ASharer PONT

ASharer PONT Information For Your Life!

ဘာတင်ရမှန်းမသိ ဖြစ်နေရင် ဒီပို့စ်လေးကို ဖတ်ကြည့်ပါ။_________________________Content တစ်ပုဒ်ရေးဖို့ ဦးနှောက်စားရတာ Conten...
09/07/2021

ဘာတင်ရမှန်းမသိ ဖြစ်နေရင် ဒီပို့စ်လေးကို ဖတ်ကြည့်ပါ။

_________________________

Content တစ်ပုဒ်ရေးဖို့ ဦးနှောက်စားရတာ Content Writer တိုင်း ကြုံဖူးကြမှာပါ။ ပုံ့လည်း အတူတူပါပဲ။ ပို့စ်ဖြစ်ရင် ပြီးရော မတင်တတ်သူတွေနဲ့ တင်သမျှ တန်ဖိုးတစ်ခုပါစေချင်တဲ့ Content Writer တွေအတွက်ဆို Content Idea Generation က တကယ့် Challenge တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီး အဆင်ပြေသွားတာလေး ပြန်မျှဝေပါရစေ။

_________________________

ပြောင်းပြန်စဉ်းစားကြည့်ရအောင်။ ရေးတာက မစပဲ ဖတ်တဲ့အပိုင်းက စပါမယ်။

၁။ ကိုယ့် Content ကို ဖတ်မှာ ဘယ်သူတွေလဲ။
၂။ သူတို့ အခုချိန် ဘာ (လိုအပ်) နေလဲ။
၃။ သူတို့ အခုချိန် ဘာကို (သိချင်) နေမလဲ။
၄။ သူတို့ အခုချိန် ဘာကို (စိုးရိမ်) နေကြလဲ။
၅။ ဒီ (၃) ချက်အတွက် ကိုယ်ဘယ်လောက်ထိ အကျိုးပြု ရေးပေးနိုင်မလဲ။
၆။ ကိုယ်ဖန်တီးလိုက်တဲ့ Content က ဘယ်နှနှစ်ကြာအထိ တန်ဖိုးရှိနေမလဲ။

ဒီ (၆) ချက်ကို ဦးဆုံး စဉ်းစားဖို့ လိုပါတယ်။

__________________________

ဟုတ်ပြီ။ သူတို့ ဘာ (လိုအပ်/ သိချင်/ စိုးရိမ်) နေလဲဆိုတာလည်း မရှာတတ်ဘူးဆိုရင် ဒီ (၂) ချက်နဲ့ စနည်းနာကြည့်လို့ ရပါတယ်။

✅ ပထမ အချက်

လုပ်ငန်းတူ Page တွေကို အသုံးချပါ။ လုပ်ငန်းတူဖြစ်တဲ့အတွက် သူတို့ ပရိသတ် အုပ်စုက ကိုယ့် ပရိသတ်အုပ်စုနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Lookalike Audience တွေလို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ High Engaging ဖြစ်တဲ့ Content တွေကို လေ့လာလို့ရပါတယ်။ High Engaging ဖြစ်တဲ့ အကြောင်းအရာကို သူတို့မလုပ်သေးတဲ့ ရှုထောင့်အသစ်ကနေ သုံးသပ်ပါ။ ပြီးရင် ပုံတူကူးချတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးပါ။

✅ ဒုတိယ အချက်

Facebook Group တွေထဲကို ဝင်ကြည့်ပါ။ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Group လေးတွေ လိုက် Join ထားပါ။ Facebook တွေထဲမှာ အပြန်အလှန်ဆွေးနွေးမှုတွေများစွာ ရှိတတ်ပါတယ်။ ကွန်မန့်တွေ ဖတ်ပြီး လူတွေရဲ့ အသံကို နားထောင်ပါ။

_________________________

ပုံ့တို့ အမှားတတ်ဆုံးကတော့ လူတွေ သိချင်တာ မရေးပဲ ကိုယ်ရေးချင်တာတွေ ရေးနေမိတာပါပဲ။ လူတွေသိချင်တာတွေချည်းပဲ ရေးပေးနေလို့လည်း အဆင်မပြေပြန်ပါဘူး။ Content ဆိုတာ ကိုယ်တိုင် စိတ်ပါမှ ဖန်တီးလို့ရတာမျိုးကိုး။ ဒါကြောင့် လူတွေ သိချင်တာနဲ့ ကိုယ်ရေးချင်တာ (၂) မျိုး အချိုးကျစွာ ပေါင်းစပ်ပြီး ဖန်တီးကြပါစို့နော်။

Content တွေကို အချိန်အား လူအားစိုက်ထုတ် ဖန်တီးရကျိုးနပ်စေဖို့ ဒီ ပို့စ်လေးက တစ်ထောင့်တစ်နေရာ ကူညီပေးနိုင်မယ် မျှော်လင့်ပါတယ်ရှင်။

ASharer Pont (အရှဲရား ပုံ့)
A Little Giving Hand to Everyone

2021 နှစ်လယ်မှာ Facebook Algorithm ဘယ်လိုအလုပ်လုပ်သလဲ။______________________________________Facebook Algorithm ဟာ ပြီးခဲ...
07/07/2021

2021 နှစ်လယ်မှာ Facebook Algorithm ဘယ်လိုအလုပ်လုပ်သလဲ။

______________________________________

Facebook Algorithm ဟာ ပြီးခဲ့တဲ့ကာလတုန်းက Organic Reach ကို Distribution Score နဲ့ အဓိက စစ်ဆေးသတ်မှတ်ခဲ့ပါတယ်။ Distribution Score ကောင်းအောင် ဘာလုပ်ရမလဲဆိုတာ ယခင် Article တွေမှာ တင်ပြခဲ့ဖူးပါပြီ။

အခုတစ်ခါမှာတော့ နှစ်တစ်နှစ်ရဲ့ နှစ်လယ် Facebook Algorithm ပြောင်းတတ်တဲ့အချိန်မှာ Organic Reach အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတဲ့ Update လေး တင်ပြပေးပါရစေရှင့်။

Facebook က Video တွေကို ဦးစားပေးတယ်ဆိုပြီး ပုံ့တို့ Video Post ကို အာရုံစိုက်ခဲ့ကြတယ်နော်။ ဒါမမှားပါဘူး။ လုံး၀ မှန်တယ်လို့လည်း မဆိုနိုင်ပါဘူး။ ဘာလို့လဲ။

စဉ်းစားကြည့်ပါ။ ကိုယ့် Page မှာတင်တဲ့ ပို့စ်တွေအတူတူချင်းမှာတောင် Video ထက် Image ကပိုပြီး Organic reach ကောင်းနေတာ ကြုံဖူးကြတယ် မဟုတ်လားရှင့်။ ဒါဘာကြောင့်လဲ။

Facebook က သူ့ Platform ပေါ် Post တစ်ခုတက်လာပြီဟေ့ဆိုရင် အဆင့် (၃) ဆင့်နဲ့ စစ်ချလိုက်လို့ပါ။ Page Like - Follower တွေ ဘယ်လောက်များပါစေ သူဂရုမစိုက်ပါဘူး။ ဒီ (၃) ဆင့်နဲ့ စစ်ချပြီး စာမေးပွဲအောင်သူတွေရဲ့ Post ကိုသာ News Feed တွေပေါ်မှာ ဆက်လက်ဖော်ပြပေးတဲ့ သဘောပါ။

အဲ့ဒီ (၃) ဆင့်က ဘာလဲဆိုတော့ --

✅ အဆင့် (၁) …

ကိုယ့် Page ကို အမြဲ ဂရုစိုက် ကြည့်ပေးတတ်တဲ့ လူ ၁၀၀ လောက်ဆီကို ဦးဆုံးပြပေးလိုက်ပါတယ်။ Page Like ပေါ်မူတည်ပြီး အရေအတွက် အနည်းငယ်ပဲ ကွာပါတယ်။ ကိုယ့်မှာ Like – Follower ဘယ်လောက်ရှိရှိ ၁ -၂ %လောက်ကိုပဲ ပြပေးတယ်ဆိုတာတော့ သေချာပါတယ်။ ဒီတော့ နားလည်လွယ်အောင် (၁၀၀) ပဲ ဆိုကြပါစို့နော်။

✅ အဆင့် (၂) …

အဲဒီ (၁၀၀) က ဘာလုပ်သလဲ စောင့်ကြည့်ပါတယ်။ အဲဒီ (၁၀၀) က ကိုယ့်ပို့စ်ကို Like - Comment - Reaction တွေပေးတယ်ဆိုရင် နောက် (၁၀၀၀) လောက်ကို ဆက်ပြီး ပြပေးပါတယ်။ အကယ်၍ အဲ့ဒီ (၁၀၀) မှာ (၁၀) လောက်ပဲ Engage လုပ်ရင် နောက်ထပ် လူ (၂၀၀) လောက်ကိုပဲ ပြပေးပါတော့တယ်။ အဲ့ဒီ (၂၀၀) မှာ ဘယ်သူကမှ ထပ်ပြီး Engage မလုပ်ဘူးဆိုရင်တော့ အဲဒီပို့စ်ကို News Feed ပေါ်မှာ ဆက်မပြတော့ပါဘူး။

ပြောရရင် ပို့စ်က သေသွားတဲ့သဘောပါ။ ဆိုတော့ အဲ့ဒီ ပို့စ်ကို မြင်ဖို့ Timeline ပေါ် တကူးတက တက်ကြည့်မှပဲ ရတော့မယ့် အနေအထား ရောက်သွားတာပါရှင့်။ ဒါကတော့ Reaction နဲ့ Comment အပိုင်းပါ။

✅ အဆင့် (၃) က Share …

တင်လိုက်တဲ့ပို့စ်က Share ဘယ်လောက်ရသလဲ စောင့်ကြည့်ပါတယ်။ လူတစ်ယောက်တည်းက Group တွေမှာ လိုက် Share တာ မရပါဘူး။ Algorithm က သိပါတယ်။ မတူညီတဲ့ Users တွေကနေ Share ပေးတာကိုပဲ လိုချင်တာပါ။ Share ပေးတာ များလာပြီဆိုရင် အဲဒီ Post ဟာ ပုံမှန်ထက် ၈၀% လောက်ပိုပြီး Organic Reach အားကောင်းသွားတာ တွေ့ရတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် Page Like များတဲ့ Page က တင်သော်ငြား Engagement မရတဲ့ ပို့စ်တွေဟာ Organic Reach နည်းနေရတာပါ။

ဒီနေရာမှာ ကောင်းတာနဲ့ မကောင်းတာနဲ့ ရောထွေးနေတာလို့ မြင်ပါတယ်။ အရင်ကဆိုရင် ကိုယ့်ရဲ့ Page မှာ Follower များတာနဲ့ ပို့စ်တင်လိုက်ရင် Distribution Score ပေါ်မူတည်ပြီး Follower ၅-၁၀% လောက်ဆီတော့ ရောက်နိုင်ပါတယ်။ အခုကျတော့ ၁-၂ %လောက်ပဲ ပျမ်းမျှ ချက်ချင်းပြပေးတဲ့သဘောပါ။ ဒါပေမယ့် အဲ့ဒီ ၁-၂% လောက်က Engagement ကောင်းပြီဆိုရင် အရင်လို ၁၀% မက ၅၀% လောက်အထိ ချက်ချင်း Organic Reach ရောက်သွားနိုင်တဲ့သဘောဖြစ်လာပါတယ်။

ဒီတော့ ပို့စ်တစ်ခု Viral ဖြစ်ဖို့ Chance ပိုရှိလာတာပါ။ အဓိကက သူ ပထမဆုံးပြပေးလိုက်တဲ့ လူအုပ်စုက Engage ကောင်းကောင်းလုပ်ပေးဖို့ပါပဲ။

အနှစ်ချုပ်အနေနဲ့ Organic Reach ကောင်းဖို့ အရင်က Distribution Score …. အခုတော့ Engagement Rate ဆိုတာလေးကို Update ဖော်ပြပေးလိုက်ပါတယ်ရှင်။

ASharer Pont (အရှဲရား - ပုံ့)
A Little Giving Hand to Everyone

2021 မှာ ခေတ်စားလာတဲ့  YouTube Shorts_____________________________TickTok နဲ့ အလားသဏ္ဍာန်ဆင်တဲ့ YouTube Shorts ဟာ ကမ္ဘာအ...
06/07/2021

2021 မှာ ခေတ်စားလာတဲ့ YouTube Shorts
_____________________________

TickTok နဲ့ အလားသဏ္ဍာန်ဆင်တဲ့ YouTube Shorts ဟာ ကမ္ဘာအနှံ့က YouTube သုံးစွဲသူ ၂ ဘီလီယံကျော်နဲ့ ချိတ်ဆက်ပေးထားပါတယ်။ တစ်နေ့ကို Globally 6.5 Views တောင်ရှိတယ်လို့ မှတ်တမ်းတင်ထားတာပါ။

ဒါကြောင့် ပုံ့တို့ဟာ YouTube Shorts အကြောင်းကို အချိန်ပေး လေ့လာဖို့ ထိုက်တန်လာပါပြီ။

◼ YouTube Shorts ဆိုတဲ့ Video အတိုလေးတွေဟာ ဖုန်းကနေ အလွယ်တကူဖန်တီးလို့ရတဲ့ TickTok Video တွေလိုပါပဲ။

◼ Maximum Length က စက္ကန့် (၆၀) ပါ။

◼ နောက်ခံအသံကို ကိုယ်ပိုင်အသံထည့်သွင်းလို့ရသလို ပါပြီးသား Default Voice File တွေကို ယူသုံးလို့ရပါတယ်။

◼ အခြား Uploader တစ်ဦးရဲ့ အသံကို အသုံးပြုချင်ရင်လည်း ရပါသေးတယ်။ ဒါပေမယ့် အဲ့ဒီ Uploader က သူ့အသံဖိုင်ကို Delete လုပ်လိုက်ရင်တော့ ကိုယ် ယူသုံးထားတဲ့ Short မှာ အသံက Mute ဖြစ်သွားမှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ YouTube က ကိုယ့်ကို Noti ပေးပြီး အသိပေးပါတယ်။

◼ YouTube Shorts တွေကို YouTube Interface ရဲ့ Home နဲ့ Subscription တွေမှာ Auto ပေါ်နေတာ တွေ့နိုင်ပါတယ်။

ဒါကြောင့် Uploader နည်းသေးတဲ့ ဒီအချိန်မှာ Shorts တွေကို တင်မယ်ဆိုရင် လူမြင်နိုင်ချေ ပိုများပါတယ်။

Short ကို လက်ရှိ ကိုယ့်ရဲ့ YouTube Channel မှာ တင်လို့ရသလို Channel အသစ်ဖောက်ပြီးလည်း တင်လို့ရပါတယ်။

__________________________

YouTube Shorts တွေကို Optimized ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ?

◼ မြင်မြင်ချင်း စိတ်ဝင်စားအောင် ဖမ်းစားနိုင်ဖို့ အရေးကြီးပါတယ်။

◼ Thumbnail သီးသန့် သုံးဖို့မလိုသေးပါဘူး။ Eye-catching ဖြစ်တဲ့ Random Screen တစ်ခုကို သုံးရင် ရပါပြီ။

◼ Trending နောက်ကို လိုက်ပါလို့ အကြံပြုထားပါတယ်။

◼ ထပ်ခါထပ်ခါကြည့်ချင်အောင် စီစဉ်တကျ Pace Edit လုပ်သင့်ပါတယ်။

◼ USA နဲ့ India ကလွဲလို့ အခြားနိုင်ငံတွေမှာ အခုထိတော့ Shorts ကနေ ငွေရှာခြင်း (Monetization) မရသေးပါ။

◼◼ဒါပေမယ့် ကိုယ့် Channel မှာ View နဲ့ Subscriber များဖို့ Shorts လေးတွေက များစွာ အထောက်အကူပေးပါလိမ့်မယ်။

__________________________

ဒါကတော့ ယနေ့ခေတ်စားလာတဲ့ YouTube Shorts အကြောင်း လိုတိုရှင်း Article လေးပါ။ နောက်တင်ဆက်မယ့် Article ကတော့ 2021 - Mid Year မှာ ပြောင်းလဲလိုက်တဲ့ Facebook Algorithm အကြောင်းဖြစ်ပါတယ်ရှင်။

စောင့်မျှော်အားပေးဖတ်ရှုသူအားလုံးကို ASharer Pont မှ အထူးကျေးဇူးတင်ပါတယ်ရှင်။ 💗🙏💗

ASharer Pont (အရှဲရား - ပုံ့)
A Little Giving Hand to Everyone

06/07/2021

ဒီအချိန်မှာ အသုံးဝင်မယ်ထင်လို့ ပြန်ရှယ်လိုက်ပါတယ်ရှင်။ ရောဂါကပ်ဘေး အစဉ်ကင်းဝေးပြီး ထာဝရအေးချမ်းကြပါစေ။ 🙏🙏🙏

🔺 Ad Account Disabled ဖြစ်ရင် ဘယ်လိုဖြေရှင်းရမလဲ?〰️〰️〰️〰️〰️〰️〰️〰️〰️အခုတလော အလွန်အဖြစ်များသော ပြဿနာပါရှင်။ ပုံ့တို့ကိုယ်တ...
18/12/2020

🔺 Ad Account Disabled ဖြစ်ရင် ဘယ်လိုဖြေရှင်းရမလဲ?

〰️〰️〰️〰️〰️〰️〰️〰️〰️

အခုတလော အလွန်အဖြစ်များသော ပြဿနာပါရှင်။ ပုံ့တို့ကိုယ်တိုင်လည်း ကြုံရပါတယ်။ ဒါကြောင့် ဖြေရှင်းနည်းလေး မျှဝေပါရစေ။

အများအားဖြင့် Facebook Ad Policy ငြိရင် Ad Account Disabled ဖြစ်ပါတယ်။

ဒါပေမယ့် ဘာမှ ပြစ်ချက်မရှိပဲ Restrict အလုပ်ခံထားရတယ်လို့ ယူဆရင် အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ဖြေရှင်းနိုင်ပါတယ်ရှင်။

✅ Step (1)
Laptop/ Desktop Computer ကိုသုံးပါ။

✅ Step (2)
New Tab တစ်ခုဖွင့်ကာ ဒီ link ကို နှိပ်ပါ။

https://www.facebook.com/accountquality

✅ Step (3)
Account Restricted လို့ ပြနေတဲ့ အနီကွက်လေးကို click ပါ။

✅ Step (4)
Click လုပ်ပြီး ပွင့်လာသော Tab ညာဘက် အပေါ်ရှိ (Request Review) ဆိုတဲ့ အပြာကွက်လေးကို နှိပ်ပါ။

✅ Step (5)
ID confirm လုပ်ခိုင်းတဲ့ Box လေးထဲမှာ (NRC ကတ် / Driver လိုင်စင်) အရှေ့ခြမ်းကို ရှင်းလင်းအောင် ဓါတ်ပုံရိုက်ထည့်ပါ။

✅ Step (6)
Send ကို နှိပ်လိုက်ရင် Facebook ထံ Review Request လုပ်ပြီးပါပြီ။ ကိုယ်တင်လိုက်တဲ့ Review Date လေးကိုပါ မှတ်ထားပေးပါရှင်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

ပုံမှန်အားဖြင့် Review Request တင်ပြီး (၂၄) နာရီအတွင်း ပြန်ရတတ်ပါတယ်။ ပြန်မရခဲ့ရင် Page Support Box မှာ စာဝင်ထားလား စစ်ကြည့်ပါရှင်။ အကယ်၍ မရသေးရင် နောက်တစ်ကြိမ် try ကြည့်လို့ရပါတယ်။

Ad Policy မငြိစွန်းရင် ဒီလို Review Request တင်ရုံနဲ့ Ad Account Restriction ထိခြင်းကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်ရှင်။

အားလုံးပဲ အဆင်ပြေအောင်မြင်ကြပါစေ။ 🙏🏻🙏🏻🙏🏻

လေးစားစွာဖြင့်,

Thiri May @ ပုံ့ (ASharer Pont)
Founder
Salween Studio – Digital Marketing Co., Ltd (Since 2016)

🛑 ASharer Pont - page ၏ Video/ Content/ Article များအား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ Copy ကူးယူ၍ အခြားတစ်နေရာတွင် ပြန်တင်ခြင်းအား တားမြစ်ပါသည်။

⚠️ All Rights Reserved: ASharer PONT & Salween Studio

🔺 ကိုယ်ကြိုက်တဲ့ page Name ပေးလို့မရ ဖြစ်နေတာ ဘာကြောင့်လဲ?〰️〰️〰️〰️〰️〰️〰️〰️〰️အမေးများတဲ့ ပြဿနာလေးမို့ ဗဟုသုတအနေန...
17/12/2020

🔺 ကိုယ်ကြိုက်တဲ့ page Name ပေးလို့မရ ဖြစ်နေတာ ဘာကြောင့်လဲ?

〰️〰️〰️〰️〰️〰️〰️〰️〰️

အမေးများတဲ့ ပြဿနာလေးမို့ ဗဟုသုတအနေနဲ့ မျှဝေပါရစေရှင်။

ပြောင်းလဲသတ်မှတ်လာတဲ့ Facebook ရဲ့ စည်းကမ်းချက်တွေကို မျက်ခြေမပြတ် အမီလိုက်ရတာလည်း online business လုပ်ငန်းရှင်တွေအတွက် Challenge တစ်ခုပါပဲ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🔺 page Name ဘယ်လိုပေးရမလဲ?

🔰page Name တစ်ခုဟာ ထိုလုပ်ငန်းကို အမှန်တကယ် ကိုယ်စားပြုရပါမယ်။ ဥပမာ - Page Category တွင် Public Figure ဟု ရွေးထားပြီး Fair Lady - Floral Service ဟု Page Name ပေးလို့ မရပါဘူးရှင်။

🔰Blue Mark ရထားသော Verified Page မှာ Official လို့ ထပ်ထည့်ဖို့ မလိုပါ။ ထို Verified Page မျိုးနဲ့ ဆင်တူယိုးမှာဖြစ်အောင် သူ့အမည်သုံးပြီး Official လို့ နောက်က ပေါင်းထည့်ခြင်းမျိုးကိုလည်း Facebook က ခွင့်မပြုပါ။

🔰ပေးထားပြီးသား Page Name ကို တစ်ထပ်တည်း အမည်တူလိုက်ပေးခြင်းမျိုး ခွင့်မပြုတော့ပါ။

🔰အခြားလူတစ်ယောက်ရဲ့ အမည်သုံးပြီး ပုဂ္ဂိုလ်ရေးထိခိုက်စေသာ Usage မျိုးပါတဲ့ Page Name မျိုးကို ခွင့်မပြုပါ။ Facebook က (AI) အပြင် လူအစစ်နဲ့ ရသလောက် လိုက်စစ်ဆေးပြီး ဖျက်ချနေပါပြီရှင်။

🔰Grammar သဒ္ဒါ စာလုံးပေါင်းမဆီလျော်ခြင်း (ဥပမာ - tHe best caFE, E-I-E-A) ဆိုပြီး စာလုံးအကြီးတွေချည်း သုံးထားခြင်းမျိုးကို ခွင့်မပြုပါ။

နောက်ဆက်တွဲ description ဖော်ပြချက်ပါပြီး နာမည်ကို အတိုကောက်စကားလုံးအနေနှင့် သုံးပါက ခွင့်ပြုပေးပါတယ်။ (ဥပမာ - ACEC Language School)

🔰Page Name တွင် မလိုလားအပ်သော Punctuation များ ထည့်သုံးထားခြင်း (ဥပမာ - @$ # etc.,) ကို ခွင့်မပြုပါ။

🔰လုပ်ငန်းဆောင်ပုဒ်များကို Page Name တွင် တွဲထည့်သုံးထားခြင်းခွင့်မပြုပါ။

ဥပမာ - ASharer PONT ဆိုတဲ့နောက်မှာ (A Little Giving Hand to Everyone) ဟု အရှည်ကြီး ထပ်ထည့်လို့မရပါ။ လုပ်ငန်းဆောင်ပုဒ်နှင့် ရည်ရွယ်ချက်ကို About Section တွင် အကျယ်တဝင့် ဖော်ပြနိုင်ပါတယ်ရှင်။

🔰Official Usage ရှိသော "Facebook" ဆိုတဲ့ စာလုံးကို ဆင်တူယိုးမှား ဆင့်ပွား ထည့်သွင်း အသုံးပြုလို့ မရပါရှင်။

🔰ယေဘုယျဆန်လွန်းသော စကားလုံးများဖြင့်သာ အမည်ပေးထားခြင်းမျိုး ခွင့်မပြုပါ။

ဥပမာ - Page Name ကို "ဖိနပ်ဆိုင်" ဟု သုံး၍ မရပါ။ "လှသူဇာ ဖိနပ်ဆိုင်" ဆိုပါက ခွင့်ပြုပေးပါလိမ့်မယ်။ ဒီနာမည် ရှိနေပြီးသားဆိုလည်း ရမှာမဟုတ်ပါဘူး။ ပုံ့က မြင်သာအောင် ဥပမာပေးတဲ့ သဘောပါရှင်။

🔰နေရာဒေသအမည်၊ နိုင်ငံအမည်များကို ခွင့်မပြုပါ။ ဒါပေမယ့် Myanmar Embassy, Hotel Mandalay ကဲ့သို့သော သတ်မှတ်ချက်ပါသည့် Verified Name နဲ့ မငြိစွန်းသော အမည်များကိုတော့ ခွင့်ပြုပေးလျက်ရှိပါတယ်ရှင်။

〰️〰️〰️〰️〰️〰️〰️〰️〰️


အဆုံးသတ် ထပ်ပြီးအကြံပြုလိုတာက Page Name ပေးရင် Search Engine Ranking ကောင်းအောင် Description မှာ Keyword လေးတွေ တွဲထည့်ပေးပါရှင်။

အားလုံးပဲ လုပ်ငန်းများ အဆင်ပြေအောင်မြင်ကြပါစေ။ 🙏🏻🙏🏻🙏🏻

လေးစားစွာဖြင့်,

Thiri May @ ပုံ့ (ASharer Pont)
Founder
Salween Studio – Digital Marketing Co., Ltd (Since 2016)

🛑 ASharer Pont - Page ၏ Video/ Content/ Article များအား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ Copy ကူးယူ၍ အခြားတစ်နေရာတွင် ပြန်တင်ခြင်းအား တားမြစ်ပါသည်။

⚠️ All Rights Reserved: ASharer PONT & Salween Studio

🔺 Emoji တွေက Facebook Ads အတွက် ဘယ်လို အသုံးဝင်ပါသလဲ?________________Emoji  ဆိုတဲ့ စကားလုံးဟာ ဂျပန်စကားဖြစ်ပါတယ်။ "E" ဆိ...
16/12/2020

🔺 Emoji တွေက Facebook Ads အတွက် ဘယ်လို အသုံးဝင်ပါသလဲ?

________________

Emoji ဆိုတဲ့ စကားလုံးဟာ ဂျပန်စကားဖြစ်ပါတယ်။ "E" ဆိုတာ Picture ဖြစ်ပြီး "Moji" ဆိုတာ Character ကို ရည်ညွှန်းပါတယ်။ ဒါကြောင့် Emoji ဆိုတာ ရုပ်ပုံပြ ခံစားမှု စကားလုံးလို့ အဓိပ္ပာယ်ရပါတယ်ရှင်။

Emoji တွေကို ၁၉၉၇ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ ဂျပန်ဖုန်းတွေမှာ စသုံးခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်းမှာတော့ Device အမျိုးမျိုးမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြပါတော့တယ်။ ၂၀၁၁ မှာ Apple က Emoji ကို စတင်ထည့်သွင်းပြီး နောက် (၂) နှစ် အကြာမှာ Android က အမီလိုက်ခဲ့ပါတယ်။

၂၀၁၅ မှာတော့ Oxford Dictionaries က မျက်ရည်ထွက်ပြီး ရယ်နေတဲ့ Emoji လေး (😂) ကို "Word of the Year" အဖြစ် သတ်မှတ်ခဲ့တဲ့အထိ Emoji ကို ကမ္ဘာတစ်လွှား အသုံးများလာခဲ့ပါပြီ။

အချိန်ပေးမှတ်တမ်းပြုစုထားတဲ့ လေ့လာတွေ့ရှိချက်များအရ Emoji သုံးထားသော Facebook Ads ကြော်ငြာတွေဟာ Ads Performance ပိုမြင့်မားကြောင်း တွေ့ရပါတယ်။

⚠️ သတိပြုစရာ - Facebook မှာ Character အရေအတွက်ကန့်သတ်ချက်အရ ကြော်ငြာစာလုံးတွေ ရေတွက်တဲ့အခါ Emoji တစ်ခုကို Character (၂) လုံး နှုန်းနဲ့ ရေတွက်ပါတယ်။

__________________

🧐 Facebook Ads Performance ကောင်းအောင် တကယ်ပဲ Emoji သုံးတတ်ဖို့ လိုပါသလား?

Facebook Algorithm က Emoji သုံးထားတဲ့ Ads တွေကို ဦးစားပေးတယ်လို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့် အဖြစ်မှန်က ဒီလိုပါရှင့်။

Emoji တွေဟာ Ads Content ကို Engage လုပ်ချင်လာအောင် အဓိက စေ့ဆော်ပေးနိုင်တယ်လို့ စိတ်ပညာအရ သိရပါတယ်။ Algorithm ကတော့ အဲ့ဒီလို Engagement ရတဲ့ ကြော်ငြာမျိုးကို ဦးစားပေးလိုက်တာပါ။ (၂) ခု ဆက်စပ်လိုက်တော့ Emoji သုံးပြီးရေးတဲ့ ကြော်ငြာက Engagement ပိုကောင်းသွားတော့တာပေါ့။

Emoji ဟာ လူတွေကို လွှမ်းမိုးနိုင်စွမ်း ရှိလား၊ မရှိလားဆိုတာ Covid-19 Outbreak မှာ Facebook က Care Reaction ကို ထပ်တီထွင်လိုက်တာက သက်သေပါပဲ။

ဒါပေမယ့် Emoji ကို သုံးတိုင်းလည်း မကောင်းပါဘူးတဲ့။ သုံးပုံသုံးနည်း မှန်ကန်ပါမှ Performance မြင့်မားတဲ့ Ads Result ကို ပြနိုင်ပါတယ်။

__________________

🧐 Emoji ကို ဘယ်လိုသုံးရမလဲ?

🟢 ပေးလိုသော Message ကို ပိုပြီး မြင်သာအောင်၊ လိုက်ဖက်အောင် သုံးပါ။

ဥပမာ - ခွန်အားဖြည့် အချိုရည်ဆိုတဲ့နောက်မှာ လက်မောင်းကြွက်သားပြ Emoji (💪💪) ကို သုံးတာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ ခွန်အားဖြည့်အချိုရည်ဆိုပြီး ရွှေမှုန်တွေ (✨) ၊ လက်ဆောင်ပုံးတွေ(🎁) ၊ အသဲပုံ emoji တွေ (💓) မသုံးသင့်ပါဘူး။

____________________

🟢 Foreigner များ ဖတ်လိုက်ရင်တောင် အဓိပ္ပာယ်ပေါက်လွယ်အောင် ပံ့ပိုးပေးနိုင်တဲ့နည်းလမ်းနဲ့ သုံးပါ။

ဥပမာ - "Happy Life ရဲ့ Night Party မှာ အတူတူကဲဖို့ Ready ပဲလား"

… ဆိုပြီး နောက်မှာ ကနေတဲ့ပုံ (💃🕺) ထည့်ပေးတာမျိုးကို ဆိုလိုပါတယ်။

____________________

🟢 ခံစားချက်ကို ထင်ဟပ်စေရန် သုံးပါ။

ကိုယ်ထည့်သုံးတဲ့ face react က ဖတ်ရှုသူရဲ့ စိတ်ခံစားမှုကို လွှမ်းမိုးနိုင်ပါတယ်။ ဒီအောက်က စာကြောင်းလေးတွေ ဖတ်ကြည့်ပါ။ Emoji သုံးတဲ့အပေါ်မူတည်လို့ ဖတ်ရှုသူရဲ့ စိတ်ကို ပြောင်းလဲစေတာ သိသိသာသာ တွေ့ရပါလိမ့်မယ်။

• မိန်းကလေးတိုင်းအတွက် သတင်းကောင်းလေးတစ်ခုပါတယ်နော် 🥰🥰

• မိန်းကလေးတိုင်းအတွက် သတင်းကောင်းလေးတစ်ခုပါတယ်နော် 😜😜

• မိန်းကလေးတိုင်းအတွက် သတင်းကောင်းလေးတစ်ခုပါတယ်နော် 😎😎

________________________

🟢 Plan ချပြီးမှ သုံးပါ။

စကားကြီး စကားကျယ်ပြောတာ မဟုတ်ပေမယ့် Emoji ကို တကယ် plan ချပြီးမှ သုံးဖို့လိုပါတယ်။ စိတ်ကူးရရာကောက်ထည့်ရင် အမြင်မလှတဲ့အပြင် နားလည်ရခက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဘယ်အချက်မှာ ဘယ်လို Emoji ကိုထည့်ရေးမယ်ဆိုတာ ကြိုတင်ရွေးချယ်ထားသင့်ပါတယ်။

______________________

🟢 Emoji တွေ ပြွတ်နေအောင် သုံးခြင်းမျိုးရှောင်ပါ။

Emoji တွေ ပြွတ်နေအောင် သုံးရင် Content က Professional မဆန်တော့ပဲ အပေါစား ဖြစ်သွားတတ်ပါတယ်။ လုပ်ငန်းကြီးတွေမှာဆိုရင် Emoji ကို အချက်အလက်ပြရာမှာ ရှင်းလင်းအောင်သာ Bullet လေးတွေအစား သုံးကြတာ တွေ့ရပါတယ်။

_______________________

🟥 Star Emoji (⭐️) ကိုသုံးရင် သတိထားပါ။

အထူးသဖြင့် Facebook မှာ အရင်က Star Rating ပေးတာနဲ့ ပတ်သက်ပြီး Emoji ကြောင့် False Review Rating တွေ ဖြစ်ခဲ့ရဖူးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Star Emoji ကို Algorithm က အထူးဂရုစိုက် စစ်ဆေးလာပါတော့တယ်။ အကယ်၍ ကိုယ်က အရမ်းကို Star Emoji ကို သုံးချင်နေတယ်ဆိုရင် တန်းစီသုံးတာမျိုးကိုတော့ ရှောင်စေချင်ပါတယ်။

______________________

🟥 Main Content Words အစား Emoji ကို အစားထိုးသုံးတာမျိုး ရှောင်ပါ။

ဥပမာ .....

" 🐕‍🦺 ကိုက်ခံရပါက 🩸 ထွက်နေသော ဒဏ်ရာကို အရက်ပျံဖြင့် သန့်စင်ပေးပါ။ "

ဒီလို အဓိကစကားလုံးနေရာတွေမှာ Emoji ကိုပဲသုံးတာမျိုး မဖြစ်သင့်ပါဘူး။ Emoji ဟာ Device ပေါ်မူတည်ပြီး ပုံထွက်အနည်းငယ် ကွာတတ်လို့ပါ။

______________________

🎯 Emoji ကို Content ဖတ်လိုက်တဲ့သူတိုင်း စိတ်ဝင်တစား Engage လုပ်ချင်လာအောင် အသုံးချတတ်ဖို့ က အဓိကပါပဲ။

🎯 ဘယ်လို Search Engine Platform မှာပဲ ဖြစ်ဖြစ် Algorithm ဟာ Engagement ကောင်းသော Content ကို ဦးစားပေးပါကြောင်းနဲ့ Emoji ဟာ Engagement ကောင်းစေဖို့အတွက် Audience စိတ်ကို ဖမ်းစားနိုင်သော လက်နက်တစ်ခုဖြစ်ပါကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်ရှင်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။ 🙏🙏🙏

လေးစားစွာဖြင့်,

Thiri May @ ပုံ့ (ASharer Pont)
Founder
Salween Studio – Digital Marketing Co., Ltd (Since 2016)

🛑 ASharer Pont - page ၏ သင်ခန်းစာ Video/ Content/ Article များအား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ Copy ကူးယူ၍ အခြားတစ်နေရာတွင် ပြန်တင်ခြင်းအား တားမြစ်ပါသည်။

⚠️ All Rights Reserved: ASharer PONT & Salween Studio

🛑 Facebook Ads တွေ Reject ထိတာ ဘာကြောင့်ပါလဲ။ ________________________Facebook ဟာ သူ့ရဲ့ Platform ပေါ်ကို ကြော်ငြာတစ်ခု မ...
09/12/2020

🛑 Facebook Ads တွေ Reject ထိတာ ဘာကြောင့်ပါလဲ။

________________________

Facebook ဟာ သူ့ရဲ့ Platform ပေါ်ကို ကြော်ငြာတစ်ခု မတင်ပေးခင်မှာ အရင်ဆုံး စစ်ဆေးပါတယ်။ အများအားဖြင့် စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ကြော်ငြာများကို (၂၄) နာရီအတွင်း ခွင့်ပြုပေးပါတယ်ရှင်။

_________________________

🛑 ဘယ်အချက်တွေ စစ်ဆေးတာလဲ …

၁။ ကြော်ငြာဓါတ်ပုံ

အပြာရောင်အမှန်ခြစ်ရထားသော Page ရဲ့ မူပိုင်ဓါတ်ပုံ၊ အရည်အသွေးနိမ့် Screenshot များ၊ အခြားလုပ်ငန်းတစ်ခုက ကာလရှည်ကြာသုံးစွဲထားပြီးသား ဓါတ်ပုံများ၊ အမြင်မသင့်တော်သော ဓါတ်ပုံများ၊ Facebook Logo အမှန်ပါရှိသော ဓါတ်ပုံများကို ခွင့်မပြုပါ။

__________________________

၂။ ကြော်ငြာစာသား

မဖြစ်နိုင်သောအရာဖြင့် လီဆယ်ရေးသားထားခြင်း၊ ပိုက်ဆံနှင့်သက်ဆိုင်သော မက်လုံးအမျိုးမျိုး၊ ရိုင်းပျသော စကားရပ်များ သုံးထားခြင်း၊ ခြိမ်းခြောက်လေသံပါသော အရေးအသားများ၊ သဒ္ဒါအထားအသို အလွန်အမင်းမှားယွင်းခြင်း စသည်တို့ကို ခွင့်မပြုပါ။ တခါတရံ ကြော်ငြာ Approved ဖြစ်ပြီးလို့ Ad စတင် run နေပြီးကာမှ Reject ပြန်ထိသွားတာမျိုး ကြုံရတတ်ပါတယ်။

အကြောင်းက ဒီလိုပါ။ Facebook AI က (လူလုပ်ထားသော ဥာဏ်ရည်တု) ဖြစ်တဲ့အတွက် စိစစ်တဲ့အချိန်မှာ ပြစ်ချက်ကို မရှာနိုင်ပဲ ခွင့်ပြုပေးလိုက်ပါတယ်။ ဒါပေမယ့် တကယ့်လူအစစ်တွေက ခွင့်ပြုလိုက်တဲ့ ကြော်ငြာတွေကို နောက်ကလိုက်ပြီး စစ်ဆေးကြပါသေးတယ်ရှင့်။ ကြော်ငြာစာသားစိစစ်ခြင်းကို လူအစစ်ကသာ တိတိကျကျ ဆုံးဖြတ်စစ်ဆေးနိုင်တာပါ။ စာသား အတိမ်အနက်၊ ခံစားချက်တွေကို လူကသာ သိရှိနားလည် ဆုံးဖြတ်နိုင်တာကြောင့် ဖြစ်ပါတယ်ရှင်။

_________________________

၃။ ကြော်ငြာတင်မယ့် နေရာ

ဒီနေ့အထိ Facebook မှာ ကြော်ငြာ Platform (၇) ခုရှိပါတယ်။

1. Facebook News Feed

2. Instagram Feed

3. Facebook Marketplace

4. Facebook Video Feeds

5. Facebook Right Column

6. Instagram Explore

7. Messenger Inbox

ကိုယ့်ကြော်ငြာတင်မယ့် နေရာ (Ads Placement) နဲ့ ကိုယ်ဖန်တီးထားတဲ့ ကြော်ငြာပုံစံက ကိုက်ညီခြင်းရှိရဲ့လား စစ်ဆေးတာပါ။

_________________________

၎။ Landing Page (Ad Link တစ်ခုကို နှိပ်လိုက်သောအခါ ရောက်သွားမည့် ကြော်ငြာစာမျက်နှာ)

Landing Page ကို Affiliate Marketing လုပ်တဲ့အခါ မဖြစ်မနေ အသုံးပြုကြရပါတယ်။ ရောင်းကောင်းမယ့် ပစ္စည်းတစ်ခုကို ကိုယ်က စိတ်ဝင်စားစရာကောင်းတဲ့ Landing Page ဖန်တီးပြီး ကြော်ငြာတင်ပေးထားတာမျိုးပါ။ ဝင်ကြည့်သူက ကြိုက်လို့ ကိုယ့်ရဲ့ Landing Page ကနေတဆင့် အဲ့ဒီပစ္စည်းကို ဝယ်လိုက်မယ်ဆိုရင် ကိုယ်က ကြားကနေ အလိုလို ကော်မရှင် (အွန်လိုင်းဝင်ငွေ) ရနေတာမျိုးဖြစ်ပါတယ်။

ကမ္ဘာအနှံ့က ဝယ်သူများရင် များသလို အချိန်နဲ့အမျှ ဝင်ငွေရနေတာကြောင့် Affiliate Marketing ကျွမ်းကျင်ပြီဆိုရင် ရရှိလာတဲ့ အမြတ်ဟာ မက်လောက်စရာ ဖြစ်ပါတယ်ရှင်။

✏️ မှတ်ချက် ✏️

Affiliate Marketing နဲ့ ပတ်သက်တဲ့ သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်ပါ link ကို နှိပ်ပါရှင်။

https://fb.watch/2gCoK6s8Qy/

____________________________

🛑 Facebook က ကိုယ့်ကြော်ငြာကို Approved မပေးရင် ဘာဆက်လုပ်ရမလဲ?

၁။ ကြော်ငြာကို ပြန်ပြင်လို့ရပါတယ်။ ပြီးရင် Review လုပ်ပေးဖို့ Facebook ကို ပြန်ပြီး စာတင်လိုက်ပါ။

၂။ စာတင်တာတောင် ထပ်ပြီး ခွင့်မပြုသေးဘူးဆိုရင် ကိုယ့်ရဲ့ Ad Account နဲ့ ချိတ်ဆက်ထားတဲ့ Email မှာ သွားစစ်ဆေးကြည့်ပါ။ Facebook ဘာကြောင့် ခွင့်မပြုသလဲဆိုတာ အကျယ်တဝင့် ရှင်းပြထားတာ တွေ့ပါလိမ့်မယ်။

၃။ လိုအပ်ချက်ကို နားလည်သွားပြီဆိုရင် ကိုယ့်ကြော်ငြာကို ထပ်ပြုပြင်ပြီး စည်းကမ်းနဲ့ ကိုက်ညီအောင် လုပ်လို့ ရပါသေးတယ်။ ပြုပြင်ထားတဲ့ ကြော်ငြာကို Save လုပ်ပြီးတဲ့အခါ Facebook က Review ပြန်လုပ်ပေးပါလိမ့်မယ်။

၎။ ကိုယ့်ကြော်ငြာကို Edit (ပြုပြင်) လို့လည်းမရ၊ ခွင့်မပြုပေးစရာအကြောင်းလည်း မရှိပဲ Reject ထိနေတယ်လို့ ခံစားရရင် Account Quality Session မှာ Review ဆုံးဖြတ်ချက်ကို ထပ်ပြီး တောင်းခံလို့ ရပါသေးတယ်ရှင့်။

____________________

ဒါကတော့ Facebook Ads ရဲ့ စည်းမျဉ်းဥပဒေသတွေကို နားလည်လွယ်အောင် တင်ပြခဲ့တာ ဖြစ်ပါတယ်ရှင်။

အချိန်ပေးဖတ်ရှုသူ ဆရာ၊ ဆရာမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ 🙏🙏🙏

လေးစားစွာဖြင့်,

ပုံ့

Founder
Salween Studio – Digital Marketing Agency (Since 2016)

08/12/2020

✅ ယုံကြည်ထိုက်တဲ့ ကြော်ငြာဖြစ်အောင် ဘယ်လိုရေးရမလဲ???

Salween Studio - Online Class မှ သင်ခန်းစာအား ပညာဒါနအဖြစ် မျှဝေအပ်ပါသည်။ 🙏🏻🙏🏻🙏🏻

➰➰➰➰➰➰➰➰➰➰

🎓 Social Media Marketing - Online Class
👉 https://web.facebook.com/SalweenStudio/posts/2804799773100371

13/10/2020

👩‍🎓 ထိရောက်အကျိုးရှိသော "Facebook Ad Campaign" ပြုလုပ်နည်း
__________________________

👩‍🎓 Salween Studio - Online Class မှ သင်ခန်းစာအား ပညာဒါနအဖြစ် မျှဝေအပ်ပါသည်။

➰➰➰➰➰➰➰➰➰➰

🌟 Salween Studio မှ ပို့ချလျက်ရှိသော Online Class သင်တန်း (၃) ခု 🌟

✅ သင်တန်း (၁) - Program (1)

Facebook Marketing ကို ကျွမ်းကျင်စွာ တတ်မြောက်လိုသူများအတွက် ~

🎓 Social Media Marketing - Online Class

👉 https://web.facebook.com/SalweenStudio/posts/2804799773100371

________________________

✅ သင်တန်း (၂) - Program (2)

Digital Marketing Specialist အဖြစ် ရပ်တည်လိုသူများအတွက် ~

🎓 Professional Digital Marketing - Online Class

👉 https://www.facebook.com/1761595554087470/posts/2847656278814720/

______________________

✅ သင်တန်း (၃) - Program (3)

ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး Online Business ချဲ့ထွင်လိုသူများအတွက် ~

🎓 Affiliate Marketing - Online Class

👉 https://web.facebook.com/SalweenStudio/posts/2833475993566082

___________________

သင်တန်းစုံစမ်းလိုပါက ~

Salween Studio ၏ page:
( https://www.facebook.com/SalweenStudio/ )

တွင် ဆက်သွယ်ပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။ 🙏🏻🙏🏻🙏🏻

➰➰➰➰➰➰➰➰➰➰

🏠 Salween Studio Digital Marketing Co., Ltd - Office Address:
*********************

No. S (169,171), Orange Tower, Ayarwaddy Road, Thabyegon Ward, Zabu Thiri Township 15011, Naypyidaw, Myanmar

☎️ Phone: 09 258 429 350
☎️ Phone: 09 420 724 631

📨 [email protected]
🌐 www.salweenstudio.com
🌐 www.augustinedigitalmarketingacademy.com

Address

Khandallah
Wellington
6035

Telephone

+959258429350

Website

Alerts

Be the first to know and let us send you an email when ASharer PONT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ASharer PONT:

Share