Mr.LIVE

Mr.LIVE Hello🎮

အကို ကစားသမားတွေ အကုန်သိတယ်နော်တဲ့🥴ချရေးထားတာ ညေးမှ မသိတာ🤣🤣🤣
08/07/2025

အကို ကစားသမားတွေ အကုန်သိတယ်နော်တဲ့🥴
ချရေးထားတာ ညေးမှ မသိတာ🤣🤣🤣

06/07/2025

Myanmar New Year Cup Singapore
Simi Final
BAGAN FC vs IRRAWADDY FC
BAGAN FC
Irrawaddy FC
Myanmar New Year Cup - Singapore

06/07/2025

Myanmar New Year Cup Singapore
Simi Final
MAY KHA FC vs UNITY FC
May Kha FC Singapore
Unity FC
Myanmar New Year Cup - Singapore

⚽️⚽️⚽️မနက်ဖြန်ကစားမဲ့ အသင်း၄သင်းက ညီကို​တွေအတွက်⚽️⚽️⚽️ပွဲပြီးသွားတော့မှ “ငါဘာလေးလုပ်လိုက်ရင်၊ ဘယ်လိုပိုကြိုးစားလိုက်ရင် ...
05/07/2025

⚽️⚽️⚽️မနက်ဖြန်ကစားမဲ့ အသင်း၄သင်းက ညီကို​တွေအတွက်⚽️⚽️⚽️

ပွဲပြီးသွားတော့မှ “ငါဘာလေးလုပ်လိုက်ရင်၊ ဘယ်လိုပိုကြိုးစားလိုက်ရင် သိပ်ကောင်းမှာပဲ”ဆိုပြီး အားမလိုအားမရနဲ့ နောင်တရနေရတာမျိုး မဖြစ်စေနဲ့ပေါ့ကွာ…

မင်းတို့တွေကို ငါ့ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခု ပြန်ပြောပြဦးမယ်။ 2014 ဘရာဇီးလ်ကမ္ဘာ့ဖလားတုန်းက အားလပ်ရက်တစ်ရက်မှာ မွေးရပ်မြေကို ငါပြန်ခဲ့တယ်။ အိမ်ရောက်တော့ အဖေဟာ နေမကောင်းဖြစ်နေတာကို ငါတွေ့လိုက်ရတာပဲ…

အမှန်အတိုင်းပြောရရင်တော့ အမေ့အမျိုးသားပေါ့ကွာ။ ငါ့အဖေအရင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အဖေရင်းနဲ့မခြား ငါ့ကိုဂရုစိုက်စောင့်ရှောက်ခဲ့၊ ကျေးဇူးရှိခဲ့တာပါ။ ဒီနေ့ဒီအချိန်မှာ သီယာဂိုဆေးလ်ဗားရယ်လို့ ငါဖြစ်လာခဲ့တာလည်း သူ့ကျေးဇူးတွေကြောင့်ပါပဲ။ အဲ့ဒီတော့ ငါ့အတွက်အဖေပဲပေါ့ကွာ။ အခု သူနေမကောင်းဖြစ်နေတယ်။ အဲ့ဒါကိုမြင်ရတော့ ငါလည်း စိတ်မကောင်းဖြစ်ရတယ်…

ဒါပေမယ့် ငါနည်းနည်းပေါ့ဆသွားခဲ့တယ်။ “ဪ… ဒါ ရိုးရိုးနေမကောင်းဖြစ်တာပဲ။ ပြန်ကောင်းသွားမှာပဲ”လို့ပဲ ငါထင်ခဲ့တယ်။ ကမ္ဘာ့ဖလားလည်းပြီး၊ ခွင့်ရက်လည်းစေ့သွားတော့ ပဲရစ်ကို ငါပြန်ခဲ့တယ်။ PSGနဲ့ ရာသီကြိုထရိန်နင်တွေလုပ်တယ်။ နောက်တော့ ဘောလုံးရာသီသစ်စတင်လာတယ်။ ရာသီအစောပိုင်းပွဲစဉ်တစ်ပွဲအပြီးမှာပဲ ငါ့မိန်းမ ငါ့ဆီဖုန်းဆက်လာခဲ့တာက “အဖေဆုံးပြီ” တဲ့…

အဖေနေမကောင်းတာ၊ ဆေးရုံဆေးခန်းရောက်နေတာ ငါသိတယ်ကွာ။ ဒါပေမယ့် ငါသီးသန့်အချိန်မပေးဖြစ်ခဲ့ဘူး။ သွားမကြည့်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူပြန်ကောင်းလာမယ်လို့ပဲ ငါထင်ခဲ့တာကိုး…

ပြောချင်တာကကွာ။ အခုလုပ်လို့ရနေတဲ့ကိစ္စကို ဘယ်တော့မှ နေ့ရွှေ့ညရွှေ့မလုပ်ပါနဲ့။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ဘယ်သောအခါမှ မလျှော့ချလိုက်ပါနဲ့။ ငါတို့ဟာ အချိန်တွေ၊ အခွင့်အရေးတွေ အများကြီးရှိသေးတယ်လို့ ကိုယ့်ကိုယ်ကိုအမြဲထင်ကြတယ်။ ဒါပေမယ့် တချို့အခွင့်အရေးတွေဟာ နောက်တစ်ကြိမ်ဘယ်တော့မှ ပြန်မရတတ်တာမျိုးလည်း ဘဝမှာရှိတတ်တယ်ကွ။ အဲ့ဒါကို သိလိုက်ရတဲ့အချိန်မှာ အရာရာဟာ နောက်ကျသွားတတ်တယ်။ အဲ့ဒီလိုမဖြစ်စေနဲ့ပေါ့ကွာ…

အဲ့ဒီတော့ အားလုံးပဲ လက်ရှိကစားနေရတဲ့ပွဲ၊ လက်ရှိရနေတဲ့ အခွင့်အရေးတွေကို တန်ဖိုးထားကြပါ။ ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ် ကစားကြပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ကိုယ် အပြည့်အဝယူရလိမ့်မယ်။ အားလုံးပဲ အစွမ်းကုန်ကြိုးစားကြမယ်ဆိုတာ ငါယုံကြည်ပြီးသားပါ။ ဒါပေမယ့် ပွဲသိမ်းခရာမှုတ်ချိန်မှာ ငါတို့ကစားသမား၁၁ယောက်စလုံး ကွင်းထဲမှာရှိနေဖို့လည်း အရေးကြီးတာပဲ။ ကိုယ်တဒင်္ဂစိတ်လွတ်သွားခဲ့လို့ အသင်းဖော်တွေ ၁၀ယောက်ထဲနဲ့ ရုန်းကန်ရတာမျိုးလည်း မဖြစ်စေနဲ့ပေါ့ကွာ။ ငါပြောချင်တာကတော့ အဲ့ဒါပါပဲ…

ငါတို့ကို ဘုရားသခင် စောင့်ရှောက်မှာပါ။ ကဲ… ကွင်းထဲဝင်ကြစို့…

(အင်တာမီလန်နဲ့ပွဲ၊ ကွင်းထဲမဝင်ခင် အသင်းဖော်တွေကို သီယာဂိုဆေးလ်ဗားပြောခဲ့တဲ့စကား) 💙💙

မြစ်မင်းမဟာဧရာဝတီနှင့် နန်းမြို့တော်ပုဂံတို့ရဲ့ ရွှေရောင်အိပ်မက်တွေ အသက်ဆက်ဖို့စီးချင်းထိုးမယ့်ပွဲ …..။Irrawaddy FC Vs  ...
04/07/2025

မြစ်မင်းမဟာဧရာဝတီနှင့် နန်းမြို့တော်ပုဂံတို့ရဲ့
ရွှေရောင်အိပ်မက်တွေ အသက်ဆက်ဖို့စီးချင်းထိုးမယ့်ပွဲ …..။

Irrawaddy FC Vs Bagan FC တို့ရဲ့
Semi Final ကိုလည်း MR. LIVE ကနေ တင်ဆက်ပေးသွားမယ့်အကြောင်း သတင်းကောင်းလေးပေးလိုက်ပါရစေခင်ဗျာ ။

လက်ရှိအင်အားကြီးအသင်းတစ်သင်းအဖြစ်ရပ်တည်ပြနေသလို ခြေစွမ်းကလည်းအကောင်းဆုံးပုံစံမှာရှိနေတဲ့ ဧရာဝတီရဲ့လင်းပိုင်တွေနဲ့ ခမ်းနားတဲ့သမိုင်းနဲ့ လက်ရှိ MPL Champion နန်းမြို့ရိုးအခြေစိုက်ပုဂံသားတို့ ပွဲစဉ်ဟာ ပရိတ်သတ်အများအပြားစိတ်ဝင်တစားစောင့်ကြည့်ကြမယ့်ပွဲမျိုးဆိုတာသေချာပါတယ် ပရိတ်သတ်ကြီးရေ ။

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုအရတော့ ပုဂံသားတို့က တစ်ပွဲနိုင် ၊ တစ်ပွဲသရေ ရလဒ်ဖြင့် အသာစီးရယူထားနိုင်ပေမယ့် Cup ပွဲတွေဆို ရလဒ်တွေကောင်းတတ်သလို ၊ လက်ရှိလည်း ခြေစွမ်းကောင်းတွေပြနေတဲ့ ဧရာဝတီတို့ရဲ့ပွဲစဉ်ဟာ သုံးသပ်ခန့်မှန်းဖို့ မလွယ်ကူတဲ့ပွဲစဉ်ဆိုတာ ပရိတ်သတ်ကြီးတို့လည်း အသိဖြစ်မှာပါ ။

ဒါကြောင့် MR. LIVE နဲ့အတူ ရင်ခုန်သံတွေထပ်တူကျမကျသိရအောင် Page မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီအပတ် Sunday ည ၇နာရီမှာ စောင့်ကြည်းအားပေးကြရအောင်လားဗျာ ။
Myanmar New Year Cup - Singapore
BAGAN FC
Irrawaddy FC

04/07/2025

မေ့မရသော အတိတ်ဆီမှလက်တစ်ကမ်းလိုသော champion ဆီသို့ MAY KHA FC vs UNITY FC တို့ရဲMyanmar New Year Cup - SingaporeSemi Fin...
04/07/2025

မေ့မရသော အတိတ်ဆီမှလက်တစ်ကမ်းလိုသော champion ဆီသို့

MAY KHA FC vs UNITY FC တို့ရဲ
Myanmar New Year Cup - Singapore
Semi Final ပွဲစဉ်ဟာ ဒီအပတ် Sundayမှာ ရောက်ရှိလို့ လာခဲ့ပါပြီ။ MNYC ရဲ့ ပထမဆုံး Season 2022 မှာလည်း ဒီနှစ်သင်းရဲ့ အားပြိုင်မှုတွေကို 2022 ဗိုလ်လုပွဲမှာ ကျတော်တို့တွေ ကြည့်ရှု့ခဲ့ရပြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်က Unity FC ဟာ လူငယ်ခြေစွမ်းကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အသင်းကြီးတွေကို ကျော်ဖြတ်ကာ Final ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ တခြားတစ်ဖက်မှာလဲ May Kha FC ဟာ စင်္ကာပူရဲ့ သက်တမ်းရှည်အသင်းကြီးပီပီ တွေ့သမျှအသင်းတိုင်ကို အကောင်းဆုံး အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှု့ဟာ တကယ်ကိုရသမြောက်ပြီး ဆွဲဆောင်မှုအပြည့်အဝ ပေးခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် မီနှစ်၇၀ ကျော်ထိ အနိုင်အရှုံးရလဒ်မပေါ်ပဲ ပြိုင်ပွဲဟာ တကယ်ကို ရင်ခုန်စရာကောင်းတဲ့ အနေအထားမျိုးထိရောက်ခဲ့ပါတယ်၊ အဲ့ဒီအချိန် May Kha FC ရဲ့ တိုက်စစ်မူး ဇော်မင်းသူ ရဲ့ ထိုးဖောက်မှုအကောင်းဆုံး အဆုံးသတ်တွေနဲ့အတူ ရှေ့စဉ်နောက်ဆက် ရဂိုး ၂ဂိုးနဲ့ မေခတို့ဟာ ပွဲကိုစတင်ဦးဆောင်လာခဲ့ပါတယ်၊ Unity ဟာ အချိန်ခဏလေးအတွင်းမှာပေးဂိုး၂ ဂိုး ခွင့်ပြုခဲ့ရပေမဲ့ မလျှော့သော ကစားပုံတွေနဲ့ တိုက်စစ်ရဲ့ ထိုးဖောက်မှု့နဲ့အတူ မီနှစ် အနည်းငယ်အတွင်းမှာ ပြန်လည်ချေပဂိုး တစ်ဂိုးရရှိခဲ့ပေမဲ့ ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာအောက်မှာ 2:1 ဆိုတဲ့ ရလဒ်နဲ့ Unity FC ဟာ May Kha FC ကို အရှုံးပေးခဲ့ရပါတယ်။
ဟုတ်ကဲ့ပါ ဒီအပတ် Sunday ညနေ၅နာရီမှာ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှု့ပြင်းထန်တဲ့ ပွဲတစ်ပွဲကို ကျတော်တို့ ပြန်လည်ကြည့်ရှု့ခွင့် ရတော့မှာဖြစ်ပါတယ်၊ Unity FC ရဲ့ Sweet Revenge ပဲ ဖြစ်သွားမလား May Kha Fc ကပဲ champion ၂ကြိမ်ဖြစ်ခဲ့တဲ့ အသင်းကြီးပီပီ အစဉ်လာတွေကို ထပ်မံ ထိန်းသိမ်းသွားနိုင်မလားဆိုတာကို ကျတော်နဲ့အတူ SAFRA ကွင်းကြီးမှာ လာရောက်ကြည့်ရှု့နိုင်သလို့ Mr Live page မှာလဲ တိုက်ရိုက်ထုတ်လွှင့်တဲ့အတွက် ဝင်ရောက်ကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ် ။

Address

2D HONG SAN WALK
Choa Chu Kang
689050

Website

Alerts

Be the first to know and let us send you an email when Mr.LIVE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share