ရိုမေးနီးယားရောက်အညာသူ

ရိုမေးနီးယားရောက်အညာသူ 💫 Life, memories, and everything in between 🌿
A cozy space to share moments, thoughts, and little inspirations 📝

20/11/2025

ကိုယ်ဝန် (၂၆) ပါတ်မှာ ခံစားရတဲ့ လက္ခဏာများ 😍 ゚viralシ

18/11/2025

အမေ့ဗိုက်ကို အမြဲနမ်းဖို့နဲ့ ခရင် လိမ်းဖို့တော့ အမြဲသတိရတဲ့ ခလေးလေး ゚viralシ

🤰🍫 ကိုယ်၀န်ဆောင်စဉ် Dark Chocolate လေး တစ်ခါတစ်လေစားမယ် — Yes please!Antioxidant အများကြီးပါပြီး🩸 သွေးလည်ပတ်စီးဆင်းမှုကေ...
15/11/2025

🤰🍫 ကိုယ်၀န်ဆောင်စဉ် Dark Chocolate လေး တစ်ခါတစ်လေစားမယ် — Yes please!

Antioxidant အများကြီးပါပြီး
🩸 သွေးလည်ပတ်စီးဆင်းမှုကောင်းစေတယ်
😌 စိတ်ဖိစီးမှု လျော့စေတယ်
💛 iron နဲ့ Magnesium ပါလို့ အိပ်ပျော်ဖို့အထောက်အကူပြုတယ်

အလွန်အကျွံတော့ မစားရဘူး၊ သင့်တင့်စွာစားပေးလို့ရပါတယ်။


15/11/2025

27 weeks pregnant baby bump
゚viralシ

ပထမနဲ့ ဒုတိယကိုယ်ဝန် ကွာခြားချက် ….ပထမကိုယ်ဝန်တုန်းက အိပ်/စားကောင်း ဇိမ်ရှိသလောက် ဒုတိယကိုယ်ဝန်ကျ အိပ်ပျော်ရခက်၊ (အစားမပ...
06/11/2025

ပထမနဲ့ ဒုတိယကိုယ်ဝန် ကွာခြားချက် ….

ပထမကိုယ်ဝန်တုန်းက အိပ်/စားကောင်း ဇိမ်ရှိသလောက်
ဒုတိယကိုယ်ဝန်ကျ အိပ်ပျော်ရခက်၊ (အစားမပျက်လို့တော်ပါသေးရဲ့)

သားသားက သူ့ ဖေဖေနဲ့မအိပ်ဘဲ အမေနဲ့အိပ်တော့ အိပ်ရတာ သက်တောင့်သက်သာမရှိပြန်ဘူး။

ခု သမီး လေး ကိုယ်ဝန်ကျတော့ အချို မကြိုက်သူက အချိုတွေပဲစားချင်

OG က အချိုရှောင် Carbohydrate သိပ်မစားနဲ့လို့ပြောလို့စားချင်တိုင်း မစားရပြန်ဘူး။

တချို့ တွေ ကလေး ၁၂-၁၅ ယောက်ဘယ်လိုမွေးကြလဲမသိဘူးနော်။

ကိုယ်တွေ ဒီတယောက်တောင် သားလေးအဖော်ရအောင် ယူရတာ -

ကလေး ၂ ယောက်ယူရတာကို ပင်ပန်းလွန်းလှပြီလေ 😌

06/11/2025

ဆောင်းဦးရာသီ

24 weeks Pregnancy 🤰 ဆောင်းတွင်းကြီးမှာ အပြင်သွားမယ်ဆို ထူထဲတဲ့ ဘောင်းဘီဝတ်ရ၊ ဂျာကင်ဝတ်ရ အထပ်ထပ်နော် 🥲
25/10/2025

24 weeks Pregnancy 🤰

ဆောင်းတွင်းကြီးမှာ အပြင်သွားမယ်ဆို ထူထဲတဲ့ ဘောင်းဘီဝတ်ရ၊ ဂျာကင်ဝတ်ရ အထပ်ထပ်နော် 🥲


ပြည်ပမှာ ဘယ်သူ့အကူအညီမှမပါဘဲ ကလေးငယ်လေးကို ပြုစုစောင့်ရှောက်ရတာမလွယ်ကူပါဘူးကိုယိ့ယောက်ျားက ကိုယ်ဝန်ဆောင်ချိန်ရော၊ ကလေးမွ...
24/10/2025

ပြည်ပမှာ ဘယ်သူ့အကူအညီမှမပါဘဲ ကလေးငယ်လေးကို ပြုစုစောင့်ရှောက်ရတာမလွယ်ကူပါဘူး

ကိုယိ့ယောက်ျားက ကိုယ်ဝန်ဆောင်ချိန်ရော၊ ကလေးမွေးပြီးချိန်ရော စိတ်ပိုင်း၊ လူပိုင်း၊ အစစ အရာရာ အကုန်ပံ့ပိုး လို့သာ ကလေး ၂ ယောက်ယူဖို့အထိ သတ္တိရှိရဲတာ

အိမ်မှာ ယောက်ျားခမျာ ဆားဘူးကြီးလိုပဲ သူ က နေရာတကာ ပါ ရတာ 😎။

România 🇷🇴 မှာ “Medic de Familie” ရယူခြင်း ရိုမေးနီးယားမှာ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တ...
23/10/2025

România 🇷🇴 မှာ “Medic de Familie” ရယူခြင်း

ရိုမေးနီးယားမှာ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့အခါ ပထမဆုံးဆက်သွယ်ရမယ့် ဆရာဝန်က Medic de Familie (မိသားစုဆရာဝန်) ဖြစ်ပါတယ်

ဒီမိသားစုဆရာဝန်ရယူခြင်းက သင့်အတွက် အရေးကြီးတဲ့အဆင့်တစ်ခုပါ —

သင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အထူးသဖြင့် ကိုယ်ဝန်ဆောင်များ အတွက် အရမ်းအရေးပါပါတယ်။

🔍 ရယူရန် လုပ်ဆောင်ရမယ့် အဆင့်များ

1️⃣ Health Insurance ရှိထားရန်

– အလုပ်လုပ်ရင် health insurance ရှိပါတယ်

– အလုပ်မရှိလျှင်လည်း (voluntary health insurance) အနေနဲ့ Insurance ကြေးပေးပြီး လျှောက်ထားပါ။

2️⃣ လူနာရှင်အသစ်လက်ခံနေတဲ့ ဆရာဝန်တစ်ယောက် ရှာပါ

– Google maps မှ “medic de familie + သင့်ရဲ့မြို့နယ်နာမည်” ရိုက်ရှာခြင်း။

– ဒေသဆိုင်ရာ Facebook group များမှ မေးမြန်းခြင်း။

3️⃣ လိုအပ်သည့် စာရွက်စာတမ်းများ စုပြီး သတ်မှတ်ထားသည့် သက်ဆိုင်ရာဆေးခန်းသို့ သွားပါ

• permis de ședere

• Health insurance proof (Adeverință/ဆိုင်ရာကဒ်)

• ဆေးခန်းမှပေးတဲ့ ဖောင်စာရွက် (Cerere de înscriere)မှာ ဖြည့်သွင်းခြင်း 

4️⃣ ဆေးခန်းမှာ ကိုယ်တိုင် ဝင်ရောက် လက်မှတ်ရေးထိုးခြင်း

– ဆရာဝန်က သူ့ရဲ့ လူနာစာရင်း (lista pacienți)” တွင် မှတ်ပုံတင်ပြီးနောက်၊ family doctor ရရှိပြီဖြစ်ပါတယ်။

💡 အကြံပြုချက်
– မိမိနေထိုင်ရာ နေရာနှင့်နီးကပ်သော ဆရာဝန်ကိုရွေးသင့်သည်။




Note, နောက်ပိုစ့်မှာ Medic de familie ရှိထားလျှင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ ရေးသားပါမယ်။

🥰🥰🥰
13/04/2025

🥰🥰🥰

România မှာ စျေးသက်သာသောကျောင်းလခဖြင့် ကမ္ဘာ့အဆင့်မီ Bachelor Degree, Master Degree ပညာရေးဘွဲ့များကို English ဘာသာဖြင့် ...
28/03/2025

România မှာ စျေးသက်သာသောကျောင်းလခဖြင့် ကမ္ဘာ့အဆင့်မီ Bachelor Degree, Master Degree ပညာရေးဘွဲ့များကို English ဘာသာဖြင့် တက်ရောက်လိုပါသလား❓

ဒါဆိုရင် ဒီ post ကို အဆုံးထိ ဝင်ဖတ်သွားပေးနော်

အသုံးဝင်တယ်ဆိုရင် မိတ်ဆွေများကို sharing လုပ်ပေးပါ။

ကျေးဇူးတင်ပါတယ်


26/03/2025

ဒီစကော်လားရှစ်ကို မြန်မာနိုင်ငံသားတော်တော်များများမသိကြသေးဘူးနော်။

ကဲ Scholarship Deadline က April 25 ရက်နေ့ဆိုတော့ မပိတ်ခင်လေး အပြေးအလွှားသွားလျှောက်လိုက်တော့နော်




Address

Cluj-Napoca
407280

Website

Alerts

Be the first to know and let us send you an email when ရိုမေးနီးယားရောက်အညာသူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရိုမေးနီးယားရောက်အညာသူ:

Share