TM MEDIA

TM MEDIA စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုစီးပွားနိုင်ငံရေးသုံးသပ်ချက်များ
(454)

ကန့်ဒေါင့်ရဲစခန်းကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်း
12/07/2025

ကန့်ဒေါင့်ရဲစခန်းကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်း

ကန့်ဒေါင့်ရဲစခန်းကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်း

ကန့်ဒေါင့်တိုက်ပွဲဗျူဟာမှူးနဲ့အင်တာဗျူး(TM Meida တခုတည်းနဲ့ပထမဆုံးရတဲ့အင်တာဗျူးဖြစ်ပါတယ်)ကန့်ဒေါင့်တိုက်ပွဲဟာ နောင်တချိန...
10/07/2025

ကန့်ဒေါင့်တိုက်ပွဲဗျူဟာမှူးနဲ့အင်တာဗျူး

(TM Meida တခုတည်းနဲ့ပထမဆုံးရတဲ့အင်တာဗျူးဖြစ်ပါတယ်)

ကန့်ဒေါင့်တိုက်ပွဲဟာ နောင်တချိန်သမိုင်းစာအုပ်တွေထဲမှာမှတ်တမ်းတင်ရမဲ့တိုက်ပွဲကြီးတခုပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေကိုတော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားရဲဘော်တွေအများစု ဟာ အသက် ၂၀ ကျော် ၃၀ အောက်လူငယ်တွေဖြစ်ကြပါတယ်။

အဲဒီတိုက်ပွဲရဲ့ဖြတ်တောက်ရေးပိုင်းဆိုင်ရာဗျူဟာမှူးတာဝန်ယူသူကလည်း အသက် ၃၀ အောက်လူငယ်တယောက်ဖြစ်ပါတယ်။

စစ်ကောင်စီကဗုံးမိုးရွာနေတဲ့အောက်မှာ တပ်ကိုဘယ်လိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင် စီမံကွပ်ကဲခဲ့ပါသလဲ။

ကန့်ဒေါင့်တိုက်ပွဲဗျူဟာမှူးနဲ့အင်တာဗျူး(TM Meida တခုတည်းနဲ့ပထမဆုံးရတဲ့အင်တာဗျူးဖြစ်ပါတယ်)ကန့်ဒေါင့်တိုက်ပွဲ....

တရုတ်အစိုးရရွှေထီးဆောင်းဖို့စတေးလိုက်ရတဲ့ကချင်မြေမဟာဗျူဟာတွင်းထွက်လို့ခေါ်ကြတဲ့ မြေရှားကို အခုအခါကမ္ဘာမှာစီးပွားရေး၊ နို...
10/07/2025

တရုတ်အစိုးရရွှေထီးဆောင်းဖို့စတေးလိုက်ရတဲ့ကချင်မြေ

မဟာဗျူဟာတွင်းထွက်လို့ခေါ်ကြတဲ့ မြေရှားကို အခုအခါကမ္ဘာမှာစီးပွားရေး၊ နိုင်ငံရေးလက်နက်အဖြစ်ပါအသုံးပြုလာနေကြပါတယ်။

စစ်လက်နက်ပစ္စည်းတွေထဲမှာလည်း မြေရှားဟာ မပါမဖြစ်ပစ္စည်းတွေဖြစ်ပါတယ်။

အဲသလိုမြေရှားတွေမြန်မာနိုင်ငံမှာထွက်ပါတယ်။ ကချင်ပြည်နယ်က မြေရှားတွေကို ထုတ်ယူရာမှာဘယ်လောက်များ တာဝန်သိသိ၊ ကျင့်ဝတ်သိက္ခာရှိရှိနဲ့ထုတ်လုပ်နေသလဲဆိုတာကို စုစည်းတင်ပြထားပါတယ်။

တရုတ်အစိုးရရွှေထီးဆောင်းဖို့စတေးလိုက်ရတဲ့ကချင်မြေမဟာဗျူဟာတွင်းထွက်လို့ခေါ်ကြတဲ့ မြေရှားကို အခုအခါကမ္ဘ....

ဇူလိုင်လ ၁ ရက်ညနေပိုင်းသတင်းများ• ဧရာဝတီတိုင်းမှာလည်း စစ်ကောင်စီက စစ်ရာဝတ်မှုကျူးလွန်နေတယ်လို့ဆို• ပေထုံထန်ကို ထိုင်းဝန်...
01/07/2025

ဇူလိုင်လ ၁ ရက်ညနေပိုင်းသတင်းများ

• ဧရာဝတီတိုင်းမှာလည်း စစ်ကောင်စီက စစ်ရာဝတ်မှုကျူးလွန်နေတယ်လို့ဆို
• ပေထုံထန်ကို ထိုင်းဝန်ကြီးချုပ်အဖြစ်မှ ရပ်ဆိုင်းရန် အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်
• မိုးဗြဲမှာပြည်သူတွေစစ်ရေးသတိရှိကြဖို့ ရှမ်းတောင်- ကရင်နီတပ်ပေါင်းစု ထုတ်ပြန်
• ကိုဝေမိုးနိုင် အိုးဘိုထောင်မှာသတိလစ်မေ့မျောတဲ့အထိရိုက်နှက်
• နောင်ချိုမြို့နယ်က ကျေးရွာ ၄ရွာမှာ စစ်ကောင်စီနဲ့ TNLAတို့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
• ကလေးစစ်သားအသုံးပြုတာ စစ်ရာဇဝတ်မှုလို့ IIMM ကထုတ်ပြန်
• အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပြော
• ကုမ္ပဏီ ၂၀၀ နီးပါးကို စစ်ကောင်စီနာမည်ပျက်စာရင်းကြေညာ

ဇူလိုင်လ ၁ ရက်ညနေပိုင်းသတင်းများ• ဧရာဝတီတိုင်းမှာလည်း စစ်ကောင်စီက စစ်ရာဝတ်မှုကျူးလွန်နေတယ်လို့ဆို• ပေထုံ...

ပုလဲကန့်ဒေါင့်သူရဲကောင်းအမျိုးသမီးများစစ်ကောင်စီရဲ့ပုလဲကန့်ဒေါင့်ရဲစခန်းဟာ ခြံစည်းရိုး ၄ ထပ်ကာရံထားပြီး ကတုတ်ကျင်းဆက်သွယ...
01/07/2025

ပုလဲကန့်ဒေါင့်သူရဲကောင်းအမျိုးသမီးများ

စစ်ကောင်စီရဲ့ပုလဲကန့်ဒေါင့်ရဲစခန်းဟာ ခြံစည်းရိုး ၄ ထပ်ကာရံထားပြီး ကတုတ်ကျင်းဆက်သွယ်ရေးမြောင်းပတ်လည်တူးထားပါတယ်။ ၃ ထပ်တိုက်နှစ်လုံးပေါ်ကနေ လက်နက်ကြီးတွေနဲ့အသင့်ချိန်ထားပါတယ်။ ရဲစခန်းနာမည်ခံပေမဲ့ စစ်စခန်းကြီးတခုလိုအသင့်ပြင်ဆင်ထားတာပါ။

အဲဒီစခန်းကိုရအောင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ထိုးစစ်မှာ အမျိုးသမီးရဲဘော် ၈ ယောက်ပါဝင်ပါတယ်။ အဲဒီအမျိုးသမီးတွေကို ပြည်သူအများမြင်တွေ့ချင်ပါလိမ့်မယ်။

အဲဒါကြောင့်လုံခြုံရေးအရ မျက်နှာမဖော်ပြလိုကြပေမဲ့ ပြည်သူအများတွေ့မြင်ခွင့်ရအောင် စကားပြောပေးဖို့ TM Media ကအကြိမ်ကြိမ်ပန်ကြားခဲ့ပါတယ်။

ကန့်ဒေါင့်သူရဲကောင်းအမျိုးသမီးတွေရဲ့ပြောစကားတွေကိုကြည့်ရှုနားဆင်နိုင်ပါပြီ။

ပုလဲကန့်ဒေါင့်သူရဲကောင်းအမျိုးသမီးများစစ်ကောင်စီရဲ့ပုလဲကန့်ဒေါင့်ရဲစခန်းဟာ ခြံစည်းရိုး ၄ ထပ်ကာရံထားပြီ...

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာမှာ ဗိုလ်ဇေယျပကဖ အဖွဲ့က တရွာလုံးအတွက် ကျပ်သိန်း ၄၅၀ ၊ တမိသားစုကို တသိန်းခ...
30/06/2025

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာမှာ ဗိုလ်ဇေယျပကဖ အဖွဲ့က တရွာလုံးအတွက် ကျပ်သိန်း ၄၅၀ ၊ တမိသားစုကို တသိန်းခွဲကောက်ခံနေတယ်လို့ ရွာသားတယောက်က TM Media ကိုပြောပါတယ်။

ဗိုလ်ဇေယျကတော့ သူတို့အနေနဲ့ အတင်းအဓမ္မကောက်ခံတာမရှိဘဲ ရပ်ရွာရဲ့ဆုံးဖြတ်ချက်အရလုပ်တာလို့ဆိုပါတယ်။ ဗိုလ်ဇေယျအင်တာဗျူးကိုနားဆင်နိုင်ပါပြီ။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာမှာ ဗိုလ်ဇေယျပကဖ အဖွဲ့က တရွာလုံးအတွက် ကျပ်သိန်း ၄၅၀ ၊ တမိသာ...

၃၀ ဇွန် ၂၀၂၅ တနင်္လာည နောက်ဆုံးရသတင်းများ• ဘယ်လာရုစ်က မြန်မာကိုစစ်လက်နက်ရောင်းနေသလား • တရုတ်ပြည် ကွန်မြူနစ်ပါတီ ဖိတ်ကြား...
30/06/2025

၃၀ ဇွန် ၂၀၂၅ တနင်္လာည နောက်ဆုံးရသတင်းများ
• ဘယ်လာရုစ်က မြန်မာကိုစစ်လက်နက်ရောင်းနေသလား
• တရုတ်ပြည် ကွန်မြူနစ်ပါတီ ဖိတ်ကြားချက်အရ PNO ပါတီ လေ့လာရေးခရီးသွားရောက်
• မြေရှားအဆိပ်သင့်တဲ့ကိစ္စ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီတွေ့ပြီးဆွေးနွေးမယ်
• ကော့သောင်းထောင်က နိုင်ကျဉ်းတဦး ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်လို့သေဆုံး
• အထည်ချုပ်အလုပ်သမားတွေ ညလုံးပေါက် အချိန်ပိုဆင်းနေရ
• နမခကို ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၂၂ ဦးသေတယ်လို့ဆို
• ဟင်္သာကြီး(ပျူ)ကျေးရွာအပါအဝင် စစ်ကောင်စီစခန်း ၃ ခုကို တပြိုင်တည်းတိုက်ခိုက်
• ဝဲဒေါင့် ဝဲကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်
• စစ်ကောင်စီစစ်သင်္ဘောကိုတော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်
• ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

၃၀ ဇွန် ၂၀၂၅ တနင်္လာည နောက်ဆုံးရသတင်းများ• ဘယ်လာရုစ်က မြန်မာကိုစစ်လက်နက်ရောင်းနေသလား • တရုတ်ပြည် ကွန်မြူနစ...

ဇွန်လ ၂၈ ရက် နောက်ဆုံးရသတင်းများ• ဒေါ်အောင်ဆန်းစုကြည်ကို ကစထ ၆ ရုံးစိုက်ရာနေရာမှာ ချုပ်နှောင်ထားတယ်လို့ဆို • ဖားကန့် လုံ...
28/06/2025

ဇွန်လ ၂၈ ရက် နောက်ဆုံးရသတင်းများ

• ဒေါ်အောင်ဆန်းစုကြည်ကို ကစထ ၆ ရုံးစိုက်ရာနေရာမှာ ချုပ်နှောင်ထားတယ်လို့ဆို
• ဖားကန့် လုံးခင်းမှာ ၁ လအတွင်း သေဆုံးသူ ၃၉ ဦးရှိလာ
• ကရင်နီနဲ့ ပင်လည်ဘူးမှာ ဆားပြတ်လပ်
• စစ်ကောင်စီတပ်သားက အသက် ၇၀ အရွယ်အမျိုးသမီးတဦးကို မုဒိမ်းကျင့်
• လောင်းလုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို သတ်ဖြတ်
• ပုလောမြို့နယ် ကျောက္ကာကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်
• ငလျင် ၃ လပြည့်တဲ့အထိ အကူညီပေးခွင့်ရဖို့ ICRC တောင်းဆိုနေရ
• ညောင်ခါးရှည်စစ်တပ်ဂိတ်မှာ X Ray နဲ့စစ်ဆေးလို့ ပစ္စတို ၁၉ လက်ဖမ်းမိ
• တီးတိန်မြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် သေဆုံးမှုတွေရှိ
• မင်းကွန်းဒေသက ငလျင်ဒဏ်သင့်ရွာတွေကို စစ်ကောင်စီက မီးလိုက်ရှို့နေ
• TNLA ဖမ်းဆီးထားတဲ့ ကျောက်မဲ ၈၈ ငြိမ်းပွင့်တာဝန်ခံနဲ့ ရွှေဘို ပကဖ ၆ ဦး ပြန်လွတ်
• အီရန်ကိုဗုံးထပ်ကြဲဖို့ဒေါ်နယ်ထရမ့်စဉ်းစားနေ
• ဘန်ကောက်မှာ အမျိုးသားရေးသမားတွေ ဦးဆောင်ပြီး ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြနေ

ဇွန်လ ၂၈ ရက် နောက်ဆုံးရသတင်းများ• ဒေါ်အောင်ဆန်းစုကြည်ကို ကစထ ၆ ရုံးစိုက်ရာနေရာမှာ ချုပ်နှောင်ထားတယ်လို့ဆိ....

28/06/2025

TNLA က မသင်္ကာမှုနဲ့ ဖမ်းဆီးထားတဲ့ ငြိမ်းပွင့်နဲ့ ပကဖတွေပြန်လွှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကျောက်မဲမြို့က ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ဒေါ်ရီဆွေနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ၆ ယောက်ကို တအာင်းတပ်တော် TNLA က မနေ့က ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့ဟာ ကားပေါ်မှာ ပိုက်ဆံ သိန်းရာချီနဲ့ သယ်ဆောင်လာတဲ့အတွက် မသင်္ကာလို့ ဇွန်လ ၁၇ ရက်နေ့မှာ TNLA က ဖမ်းဆီးခဲ့တာပါ။

တအာင်းတပ်တော်ရဲ့ မဟာမိတ်ဆက်ဆံရေးဌာနကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆက်သွယ်ပြီး ညှိနှိုင်းတာကြောင့် ပြန်လွှတ်ပေးတာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ သက်ဆိုင်ရာပကဖတွေရဲ့ ထောက်ခံချက်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

ထိန်းသိမ်းထားတဲ့ သူတွေကို လွှတ်ပေးတာနဲ့ ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

ဘန်ကောက်မှာ အမျိုးသားရေးသမားတွင် ဦးဆောင်ပြီး ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြနေထွန်းမင်း၂၈ ဇွန် ၂၀၂၅ဘန်ကောက်မြို့ရဲ့ အဓိကအချ...
28/06/2025

ဘန်ကောက်မှာ အမျိုးသားရေးသမားတွင် ဦးဆောင်ပြီး ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြနေ

ထွန်းမင်း
၂၈ ဇွန် ၂၀၂၅

ဘန်ကောက်မြို့ရဲ့ အဓိကအချက်အချာကျတဲ့နေရာဖြစ်တဲ့ အနုစာရီ ကျောက်တိုင် (Victory Monument) မှာ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့ မနက်ခင်းကစတင်ပြီး ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ကို ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြပါတယ်။

အဲဒီဆန္ဒပြပွဲကို ထိုင်းအချုပ်အခြာအာဏာကာကွယ်ရေးအဖွဲ့လို့အမည်ခံထားတဲ့အဖွဲ့က ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပြီး ထိုင်းနိုင်ငံအလံတွေကို ဝှေ့ယမ်းဆန္ဒပြကြပါတယ်။

“ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့” “ညွန့်ပေါင်းအစိုးရအဖွဲ့မှာပါဝင်နေတဲ့ နိုင်ငံရေးပါတီတွေ နုတ်ထွက်ပေးဖို့” နဲ့ “အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တိုင်းသူပြည်သားတွေရဲ့ စွမ်းအားကို စုစည်းကြဖို့” စတဲ့ ကြွေးကြော်သံများကို ကြွေးကြော်နေကြပါတယ်။

အီရန်ကိုဗုံးထပ်ကြဲဖို့ဒေါ်နယ်ထရမ့်စဉ်းစားနေကိုသိမ်းမြတ်၂၈ ဇွန် ၂၀၂၅အီရန်ကိုဗုံးထပ်ကြဲဖို့ အသေအချာကို စဉ်းစားနေတယ်လို့ အမ...
28/06/2025

အီရန်ကိုဗုံးထပ်ကြဲဖို့ဒေါ်နယ်ထရမ့်စဉ်းစားနေ

ကိုသိမ်းမြတ်
၂၈ ဇွန် ၂၀၂၅

အီရန်ကိုဗုံးထပ်ကြဲဖို့ အသေအချာကို စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဆိုပါတယ်။ တကယ်လို့ အီရန်ဟာနျူးကလီးယားသန့်စင်ရေးလုပ်ငန်းကို စိုးရိမ်ဖွယ်အဆင့်တခုအထိရောက်အောင်လုပ်ဆောင်လာမယ်ဆိုရင် ဘာမှမေးမြန်းမနေဘဲတိုက်ခိုက်ပစ်မယ်လို့ သမ္မတထရမ့်က အိမ်ဖြူတော်အတွင်းရှင်းလင်းပြောကြားချက်မှာထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်းကိုဗုံးကြဲလိုက်နိုင်တာဟာ အမေရိကန်ရဲ့မျက်နှာကို ဖြတ်ရိုက်ချလိုက်နိုင်တာပဲလို့ အီရန်ခေါင်းဆောင် အယာတိုလာအာလီခါမေနီကပြောဆိုတဲ့အပေါ် ထရမ့်က တင်းတင်းမာမာတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

အီရန်ဟာ ဘယ်တော့မှ လက်နက်ချမှာမဟုတ်ဘူးလို့လည်း ခါမေနီကဆိုပါတယ်။

ထရမ့်ကတော့ ခါမေနီဘယ်မှာ ပုန်းနေတယ်ဆိုတာကိုသူသိတယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးနဲ့ အင်အားအကြီးဆုံးအမေရိကန်စစ်တပ်ကြီးက သူ့အသက်ကိုအဆုံးစီရင်မသွားအောင် သူကတားမြစ်ကယ်တင်ထားတာလို့ဆိုပါတယ်။ ခါမေနီအနေနဲ့ရုပ်ပျက်ဆင်းပျက်နဲ့အရှက်တကွဲအကျိုးနည်း သေဆုံးရတာမျိုး မဖြစ်ရအောင် သူကကယ်တင်ထားတာလို့ဆိုပါတယ်။

အီရန်ဘက်ကလည်း အမေရိကန်နဲ့နျူးကလီးယားဆွေးနွေးပွဲလုပ်မလုပ်ဆိုတာဟာ အမေရိကန်ရဲ့ အပြောအဆိုလေသံတွေကိုအဆုံးသတ်ရပ်တန့်မှသာဖြစ်နိုင်မယ်လို့ဆိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကစထ ၆ ရုံးစိုက်ရာနေရာမှာချုပ်နှောင်ထားတယ်လို့ဆိုကိုသိမ်းမြတ်၂၈ ဇွန် ၂၀၂၅ဒေါ်အောင်ဆန်းစုကြည်ကို နေ...
28/06/2025

ဒေါ်အောင်ဆန်းစုကြည်ကို ကစထ ၆ ရုံးစိုက်ရာနေရာမှာချုပ်နှောင်ထားတယ်လို့ဆို

ကိုသိမ်းမြတ်
၂၈ ဇွန် ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ ၁၄ မိုင်အကွာမှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာတနေရာမှာ ချုပ်နှောင်ထားတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ Myanmar Prison Witness လို့အမည်ပေးထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းတခုရဲ့ဒုပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောပါတယ်။ ၂၀၂၄ ခုနှစ်ဧပြီလလယ် ရာသီဥတုပူပြင်းချိန်မှာ နေပြည်တော်အချုပ်ထောင်ကနေ တိတ်တဆိတ်ခေါ်ဆောင်လာပြီး ဗိုလ်ချုပ်မင်းအောင်လှိုင်ရုံးထိုင်ရာနေရာနဲ့ သိပ်မဝေးကွာတဲ့ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာ အဲဒီနေရာမှာ လုံခြုံရေးအထူးတင်းတင်းကြပ်ကြပ်စောင့်ရှောက်ချုပ်နှောင်ထားတာလို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုချုပ်နှောင်ထားတဲ့နေရာကို ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူတယောက်က တာဝန်ယူဦးစီးနေတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာနဲ့ပတ်သက်ပြီး ဘယ်လောက်ခိုင်ခိုင်မာမာသိထားသလဲလို့မေးရာမှာတော့ သူတို့အဖွဲ့အစည်းအနေနဲ့ ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်ဆီကနေ အတည်ပြုချက်ရထားတယ်လို့ဆိုပါတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပေမဲ့ လုံခြုံရေးအခြေအနေကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့နာမည်ကိုတော့ မဖော်ပြနိုင်သေးဘူးလို့ မဆူးငယ်ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ကြီးပိုင်းပုဂ္ဂိုလ်တွေခံစားရလေ့ရှိတဲ့ကျန်းမာရေးပြဿနာတွေကို ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတဦးတယောက်နဲ့မှတွေဆုံခွင့်မပေးသလို၊ ထောင်ဝင်စာပစ္စည်းပို့ဆောင်ခွင့်လည်း မပေးပါဘူး။ ဒါ့အပြင် ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာနဲ့ ကျန်းမာရေးအခြေအနေတွေကိုပါ ပြည်သူလူထုတရပ်လုံးသိရှိခွင့်မပေးဘဲ စစ်ကောင်စီက သတင်းအမှောင်ချထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လက် ဒဏ်ရာရခဲ့တယ်လို့ အော်စကာဆုရမင်းသမီးမီရှဲယိုးတို့ပါဝင်ထူထောင်ထားတဲ့ စုဖောင်ဒေးရှင်းကလည်း မကြာခင်တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့အကြီးဆုံးရာထူးနေရာတွေကို ရယူထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ကို လူထုရှေ့မှောက်မှာပွင့်လင်းစွာတရားစီရင်မှုမလုပ်ဘဲ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။

Address

Kosti

Website

Alerts

Be the first to know and let us send you an email when TM MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TM MEDIA:

Share