28/04/2024
🙏🙏🙏
ချော့ပြီးပြောလို့မရတဲ့ကလေးတွေရဲ့ အမူအကျင့်ကို ဘယ်လိုပြောင်းလဲရမလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေး။ ။ တပည့်တော်မရဲ့သားလေးက ၁၄နှစ်ရှိပါပြီဘုရား။ သူက ကလေးတွေထဲမှာ ချော့ပြီးတော့ ကလေးထဲမှာ မပါဘူး ဘုန်းဘုန်း။ မနက်ဆို ရေသွားကူးတယ်၊ ရေကူးပြန်လာလို့ရှိရင် အဲဒီ ကူးပြီးပြန်လာတဲ့အင်္ကျီနဲ့ ဒီအတိုင်းတနေလုံးနေမယ် မပြောရင်။ ပြီးရင် ညအထိလည်း ဒီတိုင်းဆက်နေမယ် ဒီအင်္ကျီနဲ့ပဲ အိပ်ရာဝင်မယ်၊ နောက်တနေ့မနက်ကျရင်လည်း အဲဒီအင်္ကျီနဲ့ပဲ အပြင်ထွက်မယ်။ အဲဒီလို အနေအထားမျိုးမှာ တပည့်တော်မက သားရေ အင်္ကျီလေး လဲပါ၊ တခါပြောတယ် မရဘူး။ နှစ်ခါပြောတယ် မရဘူး။ ချိုလို့မရတဲ့အခါကျတော့ တပည့်တော်မ ဘီလူးဆိုင်းထွက်လာတယ်။ ဆိုတော့ သူ့ရဲ့ပုံစံနဲ့ တပည့်တော်မ ဘယ်လို ပြောမှ ဒီလိုအမူအကျင့်တွေ ပြောင်းလဲသွားမလဲ ဘုရား။
ဖြေ။ ။
★ ဒါ Harvard Business Review ပြည်သူ့ရင်ပြင်တရားပွဲတုန်းက ဘုန်းဘုန်း ဟောခဲ့တဲ့ issues နှစ်ခု။ အဲဒီထဲမှာ ဦးနှောက်ရဲ့ ဘယ်အပိုင်းကို pressed လုပ်ရမယ်၊ ဘယ်အပိုင်းကို ကိုယ်က သူတို့ပြောတယ်ဆိုရင် cultivate လုပ်ရမယ်။
★ အခု သူ အင်္ကျီမလဲတဲ့အချိန်မှာ သူ့အင်္ကျီသွားပြီးတော့ လဲခိုင်းရင် ဒါ conflict ဖြစ်နိုင်တဲ့အချိန်ပေါ့။ တကယ်လို့ အဲဒီအချိန်မဟုတ်ဘဲနဲ့ ပုံမှန်အနေအထားမျိုးမှာ တစ်ခုလောက် positive ဖြစ်တဲ့ဟာ ပြောကြည့်ပါလား။ Heated moments မဟုတ်ဘူး၊ calm moments ကိုရှာပြီးတော့ positive ဖြစ်တဲ့ဟာ။
★ သားသား ဟိုဟာလည်း လုပ်ပြီးပြီမို့လား၊ သူလုပ်ပြီးတဲ့ဟာ။ အဲဒါလေး ကောင်းတယ်။ ဒီလောက်ပဲ ပြော။ အများကြီး ပြောဖို့မလိုဘူး “အဲဒါလေး ကောင်းတယ်”။ သူကလည်း ဒါ သတိထားမိချင်မှ သတိထားမိတယ်။
★ ဒါပေမဲ့ ဒီဟာ ပြောပါများရင် သူ့ရဲ့ white wolf ကို ကိုယ် အစာကျွေးနေတာ။ သူ့ရဲ့ oxytocin ဆိုတဲ့ ဟော်မုန်းကို ကိုယ်က cultivate လုပ်နေတာ။ အဲဒီဟာရှိရင် trusting - ယုံကြည်မှု ရှိတယ်။ မိဘနဲ့ သားသမီးကြားထဲမှာ trust ရှိတယ်။ Trust ကို တည်ဆောက်ရတာ။
★ ကိုယ့်ရဲ့သားသမီးမို့လို့ ကိုယ့်ကို လုံးဝယုံကြည်ရမယ်ဆိုပြီးတော့ We don’t have the right. ကိုယ့်ရဲ့ မိဘမို့လို့ ကိုယ်ကို အကုန်လုံးယုံကြည်ရမယ်ဆိုပြီးတော့ We don’t have the right. Something we need to cultivate. ပေါ့ပေါ့တန်တန် ထားလို့ မရဘူးလို့ ပြောတာ။
★ ပေါ့ပေါ့တန်တန် ထားမယ့်အစား မေတ္တာတရား၊ မိဘရဲ့ မေတ္တာတရားကို ကိုယ် ပြန်ရအောင် ကြိုးစားယူရတယ်။ ကိုယ့်သားသမီးရဲ့မေတ္တာတရား ကိုယ့်သားသမီး ယုံကြည်မှု ကိုယ်ရအောင် ကိုယ် cultivate ပြုစုပျိုးထောင် ရတယ်။
★ Cultivate လုပ်တဲ့နေရာမှာ အဲဒီ cortisol ဟော်မုန်းတွေ ခဏခဏ သွားပြီးတာ့ pressed မလုပ်ဖို့ အားမပေးဖို့။ သူမလုပ်တဲ့အချိန်မှာ အဲဒီဟာကို ကိုယ်ပြောရင် ပထမဆုံး We need to work our emotions. ဒီအချိန်မှာ စိတ်တိုနေရင် စိတ်တိုပြီး သွားပြောတဲ့ဟာက တခါတခါ appropriate ဖြစ်ချင်မှ ဖြစ်တာပေါ့၊ သင့်လျော်ချင်မှ သင့်လျော်မယ်ပေါ့။
★ ကလေးကလည်း မိဘက သူတို့ကို pressurized - စိတ်ဖိစီးအောင် လုပ်တယ်လို့ သူတို့ ထင်ချင်ထင်မှာ။ အမှန်က မိဘက ဒီလောက်လုပ်ပေးနေတာကို သူတို့က positive မမြင်ဘူးဆိုရင် We need to think of the way we do. အချိန်ကိုပြောင်းရမှာလား၊ content - အကြောင်းအရာ ကို ပြောင်းရမှာလား။
★ တချို့က ထမင်းစားတဲ့အချိန်မှာပြောတာ။ အဲဒါလည်း ဆိုးတာပဲ။ ထမင်းစားတဲ့အချိန်မှာ သူ အာဟာရဖြစ်အောင် စားရမှာကို အဲဒီအချိန်မှာ နားပူအောင် ပြောတယ်ဆိုတော့ ကလေးနဲ့ မိဘနဲ့ ထမင်းမစားချင်တော့ဘူး။ Relax လုပ်တဲ့အချိန်မှာပေါ့နော်၊ တယ်လီဗေးရှင်းကြည့်တဲ့အချိန် မှာ အဲဒီလိုပြောတယ်ဆိုရင် သူတို့က မိဘတွေနဲ့ မကြည့်ချင်တော့ဘူး။
★ ဒါကြောင့် ပြောမယ်ဆိုရင် သီးသန့် သူတို့ mood ကို ကြည့်ပြီးတော့ mood ကောင်းနေတဲ့အချိန်မှာ ဆွေးနွေးချင်တယ် ဒါလေး မေမေ နည်းနည်း ပြောချင်တယ်။ ပြောပြီးလို့ ကုန်အောင် နားထောင်တယ်ဆိုရင် သူတို့ကို အမှတ်ပေးပါ။ Positive thinking, positive reinforcement များများလုပ်ဖို့ ကြိုးစားပါ။
★ ဘုန်းဘုန်း အောက်တိုဘာလတုန်းက နယူးယောက် headquarter မှာ diplomats - သံတမန် တွေနဲ့ တရားသွားထိုင်တာ သူတို့က အရမ်း stress စိတ်ဖိစီးမှု များနေတဲ့အချိန်။ အရှင်ဘုရားတဲ့ တပည့်တော်တို့ မေတ္တာပို့တာ မရဘူးတဲ့။
★ သူက ဒေါသဖြစ်နေတဲ့အချိန်မှာ ဘယ်လိုသွားပြီးတော့ မေတ္တာပို့မှာတုန်း။ မေတ္တာ လုပ်တာက ရွတ်ဆိုတာပဲရှိတယ်။ အဲဒီအချိန်မှာ မေတ္တာပို့မယ့်အစား ဒေါသပဲပို့ရတယ်။ မေတ္တာမှ မရှိတာ ပို့စရာဆိုလို့ ဒေါသပဲရှိတော့ ဒေါသပဲပို့ရမှာပေါ့။ မရှိတဲ့ဟာ ကိုယ်က ပို့စရာမရှိဘူးလေ။ ဟုတ်တယ်မို့လား။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ
(၃၀.၆.၂၀၁၉ ရန်ကုန်မြို့တွင် ဟောကြားတော်မူခဲ့သော ပြဿနာ နှင့် ပညာဆက်နွယ်ပုံ တရားတော် (Dhamma Workshop for Mums) မှ စာစီပူဇော်သည်။