဦး (ကျား ၁ ဦး၊ မ ၁ ဦး) လာရောက်စွန့်ပစ်ခံထားရသည်ကို တွေ့ရှိခဲ့ရပါသည်။
🏥 လက်ရှိဆောင်ရွက်ထားရှိမှု
ကလေးငယ် (၂) ဦး၏ ကျန်းမာရေးအခြေအနေများကို မြောက်ဒဂုံမြို့နယ် ကြက်ခြေနီအဖွဲ့မှ စနစ်တကျ စစ်ဆေးပေးထားပါသည်။
လက်ရှိတွင် ကလေးငယ်များ အဆင်ပြေစေရေးအတွက် ကြက်ခြေနီရုံး၌ပင် မေတ္တာဖြင့် ဂရုတစိုက် စောင့်ရှောက်ကြည့်ရှုပေးထားပါသည်။
ဆက်သွယ်ရန်
ကလေးငယ်များ၏ မိဘ၊ ဆွေမျိုးများနှင့် ပတ်သက်သူများအနေဖြင့် မြောက်ဒဂုံမြို့နယ် ကြက်ခြေနီရုံး သို့ အမြန်ဆုံး လာရောက်ဆက်သွယ် စုံစမ်းနိုင်ပါသည်။
#မြောက်ဒဂုံ #ကြက်ခြေနီ #ကလေးစွန့်ပစ်မှု #အကူအညီတောင်းခံခြင်း

ကြက်ဥ တွေက လူကိုမခွဲခြားဘူး။ကြက်ဥစျေးက လူကိုကွဲပြား စေတယ်။ဝယ်နိုင်သူတွေက ဘာမှမဖြစ်ပေမယ့်မဝယ်နိုင်သူတွေမှာ ရင်တဆို့ဆို့နဲ...
02/08/2026

ကြက်ဥ တွေက လူကိုမခွဲခြားဘူး။
ကြက်ဥစျေးက လူကိုကွဲပြား စေတယ်။
ဝယ်နိုင်သူတွေက ဘာမှမဖြစ်ပေမယ့်
မဝယ်နိုင်သူတွေမှာ ရင်တဆို့ဆို့နဲ့ပါ။
မြန်မာပြည်ရယ်🥺🥺🥺

02/08/2026

ပြည်သူတွေပါ ရောင်းစားခံလိုက်သလိုပါပဲကွယ်🥺🥺🥺

ဖြစ်လိုက်ရင် အမျိုးမျိုးပဲပြင်ဦးလွင် ဂုတ်ထိပ်သွားတဲ့ရထားလမ်း  ဘီးချော်မှု ဖြစ်ပွားသတဲ့ကွယ်  #𝗢𝗠𝗚    #ပြင်ဦးလွင်
02/08/2026

ဖြစ်လိုက်ရင် အမျိုးမျိုးပဲ
ပြင်ဦးလွင် ဂုတ်ထိပ်သွားတဲ့ရထားလမ်း ဘီးချော်မှု ဖြစ်ပွားသတဲ့ကွယ်
#𝗢𝗠𝗚 #ပြင်ဦးလွင်

Address

USJ 2/5l
Subang Jaya
47600

Alerts

Be the first to know and let us send you an email when Ja Ko Chi Lisu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ja Ko Chi Lisu:

Shortcuts

Share