Wesley Myanmar Christian Fellowship

Wesley Myanmar Christian Fellowship လူအပေါင်းတို့ သည်ကယ်တင်ခြင်းသို့ ?

14/09/2025

14.9.25(Sunday worship service)
Sermon: :Ps.Cli Say
(ကောင်းချီးကိုခံထိုက်သောသူ)
Scripture text: :ထွက်မြောက်ရာ ၂၀း၂၄

14/09/2025

ချီးမွမ်းခြင်းခံထိုက်သောယေရှု

14/09/2025

လင်းစေပါ။😍😍

14/09/2025

အံ့ဖွယ်မေတ္တာတော်ကျူး။

07/09/2025

မြည်းစမ်းကြည့်ပါလား
KLBC-MMCC group song

07/09/2025

အကောင်းမြတ်ဆုံးယေရှု

07/09/2025

ကျေးဇူးတော်မှတစ်ပါး

07/09/2025

ယေရှုအသွေးတော်

25/08/2025

အသင်းတော်
💙 အသင်းတော်ဆိုတာ ဘုရားသခင်ပိုင်သောအရာဖြစ်ပါတယ်။ ဥပမာ၊ ဧဖက်အသင်းတော်ကို ပေါလုက ဦးဆောင်လို့ “ပေါလုအသင်းတော်” လို့ ခေါ်ရင် ပေါလုပိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါက ပေါလုက သင်းအုပ်ဆရာအဖြစ် ဦးဆောင်နေလို့ အလွယ်ခေါ်လိုက်တဲ့ သဘောပါ။ ဒါကို တစ်ချို့က လုံးဝမကြိုက်ကြဘူး။ တကယ်တော့ ဒီလိုစိတ်ထားဟာ မနာလိုစိတ်ကြောင့်ဖြစ်တတ်ပြီး သမ္မာကျမ်းစာကို နားမလည်လို့ပါ။ ဒါကို မကြိုက်စရာ အကြောင်းလည်း မရှိပါဘူး။ ရိုးရှင်းပါတယ်။

🤎 “ဒီအသင်းတော်၊ ငါတည်ထောင်ထားတာ” လို့ ဝါကြွားပြောတဲ့ အမှုတော်ဆောင်ဆိုရင် သတိထားသင့်ပါတယ်။ ဘုရားသခင်က သူ့အသင်းတော်ကို သင့်အားဖြင့်ဖြစ်စေ၊ ကျွန်ုပ်အားဖြင့်ဖြစ်စေ စတင်တည်ထောင်တာဖြစ်ပေမယ့်၊ သင်မပါရင်လည်း တစ်ခြားသူကို သုံးပြီး လုပ်ဆောင်မှာပါ။ ဒါကြောင့် “ငါတို့တည်ထောင်တယ်” လို့ ဂုဏ်ယူစရာ အကြောင်းမရှိပါဘူး။ အသင်းတော်ဆိုတာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခခံသူတွေ စုဝေးပြီး၊ ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ရင်း၊ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်ကာ၊ မုန့်ဖဲ့ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ဆုတောင်းခြင်းတွေနဲ့ စတင်တာဖြစ်ပါတယ်။ ဒါဟာ လူမျိုးရေး ဒါမှမဟုတ် လူမှုရေးအရ မဟုတ်ဘူးဆိုတာ သတိပြုပါ။

🤎 အသင်းတော်ဆိုတာ ခရစ်တော်နဲ့သာစပ်ဆိုင်ပြီး၊ လူမျိုးရေးနဲ့ မဆိုင်ပါဘူး။ ဒီလူမျိုးများတယ်၊ ဟိုလူမျိုးနည်းတယ်ဆိုပြီး ဦးဆောင်မှုကို ပြုရတာမဟုတ်ဘူး။ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်နဲ့သာ ဦးဆောင်ရမှာပါ। အဖွဲ့အစည်းတစ်ခုရဲ့ ယူဆချက်တွေနဲ့ မဟုတ်ဘဲ၊ သမ္မာတရားပေါ်မှာ အခြေခံရမှာဖြစ်ပါတယ်။ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ တော်ခြင်း၊ မတော်ခြင်းတွေက အသင်းတော်မှာ နေရာပေးတဲ့ စံနှုန်းမဟုတ်ပါဘူး။ ဘုရားသခင်က ဝိညာဉ်ဆုကျေးဇူးနဲ့ အစေခံတဲ့ နှလုံးသားပေါ်မှာ နေရာပေးတာဖြစ်ပါတယ်။

🤎 အသင်းတော်ကို ခရစ်တော်ပေါ်မှာ တည်ဆောက်ရမှာဖြစ်ပြီး၊ လူမျိုးရေး၊ ဒါမှမဟုတ် လူဖန်တီးထားတဲ့ အိုင်ဒီယာတွေနဲ့ မဟုတ်ပါဘူး။ သင်းအုပ်ဆရာတွေ၊ အမှုတော်ဆောင်တွေဟာ နာမည်ကြီးဖို့ မဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားဖို့ အမှုထမ်းရမှာပါ။ သင်းအုပ်ဆရာတစ်ယောက်ဟာ တရားဟောပလ္လင်ပေါ်မှာ တရားဟောတယ်၊ ဆုတောင်းပေးတယ်၊ ကောင်းကြီးပေးတယ်။ ဒါပေမယ့် စင်ပေါ်ကဆင်းလာရင် အစေခံကျွန်လို နှိမ့်ချစွာ အမှုထမ်းရမှာပါ။ ဒါဟာ ဘုရားသခင်မြင်ဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုပဲ ယုံကြည်သူတွေက ဘုရားလူတွေကို သိမှတ်ဂုဏ်ပြုတတ်ဖို့လည်းလိုပါတယ်။

🤎 ဒီနေ့ခေတ်ကာလမှာ အသင်းတော်နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေမှာလည်း သတိထားစရာရှိပါတယ်။ ဥပမာ၊ “ဆရာ” လို့ခေါ်တဲ့အခါ ဘယ်ဆရာကို ဆိုလိုတာလဲ—ဆေးဆရာလား၊ ကျောင်းဆရာလား၊ ဒါမှမဟုတ် သင်းအုပ်ဆရာလား။ မြန်မာလိုဆိုရင်တော့ သင်းအုပ်ဆရာကို ခေါ်တဲ့အခါ “Pastor” လို့ သုံးတာက ပိုမိမိုက်ပြီး လေးစားမှုကိုလည်း ထင်ဟပ်စေပါတယ်။ ဒါက သိပ်မထူးခြားပေမယ့် သတိထားသင့်တဲ့ အချက်လေးပါ။

🤎 အသင်းတော်ဟာ လူမှုရေးဦးစားပေးမှုတွေ များလာရင် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားမှု ပျောက်ကွယ်သွားနိုင်ပါတယ်။ လူမျိုးရေးနဲ့ အခြေခံလာရင်လည်း ဘုရားရဲ့ ဘုန်းတော်ပျောက်မှာပါ။ ခရစ်တော်က “ကျောက်ပေါ်မှာ ငါတည်ဆောက်မယ်” လို့ မိန့်တော်မူခဲ့တဲ့ အသင်းတော်ဖြစ်မှသာ၊ သခင်ဘုရားပြန်လာတဲ့အခါ သစ္စာရှိတဲ့သူတွေအဖြစ် တွေ့ရမှာဖြစ်ပါတယ်။

🤎 ဒါကြောင့် အသင်းတော်ကို ဦးဆောင်နေသူတွေအနေနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားဖို့သာ ဦးတည်ပါ။ အသင်းတော်မှာ သင်းဝင်ဖြစ်နေသူတွေအနေနဲ့လည်း သစ္စာရှိစွာ ပါဝင်ကြပါ။ အသင်းတော်ကို လူပိုင်တယ်လို့ ထင်ပြီး မနာလိုဖြစ်တာမျိုး ရှောင်ပါ။ “ငါတို့စတင်တည်ထောင်ခဲ့တာ” လို့ ဝါကြွားမှောက်လှန်ဖို့ မဟုတ်ဘူးဆိုတာ သတိပြုကြပါ။ အသင်းတော်ရဲ့ ဦးခေါင်းဟာ ခရစ်တော်သာဖြစ်ပြီး၊ ယုံကြည်သူတွေဟာ အစိတ်အပိုင်းတွေအဖြစ် တာဝန်အသီးသီးနဲ့ အသက်ရှင်ကြရမှာပါ။ ဒါဟာ ဘုရားသခင်ရဲ့ ဘုန်းတော်အတွက်သာ ဖြစ်ပါတယ်။
Crd;Pastor Mana Chai

Address

358 Jalan Tengkera
Taman Pulau Melaka
75200

Alerts

Be the first to know and let us send you an email when Wesley Myanmar Christian Fellowship posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wesley Myanmar Christian Fellowship:

Share