Z+Plus News

Z+Plus News ပြန်ကြားရေးဝန်ကြီးဋ္ဌာနတွင်တရားဝင?

ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏(၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင်အမျိုးသမီးခါး...
03/04/2026

ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏(၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင်အမျိုးသမီးခါးပိုက်နှိုက်တစ်ဦးဖမ်းမိ
••••••••••••••••••••••••••••••••••••••••••••••••
ဖြစ်စဥ်မှာပဲခူးမြို့ရွှေမောဓေ့ဘုရားပွဲတော်ကျင်းပနေစဥ်လုံခြုံရေးတာဝန်ဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်များမှအမျိုးသမီးတစ်ဦးအားသင်္ကာမကင်းဘွယ်တွေ့ရှိရ၍သက်သေများနှင့်အတူခေါ်ယူစစ်ဆေးရာ၎င်းသည်ရန်ကုန်မြို့တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်ကွက်၊ ကမာရွတ် (၁)လမ်း၊ နေသူ မအိဖြိုးနိုင်ဖြစ်ကြောင်းသိပြီး၎င်းသည် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအတွင်း မတ်လ ၃၁ ရက် ည ၇ အချိန်ခန့်ကမြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓေါဘုရား အနောက်ဘက်မုခ်၊ အများသုံးသန့်စင်ခန်း အနီးရှိ အမျိုးသမီး(၁)ဦးထံမှ REDMI အမျိုးအစား၊ အပြာရောင်ဖုန်း(၁)လုံး ဧပြီလ ၁ ရက် နံနက် ၂ နာရီကျော် အချိန်ခန့်က မြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းအတွင်းစမ်းရေမိုး ဇာတ်ရုံရှေ့ရှိအမျိုးသမီး(၁)ဦးလွယ်ထားသည့် အိတ်အတွင်းမှ REDMI အမျိုးအစား၊ အပြာရောင်ဖုန်း(၁)လုံး၊ TENCO SPARK အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ REDMI အမျိုးအစား၊ အနက်ရောင်ဖုန်း(၁)လုံး၊ ဧပြီလ ၁ ရက် မွန်းလွဲ ၃:၃၀ အချိန်ခန့်က မြို့တွင်းကြီး ရပ်ကွက်၊ ရွှေမော်ဓောဘုရားပေါ်ရှိ အမျိုးသမီး(၁)ဦး ထံမှ ဧကရီဒိုင်းမွန်းစိန်ဆိုင်တံဆိပ်ပါ ခရမ်း/ဖြူရောင် လက်ကိုင်အိတ်အား ခိုးယူနှိုက်ယူခဲ့ပြီး ၎င်းအိတ်အတွင်းမှ VIVO အမျိုးအစား၊ ရွှေရောင်ဖုန်း(၁)လုံး၊ OPPOအမျိုးအစားနက်ပြာရောင်ဖုန်း(၁)လုံးဧပြီလ ၁ ရက် ည ၇:၃၀ အချိန်ခန့်တွင် မြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းအတွင်း စမ်းရေမိုးဇာတ်ရုံ ရှေ့ရှိအမျိုးသမီး(၁)ဦးထံမှ စိန်တိုက်ရတနာရွှေဆိုင်တံဆိပ်ပါ အသား/ညိုရောင် လက်ကိုင်အိတ်အား ခိုးယူနှိုက်ယူခဲ့ပြီး ၎င်းအိတ်အတွင်းမှ ငွေ(၃၀၀၀၀)ကျပ်၊
MI အမျိုး အစား ရွှေရောင်ဖုန်း(၁)လုံး
ဧပြီလ ၂ ရက် ညနေ ၅:၃၀ အချိန်ခန့်က မြို့တွင်းကြီး ရပ်ကွက်၊ ရွှေမော်ဓောဘုရားပေါ်ရှိ အမျိုးသမီး(၁)ဦးထံမှ အသားရောင် လက်ကိုင်အိတ်အား ခိုးယူနှိုက်ယူခဲ့ပြီး ၎င်းအိတ်အတွင်းမှ ငွေ(၅၀၀၀၀)ကျပ် တို့အား ခိုးယူနှိုက်ယူခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတည်းခိုနေထိုင်သည့် မွန်ဓမ္မာရုံရှိ ခြင်းအတွင်းမှ ပြန်လည်သိမ်းဆည်းခဲ့ပြီး၎င်းအားပဲခူးမြို့မရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်းသိရပါသည်။
ဘုရားပွဲတော်အတွင်းဖေါ်ပြပါပစ္စည်းများပျောက်ဆုံးခဲ့သူများ ပဲခူးမြို့မရဲစခန်း၌ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းသက်ဆိုင်ရာတာဝန်ရှိသူမျာကပြောကြား ခဲ့ကြောင်းသိရပါသည်။
သတင်းဇော်ရှင်း

ယာဥ်မောင်းဖြစ်သူကယာဥ်နောက်လိုက်အပေါ်အနိုင်ထက်ပြုဆက်ဆံခဲ့လို့လူသတ်မှုဖြစ်••••••••••••••••••••••••••••••••••••••••••••••••...
31/03/2026

ယာဥ်မောင်းဖြစ်သူကယာဥ်နောက်လိုက်အပေါ်အနိုင်ထက်ပြုဆက်ဆံခဲ့လို့လူသတ်မှုဖြစ်
••••••••••••••••••••••••••••••••••••••••••••••••
၃၁ ၃ ၂၀၂၆ ရက်နေ့ညနေ၄နာရီခွဲအချိန်ခန့်ကပဲခူးမြို့နယ် အင်းတကော်မြို့အမှတ်( ၁ )ရပ်ကွက်ရန်ကုန်-ပဲခူးကားလမ်း မိုင်တိုင်အမှတ် (၂၁/၆))၊ဆယ်မိုင်ကုန်း ၊ရန်ကုန်-မန္တလေးလမ်း ဘေးတွင်ရပ်၍ညအိပ်သည့်ယာဥ်အမှတ် MDY-1
1J-- - - -. MITSUBISHI SUPER GREAT ခေါင်းအဖြူရောင်၊နောက်တွဲခဲရောင် ၂၂ဘီး တွဲ ယာဥ်၏ခေါင်းခန်းအတွင်းအိပ်သည့် ယာဥ်မောင် မိုးမြင်ဦး(သ) ၃၁နစ် (ဘ)ဦးခင်မောင်အေး၊မြစ်သားမြို့နေသူမှာ ညာလက်မောင်းရင်း ပြတ်ရှဒဏ်ရာ (၂)ချက်၊ယာဘက်ဂုတ်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်လည်ပင်းယာဖက်တွင် ထိုးသွင်းဒဏ်ရာ (၁)၊ယာနားထင်ပြတ်ရှဒဏ်ယာ (၂) ချက်ဖြင့် အိပ်လျက်မှောက်လျက်အနေအထားဖြင့်သေ ဆုံးလျက် တွေ့ရှိပြီးယာဥ်မှာ၃၀-၃-၂၀၂၆ ရက် နေ့ ည၂၃း၀၀ အချိန်ခန့်ရန်ကုန်မှလာကာညအိပ်ခြင်းဖြစ် ​ေကြာင်းသိရှိရပြီးယာဥ် ေနာက်လိုက် သန်းကျော်အသက်၂၂ နှစ်(ဘ)ဦးမောင်ပု ပျဥ်ကြီးရွာ၊ဝမ်းတွင်းမြို့ပါရှိကာ၄င်းမှာနောက်တွဲအမိုး၌အိပ် ကြောင်းသိရပါသည်။
မော်တော်ယာဥ်အားအင်းတကော်နယ်မြေရဲစခန်းသို့ခေါ်ယူပြီးယာဥ်နောက်လိုက်သန်းကျော်အားပဲခူးမြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွန်းဦး၊အင်းတကော်နယ်မြေစခန်းမှူး ရဲအုပ်ကျော်တင်ဦး နှင့်အဖွဲ့မှ ၂၂ဘီး တွဲယာဉ်၏ ယာဉ်မောင်း မိုးမြင့်ဦး သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်စစ်ဆေးခဲ့ရာ
၎င်းယာဉ်၏ ယာဉ်နောက်လိုက် သန်းကျော်၂၂နှစ် (ဘ)ဦး မောင်ပု၊ ပျဉ်ကြီးကျေးရွာ၊ ဝမ်းတွင်းမြို့ နေသူမှ ယာဉ်မောင်းဖြစ်သူ မိုးမြင့်ဦး မှာ ၎င်းအားအလုပ်ကိစ္စနှင့် ပတ်သက်၍ ကြမ်းတမ်းစွာပြောဆိုခြင်း ၊ဆဲဆိုခြင်း၊ လည်ပင်းညှစ်ခြင်း၊ နိုင်ထက် စီးနင်း ပြောဆိုခြင်းများပြုလုပ်သည်ကို မကျေနပ်သဖြင့် မိတ် ဆွေကောင်းဆီဆိုင်တွင်ဆီထည့်ရန်ရပ်တန့်ညအိပ်စဥ်ယာဉ်မောင်း မှာယာဥ် ခေါင်းခန်းအတွင်းရှိနောက်ခန်း၌ မှောက်လျှက်အိပ်နေစဉ် တက်ခွ၍ဦး ခေါင်းအားတူဖြင့်ထုကာ ကတ် ကြေးဖြင့်လည်ပင်း၊လည်ဂုတ်၊လက် မောင်းတို့အားထိုးခဲ့ကြောင်းထွက်ဆိုသဖြင့် သက်သေအမှတ်(၁)ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦ အေးလွင်၊အမှတ်(၅)ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦး ကျော် ကျော်တို့နှင့်အတူ သန်းကျော်မှလိုက်လံပြသအပ် ပေး၍ အရှည်(၁၃)လက်မရှိပလပ်စတိတ်အနက် ရောင်လက်ကိုင်တပ်အဝါရောင်သံတူ(၁) ချောင်း၊အရှည် ၈ လက်မရှိအနီေရာင်နှင့်ခဲေရာင်ပလပ်စတိတ်လက်ကိုင်တပ်ထားသည့်ကတ်ကြေး(၁)လက်တို့အားအင်းတကော်နယ်မြေစခန်းမှူး ရဲအုပ် ကျော်တင်ဦးမှ အမှုဖြင့်သိမ်းဆည်း၍ယာဥ်နောက်လိုက်သန်းကျော်အားအင်းတကော်နယ်မြေရဲစခန်း(ပ)၂၂/၂၀၂၆ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်အမှုဖွင့်ဆောင်ရွက်ထားပြီးတရားစွဲတင်နိုင်ရေးအင်းတကော်နယ်မြေစခန်းမှုးရဲအုပ်ကျော်တင်ဦးမှဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့စုံစမ်းသိရပါတယ်။
သတင်းဇော်ရှင်း

ရပ်ထားတဲ့၁၂ဘီးယာဥ်နောက်ကိုပရိုဘောက်အငှားယာဥ်ဝင်တိုက်မိလို့အမျိုးသားတစ်ဦးနဲ့အမျိုးသမီးနှစ်ဦးသေဆုံး•••••••••••••••••••••••...
31/03/2026

ရပ်ထားတဲ့၁၂ဘီးယာဥ်နောက်ကိုပရိုဘောက်အငှားယာဥ်ဝင်တိုက်မိလို့အမျိုးသားတစ်ဦးနဲ့အမျိုးသမီးနှစ်ဦးသေဆုံး
••••••••••••••••••••••••••••••••••••••••••••••••
၂၉ရက်၃လ၂၀၂၆ရက်ည၉နာရီအချိန်ခန့်ကပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းညောင်ခါးရှည်ဂိတ်အနီးထင်းတွေတင်ဆောင်လာတဲ့၁၂ဘီးယာဥ်တစ်စီးဟာလမ်းဘေးချရပ်ထားစဥ်လားရာတူမှမောင်းနှင်လာတဲ့ပရိုဘောက်အငှားယာဥ်မှအရှိန်ပြင်းစွာနောက်ကဝင်ရောက်တိုက်မိခဲ့တာကြောင့်ပရိုဘောက်ယာဥ်ပေါ်ပါအမျိုးသားတစ်ဦးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်းသုံးဦးတို့ဟာနေရာတင်သေဆုံးသွားတယ်လို့သိရပါတယ်၊
ပရိုဘောက်ယာဥ်မောင်းနဲ့ရှေ့ကထိုင်လိုက်လာတဲ့အမျိုးသမီးတို့ကသားအဖတော်စပ်ပြီးအနောက်ခန်းမှတော့အမျိုးသမီးတစ်ဦးစီးလာကြတာဖြစ်ပါတယ်၊
သေဆုံးသွားသူတွေဟာရန်ကုန်တိုင်းဒေသကြီးသက္ကန်းကျွန်းမြို့နယ်မှာနေထိုင်ကြသူတွေလို့သိရပြီးသေဆုံးသူရုပ်အလောင်းများကိုတော့ညောင်ခါးရှည်တိုက်နယ်ဆေးရုံကိုပို့ဆောင်ထားပြီးဖြစ်စဥ်ကိုညောင်ခါးရှည်နယ်မြေရဲစခန်းကအရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ်။
သတင်းဇော်ရှင်

28/03/2026

မော်တော်ယာဥ်နဲ့စက်ဘီးတိုက်မိရာစက်ဘီးစီးလာသူသေဆုံး.....

ပဲခူးအနောက်မြို့ရှောင်လမ်းတွင်ပရိုဘောက်ယာဥ်တစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့လို့ယာဥ်မောင်းဖြစ်သူသေဆုံး••••••••••••••••••...
21/03/2026

ပဲခူးအနောက်မြို့ရှောင်လမ်းတွင်ပရိုဘောက်ယာဥ်တစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့လို့ယာဥ်မောင်းဖြစ်သူသေဆုံး
•••••••••••••••••••••••••••••••••••••••••••••••
မတ်လ၂၁ရက်နေ့မနက်၅နာရီအချိန်ခန့်ကပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အနောက်မြို့ရှောင်လမ်း အမှတ်(၂)နယ်မြေရဲစခန်းအပိုင် သဲကြီးကုန်းရွာအနီးတွင်တောင်ငူဘက်မှရန်ကုန်ဘက်သို့ဦးတည်မောင်းနှင်လာသောပရိုဘောက်ယာဥ်တစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့လို့ယာဥ်ပေါ်ပါ၄ဦးအနက်ယာဥ်မောင်းဖြစ်သူသေဆုံးသွားကြောင်းသိရပါသည်၊
ယာဥ်တိမ်းမှောက်လူသေဆုံးခဲ့သည့်ဖြစ်စဥ်ကိုပဲခူးယာဥ်ထိန်းတပ်ဖွဲ့နှင့်အမှတ်၂နယ်မြေရဲစခန်းကတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့ပြီးလိုအပ်သည်များကူညီဆောင်ရွက်ပေးပြီးအမှုကိုအရေးယူဆောင်ရွက်ထားတယ်လို့သိရပါသည်။
Z Plus News Agency.

ခရီးသည်တင် Express နှင့် ပစ္စည်းလိုက်ပို့သည့် Delivery ကားတို့တိုက်မိပြီး အမျိုးသားနှစ်ဦး ​သေဆုံးသွားတယ်လို့သိရ•••••••••...
20/03/2026

ခရီးသည်တင် Express နှင့် ပစ္စည်းလိုက်ပို့သည့် Delivery ကားတို့တိုက်မိပြီး အမျိုးသားနှစ်ဦး ​သေဆုံးသွားတယ်လို့သိရ
•••••••••••••••••••••••••••••••••••••••••••••
ဖြစ်စဥ်မှာမတ်လ ၂၀ ရက်၊ နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊စစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင်Express နှင့် ပစ္စည်းလိုက်ပို့သည့် Delivery ကားတို့တိုက်မိပြီး အမျိုးသားနှစ်ဦး ​​သေဆုံးခဲ့ကြောင်း သိရသည်။
မြို့ရှောင်လမ်းအထွက် အမှတ် (၃) လမ်းဆုံထိပ် စစ်ဆေးရေးဂိတ်အနီးမှာတိုက်မိကြတာဖြစ်ပြီး ပစ္စည်းတွေပို့တဲ့Deliveryကားပေါ်က အသက် ၃၅ နှစ်နဲ့ တစ်ယောက်က ၂၇ နှစ်ခန့်အမျိုးသားနှစ်ဦးသေဆုံးသွားတယ်လို့သိရပါသည်၊
ယာဉ်တိုက်မှုတွင် ​သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ဂရုဏာရှင် လူမှုကူညီရေးအသင်းမှ လှည်းကူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီးယာဥ်တိုက်မှုဖြစ်စဥ်ကိုသက်ဆိုင်ရာကအမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။

18/03/2026

18.3.2026 ရက် နေ့လည်၁၁နာရီအချိန်ခန့်ကပဲခူးမြို့နယ်၊ အရှေ့မြို့ရှောင်လမ်း(စိုင်တီ+ကတွင်းခြံ)လမ်းဆုံ တွင်ခရီးသည်တင်မှန်လုံယာဥ်နှင့်ဆိုင်ကယ် မတော်တဆဖြစ်ပွားခဲ့ရာဆိုင်ကယ်စီးနင်းသူနှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးတစ်ဦး မှာစိုးရိမ်ရ များရရှိခဲ့ကြောင်းသိရပြီးအခင်းဖြစ်နေရာသို့ပဲခူးမြို့မရဲစခန်းကတပ်ဖွဲ့ဝင်းများ၊ယာဥ်ထိန်းတပ်ဖွဲ့ဝင်းများရောက်ရှိစစ်ဆေးခဲ့ပြီးဒဏ်ရာရလူနာများအားကလျာဏမိတ္တ လူမူကူညီရေးအသင်းကားအကူအညီဖြင့်ပဲခူးဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီးဖြစ်စဥ်ကိုတာဝန်ရှိသူများကဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါသည်။

မတ်လ၁၃ရက်နေ့လည်၁၂နာရီ၃၀အချိန်ခန့်ကပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ် ဘောနတ်ကြီးကျေးရွာတွင် မိုးများသည်းထန်စွာရွာသွန်းပြီး ...
13/03/2026

မတ်လ၁၃ရက်နေ့လည်၁၂နာရီ၃၀အချိန်ခန့်ကပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ် ဘောနတ်ကြီးကျေးရွာတွင် မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့်ဘောနတ်ကြီးကျေးရွာရှိမသင်းသင်းစိုး၏နေအိမ်စျေးဆိုင်ရှေ့ရှိဆန်းရှိတ်များ လန်ထွက်သွားပြီးဦးအောင်ကျော်ဦးဖွင့်လှစ်ထားသောဟိန်းသန်းကြွယ်လက်ဖက်ရည်ဆိုင်တွင်းမိုးထားသောသွပ် ၁၄ချပ်ခန့် လန်ထွက်၊ဘောနက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှုးရုံး အမိုးများလန်၊ဘောနက်ကြီးကျေးရွာ အလယ်တန်းကျောင်း ဆိုင်းဘုတ်ကျိုး
ဒေါ်ခင်ပပ၏ တောင်ထန်းမိုးထရံကာအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီးလူနှင့်တိရိစ္ဆာန်တို့ထိခိုက်သေဆုံးခြင်းမရှိကြောင်းသိရပါသည်။

ပဲခူးတိုင်းဒေသကြီးရှိစက်သုံးဆီဆိုင်များသို့စုံ/မခွဲပေးထားသောညွှန်ကြားစာအတိုင်းရောင်းချပေးမည်ဖြစ်ပါသည်၊    ဆိုင်ကယ်စီးပြည...
09/03/2026

ပဲခူးတိုင်းဒေသကြီးရှိစက်သုံးဆီဆိုင်များသို့စုံ/မခွဲပေးထားသောညွှန်ကြားစာအတိုင်းရောင်းချပေးမည်ဖြစ်ပါသည်၊
ဆိုင်ကယ်စီးပြည်သူများအရေးယူဆောင်ရွက်မည့်ခံရမည့်အရေးမိမိဆိုင်ကယ်နံပါတ်များစုံ/မခွဲသိနိုင်ရန်ဖေါ်ပြအပ်ပါသည်။
အခြားပြည်နယ်နှင့်တိုင်းများတော့ဘယ်လိုသတ်မှတ်သည်မသိပါ။
တစ်နိုင်ငံလုံးအတူတူဖြစ်ဘို့များပါသည်။
Z Plus News Agency.

မတ် ၉ ရက်နေ့လည် ၁၂း၃၀ အချိန်ခန့်ကပဲခူးမြို့နယ်၊ ဘုရားမြို့၊ ဝေါလမ်းအမှတ် ၃ ရပ်ကွက်တွင် ၊ယာဥ်အမှတ်KYN-4GG/****TOYOTA PROB...
09/03/2026

မတ် ၉ ရက်နေ့လည် ၁၂း၃၀ အချိန်ခန့်ကပဲခူးမြို့နယ်၊ ဘုရားမြို့၊ ဝေါလမ်း
အမှတ် ၃ ရပ်ကွက်တွင် ၊ယာဥ်အမှတ်KYN-4GG/****TOYOTA PROBOXအဖြူရောင်ယာဥ်တစ်စီး
မီးလောင်မှူဖြစ်ပွား​နေကြောင်းသတင်းရရှိသဖြင့်ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့မှမီးငြိမ်းသတ်ယာဥ် ၂ စီး သန္ဓေ တပ်ဖွဲ့ဝင် ၅ ဦး အရန်မီးသတ်တပ်ဖွဲ့ဝင်၁၀ဦး တို့ဖြင့်ငြိမ်းသတ်ခဲ့ရာ၁၂း၄၀အချိန်မီးထိန်း၍ ၁၂း၄၅ အချိန် မီးငြိမ်းနိုင်ပါသည်။
အဆိုပါယာဥ်အားယာဥ်မောင်းဦးဝင်းကျော်၊အသက် ၃၅ နှစ်(ဘ)ဦးမြင့်ဝေ၊သူဌေးကုန်းကျေးရွာ၊ဝေါမြို့နယ်နေထိုင်သူမောင်းနှင်လာသည့်ယာဥ်ဖြစ်ကြောင်းသိရပြီးမီးလောင်ရခြင်း အကြောင်းအရင်းနှင့်ဆုံးရှူံးမှူတန်ဘိုးအားဘုရားကြီးနယ်မြေရဲစခန်းကစုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
မောင်မေတ္တာ(ဘုရားကြီး)
Z Plus News.

06/03/2026

ဝေါမြို့ရှိ ရွှေပုံရေကူးကန်နှစ်ပါတ်လည်အခန်းအနားပြုလုပ်မည်လို့သိရ

Address

Bago City

Alerts

Be the first to know and let us send you an email when Z+Plus News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share