Shwe Myanmar

Shwe Myanmar ပြည်မြန်မာ သတင်းများ

11/06/2023
"မိဘေက်းဇူး ဆပ်နည်း ( ၆ ) ချက်''1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်3း ဝေယျာဝစ္စပြု၍ ကျေးဇူးဆပ်နည်း4 ကု...
04/05/2023

"မိဘေက်းဇူး ဆပ်နည်း ( ၆ ) ချက်''

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3 ဝေယျာဝစ္စပြု၍ ကျေးဇူးဆပ်နည်း

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖ်ား ဖယ္ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘေတြ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘမ်ား
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘေတြက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာဝစ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်ဝင်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘေတြ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးမ်ားက
မိဘေတြ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာဝင်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘေတြ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘေတြ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။


လိုအပ္လို့ပါ--------------------မလိုအပ်ဖူးထင်ရင်လှည့်ထွက်နိုင်တဲ့ မာနလေးတော့ ထား သင့်တယ် မဟုတ္လား...ကိုယ့်တန်ဖိုးကျဆင်းလော...
02/05/2023

လိုအပ္လို့ပါ
--------------------
မလိုအပ်ဖူးထင်ရင်
လှည့်ထွက်နိုင်တဲ့ မာနလေးတော့
ထား သင့်တယ် မဟုတ္လား...

ကိုယ့်တန်ဖိုး
ကျဆင်းလောက်တဲ့ အထိတော့
အောက်ကျ မခံသင့်ဘူးလေ...

ငါဟာ
အသိဉာဏ် ရွိတဲ့ လူသားတစ်ယောက်လို့
ကိုယ့်ကိုယ်ကို အားနာစမ်းပါ

ညီမျှခြင်း မရှိသော
အပေးအယူတွေက အဓိပ္ပာယ်မဲ့ နေဦးမှာပဲ

ဘယ်အရာမဆို
တစ်ဖက်သက် ဆန်လွန်းနေတာ
မကောင်းဘူးလို့ နားလည်ရမယ်။

ကိုယ္က
ဘယ်လောက် တန္ဖိုးထားထား
အသိအမှတ် မပြုသူရဲ့ဆီမှာတော့
တန္ဖိုးတက္လာမွာ မဟုတ္ဘူး။

ဘယ်သူတွေက
ဘယ်လိုထင်တယ် ဆိုတာ
ဘဝမွာ သိပ် ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။

ဒါကြောင့်...

မာနဟာ
မကောင်းဘူးဆိုပေမယ့်
ကိုယ့်ကိုယ်ကို
ပြောင်းလဲဖို့အတွက်တော့
မာနဆိုတာ လိုအပ်တယ်။

#မျိုးဆက်သစ်စာပေချစ်သူ

26/04/2023

ပန်းတွေကိုချစ်ပါ
မင်းစိတ်ကိုနူးညံ့စေလိမ့်မယ်။

စာများများဖတ်ပါ
အမှားနဲ့အမှန် ခွဲခြားတတ်လာလိမ့်မယ်။

အကောင်းမြင်စိတ်ထားပါ
မင်းစိတ်တွေ သောကကင်းပါလိမ့်မယ်။

မနာလိုမြု
လောဘ၊ဒေါသ အတ္တနဲ့မာနတွေကို
တတ်နိုင်သမျှလျော့ချပါ။

အစွဲအလမ်းစိတ်
ပိုင်ဆိုင်လိုစိတ်
ရယူလိုစိတ်
လူတွေကိုသံယောဇဉ်ထားပြီး မငြိတွယ်ခြင်းဖြင့်
ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။

ချစ်သင့်သောသူကိုချစ်ပြီး
မေ့သင့်တဲ့လူကိုမေ့ပါ။

လူတချို့ကိုဘဝကနေထုတ်ပစ်ခြင်းဖြင့်
အလွပဆုံး ရှင်သန်ရပ်တည်လိုက်ပါ။

#ဖားစည်ရည်ကျော်
၁၀.၃.၂၀၂၃

24/04/2023

အချိန်ဆိုတာက အကန့်အသတ်ရှိပါတယ်
တခြားလူတစ်ယောက်ရဲ့
ဘဝအတွက် ရှင်သန်ရင်း
သင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့

သင့် ဘဝကို လိုချင်တာတွေ တွေးပြီး
အချိန်ကုန် မခံပါနဲ့ လိုချင်တာကို ရနိုင်ဖို့
လိုအပ္တာကို အရင်ဦးစားပေး
ကြိုးစား ဖန်တီးလိုက်ပါ........ ။

https://newposts.xyz/?p=70လူတွေသတိမထားမိတဲ့ ဆားရဲ့ အခြားအသုံးဝင်ပုံ ၁၄ မျိုး…
16/04/2023

https://newposts.xyz/?p=70
လူတွေသတိမထားမိတဲ့ ဆားရဲ့ အခြားအသုံးဝင်ပုံ ၁၄ မျိုး…

ဆားကို နှစ်ပေါင်း ၆၀၀၀ ကျော်လောက်ထဲက ကောင်းစွာအသုံးပြုခဲ့ ကြပါတယ်။ အစားအစာတွေ ချက်ပြုတ်ဖို့အတွက် အစားအစာ အ...

https://newposts.xyz/?p=258ခရီးသွားများ သတိထားဖို့ပါ… ၃၆၆ မိုင် ၃ ဖာလုံ ( သို့မဟုတ်) ရန်ကုန် မန္တလေးအမြန်လမ်း
12/04/2023

https://newposts.xyz/?p=258
ခရီးသွားများ သတိထားဖို့ပါ… ၃၆၆ မိုင် ၃ ဖာလုံ ( သို့မဟုတ်) ရန်ကုန် မန္တလေးအမြန်လမ်း

ခရီးသွားများ သတိထားဖို့ပါ… ၃၆၆ မိုင် ၃ ဖာလုံ ( သို့မဟုတ်) ရန်ကုန် မန္တလေးအမြန်လမ်း ခရီးသွားများ သတိထားဖို့ပါ.....

စကားသုံးခွန်း--------တန်ဖိုးကြီးသောစကားများ...၁။ နွယ်ပင် မဖြစ်စေနဲ့။သူမ်ားကို အားကိုးတယ္ဆိုတာ ခဏပဲ ကောင်းတယ်။ အမြဲတမ်း မ...
09/04/2023

စကားသုံးခွန်း
--------
တန်ဖိုးကြီးသောစကားများ...

၁။ နွယ်ပင် မဖြစ်စေနဲ့။

သူမ်ားကို အားကိုးတယ္ဆိုတာ ခဏပဲ ကောင်းတယ်။ အမြဲတမ်း မှီဖို့မကြိုးစားနဲ့။ မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး။ အမွီရွိလို့ အပေါ် ရောက်ခဲ့ပြန်လည်း အမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပဲ။

၂။ ထမင်းပူကို မစားနဲ့။

သူမ်ားကို ဒုက္ခပေးပြီးမှ ကိုယ်နေရာ ရအောင် ယူရင် အဲဒါ ထမင်းပူစားတာနှင့်တူတယ်။

ဒါကြောင့် မတရားတဲ့အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။ အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။

၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ။

ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမြာပဲ။ ဒီတော့ ကိုယ်လည်း တနေ့ လောကကြီးကနေ ထြကြ္ခါရဦးမွာဆိုတာကို ဘယ်တော့မှ မမေ့ကြနဲ့။

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါတယ်။ ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေရာချခြင်းပဲ ဖြစ်ပါတယ်။

to original writer

Address


Alerts

Be the first to know and let us send you an email when Shwe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share