23/08/2026
"Hail to the King” အယ်လ်ဘမ် ၁၃ နှစ်ပြည့် အထိိမ်းအမှတ်
"Hail to the King” ဟာ Avenged Sevenfold ရဲ့ ၆ ချပ်မြောက် အယ်လ်ဘမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ Warner Bros. Records ကနေ ထုတ်ဝေခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ကို Mike Elizondo က ပရိုဂျူဆာအဖြစ် တာဝန်ယူခဲ့ပြီး၊ A7X ရဲ့ အယ်လ်ဘမ်တွေမှာ Arin Ilejay က ဒရမ်မာအဖြစ် ပါဝင်ခဲ့တဲ့ တစ်ချပ်တည်းသော အယ်လ်ဘမ်လည်း ဖြစ်တယ်။ Arin Ilejay ကတော့ ၂၀၁၅ ခုနှစ်မှာ အဖွဲ့ကနေ ထွက်ခွာခဲ့ပါတယ်။
The Rev ကွယ်လွန်ပြီး ပထမဆုံး ထွက်လာတဲ့ အယ်လ်ဘမ်ပါ။ The Rev မရှိတော့တဲ့အတွက် အဖွဲ့အနေနဲ့ နောက်အယ်လ်ဘမ်ကို ဘယ်လိုပုံစံနဲ့ ဆက်လုပ်ကြမလဲဆိုတာ တိုင်ပင်ကြရင်း သူတို့နဲ့ အံ့ဝင်ခွင်ကျမယ့် ဒရမ်မာ ခက်ခက်ခဲခဲ လိုက်ရှာခဲ့ရတဲ့ အခွေပေါ့။
Nightmare မှာတော့ ဒရမ်ကို Dream Theater ရဲ့ ဒရမ်မာ Mike Portnoy က ကူညီတီးပေးခဲ့တာပါ။ Hail to the King” အခွေဟာ စီးပွားရေးအရ အတော်အောင်မြင်ခဲ့ပြီး Billboard 200 Chart မှာ နံပါတ် ၁ အထိ ရောက်ခဲ့ပါတယ်။
ဒါဟာ Avenged Sevenfold တို့ "Nightmare” အယ်လ်ဘမ်ပြီးနောက် Billboard 200 မှာ နံပါတ် ၁ ရခဲ့တဲ့ ဒုတိယမြောက်အယ်လ်ဘမ် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအများအပြားရဲ့ Music Chart တွေမှာလည်း နံပါတ် ၁ ရခဲ့ပါတယ်။
"Hail to the King” ဟာ သူတို့ရဲ့ အရင်အယ်လ်ဘမ်တွေထက် ပိုရိုးရှင်းပြီး Classic Rock / Heavy Metal ဘက်ကို သွားထားတာပါ။ ဒါကြောင့်လည်း Black Sabbath, Led Zeppelin, Metallica တို့ရဲ့ လွှမ်းမိုးမှုတွေကို အယ်လ်ဘမ်ထဲမှာ သိသိသာသာ ကြားရပါတယ်။
အယ်လ်ဘမ်ရဲ့ Deluxe Version မှာ "St. James” ဆိုတဲ့ သီချင်းတစ်ပုဒ် ပါလာပါတယ်။ ဒီသီချင်းဟာ The Rev ကို ရည်စူးထားတဲ့ သီချင်းဖြစ်ပြီး သူကွယ်လွန်ပြီးနောက် A7X အဖွဲ့ဝင်တွေရဲ့ ခံစားချက်တွေကို ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ပါ။
Nightmare လို The Rev ရဲ့ အရိပ်အယောင်ကို အလေးအနက်ထားတဲ့ အခွေ မဟုတ်ပေမယ့် St. James ကတော့ သူ့ကို မမေ့ကြောင်း ပြတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
ဂစ်တာအပိုင်းမှာတော့ အရင် အယ်လ်ဘမ်တွေလို Technical Guitar တွေကို ရှုပ်ရှုပ်ထွေးထွေး မသုံးတော့ဘဲ မှတ်မိလွယ်တဲ့ Melody တွေကို ပိုဦးစားပေးခဲ့ပါတယ်။
အယ်လ်ဘမ်မှာ သီချင်း (၁၁) ပုဒ်ပါပါတယ်-
1. Shepherd of Fire
2. Hail to the King
3. Doing Time
4. This Means War
5. Requiem
6. Crimson Day
7. Heretic
8. Coming Home
9. Planets
10. Acid Rain
11. St. James (bonus track)
Avenged Sevenfold ကို Mainstream ကမ္ဘာ့ Metal ပရိသတ်တွေဆီ အရောက် တွန်းပို့ပေးခဲ့တဲ့ အယ်လ်ဘမ်တစ်ချပ်ဆိုလည်း မမှားဘူး။