Wit Hmone Moments ĂŽn Ro

Wit Hmone Moments în Ro 🇲🇲 Burmese Mom in Transilvania 🇷🇴
In*******al Family | Real & Unfiltered
Raising kids between 2 cultures
Real mom life in Cluj-Napoca
Stay tuned for more!

“သားယောက်ျားလေးဆို အမေကိုပဲ ပိုကပ်မှာပေါ့…” ဆိုတဲ့သူတွေ…ကျမအိမ်က သားကို မတွေ့ဖူးသေးလို့ပါ။ 😂အိမ်ကသားကတော့—သူနဲ့ စိတ်ရှည်...
11/08/2026

“သားယောက်ျားလေးဆို အမေကိုပဲ ပိုကပ်မှာပေါ့…” ဆိုတဲ့သူတွေ…
ကျမအိမ်က သားကို မတွေ့ဖူးသေးလို့ပါ။ 😂

အိမ်ကသားကတော့—

သူနဲ့ စိတ်ရှည်လက်ရှည် ဆော့ပေးတဲ့သူ 👉 ဖေဖေ
မွေးကတည်းက သေချာရေချိုးပေးလာတဲ့သူ 👉 ဖေဖေ
သူစားချင်တာတွေ ချက်ပေးတဲ့သူ 👉 ဖေဖေ
သူငိုရင် အမေမချော့ခင် အရင်ပြေးချော့တဲ့သူ 👉 ဖေဖေ 🤣

ဒို့ငယ်ငယ်တုန်းကဆို
ကလေးတွေ အိမ်ပြန်ရောက်တာနဲ့
“အမေဘယ်မှာလဲ?” ဆိုပြီး အမေကိုပဲ အရင်ရှာကြတာ။

အိမ်ကသားကတော့…
မနက်အိပ်ရာနိုးတာနဲ့—

“ဖေဖေရော?” 😳

ဖေဖေ့ကို မတွေ့ရင်—
“ဖေဖေဘယ်မှာလဲ?” 😭😂

တစ်ခါတလေ မေမေက စဉ်းစားမိတယ်…

ကလေးတွေကို ၂၄ နာရီ တာဝန်အပြည့်နဲ့
စိတ်ရှည်လက်ရှည် အရာရာလုပ်ပေးချင်တဲ့ ဖေဖေတစ်ယောက်ရှိတာ
ကလေးတွေအတွက်တော့ တကယ်ကောင်းပါတယ်။ ❤️

ဒါပေမဲ့ ပြဿနာက…

မေမေ့ထက် ဖေဖေက တာဝန်တွေပိုယူနေတော့
ကလေးတွေအနေနဲ့ “ဖေဖေမှ ဖေဖေ” ဖြစ်နေကြပြီ။ 🙂

မနာလိုဘူးနော်…
လုံးဝ မနာလိုဘူး။ 😌

ဘာလို့လဲဆိုတော့—

မေမေ့ကို မကပ်ဘဲ ဖေဖေ့ကိုကပ်နေတဲ့အချိန်မှာ
မေမေက အေးအေးဆေးဆေး ထိုင်နိုင်တာပေါ့။ 🤣🤣

အမေတွေ သိကြတယ်မလား…
“ကလေးက ဖေဖေကို ပိုကပ်တာ” ဆိုတာ
တစ်ခါတလေ မနာလိုစရာမဟုတ်ဘူး…
အမေ့အတွက်တော့ Bonus ပါ။ 😂❤️

ဒါပေမဲ့ ဖေဖေ အပြင်သွားတဲ့နေ့ဆိုရင်တော့…

“သားရေ… ဒီနေ့ မေမေ့ကိုပဲ ချစ်ရမယ်နော်” 🥹



“ကပြားကလေးတွေ မြန်မာလို ပြောတတ်အောင် သင်ပေးဖို့ ဘယ်လောက်ခက်လဲဆိုတာ… ကပြားမိဘတွေချင်းပဲ နားလည်ကြမှာပါ။” ❤️တစ်နေ့က သားသားက...
06/08/2026

“ကပြားကလေးတွေ မြန်မာလို ပြောတတ်အောင် သင်ပေးဖို့ ဘယ်လောက်ခက်လဲဆိုတာ… ကပြားမိဘတွေချင်းပဲ နားလည်ကြမှာပါ။” ❤️

တစ်နေ့က သားသားက သူ့ဦးကြီးနဲ့ Video Call ပြောနေတာ…

ဦးကြီးက မြန်မာလိုမေးတယ်။
“သား… ဖွားဖွားဆီ အလည်မသွားဘူးလား?”

သားက မေးတာကို နားလည်တယ်။

ဒါပေမယ့် အဖြေကိုတော့ Romanian လို ပြန်ဖြေတယ်…

“ဖွားဖွားက အိမ်မှာ မရှိဘူးတဲ့ ကမ်းခြေသွားလည်နေတယ်တဲ့ ❤️

နောက်တစ်ရက်…
မေမေနဲ့ ဖေဖေက အင်္ဂလိပ်လို ကိစ္စတစ်ခုဆွေးနွေးနေကြတာ။

သားက ဘေးကနေ Romanian လို ဝင်ပြောနေတော့…
“ဒီကလေးက ဘာသာစကားတွေကို တကယ်နားလည်နေတာပဲ” လို့ အံ့ဩမိရတယ်။

သူ့ကို ဘယ်ဘာသာစကားကိုမှ သေချာစာသင်သလို မသင်ပေးထားပါဘူး။

🏡 အိမ်မှာ…
👩 မေမေ = မြန်မာလို
👨 ဖေဖေ = Romanian လို

တစ်ခါတလေ English လည်း ကြားရတယ်။

ဒီလို နေ့စဉ်ကြားရတဲ့ ဘာသာစကားတွေကိုပဲ သူက သဘာဝအတိုင်း စတင်နားလည်လာတာပါ။

ဒါပေမယ့်…

Romania မှာ နေတဲ့ မြန်မာအမေတစ်ယောက်ရဲ့ ကပြားကလေးကို မြန်မာလို နားလည်တတ်၊ ပြောတတ်အောင် လုပ်ပေးရတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့…

💛 သူ့ရဲ့ မြန်မာဘာသာစကား exposure က ကျွန်မတစ်ယောက်တည်း ဆီကပဲ ရတာပါ။

ဒါကြောင့် ကျွန်မက နေ့တိုင်း မြန်မာလိုပြောပေးရတယ်။
စာအုပ်ဖတ်ပေးရတယ်။
သီချင်းဆိုပေးရတယ်။
ကဗျာတွေ၊ ပုံပြင်တွေ ပြောပေးရတယ်။

ဒီလို မလုပ်ရင်…
မြန်မာစကားက တဖြည်းဖြည်း ပျောက်သွားနိုင်ပါတယ်။

ဒါကြောင့် သားနဲ့ သမီးပေါက်စလေးကို…

မြန်မာလို သေချာနားလည်ပြီး ပြောတတ်အောင် ဆက်ပြီး သင်ပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဘာလို့လဲဆိုတော့…

🇲🇲 သူတို့ရဲ့ မေမေ ဘယ်နိုင်ငံကလာလဲ။
🇲🇲 သူတို့ရဲ့ မိခင်ဘာသာစကားက ဘာလဲ။
🇲🇲 မြန်မာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားတွေကို သိပြီး ဆက်လက်ထိန်းသိမ်းနိုင်ဖို့။

အဲ့ဒါတွေက ကျွန်မအတွက် အရမ်းအရေးကြီးပါတယ်။

ပြီးတော့…
မေမေက ဆုံးမတဲ့အခါ၊ ချစ်ကြောင်းပြောတဲ့အခါ၊ အားပေးတဲ့အခါ…

မြန်မာလို ပြောရတာက ပိုပြီး ရင်ဘတ်ချင်းနီးသလို ခံစားရတယ်။ ❤️

တခြားလူမျိုး မိဘတွေလိုပဲ…
ဘယ်နိုင်ငံရောက်ရောက် ကိုယ့်မိခင်ဘာသာစကားကို သားသမီးတွေ ပြောတတ်အောင် သင်ပေးကြသလို…

ကျွန်မလည်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

တချို့ကလေးတွေက မြန်မာမိဘနှစ်ယောက်ရှိပေမယ့် မြန်မာလို မပြောတတ်တာလည်း ရှိတယ်။
တချို့က မြန်မာသွေးတစ်ဝက်ရှိပေမယ့်
မြန်မာစကားမသိတာလည်း ရှိတယ်။

ဒါကတော့ မိသားစုတစ်ခုချင်းစီရဲ့ ရွေးချယ်မှုနဲ့ အခြေအနေပဲ ဖြစ်လို့ ဘာမှ မှတ်ချက်မပေးလိုပါဘူး။ ❤️

ဒါပေမယ့် ကျွန်မအတွက်တော့…

“မြန်မာစကားဟာ စကားတစ်ခုပဲ မဟုတ်ဘူး။ အဲဒါက သားသမီးနဲ့ မေမေကို ချိတ်ဆက်ပေးထားတဲ့ အမွေအနှစ်တစ်ခုပါ။” 🇲🇲

💬 ပြည်ပမှာနေတဲ့ မိဘတွေရော… ကိုယ့်ကလေးကို မိခင်ဘာသာစကား သင်ပေးနေလား?
OPOL Method ကို သုံးဖူးလား?

အတွေ့အကြုံလေးတွေ မျှဝေပေးပါဦး။

#မြန်မာစကား #ပြည်ပရောက်မြန်မာ #ကပြားကလေး

၆ လပြည့်ပြီးရင် ဘာကို အရင်ကျွေးသင့်လဲ? Purée? Finger Food? Meat?အရင်က သားကြီးကို solids စတုန်းက ကျွန်မလည်း မိခင်အသစ်ဖြစ်...
06/08/2026

၆ လပြည့်ပြီးရင် ဘာကို အရင်ကျွေးသင့်လဲ? Purée? Finger Food? Meat?

အရင်က သားကြီးကို solids စတုန်းက ကျွန်မလည်း မိခင်အသစ်ဖြစ်တဲ့အတွက်
သိသလောက်ပဲ ကျွေးခဲ့ပါတယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို အစောပိုင်းမှာ မမိတ်ဆက်ပေးနိုင်ခဲ့ဘူး။

အခု အသက် ၃ နှစ်မှာ သားသား က
အသားတော့ကြိုက်ပေမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တချို့ကို မစားချင်တာတွေ ရှိပါတယ်။
ဒါက အစောပိုင်း မိတ်ဆက်မှုတစ်ခုတည်းကြောင့်လို့တော့ မပြောနိုင်ပါဘူး။
ကလေးတစ်ယောက်ချင်းစီရဲ့ သဘာဝအရသာခံစားမှုနဲ့ ဖွံ့ဖြိုးမှုလည်း သက်ရောက်ပါတယ်။

ဒါကြောင့် သမီးငယ် Emma နဲ့တော့ ကျွန်မက နည်းလမ်းတစ်ခု ပြောင်းသုံးဖို့ ဆုံးဖြတ်ထားပါတယ်။

✔️ Purée လည်း ကျွေးမယ်။
✔️ Finger Food လည်း လေ့ကျင့်ပေးမယ်။
✔️ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသားမျိုးစုံကို တဖြည်းဖြည်း မိတ်ဆက်ပေးမယ်။
✔️ ၆ လနောက်ပိုင်း ကလေးတွေမှာ သံဓာတ် (Iron) လိုအပ်ချက် ပိုများလာတာကြောင့် Iron-rich foods ဖြစ်တဲ့ အမဲသား၊ ကြက်သား၊ ကြက်ဆင်သား စတာတွေကို ဦးစားပေး မိတ်ဆက်ပေးမယ်။
✔️ Emma က ကိုယ်အလေးချိန်များနေတာကြောင့်
သူ့ရဲ့ ကလေးဆရာဝန်က အစပိုင်းမှာ
cereal၊ rice၊ bread နဲ့ pasta တို့ကို မပေးသေးဘဲ အသား၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထားပြီး စတင်ပေးဖို့
အကြံပြုထားပါတယ်။
ဒါက Emma အတွက် ဆရာဝန်ရဲ့ တစ်ဦးချင်း အကြံပြုချက်ဖြစ်ပါတယ်။
✔️ တစ်ခါမစားလဲ လက်မလျှော့ဘဲ ထပ်ခါထပ်ခါ ကမ်းလှမ်းပေးမယ်။

💡 ကလေးတစ်ယောက် အစားမရွေးဘဲ ကြီးပြင်းလာဖို့ဆိုရင် အစားအစာမျိုးစုံကို အစောပိုင်းကတည်းက အကြိမ်ကြိမ်
မိတ်ဆက်ပေးပြီး ထပ်ခါထပ်ခါ
ကျွေးပေးတာက အရေးကြီးပါတယ်။

ဒီတစ်ခေါက်တော့ သမီးငယ်နဲ့အတူ ကျွန်မလည်း ထပ်ပြီး သင်ယူရင်း ကြိုးစားသွားပါမယ်။ 💛



#

05/08/2026

💛 ဒီနေ့က သာမန်နေ့တစ်နေ့ပါ…

ဒါပေမယ့် တစ်နေ့နေ့မှာ ဒီလိုအချိန်လေးတွေက အဖိုးတန်ဆုံး အမှတ်တရတွေ ဖြစ်လာမယ်။

မိသားစုနဲ့အတူ ရယ်မောရင်း၊ လမ်းလျှောက်ရင်း၊ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ကြည့်နေရတာက ဘဝရဲ့ အလှဆုံးအချိန်တွေထဲက တစ်ခုပါ။

အခုချိန်မှာတော့ နေ့စဉ်ဘဝလိုပဲ ထင်ရပေမယ့်…
နှစ်တွေကြာသွားတဲ့အခါ ဒီ Video လေးတွေက ကျွန်မတို့မိသားစုအတွက် အဖိုးတန်တဲ့ အမှတ်တရတွေ ဖြစ်နေမှာပါ။ ❤️

🎉🎂 Happy Birthday to our precious little boy! 💙🚗ဒီနေ့ကတော့ မေမေ၊ ဖေဖေတို့ရဲ့ အဖိုးတန်ရတနာလေး ၃ နှစ်ပြည့် မွေးနေ့ ပါ။ 🎈🎁အ...
20/07/2026

🎉🎂 Happy Birthday to our precious little boy! 💙🚗

ဒီနေ့ကတော့ မေမေ၊ ဖေဖေတို့ရဲ့ အဖိုးတန်ရတနာလေး ၃ နှစ်ပြည့် မွေးနေ့ ပါ။ 🎈🎁

အချိန်က တကယ်မြန်လိုက်တာ… မနေ့တနေ့ကပဲ မေမေ့ရင်ခွင်ထဲမှာ အိပ်နေတဲ့ ကလေးလေးက အခုဆို စကားတွေပြောတတ်၊ ရယ်တတ်၊ ကားလေးတွေကို အရမ်းချစ်တဲ့ လူငယ်လေး ဖြစ်လာပြီ။ ❤️

သားလေးရေ…
ကျန်းမာပျော်ရွှင်ပြီး ကြင်နာတတ်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပါစေ။
အိပ်မက်တွေအားလုံး အကောင်အထည်ဖော်နိုင်ပြီး ဘဝတစ်လျှောက်လုံး ချစ်ခြင်းမေတ္တာတွေနဲ့ ဝန်းရံခံရပါစေ။ 🙏💕

မေမေနဲ့ ဖေဖေက သားကို ထာဝရ အချစ်ဆုံးပါ။ 💙

ကလေးနှစ်ယောက်မေမေတို့ရဲ့ တိတ်ဆိတ်တဲ့ နေ့လည်ခင်း စစ်ပွဲ 💔"ကလေးနှစ်ယောက်နဲ့ တစ်နေ့တာလုံးကို ဖြတ်သန်းရတာလေ... တကယ်တော့ မခက်...
10/07/2026

ကလေးနှစ်ယောက်မေမေတို့ရဲ့ တိတ်ဆိတ်တဲ့ နေ့လည်ခင်း စစ်ပွဲ 💔

"ကလေးနှစ်ယောက်နဲ့ တစ်နေ့တာလုံးကို ဖြတ်သန်းရတာလေ...
တကယ်တော့ မခက်ခဲပါဘူး" လို့
ကိုယ့်ကိုယ်ကိုယ် အမြဲအားပေးပြီး
အကောင်းမြင်စိတ်နဲ့ပဲ ရှေ့ဆက်ဖြစ်တယ်။
ဒါတောင် သားဖွားဖွားအလုပ်အားရက်တွေဆို
သားကြီးကို ဖွားဖွားဆီပဲအိပ် ဖွားကပဲ
ခေါ်ထားစောင့်ရှောက်လို့
ဒီအမေက အဲ့ဒီရက်တွေမှာသက်သာနေတာ။

ဒါပေမဲ့... ဘယ်အချိန်မှာ အခက်ခဲဆုံးလဲ သိလား?
တစ်နေ့တာလုံး အိမ်မှုကိစ္စတွေ၊ ကလေးဝေယျာဝစ္စတွေကြားမှာ
လူက ခြေပစ်လက်ပစ် ပင်ပန်းနေတဲ့ "နေ့လည်ခင်း အချိန်" ပေါ့။
သမီးငယ်လေးက ခဏလေး အိပ်ပျော်သွားတဲ့အချိန်...
"ကဲ... သားကြီးကိုပါ သိပ်ပြီးရင်တော့
ငါလည်း ခဏလောက် အိပ်ရတော့မယ်"
ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သားကြီးကို ရင်ခွင်ထဲထည့်ပြီး သိပ်ရတယ်။
သားကြီးလည်း အိပ်ပျော်၊
ကိုယ်လည်း အိပ်ချင်ဇောနဲ့ မျက်လုံးတွေ လေးလံပြီး ၂၀ မိနစ်လောက်ပဲ အိပ်မောကျမလို့ ရှိသေး...
"ဝဲ... အင့်... အင့်..." ဆိုတဲ့
သမီးငယ်လေးရဲ့ ငိုသံစပြုလာပြီ။
သားကြီးနိုးသွားမှာစိုးလို့ သမီးငယ်လေးဆီ အပြေးအလွှား သွားရပြန်ရော။
သမီးကို ရင်ခွင်ထဲပွေ့၊ နို့တိုက်၊ ပြန်ချော့သိပ်လို့ သမီးလေး ပြန်အိပ်ပျော်သွားတဲ့အချိန်...
"ငါလည်း ပြန်အိပ်မှပဲ" ဆိုပြီး အိပ်ရာထဲ ပြန်လှဲချလိုက်တဲ့အခါ...
ခန္ဓာကိုယ်က ဘယ်လောက်ပဲ တောင်းဆိုနေပါစေ၊
မျက်လုံးတွေက ဖွင့်မရအောင် လေးလံနေပါစေ...
စိတ်က ပြန်အိပ်လို့ မရတော့ဘူး။ အိပ်ပျော်အောင် ဘယ်လိုမှ ကြိုးစားလို့ မရတော့ဘူး။
အိပ်ချင်လွန်းလို့ ခေါင်းတွေ ကိုက်ခဲနေပေမဲ့ အိပ်မပျော်နိုင်တော့တဲ့ အခြေအနေ...
အဲဒါကိုပဲ Postpartum Insomnia
(မီးဖွားပြီးစ အိပ်မပျော်ခြင်း ဝေဒနာ) လို့ ခေါ်တာထင်ပါရဲ့။
အပြင်လူတွေမြင်ရင်တော့
“ကလေးတွေအိပ်တုန်း လိုက်အိပ်ပါလား"
လို့ အလွယ်လေး ပြောကြပေမဲ့၊
ကလေးနှစ်ယောက်မေမေတို့ရဲ့
လက်တွေ့ဘဝမှာတော့ အိပ်ချိန်တွေက
တည့်တည့်မတ်မတ် မရှိသလို၊
ကိုယ့်ရဲ့ အိပ်စက်ခြင်း နာရီတွေကလည်း အပိုင်းပိုင်းအစစ ပြတ်တောက်လို့။
ပင်ပန်းလွန်းလို့ အိပ်ချင်ပေမဲ့ အိပ်မရတဲ့
ဒီနေ့လည်ခင်းတွေဟာ ကလေးနှစ်ယောက်မေမေတိုင်း ဖြတ်သန်းနေရတဲ့ တိတ်ဆိတ်လွန်းတဲ့ စစ်ပွဲတစ်ခုပါပဲ။
ကိုယ်ကသာ ပြန်အိပ်မရတာ
သားကြီးနဲ့သမီးငယ်တို့ကတော့
သူတို့အရွယ်လိုက်ရှိရမဲ့ အိပ်ချိန် စားချိန်တွေ
မှန်အောင်ရှိအောင်လုပ်ပေးနိုင်လို့
ရင်ထဲပီတိဖြစ်ရပါတယ်
#ကလေးနှစ်ယောက်မေမေ #မိခင်ဘဝ

29/06/2026

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

𝐄𝐮𝐫𝐨𝐩𝐞 𝐢𝐬 𝐡𝐢𝐭𝐭𝐢𝐧𝐠 𝐚 𝐦𝐚𝐬𝐬𝐢𝐯𝐞 𝐡𝐞𝐚𝐭𝐰𝐚𝐯𝐞 𝐚𝐧𝐝 𝐫𝐨𝐨𝐦 𝐭𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞𝐬 𝐚𝐫𝐞 𝐬𝐨𝐚𝐫𝐢𝐧𝐠 𝐩𝐚𝐬𝐭 𝟑𝟎°𝐂... 🥵 𝐁𝐮𝐭 𝐠𝐮𝐞𝐬𝐬 𝐰𝐡𝐨 𝐝𝐨𝐞𝐬𝐧’𝐭 𝐜𝐚𝐫𝐞 𝐚𝐭 𝐚𝐥𝐥,...
29/06/2026

𝐄𝐮𝐫𝐨𝐩𝐞 𝐢𝐬 𝐡𝐢𝐭𝐭𝐢𝐧𝐠 𝐚 𝐦𝐚𝐬𝐬𝐢𝐯𝐞 𝐡𝐞𝐚𝐭𝐰𝐚𝐯𝐞 𝐚𝐧𝐝
𝐫𝐨𝐨𝐦 𝐭𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞𝐬 𝐚𝐫𝐞 𝐬𝐨𝐚𝐫𝐢𝐧𝐠 𝐩𝐚𝐬𝐭 𝟑𝟎°𝐂... 🥵
𝐁𝐮𝐭 𝐠𝐮𝐞𝐬𝐬 𝐰𝐡𝐨 𝐝𝐨𝐞𝐬𝐧’𝐭 𝐜𝐚𝐫𝐞 𝐚𝐭 𝐚𝐥𝐥, 𝐤𝐞𝐞𝐩𝐢𝐧𝐠 𝐚 𝐩𝐞𝐫𝐟𝐞𝐜𝐭 𝐬𝐥𝐞𝐞𝐩 𝐬𝐜𝐡𝐞𝐝𝐮𝐥𝐞
𝐚𝐧𝐝 𝐳𝐞𝐫𝐨 𝐚𝐩𝐩𝐞𝐭𝐢𝐭𝐞 𝐥𝐨𝐬𝐬?
𝐌𝐞𝐞𝐭 𝐨𝐮𝐫 𝐮𝐥𝐭𝐢𝐦𝐚𝐭𝐞 𝐜𝐡𝐢𝐥𝐥 𝐦𝐚𝐬𝐭𝐞𝐫. 🌟👀 #𝐇𝐞𝐚𝐭𝐰𝐚𝐯𝐞𝐒𝐮𝐫𝐯𝐢𝐯𝐚𝐥 #𝐋𝐢𝐯𝐢𝐧𝐠𝐓𝐡𝐞𝐁𝐞𝐬𝐭𝐋𝐢𝐟𝐞

ဥရောပနွေရာသီက ဒို့အညာလိုပဲပူလွန်းလှတယ် 😁 ဒီကြားထဲ ၈ ကီလိုကလေးကြီးကအမေ့ရင်ခွင်ထဲပဲ နေချင်နေတော့တာသားကြီးကတော့ပြောရှာတယ် မ...
21/06/2026

ဥရောပနွေရာသီက ဒို့အညာလိုပဲ
ပူလွန်းလှတယ် 😁
ဒီကြားထဲ ၈ ကီလိုကလေးကြီးက
အမေ့ရင်ခွင်ထဲပဲ နေချင်နေတော့တာ
သားကြီးကတော့ပြောရှာတယ်
မာမီ you are beautiful တဲ့ 😍
နောက်ဆို အိမ်မှာ လှတယ်ပြောမဲ့လူ ၃ ယောက်ဖြစ်လာတော့မယ် 😘



20/06/2026

အသက် ၂ နှစ်ခွဲပဲကွာတာ မောင်နှမတွေက အဆင်ပြေပါ့မလား?” လို့ မေးကြတယ်။

အခုတော့ အဖြေက ဒီပုံလေးပါပဲ ❤️🥹👦👧
သားသားက အမေဘက်တူတော့ မြန်မာရုပ်လေး၊ သမီးငယ် ကျအဖေတူတော့ နိုင်ငံခြားရုပ်လေး 🥰
Video မှာတော့ သားကြီး Patrick ၂ နှစ် ၁၁ လ ရဲ့ (၁၆) ကီလို ဝိတ်ကြီးကို သမီးငယ် Emma-Antonia (၄) လရဲ့ (၈) ကီလိုဝိတ်ကြီးက တောင့်ခံပြီးဖက်ထားပုံ 😁

Address

Cluj-Napoca
400XYZ1

Website

Alerts

Be the first to know and let us send you an email when Wit Hmone Moments ĂŽn Ro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share