4U Media

4U Media နည်းပညာဗဟုသုတနှင့် နည်းပညာသတင်းများကို အခါအားလျော်စွာ တင်ဆက်ပေးနေတဲ့ 4U Media

ဥရောပသမဂ္ဂ (EU) က နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta နဲ့ TikTok တို့ဟာ ၎င်းတို့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်က ဥပဒေနဲ...
31/10/2025

ဥရောပသမဂ္ဂ (EU) က နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta နဲ့ TikTok တို့ဟာ ၎င်းတို့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်က ဥပဒေနဲ့ မညီညွတ်တဲ့ အကြောင်းအရာများ (Illegal Content) ကို ကိုင်တွယ်ဖြေရှင်းရာမှာ ပျက်ကွက်မှုတွေရှိတယ်ဆိုပြီး တရားဝင် စွဲချက်တင်လိုက်ပါတယ်။

ဥရောပ ကော်မရှင် (European Commission) ရဲ့ စစ်ဆေးတွေ့ရှိချက်အရ Meta နဲ့ TikTok တို့ဟာ EU ရဲ့ Digital Services Act (DSA) ဥပဒေပါ စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ တွေ့ရပါတယ်။ အဓိကအားဖြင့် …
Facebook နဲ့ Instagram တို့ဟာ အသုံးပြုသူတွေအနေနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု (Child Sexual Abuse Materials) လိုမျိုး ဥပဒေနဲ့ မညီတဲ့ အကြောင်းအရာတွေကို အလွယ်တကူ သတင်းပို့နိုင်မယ့် စနစ် မရှိဘူးလို့ EU က စွပ်စွဲပါတယ်။ ပို့စ်တစ်ခုကို Flag (သင်္ကေတပြဖို့) အတွက် အဆင့်များစွာကို လုပ်ဆောင်ရပြီး၊ အသုံးပြုသူကို ရှုပ်ထွေးစေမယ့် "Dark Interface Designs" တွေကြောင့် သတင်းပို့ဖို့ကို စိတ်ပျက်အားလျှော့သွားစေတယ်လို့ ဆိုပါတယ်။
အဆိုပါ Meta နဲ့ Tik Tok ကုမ္ပဏီနှစ်ခုလုံးဟာ အွန်လိုင်းပေါ်က မလိုလားအပ်တဲ့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သုတေသနပြုလိုသူတွေကို အချက်အလက် ရယူရာမှာ "ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လုပ်ထုံးလုပ်နည်းများ" ကို ပြဌာန်းထားတယ်လို့ ကော်မရှင်က တွေ့ရှိပါတယ်။
Meta နဲ့ TikTok တို့အနေနဲ့ DSA စည်းမျဉ်းတွေကို လိုက်နာအောင် ပြင်ဆင်မှုတွေ မလုပ်ဆောင်ဘူးဆိုရင် ၎င်းတို့ရဲ့ ကမ္ဘာတစ်ဝန်း နှစ်စဉ်ဝင်ငွေစုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။ Meta ကတော့ ဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး TikTok ကတော့ စည်းမျဉ်းတွေ လိုက်နာရန်အတွက် လမ်းညွှန်မှုတွေ လိုအပ်နေကြောင်း တောင်းဆိုထားပါတယ်။

#နည်းပညာသတင်း

AI နည်းပညာကို ပိုမို အားထားလာခြင်း နှင့်အတူ ဝန်ထမ်းလုပ်အားကို လျော့ချ လာတဲ့ Amazonနည်းပညာကုမ္ပဏီကြီး Amazon ဟာ ၎င်းရဲ့ က...
31/10/2025

AI နည်းပညာကို ပိုမို အားထားလာခြင်း နှင့်အတူ ဝန်ထမ်းလုပ်အားကို လျော့ချ လာတဲ့ Amazon

နည်းပညာကုမ္ပဏီကြီး Amazon ဟာ ၎င်းရဲ့ ကော်ပိုရိတ်ဝန်ထမ်း ၁၄,၀၀၀ ခန့်ကို အလုပ်ကနေ ထုတ်ပယ်လိုက်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ ဒီလို ဝန်ထမ်းလျှော့ချရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကုမ္ပဏီအနေနဲ့ ဉာဏ်ရည်တု (AI) နည်းပညာကို ပိုမို အားထားလာခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Amazon ရဲ့ People Experience and Technology ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Beth Galetti က “ဒီခေတ်ရဲ့ AI ဟာ အင်တာနက်နောက်ပိုင်း ကျွန်တော်တို့ တွေ့ဖူးသမျှထဲမှာ အပြောင်းအလဲအရှိဆုံး နည်းပညာဖြစ်ပြီး၊ ရှိပြီးသား စျေးကွက်အပိုင်းသစ်တွေနဲ့ လုံးဝအသစ်ဖြစ်တဲ့ စျေးကွက်အပိုင်းသစ်တွေမှာ ကုမ္ပဏီတွေကို အရင်ကထက် ပိုမိုမြန်ဆန်စွာ ဆန်းသစ်တီထွင်နိုင်အောင် ကူညီပေးနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ AI ကို အသုံးချပြီး မြန်မြန်ဆန်ဆန် တိုးတက်ဖို့အတွက် "ပိုမို ပါးလွှာပြီး အလွှာနည်းပါးတဲ့ ဖွဲ့စည်းပုံ" နဲ့ လည်ပတ်ဖို့ လိုအပ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းနေရာ ၁၄,၀၀၀ ဟာ ဗီဒီယိုဂိမ်း၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ ငွေပေးချေမှုနဲ့ cloud-computing (Amazon Web Services) အပါအဝင် ဌာနအသီးသီးမှာ ပါဝင်တယ်လို့ သိရပါတယ်။ Amazon ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာလည်း Prime Video နဲ့ AWS အပါအဝင် ဌာနပေါင်းစုံက ဝန်ထမ်းတွေကို အသေးစားပမာဏနဲ့ အကြိမ်ကြိမ် အလုပ်ထုတ်ခဲ့ဖူးပါတယ်။

ဒီဖြစ်ရပ်ဟာ နည်းပညာကုမ္ပဏီကြီးတွေဟာ AI စွမ်းအားကို အသုံးပြုပြီး လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းလာတာနဲ့အမျှ ဝန်ထမ်းအင်အားကို ဘယ်လို ချိန်ညှိနေတယ်ဆိုတာကို ပြသနေတဲ့ နောက်ဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

#နည်းပညာသတင်း #ဝန်ထမ်းလျှော့ချခြင်း

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ ရပ်ဆိုင်းကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားကြီး နိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တိ...
31/10/2025

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ ရပ်ဆိုင်း

ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားကြီး နိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံအကြား တင်းမာနေတဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ယာယီဖြေရှင်းဖို့ တစ်နှစ်ကြာ အပြစ်ပေး အခွန်အတုတ်များ (Punitive Tariffs) ရပ်ဆိုင်းဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒီသဘောတူညီမှုဟာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာနဲ့ ကုန်သွယ်ရေး ဈေးကွက်ကို ကြီးမားစွာ သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် စမတ်ဖုန်း၊ ကားနဲ့ စစ်ဘက်သုံး ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ မြေရှားသတ္တု တွေအပေါ် တရုတ်ရဲ့ ထိန်းချုပ်မှုနဲ့ NVIDIA ရဲ့ AI ချစ်ပ်များ တင်ပို့မှု ကန့်သတ်ချက်လို နည်းပညာဆိုင်ရာ ကိစ္စရပ်တွေလည်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။

ဒီယာယီ အပစ်အခတ် ရပ်စဲရေးကြောင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ တည်ငြိမ်မှုတွေ ပြန်ရလာနိုင်ပြီး၊ နည်းပညာကဏ္ဍက လုပ်ငန်းရှင်တွေအတွက်တော့ သက်ပြင်းချစရာ သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။ နောက် ၁၂ လအတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

#နည်းပညာသတင်း #အမေရိကန်တရုတ် #ကုန်သွယ်ရေးစစ်ပွဲ

Wikipedia ကို ယှဉ်ပြိုင်မယ့် အီလွန်မတ်စ် ရဲ့ Grokipedia စတင်နည်းပညာလောကမှာ ပြိုင်ဆိုင်မှုအသစ်တစ်ခု စတင်လိုက်ပါပြီ။ အီလွန...
30/10/2025

Wikipedia ကို ယှဉ်ပြိုင်မယ့် အီလွန်မတ်စ် ရဲ့ Grokipedia စတင်
နည်းပညာလောကမှာ ပြိုင်ဆိုင်မှုအသစ်တစ်ခု စတင်လိုက်ပါပြီ။ အီလွန်မတ်စ် (Elon Musk) ပိုင်ဆိုင်တဲ့ xAI ကုမ္ပဏီကနေ ဉာဏ်ရည်တု (AI) စနစ်နဲ့ အလုပ်လုပ်မယ့် အွန်လိုင်းစွယ်စုံကျမ်းအသစ် Grokipedia ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Grokipedia ရဲ့ ရည်ရွယ်ချက် Grokipedia ဟာ လက်ရှိ လူသိများတဲ့ Wikipedia ကို တိုက်ရိုက် စိန်ခေါ်မယ့် AI စွယ်စုံကျမ်းဖြစ်ပြီး၊ Wikipedia မှာရှိတဲ့ "ဝါဒဖြန့်မှုများ (Propaganda)" ကို ရှင်းလင်းကာ အချက်အလက်ပိုင်း၊ အကြောင်းအရာပိုင်းနဲ့ တိကျမှုပိုင်းတွေမှာ Wikipedia ထက် "အဆပေါင်းများစွာ သာလွန်စေရမယ်" လို့ အီလွန်မတ်စ်က ပြောကြားထားပါတယ်။

သို့ပေမယ့် Wikipedia ကို ပူးတွဲတည်ထောင်သူ Jimmy Wales ကတော့ Grokipedia ကို စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ သူ၏ ပြောကြားချက်အရ Grokipedia ကို အားဖြည့်ပေးမည့် Large Language Models (LLMs) များသည် မှားယွင်းသော အချက်အလက်များ (AI hallucinations) နှင့် ရင်းမြစ်များကို ကိုယ်တိုင် ဖန်တီးပေးနိုင်သောအားနည်းချက်များ ရှိနေသေးသည့်အတွက် စိတ်ချရသော စွယ်စုံကျမ်း အချက်အလက်များ ထုတ်လုပ်နိုင်စွမ်းမရှိသေးဘူးလို့ ဝေဖန်ခဲ့ပါတယ်။

Wikipedia က လူသားများ စစ်ဆေးသုံးသပ်မှုနှင့် အသိုင်းအဝိုင်း၏ ထိန်းချုပ်ကြီးကြပ်မှု (Human Oversight) ကို အဓိကထားပြီး တိကျမှုကို ထိန်းသိမ်းထားခြင်းဖြစ်ကာ၊ Grokipedia ကတော့ ဉာဏ်ရည်တု (AI) စွမ်းအားကို အသုံးပြုပြီး အချက်အလက် ထုတ်ပေးမှာ ဖြစ်ပါတယ်။

AI နဲ့ လူသားတို့ရဲ့ အချက်အလက် တိကျမှုဆိုင်ရာ အားပြိုင်မှုတစ်ခု စတင်လာပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

#နည်းပညာ

ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၅ ထရီလျံတန်ဖိုးရှိ အများပိုင်ကုမ္ပဏီ ဖြစ်လာတဲ့ Nvidiaဉာဏ်ရည်တုနည်းပညာ တိုးတက်ပြောင်းလဲလာမှုရဲ့ ကျော...
30/10/2025

ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၅ ထရီလျံတန်ဖိုးရှိ အများပိုင်ကုမ္ပဏီ ဖြစ်လာတဲ့ Nvidia

ဉာဏ်ရည်တုနည်းပညာ တိုးတက်ပြောင်းလဲလာမှုရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ Chip ထုတ်လုပ်သူကြီး Nvidia ဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး အများပိုင်ကုမ္ပဏီအဖြစ် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ထရီလျံ ကို ကျော်လွန်သွားခဲ့ပါပြီ။
Nvidia ဟာ လွန်ခဲ့တဲ့ ၃ လ (ဇူလိုင်လ) တုန်းကမှ ဒေါ်လာ ၄ ထရီလျံကို စတင်ကျော်လွန်ခဲ့ပြီးနောက် ယခုလို စံချိန်သစ်ကို စိုက်ထူလိုက်တာ ဖြစ်ပါတယ်။ ကုမ္ပဏီတန်ဖိုးဟာ လက်ရှိ ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ Microsoft နဲ့ Apple တို့ရဲ့ ဒေါ်လာ ၄ ထရီလျံ ဝန်းကျင်တန်ဖိုးကိုပါ ကျော်လွန်သွားခဲ့ပါတယ်။

AI ရဲ့ ကျောရိုး Nvidia ရဲ့ ကြီးမားတဲ့ အောင်မြင်မှုက ၎င်းတို့ရဲ့ GPU chips တွေဟာ ChatGPT လိုမျိုး Generative AI စနစ်တွေနဲ့ Supercomputer တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင် ဖြစ်လာတာကြောင့်ပါ။ CEO Jensen Huang ရဲ့ ဦးဆောင်မှုအောက်မှာ ဗီဒီယိုဂိမ်း Chip ထုတ်လုပ်တဲ့ ကုမ္ပဏီဘဝကနေ ကမ္ဘာ့ AI နည်းပညာရဲ့ အချက်အချာနေရာကို ရောက်ရှိလာတာကို ဖော်ပြနေပါတယ်။
လတ်တလောမှာလည်း Nvidia ရဲ့ AI Chip မှာယူမှုပမာဏ ဒေါ်လာ ဘီလျံ ၅၀၀ အထိ ရှိနေပြီး၊ အမေရိကန်အစိုးရအတွက် Supercomputer ၇ လုံးကို တည်ဆောက်ပေးဖို့ စီစဉ်နေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

#နည်းပညာသတင်း

Apple ရှယ်ယာများကို ကြီးကြီးမားမားမြှင့်တင်လိုက်တဲ့ BofAကမ္ဘာကျော် ဘဏ်တစ်ခုဖြစ်တဲ့ Bank of America (BofA) က Apple ကုမ္ပဏ...
30/10/2025

Apple ရှယ်ယာများကို ကြီးကြီးမားမားမြှင့်တင်လိုက်တဲ့ BofA

ကမ္ဘာကျော် ဘဏ်တစ်ခုဖြစ်တဲ့ Bank of America (BofA) က Apple ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်း (AAPL) ကို သိသိသာသာ မြှင့်တင်လိုက်ကြောင်း ဖော်ပြထားပါတယ်။
BofA ရဲ့ သုတေသန ပိုင်းခြားစိတ်ဖြာသူ Wamsi Mohan က Apple ရှယ်ယာတွေကို "ဝယ်ယူရန်" (Buy) ဆိုတဲ့ အဆင့်အတန်းအတိုင်း ဆက်လက်ထားရှိပြီး၊ ပစ်မှတ်စျေးနှုန်းကို ယခင် $250 မှ $320 အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ လက်ရှိစျေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၉.၄% အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
အခုလို ဈေးတက်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့ iPhone 17Pro/Pro Max တွေရဲ့ ရောင်းအားဟာ မျှော်မှန်းထားတာထက်ပိုမိုရောင်းနေပြီး Apple AI ရေရှည် အလားလာ ကောင်းလာနိုင်တာကြောင့်လို့သိရပါတယ်။
Apple ဟာ နောင်တစ်ချိန်မှာ ဉာဏ်ရည်တု (AI) နည်းပညာနယ်ပယ်ရဲ့ ဦးဆောင်သူဖြစ်လာနိုင်ပြီး၊ AI-based နားကြပ်နှင့် Smart Home ထုတ်ကုန်အသစ်များမှတစ်ဆင့် ဝင်ငွေများ တိုးတက်လာမယ့် အလားအလာရှိနေတာဖြစ်ပါတဘ်။
ယခုလို ပစ်မှတ်စျေးနှုန်း မြှင့်တင်လိုက်ခြင်းဟာ လာမယ့် ကြာသပတေးနေ့မှာ Apple ရဲ့ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဝင်ငွေ (Q4 earnings) ထွက်ရှိလာတော့မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

#နည်းပညာသတင်း #ရင်းနှီးမြှုပ်နှံမှု

Display ပိုင်းအကြီးစား မြှင့်တင်မှုတွေလုပ်သွားတော့မယ့် AppleApple ဟာ အနာဂတ် ထုတ်ကုန် ၃ မျိုးဖြစ်တဲ့ MacBook Air၊ iPad Ai...
30/10/2025

Display ပိုင်းအကြီးစား မြှင့်တင်မှုတွေလုပ်သွားတော့မယ့် Apple

Apple ဟာ အနာဂတ် ထုတ်ကုန် ၃ မျိုးဖြစ်တဲ့ MacBook Air၊ iPad Air နဲ့ iPad mini တို့မှာ လက်ရှိ iPhone တွေမှာလို အရည်အသွေးမြင့်မားတဲ့ OLED မျက်နှာပြင် နည်းပညာကို ပြောင်းလဲ အသုံးပြုဖို့ စမ်းသပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒီထုတ်ကုန် ၃ မျိုးထဲမှာ iPad mini က OLED မျက်နှာပြင်ကို အရင်ဆုံး စတင်အသုံးပြုမယ့် ပစ္စည်း ဖြစ်လာဖို့ များတယ်လို့ Bloomberg ရဲ့ သတင်းထောက် Mark Gurman က ဖော်ပြထားပါတယ်။ ၂၀၂၆ ခုနှစ်လောက်မှာ မိတ်ဆက်လာနိုင်ပါတယ်။

အဆင့်မြှင့်တင်မှုအနေနဲ့ iPad mini မှာ ရေစိုခံနိုင်တဲ့ ဒီဇိုင်းအသစ်လည်း ပါဝင်လာဖို့ ရှိနေပြီး၊ ရေမဝင်အောင် စပီကာပေါက်တွေကို ဖယ်ရှားပြီး တုန်ခါမှုနဲ့ အလုပ်လုပ်မယ့် စပီကာစနစ်အသစ်ကိုပါ Apple က စမ်းသပ်နေတယ်လို့ သိရပါတယ်။

အခုလို OLED မျက်နှာပြင်နဲ့ ရေစိုခံဒီဇိုင်းကြောင့် iPad mini အသစ်ရဲ့ စျေးနှုန်းဟာ လက်ရှိဈေးထက် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်လောက် တက်လာပြီး အနိမ့်ဆုံး စျေးနှုန်း $599 ကနေ စတင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

OLED MacBook Air ကိုတော့ အစောဆုံး ၂၀၂၈ ခုနှစ်လောက်မှ တွေ့မြင်ရဖွယ်ရှိပြီး၊ ဈေးနှုန်းသက်သာတဲ့ Entry-level iPad တွေမှာတော့ OLED နည်းပညာကို ထည့်သွင်းဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

#နည်းပညာ #နည်းပညာသတင်း

AI ကြောင့် အလုပ်ချိန် ၃ ရက်သာ လုပ်ရမယ့်ခေတ် ရောက်တော့မှာလား 🤖Zoom ကုမ္ပဏီရဲ့ CEO ဖြစ်သူ Eric Yuan က လာမယ့်ကာလမှာ Artific...
29/10/2025

AI ကြောင့် အလုပ်ချိန် ၃ ရက်သာ လုပ်ရမယ့်ခေတ် ရောက်တော့မှာလား 🤖

Zoom ကုမ္ပဏီရဲ့ CEO ဖြစ်သူ Eric Yuan က လာမယ့်ကာလမှာ Artificial Intelligence (AI) ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ပုံမှန် ၅ ရက် အလုပ်လုပ်ရတဲ့စနစ် ဟာ ပျောက်ကွယ်သွားပြီး၊ ဝန်ထမ်းတွေဟာ တစ်ပတ်ကို ၃ ရက် (သို့မဟုတ်) ၄ ရက်သာ အလုပ်လုပ်ရမယ့် အပြောင်းအလဲကြီးကို တွေ့ရတော့မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

CEO Eric Yuan ဟာ AI က လူသားတွေရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည် (Productivity) ကို သိသိသာသာ မြှင့်တင်ပေးနိုင်တဲ့အတွက် အလုပ်ချိန်လျှော့ချဖို့ လိုအပ်ကြောင်း အခိုင်အမာ ယုံကြည်နေသူပါ။

"AI က ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်စေနိုင်မယ်ဆိုရင်၊ ဘာကြောင့် ၅ ရက်လုံးလုံး အလုပ်လုပ်နေရဦးမှာလဲ" လို့ ၎င်းက The New York Times သို့ ပြောကြားခဲ့ပါတယ်။ Yuan ရဲ့ အဆိုအရ ကုမ္ပဏီအများစုဟာ AI ကို အသုံးချလာတဲ့အခါ ၃ ရက် (သို့မဟုတ်) ၄ ရက် အလုပ်လုပ်တဲ့စနစ်ကို အလွယ်တကူ ပြောင်းလဲကျင့်သုံးနိုင်မှာ ဖြစ်ပြီး လူတိုင်းရဲ့ အချိန်တွေကို ပိုမိုလွတ်လပ်စေမှာ ဖြစ်ပါတယ်။

အခုလို AI ရဲ့ အခန်းကဏ္ဌတွေတိုးတက်လာလို့ သတိပေးချက်နှင့် အခွင့်အလမ်းတွေကိုယ်ဆီပေါ်လာပါတယ်။

CEO Yuan က နည်းပညာရပ်ဆိုင်ရာ အပြောင်းအလဲတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတချို့ ပျောက်ကွယ်သွားနိုင်ကြောင်းကိုလည်း သတိပေးခဲ့ပါတယ်။ AI ဟာ Entry-level အင်ဂျင်နီယာ လိုမျိုး အလုပ်တချို့မှာ လူအစားထိုးနိုင်ပေမဲ့၊ AI စနစ်တွေကို စီမံခန့်ခွဲဖို့ (Manage) လုပ်မယ့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ထပ်မံပေါ်ပေါက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

Bill Gates နဲ့ Nvidia CEO Jensen Huang အပါအဝင် အခြားသော ထိပ်တန်းနည်းပညာခေါင်းဆောင်များစွာကလည်း AI ကြောင့် အလုပ်ချိန်တိုလာမယ့် အလားအလာကို ထောက်ခံထားကြပါတယ်။
.ဒီလို ၃ ရက် (သို့မဟုတ်) ၄ ရက် အလုပ်လုပ်တဲ့စနစ်ကို မြန်မာနိုင်ငံက ကုမ္ပဏီတွေမှာရော ကျင့်သုံးဖို့ ဖြစ်နိုင်ပါ့မလား? 🤔 AI ကြောင့် အလုပ်ချိန်တိုသွားမယ့် အခွင့်အရေးကိုရော သင်တို့ ဘယ်လိုမြင်ပါသလဲ?

#နည်းပညာ #နည်းပညာသတင်း

လက်တလော Google Chrome user တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ Malware တစ်ခု ပြန့်နှံ့နေအင်တာနက် လုံခြုံရေးကုမ္ပဏီ Kaspersk...
29/10/2025

လက်တလော Google Chrome user တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ Malware တစ်ခု ပြန့်နှံ့နေ

အင်တာနက် လုံခြုံရေးကုမ္ပဏီ Kaspersky ရဲ့ ဖော်ထုတ်ချက်အရ Chrome browser ရဲ့ မသိသေးတဲ့ လုံခြုံရေးအားနည်းချက်ကို အသုံးပြုပြီး "Dante" လို့ခေါ်တဲ့ စီးပွားဖြစ် Spyware (သူလျှိုဆော့ဖ်ဝဲလ်) ဖြန့်ဝေတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ သုံးစွဲသူတွေကို Phishing Email တွေကတစ်ဆင့် မက်လုံးပေးပြီး လင့်ခ်တစ်ခုကို နှိပ်ခိုင်းရာကနေ စတင်ပါတယ်။ သုံးစွဲသူဟာ လင့်ခ်ကို နှိပ်ပြီး မကောင်းတဲ့ ဝက်ဘ်ဆိုဒ်ကို ရောက်တာနဲ့ Zero-Day Exploit ကို အသုံးပြုပြီး Dante Malware က ကွန်ပျူတာထဲကို အလိုအလျောက် ဝင်ရောက်ပါတယ်။

သတင်းတွေအရ ဒီ Dante Malware ဟာ ရုရှားရှိ မီဒီယာလုပ်ငန်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ Memento Labs လို့ခေါ်တဲ့ အီတလီကုမ္ပဏီက ဒီဆော့ဖ်ဝဲလ်ကို ဖန်တီးခဲ့တာဖြစ်နိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

Chrome သုံးစွဲသူတွေအနေနဲ့ မိမိရဲ့လုံခြုံရေးအတွက် မသင်္ကာဖွယ်ရာ Email တွေနဲ့ လင့်ခ်တွေကို လုံးဝမနှိပ်မိအောင် အထူးသတိထားကြဖို့ သတိပေးလိုက်ရပါတယ်။

---------
Zero-day Exploit ဆိုတာဘာလဲ ဆိုတာ အောက်က ကွန်မန့်လင့် မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#နည်းပညာသတင်း #လုံခြုံရေး #သတိပေးချက်

Zero-Day Exploit ဆိုတာကတော့ Software၊ Hardware ဒါမှမဟုတ် Firmware ထဲမှာ ရှိနေတဲ့ လုံခြုံရေးအားနည်းချက်တစ်ခုကို သိရှိသူ မ...
29/10/2025

Zero-Day Exploit ဆိုတာကတော့ Software၊ Hardware ဒါမှမဟုတ် Firmware ထဲမှာ ရှိနေတဲ့ လုံခြုံရေးအားနည်းချက်တစ်ခုကို သိရှိသူ မရှိသေးခင်မှာပဲ တိုက်ခိုက်သူတွေက အခွင့်ကောင်းယူပြီး အသုံးပြုတိုက်ခိုက်တာကို ခေါ်တာပါ။

ဒီလိုခေါ်တာက ဘာကြောင့်လဲဆိုတော့-
ဆော့ဖ်ဝဲလ်ထုတ်လုပ်သူ ဒါမှမဟုတ် ပညာရှင်တွေက ဒီအားနည်းချက်ကို မသိရှိသေးပါဘူး။

Exploit (အမြတ်ထုတ်တိုက်ခိုက်မှု): တိုက်ခိုက်သူက ဒီအားနည်းချက်ကို စောစောစီးစီး ရှာတွေ့ပြီး၊ အဲ့ဒီအားနည်းချက်ကို အသုံးပြုမယ့် Malicious Code (ကုဒ်ဆိုး) ကို ရေးဆွဲပြီး စတင်တိုက်ခိုက်လိုက်ပါတယ်။

"Zero Day": ဆော့ဖ်ဝဲလ်ထုတ်လုပ်သူဟာ ဒီအားနည်းချက်ကို သိရှိပြီး ပြင်ဆင်ဖို့အတွက် "ရက်သုည" (Zero Days) သာ အချိန်ရပါသေးတယ်လို့ ဆိုလိုတာပါ။ ဆိုလိုတာက ပြင်ဆင်မှု (Patch) မရှိသေးခင်မှာပဲ တိုက်ခိုက်ခံနေရပြီဖြစ်တဲ့အတွက် အကာအကွယ်ပေးမယ့် နည်းလမ်းမရှိတာကို ဖော်ပြတာပါ။

Zero-Day Exploit တွေဟာ အန္တရာယ်အရှိဆုံး တိုက်ခိုက်မှုတွေထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ သမားရိုးကျ လုံခြုံရေးစနစ်တွေ (ဥပမာ- Antivirus) က ဒီလိုမသိသေးတဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ ဒါမှမဟုတ် တားဆီးဖို့အတွက် အဆင်သင့်မဖြစ်သေးတဲ့အတွက်ကြောင့်ပါ။

#နည်းပညာသတင်း #လုံခြုံရေး

Elon Musk ရဲ့ Neurallink ကိုပြိုင်ဖို့ 'Merge Labs' ကို လုပ်နေတယ်လို့ OpeanAI ရဲ့ဥက္ကဌ Altman ပြောကြားOpenAI ၏ CEO Sam A...
28/10/2025

Elon Musk ရဲ့ Neurallink ကိုပြိုင်ဖို့ 'Merge Labs' ကို လုပ်နေတယ်လို့ OpeanAI ရဲ့ဥက္ကဌ Altman ပြောကြား

OpenAI ၏ CEO Sam Altman သည် Elon Musk ၏ Neuralink ကို တိုက်ရိုက်ယှဉ်ပြိုင်မည့် ဦးနှောက်-ကွန်ပျူတာ ဆက်သွယ်မှု (Brain-Computer Interface - BCI) နည်းပညာ စတင်တည်ထောင်ရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြနေပါတယ်။

Altman ၏ အဆိုပါ ထူးဆန်းသော နည်းပညာအသစ်ကို 'Merge Labs' ဟု ခေါ်ပြီး၊ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ဦးနှောက်ခွဲစိတ်မှု (Invasive Surgery) မလိုအပ်ဘဲ လူ့စိတ်ကို ဖတ်နိုင်သော ခွဲစိတ်မှုမလိုသည့် (Non-Invasive) BCI နည်းပညာ ကို တီထွင်ရန်ဖြစ်သည်။

Elon Musk ရဲ့ Neuralink နဲ့ နည်းပညာနဲ့ ဘာတွေကွာခြားသလဲ

Elon Musk ၏ Neuralink သည် ဦးနှောက်ထဲသို့ သေးငယ်သော ချစ်ပ်ပြားနှင့် အမျှင်များကို ခွဲစိတ်ထည့်သွင်း၍ တိုက်ရိုက်လျှပ်စစ်အချက်ပြမှုများ ဖြင့် အလုပ်လုပ်သည်။ သို့သော် Sam Altman သည် ဤနည်းလမ်းကို စွန့်စားမှုများသောကြောင့် သဘောမကျကြောင်း ထုတ်ဖော်ပြောဆိုဖူးသည်။

Merge Labs သည် ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်မှ နာမည်ကျော် ဇီဝမော်လီကျူး အင်ဂျင်နီယာ Mikhail Shapiro ကို ခေါင်းဆောင်တစ်ဦးအဖြစ် ခေါ်ယူထားပြီး ၎င်းတို့၏ နည်းလမ်းမှာ Gene Therapy (မျိုးဗီဇကုထုံး) နှင့် Ultrasound (အသံလှိုင်း) တို့ကို ပေါင်းစပ်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါနည်းလမ်းဖြင့် ဦးနှောက်ဆဲလ်များကို အသံလှိုင်းဒဏ် ခံနိုင်ရည်ရှိစေရန် မျိုးဗီဇပြုပြင်ပြီး၊ ထိုဆဲလ်များမှ ထွက်ပေါ်လာသော စိတ်အချက်ပြမှုများကို အသံလှိုင်းဖြင့် စစ်ဆေးဖတ်ရှုရန် ရည်ရွယ်သည်။ ဤသည်မှာ ဦးနှောက်ကို ဓားခွဲရန်မလိုဘဲ စိတ်နှင့် ကွန်ပျူတာကို ချိတ်ဆက်ရန် အလားအလာရှိသော ဘေးကင်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။

Merge Labs သည် OpenAI ၏ Venture Fund မှ အဓိကထောက်ပံ့မှုဖြင့် စုစုပေါင်း ဒေါ်လာ ၂၅၀ သန်း ရန်ပုံငွေ ရှာဖွေနေပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၈၅၀ သန်း အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။

#နည်းပညာ #နည်းပညာသတင်း

သုံးစွဲသူများ တောင်းဆိုခဲ့သည့်အတိုင်း Apple က 'Liquid Glass' UI ကို ပြောင်းလဲခွင့်ပေးတော့မည်Apple ဟာ iOS 26 နဲ့အတူ မိတ်ဆ...
28/10/2025

သုံးစွဲသူများ တောင်းဆိုခဲ့သည့်အတိုင်း Apple က 'Liquid Glass' UI ကို ပြောင်းလဲခွင့်ပေးတော့မည်

Apple ဟာ iOS 26 နဲ့အတူ မိတ်ဆက်ခဲ့တဲ့ 'Liquid Glass' လို့ခေါ်တဲ့ ဖန်သားလို ကြည်လင်တောက်ပတဲ့ User Interface (UI) ဒီဇိုင်းကို သုံးစွဲသူစိတ်ကြိုက် ပြောင်းလဲနိုင်မယ့် ရွေးချယ်ခွင့်အသစ်တစ်ခုကို စတင်စမ်းသပ်နေပါပြီ။

iOS 26 ကို စတင်မိတ်ဆက်ပြီးနောက်ပိုင်းမှာ Liquid Glass ရဲ့ အလွန်အမင်း ကြည်လင်လွန်းတဲ့ (Transparent) အသွင်အပြင်ကြောင့် စာသားတွေ ဖတ်ရခက်တာ၊ ခလုတ်တွေ ဝါးနေတာ စတဲ့ မြင်ရခက်ခဲမှု (Legibility) ပြဿနာတွေ ရှိတယ်လို့ သုံးစွဲသူတွေရဲ့ ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

Apple ဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် iOS 26.1 Beta 4 မှာ "Tinted" လို့ခေါ်တဲ့ စနစ်အသစ်တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။
"Clear" Mode - လက်ရှိ Liquid Glass ရဲ့ ပုံစံအတိုင်း ပိုမိုကြည်လင်ပြီး နောက်ခံပုံတွေကို ပိုမြင်ရစေပါတယ်။
"Tinted" Mode - Liquid Glass ရဲ့ ကြည်လင်မှု (Transparency) ကို လျှော့ချ ပြီး Opacity (အရောင်ဖုံးမှု) ကို ပိုတိုး လိုက်တဲ့အတွက် စာသားနဲ့ ခလုတ်တွေကို ပိုမို ထင်ရှားမြင်သာစေမှာပါ။
ဒီရွေးချယ်မှုကို Settings > Display & Brightness အောက်က Liquid Glass ဆိုတဲ့ မီနူးအသစ်မှာ ရှာတွေ့နိုင်မှာ ဖြစ်ပြီး၊ iOS, iPadOS နဲ့ macOS တို့မှာပါ ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒါဟာ Apple ရဲ့ ဒီဇိုင်းအပြောင်းအလဲတွေကို သုံးစွဲသူအများစုရဲ့ တောင်းဆိုချက်အရ ပြန်လည်ပြင်ဆင်ပေးတဲ့ နောက်ဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။
#နည်းပညာ #နည်းပညာသတင်း

Address

Puerto Princesa
10210

Website

Alerts

Be the first to know and let us send you an email when 4U Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 4U Media:

Share