Kai Traveler, adventurer, dentist Visited-53C🇸🇰🇭🇺🇵🇹🇨🇭🇰🇷🇯🇵🇦🇺🇮🇩🇸🇬🇵🇭🇲🇾🇨🇳🇮🇳🇹🇷🇨🇾🇦🇪🇿🇲🇿🇼🇳🇦🇿🇦🇪🇨🇵🇪🇧🇴 🇦🇷🇧🇷🇵🇾🇨🇴🇨🇼🇨🇷🇳🇮🇸🇻🇬🇹🇲🇽🇬🇷🇻🇦🇮🇹🇪🇸 🇨🇿🇦🇹🇫🇷🇧🇪🇬🇧🇩🇰🇸🇪🇪🇬🇰🇬🇬🇪🇲🇾🇻🇳 🇹🇭🇳🇱🇲🇲

အိမ်တွေ ကားတွေ အိတ် လှလှ လေးတွေထက် ရှုခင်းလှလှ တွေ ကို ပို သဘောကျသူပေါ့ :)

ခိုင် စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ ကြက် ဝက် ငါး နွား မြင်း ခွေး ကြောင် စသဖြင့် အသားတွေကို အစဉ်လိုက် စီထားတာ။ ဝေလငါးတို့ ကြောင...
16/08/2026

ခိုင် စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။
ကြက် ဝက် ငါး နွား မြင်း ခွေး ကြောင် စသဖြင့် အသားတွေကို အစဉ်လိုက် စီထားတာ။ ဝေလငါးတို့ ကြောင်တို့ကတော့ နောက်ဆုံး အဆင့်လောက်မှာ ရှိတယ်။
Whales တွေက နို့တိုက် သတ္တဝါတွေပါ။ blue whales တွရဲ့ နှလုံးက ပေါင် ၄၀၀ အလေးချိန် ရှိတယ်လို့ ဖတ်ဖူးတယ်။
S***m whales တွေရဲ့ ဦးနှောက်ဆိုရင် လူဦးနှောက်ထက် ပိုကြီးပါတယ်။
Whales တွေက အဆုပ်နဲ့ အသက်ရှုပြီး whale ဘေဘီလေးတွေက လူဘေဘီလေးတွေလိုပဲ နို့စို့ပါတယ်။
လူတွေနဲ့ နီးစပ်တာရယ် ရှားပါးမျိူးစိတ် ဖြစ်တာရယ်မို့ whales သားစားတာကို လူအများစုက ဆန့်ကျင်ကြပါတယ်။
Whales သားစားတဲ့ နိုင်ငံတွေ အဖြစ်လူသိများတဲ့ နိုင်ငံတွေကတော့ နော်ဝေ နဲ့ ဂျပန်ပါ။
USA က Alaska ရဲ့တချိူ့နေရာတွေမှာ မျိူးရိုးစဉ်ဆက် ဝေလငါးတွေ အမဲလိုက်တဲ့ထုံးတမ်း အရ ဆက်ပြီး အမဲလိုက်ဆဲပါ။
Denmark, Greenland, Canada, Russia နဲ့ Indonesia နိုင်ငံရဲ့တချို့နေရာတွေမှာလည်း အတူတူပါပဲ။

လူတွေက ကိုယ်နဲ့ နီးစပ်တဲ့ သတ္တဝါတွေ ဖြစ်လေလေ စားဖို့ ပိုပြီး တွန့်ဆုတ်လာလေလို့လည်းပြောတယ်။
စာဖတ်သူကိုလည်း မင်း ဘယ်သတ္တဝါမှာ ရပ်သလဲ ဆိုပြီးတော့လည်း မေးခွန်း ထုတ်ထားသေးတယ်။
ပြီးတော့ လူတွေက တခြား သတ္တဝါကို စားခွင့်ရှိတယ်လို့ ဘာကြောင့်ထင်ရတာလဲဆိုပြီးလည်း မေးခွန်း ထုတ်ထားသေးတယ်။
ကြက် ဝက် နွားတွေ ဆိုတာ လူတွေသာ မစားရင် အသက်ကို ရှင်လာစရာ အကြောင်း မရှိဘူးလို့လည်း ယူဆတဲ့သူတွေရှိတယ်။ လူတွေ စားအောင်လို့ သားဖေါက်ပြီး မွေးလို့ သူတို့ ဖြစ်တည်လာတယ်လို့ ဆိုချင်တဲ့ သဘောပါ။
Kyrgyzstan နိုင်ငံမှာဆို တစ်နိုင်ငံလုံးမြင်းသားစားကြတယ်။ စားသောက်ဆိုင်တွေရဲ့ menu ထဲမှာ မြင်းသားက ထိပ်ဆုံးကပဲ။
မြင်းတွေက ခံစားချက်ရှိပြီး ဂဏန်းတွေကို သင်ယူနိုင်လောက်အောင်ထိ ဉာဏ်ကောင်းတယ်လို့ ဖတ်ဖူးတယ်။

လူတွေက ကျင်လည်ကျက်စားရာ နေရာပေါ်မှာ မူတည်ပြီး မျိူးရိုးစဉ်ဆက် စားသောက်နေထိုင်မှု ပုံစံတွေ ကွဲပြားကြတယ်၊ ရှုမြင်ပုံတွေ ကွဲပြားကြတယ်။

ခိုင် ခရီးသွားရင် ရောက်တဲ့နေရာ မှာMyanmar restaurant near me တို့ Burmese restaurant near me တို့ ရှာကြည့်လေ့ရှိတယ်။Berg...
13/08/2026

ခိုင် ခရီးသွားရင် ရောက်တဲ့နေရာ မှာ
Myanmar restaurant near me တို့ Burmese restaurant near me တို့ ရှာကြည့်လေ့ရှိတယ်။
Bergen မှာ Mandalay Sushi&Burmese လို့ ပေါ်လာတော့ ပျော်သွားတာပေါ့။
မြန်မာ စစ်စစ် အစားအစာတွေ မရှိပေ
မယ့် Sashimi တွေက လတ်ဆတ်ပြီး စားလို့ ကောင်းလိုက်တာ။
ကြက်သွန်ပေါင်း ကြော်လေးကတော့ မြန်မာ အငွေ့အသက်ရတယ်။
ဆိုင်ရှင် အကို ၂ ယောက်ကလည်း သဘောအရမ်းကောင်းပြီး ပြုံးနေတာပဲ။ ကရင်တွေ လို့ ပြောတယ်။
ဆိုင် က လူ တအားကျတော့ ကူပြီးတော့တောင် နေရာ ချထားရေး လုပ်ပေးခဲ့သေးတယ် 😆
အဲ့လိုပဲ ကိုယ့်နိုင်ငံက လူတွေ ဆိုတာနဲ့ အဆင်ပြေ ၊ အောင်မြင်စေချင်တာ။
စားလို့ မကြိုက်ခဲ့တဲ့ ဆိုင်တွေတော့
ထည့် မရေးတော့ပါဘူး။
ကိုယ့်ပါးစပ်နဲ့ အစပ်အဟပ် မတည့်လို့ စားမကောင်းတာလည်း ဖြစ်နိုင်တာဆိုတော့လေနော်။
Bergen ရောက်ရင်
Mandalay Sushi&Burmese
AS Bryggestuen - Bryggeloftet
Sky Bangkok restaurant တို့မှာ စားကြည့်ပါ။
Fish market မှာရော စားကြည့်ပါ။
စားလို့ အရမ်းကောင်းပါတယ်။

AS Bryggestuen - Bryggeloftet ကတော့ reservation နဲ့ ဆို ပို အဆင်ပြေတယ်၊ ညနေ ၆ နာရီ နဲ့ ၉ နာရီကြား ကြိုပြီး booking လုပ် မထားရင် စားပွဲ မရတတ်ဘူးရယ်။

AS Bryggestuen - Bryggeloftet က အနည်းငယ် စျေးကြီးပေမယ့် စားရတဲ့ အရသာနဲ့ စျေးနဲ့ တန်ပါတယ်။

နော်ဝေ အစားအစာတွေက လုံးဝ amazing ပါပဲ။

🇳🇴Bergen ကို သွားလည်ပြီး fjord cruise စီးမယ်ဆိုရင်Norway in a Nutshell® ကို ရွေးဖို့ အကြံပြုပါတယ်။Fully guided tour မဟုတ...
12/08/2026

🇳🇴
Bergen ကို သွားလည်ပြီး fjord cruise စီးမယ်ဆိုရင်
Norway in a Nutshell® ကို
ရွေးဖို့ အကြံပြုပါတယ်။
Fully guided tour မဟုတ်ဘဲ သွားချင်
တဲ့ လမ်းကြောင်း တစ်လျှောက်က လက်မှတ်တွေကို ကိုယ်ကြိုက်တဲ့ အချိန်လည်း ရွေးလို့ ရပြီး online ကနေ လက်မှတ်ဖြတ်ပေးတာပါ။
ဘယ်မှာ အချိန် ဘယ်လောက်ကြာကြာနေမယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး ကိုယ့် ဘာသာ သွားရတာပါ။
ခရီးစဉ်ဆွဲဖို့ နဲ့ လက်မှတ်ဖြတ်ဖို့ပဲ tour ကို သုံးလိုက်တဲ့ သဘောပါ။

Bergen to Voss ကို ရထားနဲ့-
Voss to Gudvangen ကို bus နဲ့-
Gudvangen to Flåm- ကို သင်္ဘောနဲ့
Flåm to Myrdal ကို ရထား နဲ့
Myrdal to Bergen ကို ရထားနဲ့
အခုလိုမျိူး လမ်းကြောင်း စီစဉ်ပြီး လက်မှတ် ဖြတ်လို့ ရပါတယ်။

တစ်ရက်တည်း နဲ့ အပြီး လည်လို့ရသလို Gudvangen (သို့ )Flåm (သို့ ) Myrdal မှာ တစ်ရက်စီ အိပ်ပြီးလည်း လည်လို့ရပါတယ်။

Voss ရဲ့ Voss Gondol က သွားကို သွားသင့် တဲ့ နေရာ ဖြစ်ပြီး Bergen ထိမှ ရောက်လာပြီးရင် Flåm နဲ့ Myrdal ကြား သွားတဲ့ ရှုခင်းကြည့် ရထားက စီး ကို စီးရပါမယ်။

ရထား တလျှောက် ဘယ်ဘက်မှာ ဘာတွေ့မယ် ၊ ညာဘက်မှာ ဘာတွေ့မယ်လို့ တစ်ချိန်လုံး speaker ကနေ ကြိုပြီး ပြောပါတယ်။
၅ မိနစ်- ၁၀ မိနစ်တိုင်းမှာ ထူးထူးခြားခြား မြင်ကွင်း (သို့) နေရာ တစ်ခုရှိတတ်ပါတယ်။

တဝိုးဝိုး နဲ့ ညာဘက်ပြေးကပ်ပြီး ဓာတ်ပုံတွေ ရိုက်ကြ၊ ဘယ်ဘက် ပြေးကပ်ပြီး ဓာတ်ပုံတွေ ရိုက်ကြနဲ့ တော်တော် လှတဲ့ train ride လို့ ပြောရပါမယ်။
အရင် post မှာ တင်ထားတဲ့ Kjosfossen waterfall ကို ဖြတ်တဲ့ train ride လည်း ဖြစ်ပါတယ်။
Gudvangen to Flåm သွားတဲ့ အဓိက fjord cruise ကလည်း အေးအေးငြိမ့်ငြိမ့်နဲ့ ရှုခင်းတွေက ငေးမဝပါပဲ။

အရမ်းကို ကျေနပ်တဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။

နော်ဝေ ကို လည်မယ်ဆိုရင် Bergen ကို သွားလည်ကြပါရှင်။
မိုးရွာတတ်တာမို့ မိုးကျ အနည်းဆုံး အချိန်ကို ရွေးပြီး သွားကြပါ။

Bergen 🇳🇴မြို့ကို သွားလည်ရင် ရေကမ်းဘေးက သစ်သား အိမ် နီနီ တွေ အတန်းလိုက် ရှိတဲ့     Bryggen ကိုတော့ ရောက်မှာပေါ့နော်။Fish...
11/08/2026

Bergen 🇳🇴မြို့ကို သွားလည်ရင် ရေကမ်းဘေးက သစ်သား အိမ် နီနီ တွေ အတန်းလိုက် ရှိတဲ့ Bryggen ကိုတော့ ရောက်မှာပေါ့နော်။
Fish market ကလည်း အနီးတဝိုက်ပဲမို့ ရောက် သွားမှာပဲရယ်။

Fløibanen နဲ့ Mount Fløyen ကို တက်ပြီးရင် အဆင်းကျ လမ်းလျှောက်ပြီး ဆင်းစေချင်ပါတယ်။

သစ်သားအိမ် ဖြူဖြူလေးတွေနဲ့ လမ်းတစ်လျှောက် မြင်ကွင်းတွေက တော်တော်လှတယ်။
ကြောင်လေးတွေလည်း ခဏခဏ တွေ့တယ်။

ကြောင်မြင်ရင် ခိုင်ရဲ့ ဆုံးသွားတဲ့ ကြောင်လေး နာမည်အတိုင်း Floortje, kom hier ( come here) ဆိုပြီး လက်တန်း ပေးလိုက်ရင် ခေါင်းနဲ့ လာပြီး ပွတ်သပ်ကြတယ်။
ဘေးက ဖြတ်သွားတဲ့သူက ခိုင်က ကြောင်နာမည်သိလို့ ခေါ်ပြီး စကားပြောနေတာလို့
ထင်ကောင်း ထင်မယ် 😹

10/08/2026

Flåm → Myrdal train ride တစ်လျှောက်က ရှုခင်းတွေပါ။
အမှတ်တရ အဖြစ်ဆုံး နဲ့ အလှဆုံး train ride ပါ။

10/08/2026

Flåm → Myrdal သွားတဲ့ ရှုခင်းကြည့်တဲ့ ရထားက must try ပါနော်။
ရထား လမ်းကြီးက Kjosfossen ရေတံခွန်ရှေ့ကနေဖြတ်တယ်။
ဆင်းကြည့်ဖို့ ၅ မိနစ် အချိန်ပေးမယ် ဆိုတော့ ဆင်းပြီး အပြေးအလွှား ဓာတ်ပုံတွေ၊ video တွေ ရိုက်ကြတာပေါ့။
အဲ့လို ရိုက်နေရင်း သီချင်းသံကြီး ထွက်လာပြီး
နော်ဝေရိုးရာပုံပြင်တွေထဲက ဆွဲဆောင်မှုရှိတဲ့ သစ်တောဝိညာဉ် ပုံစံမျိူးနဲ့ အနီဝတ်စုံနဲ့ ကောင်မလေး တစ်ယောက် ရေတံခွန် ထိပ်နားမှာ ထ ကပါလေရော။
Huldra performance လို့ ခေါ်ကြပါတယ်။
Very emotional moment ပါ။
မိုးတွေရွာနေတာကိုမှ လူမရောက် သူမရောက် အဲ့လိုတောင်ထိပ်မှာ ရုတ်တရက်ကြီး ထ က မယ်လို့ ဘယ်သူက မျှော်လင့်ထားမလဲနော်။

09/08/2026

Gudvangen ကနေ Flåm ကို သွားတဲ့ fjord cruise ပါ။
ရှုခင်းတွေက တိမ်တွေ အုံ့ဆိုင်းပြီး ငေး မဝပါပဲ။
အပျော်တမ်း လှေလှော် နေတဲ့ သူတွေလည်း တွေ့ခဲ့တယ်။

နိုင်ငံ တစ်နိုင်ငံ ၊ လူမျိူး တစ်မျိူး၊ လူအုပ်စု တစ်စု နဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှုတွေ ထုံးတမ်းစဉ်လာတွေဆိုတာ သက်ဆိုင်တဲ့သူတ...
09/08/2026

နိုင်ငံ တစ်နိုင်ငံ ၊ လူမျိူး တစ်မျိူး၊ လူအုပ်စု တစ်စု နဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှုတွေ ထုံးတမ်းစဉ်လာတွေဆိုတာ သက်ဆိုင်တဲ့သူတွေ အတွက်တော့ အရေးကြီးတယ်လို့ ပြောရမယ်။ဘာသာစကား၊ အစားအစာ၊ အဝတ်အစား၊ ဂီတ၊ အနုပညာ၊ ဘာသာရေး၊ ယုံကြည်မှု၊ တန်ဖိုးစံနှုန်းတွေ၊ ပြုမူနေထိုင်ပုံတွေ နဲ့ ပွဲလမ်းသဘင်တွေ အကုန်လုံးက ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေတယ်။
လူမျိူး တစ်မျိူး၊ လူစု တစ်စု လက်ရှိပိုင်ဆိုင်ထားတဲ့ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာတွေဟာ နှစ်ပေါင်းများစွာ နေထိုင်ရာ နေရာ၊ ရာသီဥတု၊ ပတ်ဝန်းကျင် နဲ့ ဆက်နွယ်ပြီး ဆင့်ကဲပြောင်းလဲ ဖြစ်တည်လာတာပေါ့နော်။

သိပ္ပံခေတ်၊ နည်းပညာခေတ်၊ AI ခေတ်တွေ ရောက်သည့်တိုင် အများက သတ်မှတ်တဲ့ ယဉ်ကျေးတဲ့ လူမှု အသိုင်းအဝိုင်းရဲ့ အတွေးအခေါ်တွေနဲ့ မကိုက်ညီရင်တောင် ၊ ကျန်းမာတဲ့ လူမှုနေထိုင်နည်းနဲ့ မကိုက်ညီရင်တောင်
တချိူ့ ယဉ်ကျေးမှု အစဉ်အလာတွေက ဖျက်ရခက်ပြီး အမြစ်စွဲ ကျန်နေလေ့ရှိပါတယ်။
Bolivia တို့ Peru တို့မှာ Pachamama (အမိမြေကြီး) ကို ကိုးကွယ်ကြတယ်။
စပိန်တွေ ကိုလိုနီပြုပြီး ခရစ်ယာန် သာသာနာ ထွန်းကားလာတာက သပ်သပ်၊ Pachamama က သပ်သပ် ဆက်ပြီး ကိုးကွယ် ပူဇော် ပ သကြတုန်းပဲ။
Coca ရွက်တွေနဲ့ ပူဇော်တာရှိသလို
လားမားတို့ ၊ alpaca 🦙 အကောင်လေးတွေနဲ့ ပူဇော် ပသ တာတွေလည်းရှိတယ်။
Bolivia နိုင်ငံက Potosi မြို့ကို သွားတုန်းက ယုံ ယုံ မယုံ ယုံ သူတို့ ပွဲ ဆိုတော့ သူတို့ မြေကြီးကို ကုန်း ကန်တော့ကြတော့ ကိုယ်ပါရောပြီး ကုန်းကန်တော့ရတယ်။
အစား အစာကို လက်နဲ့ စားတဲ့ နိုင်ငံတွေထဲမှာ မြန်မာရယ်၊ အရှေ့တောင် အာရှက နိုင်ငံ တချိူ့ရယ်၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေရယ်၊ အာဖရိက နိုင်ငံတွေရယ် ပါ ပါတယ်။
စားတဲ့ အစားအစာက လက် နဲ့ စားရတာ ပိုပြီး လွယ်တာလည်း ပါ ပါတယ်။
လက်နဲ့ စားတာ ရှက်စရာလို့ တစ်ခါမှ မထင်ဖူးပါဘူး။
၁၇ ရာစုလောက်ထိ အင်္ဂလန်က ဘုရင်ကြီးလည်း လက် နဲ့ စားတာပါပဲ။
မေ့နေကြမှာ စိုးလို့ပါ။
ခိုင် အိမ်မှာ စားရင် ရွာက အိမ်မှာ စားခဲ့သလို လက်နဲ့ အားရပါးရ နယ်ပြီး စားပါတယ်။
အစားအစာရဲ့ texture ကို လက်နဲ့ ထိတွေ့ခံစားပြီး စားရတာကို သဘောကျလို့ပါ။
Dutch တွေလို ဓါးကို ညာဘက်က ကိုင်၊ခက်ရင်းကို ဘယ်ဘက်က ကိုင်ပြီးလည်း ကောင်း ကောင်း စားတတ်ပါတယ်။
Fine dining ထဲကဆို Copenhagen က Noma restaurant မှာ စားဖူးပါတယ်။
19 course meal ဆိုတော့ သုံးစရာ ဓါး၊ဇွန်း ၊ ခက်ရင်း ပုံစံ စုံ size စုံ ပါပဲ။
အညာသူ တောသူမို့ လက်နဲ့ စားရတာကြိုက်လို့ကို လက်နဲ့ စားတာလို့ ပြောချင်တာပါ။
ပြီးတော့ ခိုင်တို့ ရွာမှာ တပေါင်းလဆို ပုန်းရည်ကြီး နတ် မုန့်တင်တယ် ဆိုတာရှိတယ်။
ခိုင် တို့ အိမ်က ယုံလား ဆို မယုံပါဘူး။
မုန့်တင်လားဆို နှစ်တိုင်း မုန့်လုပ်ပြီး မုန့်တင်တယ်။
ပုန်းရည်ကြီး နတ်က တောင်သူတွေ သီးနှံ အတွက်တိုးအောင် စောင့်ရှောက်တယ်လို့ ရှေးလူကြီးတွေက ယုံကြတယ်။
တစ်ရွာလုံး မုန့် လုပ်တော့ ခိုင်တို့ အိမ်လည်း လိုက် လုပ်တယ်လေ။
မုန့်စားရတာပေါ့။
Georgia 🇬🇪 နိုင်ငံက Sighnaghi ဆိုတဲ့ အိမ်တိုင်းလို ဝိုင် ချက်ကြတဲ့ မြို့ကို သွားလည်တုန်းက အမှတ်တရဖြစ်ခဲ့သေးတယ်။
Cha Cha လို့ ခေါ်တဲ့ အပြင်းစား ဝိုင်ကို မနက်စာ နဲ့ သောက်ကြတယ်။
မနက်စာကို အရက်နဲ့ စားတယ်လို့ ဘယ်သိမလဲ။
Homestay က ပြင်ပေးတဲ့ မနက်စာဆိုတော့ သောက်စရာက ဘာ juice လည်း မသိဘူး ဆိုပြီး သောက်ချလိုက်တာ တစ်နေကုန် မူးနေတာ။
ညနေ ကားနဲ့ တစ်ခြားမြို့ကို ရွှေ့တော့ ကားမူးတာနဲ့ ထပ်ပေါင်းပြီး ချာချာတွေကို လည်နေတာပဲ။
Cha Cha ဆိုတာနဲ့ မှတ်ကို သွားတာ။

ညနေ တည်းမယ့် အိမ်က Cha Cha တွေ ထပ်တိုက်တော့ ငြင်းရင် ရိုင်းတယ် ဆိုတော့ ကိုယ်ဝန်ရှိနေတယ်လို့ ခပ်တည်တည်နဲ့ ပြောချလိုက်တယ်။

ဗိုက်ကလည်း အန်ထားတော့ ပြားချပ်နေသေးတယ်။
အမျိူးသားက ဘယ်မှာလဲ လို့ မေးကြတော့ မပါလာဘူးပေါ့၊ ကိုယ်ဝန်ရှိတာ ခိုင် သိတာလည်း မကြာသေးဘူး- အခုမှ ၃ ပတ်လောက်ပဲရှိအုံးမှာ လို့ ဖြီးလိုက်မှ ဪ ဆိုပြီး မတိုက်ကြတော့တာ။
ယဉ်ကျေးမှု အလွဲအကွဲတွေ ဆိုတာ ကြုံဖူးခဲ့တာမှ အများကြီးပဲ။
Bergen နဲ့ အနီး တဝိုက်က ဒေသတွေမှာ ဝေလ ငါး သားတွေ စားကြ၊ သမင် ဒရယ် သားတွေ နေ့စဉ်ပုံမှန်လို စားကြတာ တွေ့မိလို့ ဒီစာ ကို ရေးဖြစ်သွားတာပါ။
Vikings ဇ တွေ မြင်ရတာပေါ့။

Gudvangen 🇳🇴Gudvangen ရွာမှာ တည်းစရာဆိုလို့ hotel တစ်ခု၊ budget hostel တစ်ခု နဲ့ camping ၂ ခုပဲရှိတယ်။Hotel က တစ်ညကို ယူ...
09/08/2026

Gudvangen 🇳🇴

Gudvangen ရွာမှာ တည်းစရာဆိုလို့ hotel တစ်ခု၊ budget hostel တစ်ခု နဲ့ camping ၂ ခုပဲရှိတယ်။
Hotel က တစ်ညကို ယူရို ၄၅၀၊ budget hostel က တစ်ညကို ယူရို ၂၃၀၊ camping ကတော့ size အကြီး အသေးပေါ် မူတည်ပြီး ယူရို ၁၄၀ က စတယ်။
ရွာလေးက သေးသေးလေးနဲ့ ဘာမှ မရှိဘူး။
ဘာမှ မရှိလို့ ကို အရမ်းကောင်းတာ။

ရှိတာ ဆိုလို့ Nærøyfjord ဆိုတဲ့ တောင်ကြားထဲ တိုးဝင်လာတဲ့ ပင်လယ်လက်ကြားရယ်၊ တောင်မတ်မတ်တွေရယ် ၊ရေတံခွန်တွေ ရယ်ပဲ။

Fjord cruise တွေ လာလေ့ရှိတော့ သင်္ဘောကြီးတွေတော့ နေ့ခင်းပိုင်းဆို ၃ နာရီ -၄နာရီတစ်ခါ လောက် ဆိပ်ကမ်းကို လာကပ်လေ့ရှိတယ်။
ညဆိုရင် ရေတံခွန်သံရယ်၊ မိုးရွာရင် မိုးပေါက်သံလေးတွေရယ်ပဲ ကြားရတယ်။

ခိုင့် ဖြစ်ပုံကို ပြောရအုံးမယ်။Bus ခဏစောင့်ရအုံးမှာ အပြင်မှာ မစောင့်ချင်တာနဲ့Self service နဲ့ စားချင်တာ သောက်ချင်တာ ကိုယ...
09/08/2026

ခိုင့် ဖြစ်ပုံကို ပြောရအုံးမယ်။
Bus ခဏစောင့်ရအုံးမှာ အပြင်မှာ
မစောင့်ချင်တာနဲ့
Self service နဲ့ စားချင်တာ သောက်
ချင်တာ ကိုယ့်ဘာသာ ရွေးရတဲ့ ဆိုင်
တစ်ဆိုင်မှာ ခဏလောက် ဝင်ထိုင်မယ် ဆိုပြီး ဝင် လိုက်တယ်။
လိမ္မော်ရည် လတ်လတ်ဆတ်ဆတ်လေး သောက်ချင်ပါတယ်လေဆိုပြီး ပတ်ရှာတာ ရှာလို့ မရဘူး။
လိမ္မော်ရည် မရလည်း ပန်းသီးရည် သောက်တာပေါ့ ဆိုပြီး Appelsin- juice ဆိုတာကို ရွေးလိုက်တယ်။
ပန်းသီးရည် လို့သာ ပြောတာ အရောင်က ပန်းသီးရည်နဲ့ မတူပဲ လိမ္မော်ရည်နဲ့ ဆင်သလိုပဲ လို့လည်း စိတ်ထဲက တွေးနေတာ။
တစ်ကြိုက်လောက် သောက်ပြီးတော့လည်း သဘောသိပ်မပေါက်ဘူး- ၂ ကြိုက်လောက်သောက်ပြီးမှ google translate ဖွင့်ပြီး ကြည့်မှ Appelsin ဆိုတာ orange တဲ့။
ဪ
Apple, appel, app… စသဖြင့် စလုံးပေါင်းတွေသာ နိုင်ငံကွာလို့ ရှေ့ရောက် နောက်ရောက် ပတ်ပေါင်း နေတာ- app နဲ့ စရင် ပန်းသီး ဖြစ်ဖို့ပဲ များတာလေနော် 😆
Appelsin က လိမ္မော်သီး ဆိုပြီး နော်ဝေ စကား တစ်လုံးတော့ ကောင်းကောင်း ရသွားပြီ။

Adres

Leiden

Website

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer Kai nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Snelkoppelingen

Delen