Soe Mrin Twan

Soe Mrin Twan My Sharing

18/05/2025

Snowdem Document
NASA & CIA က FB,GOOGLE, APPLE တို့လိုမျိုး လူသုံးများတဲ့ web ကနေ သင်တို့ရဲ့ အချက်အလက်ကို ခိုးယူးနေကြောင်း၊Video call record ၊ Audio record ၊တွေယူနေကြောင်း ဖော်ထုတ်ခဲ့တဲ့
ကမ္ဘာ့ကွန်ပျူတာအတော်ဆုံး များထဲက လူငယ်တစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေး။ဖြစ်ရပ်မှန်။ Laptops တွေ၊ဖုန်းတွေမှာ power off လုပ်ထားရင်လေး Camera တွေကို hack ပီးဝင်ကြည့်လို့ရနေကြောင်း၊NASA &CIA တို့က လူတွေရဲ့ personal phone, Gmail, laptops တွေကို ဝင်ကြည့်နေတာဟာ လူ့အခွင့်ရေးကိုတိုက်ရိုက်ချိုးဖောက်နေတာလို့စွပ်စွဲခဲ့သူ၊၊

This video and song are not my own things.

The Day Of Jackal film ==============IMDB/ 8.1/10(2024) Season 1= (ep1 to 10)Actor = Eddie Redmayne (London, Academy Awa...
20/04/2025

The Day Of Jackal film
==============
IMDB/ 8.1/10(2024)
Season 1= (ep1 to 10)
Actor = Eddie Redmayne (London, Academy Award for best actor)
Actress= Ursula Corbero (Spanish actress)
Thriller film
The day of Jackal ရုပ်ရှင်ဇာတ်လမ်တွဲဟာ 2025 Golden Globe Award မှာ အကောင်းဆုံးဆန်ခါတင်စရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Old version -1973 and New version 2024 ဆိုပြီးနှစ်ခုရှိပါတယ်။ 1973 ကနိုင်ငံရေးအခြေအနေတွေကိုအခြေခံရိုက်ကူးပြီး ၊ 2024 ကတော့ ယခုခေတ် နိုင်ငံအကြီးအကဲများကို လုပ်ကြံမှု၊ billionairess များရဲ့ ငွေကြေးအရှုပ်တော်ပုံကြား အားပြိုင်လုပ်ကြံ ပုံတို့ကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအစမှာတော့ အမည်မသိလုပ်ကြံသူတစ်ယောက်ဟာ အဖိုးကြီးတစ်ယောက်ရဲ့ ရုပ်ရည်အတိုင်း ရုပ်ပြောင်းပြီး ဝန်ထမ်းတစ်ချို့ကို သတ်ဖြတ်ခဲ့ရာကနေစတင်ထားပါတယ်။ဒီသတင်းဟာ Europe တစ်ခွင်ဂယက်ထာသွားပြီး၊ များမကြာမီ ဂျာမန်ဝန်ကြီးချုပ်လောင်းတစ်ယောက်ကို မီတာ 3815 (over 2.5 mile) ကနေ Sniper ဖြင့်တစ်ချက်တည်းလုပ်ကြံသတ်ဖြတ်ခဲ့ရာကနေ ဇာတ်အိမ်တည်ထားထားပါတယ်။ 2023 Ukraine sniper Movie ဇာတ်ကားထဲမှာ ပစ်ခတ်မှုမှာ 3540 မီတာကသတ်ဖြတ်ခဲ့အကြောင်း၊ ယခုပစ်ချက်ဟာ ဒီလောက်အကွာအဝေးက ပစ်ခတ်တာဟာ မဖြစ်နိုင်ကြောင်း အပြန်အလှန်ငြင်းခုန်တာကိုထည့်သွင်းပြောကြားထားပါတယ်။ ဗဟုသုတအနေနက် ကမ္ဘာ့အဝေးဆုံး Sniper ပစ်ခတ်မှုဟာ Ukraine နိုင်ငံပြည်သူစစ် အသက် ၅၈ နှစ် စီးပွားရေးသမားဟောင်းတစ်ယောက်ဖြစ်ပါတယ်။ အကွာအဝေးက 3800-meter (2 mile )ခွဲ ကျော်ပါ။

အဲဒီလုပ်ကြံမှု ကို ဗြိတိန်ရဲတပ် ဖွဲ့က လိုက်လံရှာဖွေရင်း၊တစ်ဖက်မှာလည်း Business လောကရဲ့ ကြေးအရှုပ်အချင်း၊ အစိုးရအဖွဲ့အစည်းရဲ့ (Elon Murk က Trump ကိုငွေကြေးအကြံပေးသကဲ့သို့) ငွေကြေးလစ်ဟမှုကိုဖြေရှင်းဖို့ River ဆိုတဲ့ app ကိုထွင်တဲ့ ပညာရှင် လုပ်ကြံသတ်ဖြတ်ဖို့ ထိုလူသတ်သမားကို ငှားရမ်း ရာကနေအောင်မြင်လား ၊မအောင်မြင်လားဆိုတာ ရင်တစ်ထိတ်ထိတ်နက်ကြည့်ရှုကြရမှာဖြစ်ပါတယ်၊၊ ထိုလူသတ်သမားက ၊ဘယ်နယ်ပယ်ကလဲ၊ဘယ်လို လက်နက်တွေကို အသုံးချသလဲ ၊တည်ငြိမ်ပြီးဘယ်လိုရက်ဆက်တတ်ကြောင်း မျက်တောင်မခတ်ဘဲ ကြည့်ရှူးရမှာ ဖြစ်ကြောင်း။။

ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် Euro အဖွဲ့ ဝင်နိုင်ငံအချင်းချင်း လွပ်လတ်စွာသွားလာပုံ၊Euro ငွေကြေးကို ဉရောပအဖွဲ့ဝင်နိုင်ငံများတစ်ရားဝင်သုံးစွဲပုံ၊ မှုခင်းကိစ္စများက ပူပေါင်းဆောင်ရွက်ပုံ၊ဉရောပနိုင်ငံသားများနေထိုင်မှုပုံစံတို့ကို
အကြမ်းအားဖြင့်သိမြင်နိုင်ပါသည်။

Address

Wilayah Persekutuan

Website

Alerts

Be the first to know and let us send you an email when Soe Mrin Twan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Mrin Twan:

Share