Thiha Kyaw

Thiha Kyaw မင်္ဂလာပါ

ကိုယ်ပိုင်အလုပ် လုပ်နိုင်အောင် အရင်ကြိုးစားပါ”ကျွန်တော်တို့တွေ ဘာလို့မချမ်းသာကြတာလည်း ဆိုတာကိုဒီတစ်ခါ အတူတူလေ့လာကြည့်ရအေ...
31/01/2025

ကိုယ်ပိုင်အလုပ် လုပ်နိုင်အောင် အရင်ကြိုးစားပါ”

ကျွန်တော်တို့တွေ ဘာလို့မချမ်းသာကြတာလည်း ဆိုတာကိုဒီတစ်ခါ အတူတူလေ့လာကြည့်ရအောင်ပါ။

လူတိုင်းက ဘဝမှာ ချမ်းသာချင်ကြတဲ့ သူတွေချည်းပါပဲ။ မိတ်ဆွေတို့အနေနဲ့ မယုံဘူးဆိုရင် လူတွေကို လိုက်မေးကြည့်လိုက်ပါ။ ၉၉ ရာခိုင်နှုန်းဟာ ချမ်းသာချင်ကြတဲ့ သူတွေကြီးပါပဲ။

ဒီလိုချမ်းသာချင်တဲ့ စိတ်ဆန္ဒလေးရှိနေရုံနဲ့ တကယ်ချမ်းသာသွားမယ် ဆိုရင် မိတ်ဆွေတို့အနေနဲ့ ဆင်းရဲသားဆိုတာကို ပြတိုက်ထဲမှာ သွားကြည့်ရမဲ့အနေအထားတွေ ဖြစ်သွားပါလိမ့်မယ်။

ဒီလောက်ဆိုရင် မိတ်ဆွေတို့ သဘောပေါက်မှာပါ။ ကျွန်တော့တို့မှာချမ်းသာချင်တဲ့ ဆန္ဒလေးတစ်ခုရှိနေရုံနဲ့ မပြီးသေးဘူး ဆိုတာကို။ကျွန်တော်တို့က ချမ်းသာချင်ကြတယ်။ဒါပေမယ့် မချမ်းသာကြဘူး။

ဘာကြောင့်လဲ❓

ကျွန်တော်တို့က ငွေကြေးနဲ့ ပတ်သက်လာရင်ကိုယ့် ပမာဏကို ကိုယ် နားမလည်ကြလို့ပါ။ငွေကို ဘယ်လိုသုံးရမယ်ဆိုတာကို ကောင်းကောင်း သဘောမပေါက်ကြဘူးပေါ့။

တစ်နည်းပြောရင် ငွေကြေး စီမံခန်ခွဲမှု့ ညံ့ဖျင်းတာပါ။ ဒီထက်ပိုဆိုးဝါးတာက လူအများစုဟာလက်တွေ့မကျတဲ့ စိတ်ကူးထဲက ဘဝမှာ ပျော်နေကြတာပါ။

နောက်တစ်ခုက အဆင့်ကိုကျော်ပြီး တွေးလိုက်တာပါ။ဒါကဘာလည်းဆိုတော့ လက်ရှိကိုယ်လုပ်နေတဲ့ အလုပ်ကိုမေ့ပြီးအခြားနယ်ပယ်တစ်ခုမှာ အတွေးလွန်နေချင်းပါ။

ဥပမာ - ကိုယ်က လခစားအလုပ်သမား တစ်ယောက်ပဲဆိုပါတော့ ဒါဆိုရင် အရင်ဦးဆုံး စဉ်းစားရမှာက ချမ်းသာဖို့ မဟုတ်ပါဘူး။

ဒီလိုအလုပ်သမား ဘဝက လွတ်မြောက်ဖို့ စဉ်းစားရမှာပါ။သူတစ်ပါးရဲ့ လစာနဲ့ ချမ်းသာဖို့ စဉ်းစားတာကတော့ စောလွန်းပါတယ်။ဒါကြောင့် ကိုယ်ပိုင် အလုပ်တစ်ခု စတင်ဖို့ကို ပထမ အဆင့် အနေနဲ့ စဉ်းစားပါ ကြိုးစားပါ။

ပြီးမှ ချမ်းသာဖို့ အတွက် ထပ်စဉ်းစားပြီး နည်းလမ်း အသစ်ကိုရှာပါ။ဒီနေရာမှာ တစ်ခုပြောချင်တာက အလုပ်တစ်ခုကို စတင်တဲ့နေရာမှာ ကြီးကျယ်ပြီး ခန်းနားထည်ဝါနေဖို့
မလိုပါဘူး။

ကိုယ်နဲ့ ကိုက်ညီပြီး နည်းစနစ်ကျဖိုကသာ အဓိကပါ။ ဒီလို စတင်တဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိပြီး ကြိုးစားအားထုတ်မှု့ရှိမှဖြစ်မှာပါ။ဒီလိုမှမဟုတ်ပဲ ငါတော့လုပ်တာပဲလေ ဖြစ်တာမဖြစ်တာက ကံကြမ္မာပါဆိုပြီး ကံကိုပဲယိုးမယ်ဖွဲ့နေလို့မရပါဘူး။

ကံကောင်းလို့ဆိုပြီး ထိုင်နေရင်း ရှေ့မှာ ရွှေအိုးကြီး ပေါ်လာတယ် ဆိုတာကတော့ ရှေးရှေးတုန်းက သာဓကတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲရှိခဲ့တာပါ။

လက်ရှိ မျက်မှောက်ခေတ်မှာတော့ ဒီလိုဖြစ်လာဖို့ဆိုတာ အိမ်မက်ထဲမှာတောင် တကယ်ခဲယဉ်းပါတယ်။ဒါကြောင့် စိတ်ကူးယဉ်မနေပဲ လက်ရှိအချိန်တွေကိုရင်ဆိုင်နိုင်အောင် ကြိုးစားပါ။

မိတ်ဆွေတို့ အနေနဲ့ အချိန်ရဲ့ တိုက်စားမှု့ကို ခံနိုင်ရည်မရှိဘဲ စိတ်ပျက် ဇွဲလျှော့လိုက်ခြင်းဟာလည်းကံကောင်းခြင်းတွေကို ငြင်းပယ်လိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ကျွန်တော်တို့ရဲ့ အဓိက အားနည်းချက်က ဘာလဲဆိုတော့❓

လူတိုင်းက နက်ပြည်ရောက်ချင်ကြတယ်။ခက်နေတာ တစ်ခုကဘယ်သူကမှ မသေချင်ကြတာပါ။ဟုတ်ပါတယ်။ကျွန်တော်တို့ရဲ့မချမ်းသာရခြင်း အကြောင်းက ဒါပါပဲ။ပါးစပ်က ချမ်းသာချင်တယ် ချမ်းသာချင်တယ်ဆိုတာပဲ ပြောနေကြတယ်။

ကိုယ်ကိုယ်တိုင်လည်း ကြိုးစား အားထုတ်မှု့မရှိဘူး။ဒီကြားထဲ သူတို့က မနက်မိုးလင်းလို့ အိမ်သာတတ်ရင်
ရွှေထွက်ချင်ကြတယ်။ဒီလို အတွေးတွေကြောင့် ကျွန်တော်တို့က မချမ်းသာကြရတာပါ။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူတစ်ပါးကို မေးခွန်းထုတ်နေမယ့်အစား ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပြီး ပြောင်းလဲသင့်တဲ့ အမူအကျင့်တွေကို ပြုပြင် ပြောင်းလဲလိုက်ရင် ကံကောင်းခြင်းဟာကျွန်တော်တို့ရဲ့ ရှေ့တည့်တည့်မှာ ရပ်စောင့်နေမှာပါ။

လွယ်ကူစွာ အင်္ဂလိပ်စာ လေ့လာရအောင်အခြေခံ အင်္ဂလိပ်သဒ္ဒါ စုစည်းချက် (အပိုင်း-၃)၁၉၉၈ကောင်လေး
21/01/2025

လွယ်ကူစွာ အင်္ဂလိပ်စာ လေ့လာရအောင်
အခြေခံ အင်္ဂလိပ်သဒ္ဒါ စုစည်းချက် (အပိုင်း-၃)
၁၉၉၈ကောင်လေး

လွယ်ကူစွာ အင်္ဂလိပ်စာ လေ့လာရအောင် အရောင်များ (အပိုင်း-၂)၁၉၉၈ကောင်လေး
21/01/2025

လွယ်ကူစွာ အင်္ဂလိပ်စာ လေ့လာရအောင်
အရောင်များ (အပိုင်း-၂)
၁၉၉၈ကောင်လေး

လွယ်ကူစွာ အင်္ဂလိပ်စာ လေ့လာရအောင်မီးဖို့ချောင်သုံးများ (အပိုင်း-၁)၁၉၉၈ကောင်လေး
21/01/2025

လွယ်ကူစွာ အင်္ဂလိပ်စာ လေ့လာရအောင်
မီးဖို့ချောင်သုံးများ (အပိုင်း-၁)
၁၉၉၈ကောင်လေး

အသက်ငယ်ငယ်မှာ အောင်မြင်ချမ်းသာချင်ရင်(1) ငွေနောက်ကိုလိုက်ပါ။ဒီနေ့ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ချမ်းသာဖို့ကခက...
06/01/2025

အသက်ငယ်ငယ်မှာ အောင်မြင်ချမ်းသာချင်ရင်

(1) ငွေနောက်ကိုလိုက်ပါ။

ဒီနေ့ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ချမ်းသာဖို့ကခက်ခဲလွန်းပါတယ်။
ပထမဆုံးခြေလှမ်းကတော့သင့်ဝင်ငွေတိုးလာဖို့အာရုံစိုက်ရမယ်။
ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့အာရုံစိုက်နေရမယ်။
အခုငွေနောက်ကိုစလိုက်ပါ။ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီး အခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ်။

(2) မကြွားဝါပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ။

သင့်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့တန်ဖိုးကြီးကားတွေ တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့။သင့်အလုပ်ကြောင့်လူသိပါစေ။သင်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့။

(3) ရင်းနှီးမြှပ်နှံဖို့ငွေစုပါ။

ငွေစုဖို့အတွက်တစ်ခုထဲတော့အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီးဆိုတာနဲ့စုတဲ့ငွေကိုလုံးဝမထိပါနဲ့။ဘာအတွက်မှလည်းမသုံးပါနဲ့။အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့။ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။

(4) အကြွေးယူတာကိုရှောင်ပါ။

သင်ဘယ်တော့မှငွေမချေးရအောင် အကောင်းဆုံးငွေကြေးကိုထိန်းချုပ်ပါ။ စည်းကမ်းတွေသတ်မှတ်ထားပါ။
ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်ဖို့ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့အတွက်သာအကြွေးယူကြတာပါ။ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ငွေချေးကြတယ်။
ဒီတော့ ဆင်းရဲတဲ့သူတွေကပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်။

(5) ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လိုပြုမူဆက်ဆံပါ။

ငွေတွေပေါများလာပါစေလို့ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။
ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါ။
ချမ်းသာဖို့ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားရမယ်။
ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။
ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့တွေ့ပြီးသင့်ကိုစွန့်ခွာကောင်းစွန့်ခွာသွားနိုင်ပါတယ်။

(6) ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး။

ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။
အချိန်ဇယားတွေကိုလည်းမသိဘူး။
အားလပ်ရပ်တွေကိုလည်းမသိဘူး။
ငွေက အလုပ်ကြိုးစားတဲ့သူတွေကိုချစ်တယ်။
ဆင်းရဲတယ်ဆိုတာ အဓိပ်ပါယျမရှိတဲ့အရာဘဲ။
ဘီဂတ်က ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင့်အပြစ်
မဟုတ်ဘူး ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့သင့်အပြစ်ပဲ လို့ပြောဖူးပါတယ်။

(7) အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ အကြံပေးနိုင်သူကိုရှာပါ။

တိုးတတ်အောင်မြင်ဖို့ဆိုရင် မိမိကိုတွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကိုရှာဖွေရမယ် ဒါဟာအကောင်းဆုံးနည်းလမ်းပါဘဲ။

(8) ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ။

အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့
စွန့်ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်
မီလျီယျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။

"  #တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့   စီးပွားရေးလမ်းညွှန် (၁၇) ချက် " ၁။ ဆိုင်နေရာကောင်းခြင်းဟာ     ဆိုင်ကြီးတာ ငယ်တာထက...
30/12/2024

" #တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

ဦးစိုင်းနေ ( တောင်ကြီး)

🌵 မင်း လို ချင် တဲ့ အ ရာ ထက် လို အပ် တဲ့ အ ရာ ကို အ ရင် လုပ် သင့် တယ် ...🌵ခ ဏ တာ ကို မ ကြည့် နဲ့တစ် ဘ ဝ စာ ကို ကြည့် ......
27/12/2024

🌵
မင်း လို ချင် တဲ့ အ ရာ ထက်
လို အပ် တဲ့ အ ရာ ကို အ ရင် လုပ် သင့် တယ် ...

🌵
ခ ဏ တာ ကို မ ကြည့် နဲ့
တစ် ဘ ဝ စာ ကို ကြည့် ...

🌵
တစ် ချို့ အ ရာ တွေ က
လို ချင် တပ် မက် ဖို့ ကောင်း တယ်
ဒါ ပေ မယ့် မင်း ဘ ဝ အ တွက် အာ
မ ခံ ချက် မ ရှိဘူး
အ ဓိ က နဲ့ သာ မ ည နဲ့ ခွဲ ခြား တတ် ပါ စေ ...

အိပ်ယာကို ထချင်တဲ့ အချိန်မှထနိုင်ဖို့ အတွက် ...မထချင်ဘဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို အရင်ဖြတ်ကျော် ရတတ်တယ်။စားချင်တ...
24/12/2024

အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...

မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။

စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...

စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။

သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...

သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။

" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "

အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။

ဒါမှမဟုတ် ..

အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။

သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။
crd

အသက် ၂၀ ကနေ ၂၅ နှစ်အတွင်းဟာဘဝကို ဖြတ်သန်းရတာ သိပ်မလွယ်ကူတော့ပါဘူး 🗓️ဘဝက သင်ခန်းစာတွေ အပြည့်အဝသင်ပေးတာအခံရဆုံး အရွယ်တွေပါ...
21/12/2024

အသက် ၂၀ ကနေ ၂၅ နှစ်အတွင်းဟာ
ဘဝကို ဖြတ်သန်းရတာ သိပ်မလွယ်ကူတော့ပါဘူး 🗓️

ဘဝက သင်ခန်းစာတွေ အပြည့်အဝသင်ပေးတာ
အခံရဆုံး အရွယ်တွေပါပဲ။

We lose friends.
သူငယ်ချင်းတွေ ဆုံးရှုံးရပါလိမ့်မယ်။

We are heartbroken.
အသည်းကွဲရပါလိမ့်မယ်။

We make a lot of mistakes.
အမှားတွေ အများကြီး လုပ်မိပါလိမ့်မယ်။

We make wrong choices.
ရွေးချယ်မှုတွေ မှားပါလိမ့်မယ်။

We make terrible decisions.
ဆုံးဖြတ်ချက်တွေ မှားပါလိမ့်မယ်။

We fall and fail.
ပြိုလဲမှုတွေ၊ ကျရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

We lose yourself.
ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပါလိမ့်မယ်။

But it’s normal.
ဒါဟာ တကယ်ကို ပုံမှန်ပါပဲ။
ကျွန်တော်တို့ အများစုဟာ
ဒီအတိုင်းပဲ ဖြတ်သန်းကြရမှာပါ။

ဒါပေမယ့်
သူငယ်ချင်း ဆုံးရှုံးမှု၊ ချစ်သူရဲ့ အသည်းခွဲမှုတွေဟာ
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့စေဖို့နဲ့
ကိုယ့်ကိုယ်ကို ချစ်တတ်စေဖို့ ကူညီပေးပြီး
ကောင်းမွန်တဲ့သူငယ်ချင်းတွေနဲ့
စစ်မှန်တဲ့ချစ်သူကို
ဘဝထဲ ရောက်ရှိလာစေပါတယ်။

ဆုံးဖြတ်ချက်အမှားတွေ
ရွေးချယ်မှုအမှားတွေ
လုပ်ခဲ့မိသမျှ အမှားတွေ
နောက်ဆက်တွဲ ကျရှုံးမှုတွေ
ဒါတွေ အားလုံးဆီက
ဘဝအတွက် သင်ခန်းစာတွေကို စတင်ရရှိစေပြီး
ပိုကောင်းတဲ့သူ
ပိုတော်တဲ့သူ
ပိုအောင်မြင်တဲ့သူ ဖြစ်လာစေပါလိမ့်မယ်။

ဘဝရဲ့ သင်ခန်းစာတွေကြောင့်
ပိုပြီးလည်း သန်မာလာမှာ ဖြစ်ပါတယ်။
တစ်ချိန်မှာ ပြန်တွေးကြည့်တဲ့အခါ
အသက် ၂၀ ကျော် ကာလတွေဟာ
ဘဝရဲ့ အကောင်းဆုံးကာလတွေ ဖြစ်နေတာကိုလည်း
realize ဖြစ်ရပါလိမ့်မယ်။

AD

ကြောင်အရမ်း ချစ်လိုထင်တယ်😁
14/12/2024

ကြောင်အရမ်း ချစ်လိုထင်တယ်😁

Dirección

San Ygnacio

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Thiha Kyaw publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Compartir

Categoría