02/01/2026
မနေ့ညက ဝမ်းမှာ ေ-သွးပါတော့ စိတ်ပူပြီး ဘာကိုမှ မစဥ်းစားမိဘဲ မျက်ရည်တွေ သူ့အလိုလိုကျ တစ်ညလုံး အိပ်မပျော်ဘဲ မနက်စောစော ဆေးခန်းရောက်တော့ ဆရာဝန် က ခွဲရမယ်ပြောတော့ မျက်ရည်တွေက ထိန်းမရ ပေါက်ပေါက်ကျ တစ်ယောက်ထဲသွားရင်တော့ ခွဲဖြစ်ခဲ့မှာ မဟုတ်ဘူး........
မင်မင် အစ်ကို ပါလာတော့ ကိုကို က သူဝယ်ထားပြီး သူကိုယ်တိုင်ဌက်ပေါက်အစာ တိုက်မွေးလာတဲ့ကလေးလည်းဖြစ် သူလည်းစိတ်ပူပြီး ခွဲမယ်ဆုံးဖြတ်ချက်ချ ပေးမှ ခွဲဖြစ်သွားပါတယ်၊ မင်မင် အစ်ကိုက ခွဲခန်းထဲလိုက်သွား မင်မင် က ခွဲခန်းထဲ မှာမကြည့်ရဲလို့ ဆေးခန်းအပြင်မှာ ဆုတွေတောင်းနဲ့ တကယ်ကို ရင်တွေပူခဲ့ရတဲ့ အချိန်တွေပါ၊ ကိုယ်တိုင်တကယ်ဖြစ်လာရင် ဘာလုပ်ရမလဲဆိုတာ တကယ် မသိတော့တာပါ၊
အိမ်ထဲဝင်လာတော့ တေးသံ က ခြင်းချတာနဲ့ ပြေးလာပြီး အနားကို လာထိုင်ကြည့်နေတော့တာဘဲ၊ မတည့်အတူနေ 2ကောင်ပါ 😆😆😆