MTV Knowledge Sharing

MTV Knowledge Sharing News and information

22/06/2025

သမီးမိန်းကလေးရှိသော မိဘများနှင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ အထူးကြည့်ရှုနားဆင်သင့်ပါကြောင်း အကြံပ....

22/06/2025

အမေရိကန်စစ်တပ်ဟာ အီရန်ရှိ နျူကလီးယားစက်ရုံ သုံးရုံကို အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သ...

ငွေရှာနည်း ငွေသုံးနည်း-------------------------------------အပြည့်အစုံကို First Comment တွင် ဝင်ရောက် နားဆင်နိုင်ပါတယ်နော...
22/06/2025

ငွေရှာနည်း ငွေသုံးနည်း
-------------------------------------

အပြည့်အစုံကို First Comment တွင် ဝင်ရောက် နားဆင်နိုင်ပါတယ်နော်

11/05/2025

ကျန်းမာရေး ဆိုင်ရာ ဗဟုသုတအကြောင်းအရာတွေကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေမှာမို့ကျွန်ုပ်တို့ ...

04/05/2025

အမျိုးသားတွေမှာလည်း အမျိုးသမီးတွေလို ရင်းသားကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကို ကျန်းမာရေးဗဟုသုတအဖြစ် တ.....

02/05/2025

တော်လှန်ရေးအဖွဲ့များ၏ ဘုံရပ်တည်ချက် ၆ ချက် သဘောမတူပါက စစ်ကောင်စီနှင့် မဆွေးနွေးဟု NUG ပြောNUG အစိုးရကတော့ အာဏာ.....

30/04/2025

Burma Act ကို အမြန်ဆုံးအသက်သွင်းရန် အမေရိကန်လွှတ်တော်အမတ်များတွန်းအားပေးအမေရိကန်အစိုးရက အတည်ပြုပြဌာန်းပြီးဖြ.....

29/04/2025

29/04/2025

နောက်ဆုံးရ နိုင်ငံရေးသတင်းများ #နိုင်ငံရေးသတင်း #ခေတ်သစ်မန္တလေး #ခေတ်သစ်မီဒီယာ

တစ်ခုခုပြောင်းလဲဖို့ သူများကို စောင့်မနေပါနဲ့ --------------------------------------------------------------ဂန္ဒီလို့ပြေ...
19/04/2025

တစ်ခုခုပြောင်းလဲဖို့ သူများကို စောင့်မနေပါနဲ့
--------------------------------------------------------------

ဂန္ဒီလို့ပြောလိုက်တာနဲ့ ငြိမ်းချမ်းရေးကို လိုလားပြီး ချမ်းသာကြွယ်ဝမှုကို မက်မောခြင်းမရှိတဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ သူဟာ အိန္ဒိယနိုင်ငံကို ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင်ကြိုးစားခဲ့ပြီး ငြိမ်းချမ်းရေးကိုအခြေခံတဲ့ သူ့ရဲ့အတွေးအခေါ်အယူအဆတွေကြောင့် တစ်ကမ္ဘာလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

“Be the change you wish to see in the world.”

ဒီစကားက ဂန္ဒီကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘဲ ၁၉၁၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဂျာနယ်တစ်စောင်မှာ ဂန္ဒီပြောခဲ့တဲ့စကားတွေ၊ အတွေးအခေါ်တွေကို ပြန်လည်စုစည်းထားတာပဲဖြစ်ပါတယ်။

သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ တစ်နေ့တာအတွင်းမှာ ၇ ရက်သားသမီးတွေအတွက် ဆုမွန်ကောင်းနှင့် ဟောစာတမ်း2025-04-17ယနေ့ ၁၇.၄.၂၀၂၅ မှာ...
17/04/2025

သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ တစ်နေ့တာအတွင်းမှာ ၇ ရက်သားသမီးတွေအတွက် ဆုမွန်ကောင်းနှင့် ဟောစာတမ်း

2025-04-17

ယနေ့ ၁၇.၄.၂၀၂၅ မှာကျရောက်တဲ့ ၁၃၈၇ ခုနှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ ရက်မြတ်အချိန်အခါမှာ ၇ရက်သားသမီးများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ

၁၇.၄.၂၀၂၅ တနေ့တာအတွင်းမှာ ၇ရက်သားသမီးတွေထဲမှာ ကံကောင်းစေတဲ့ နေ့သားတွေကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးတွေပဲ ဖြစ်ကြပါတယ်။ ဘုန်းကံမြင့်နေမယ်။ နာမည်ဂုဏ်သတင်း ကျော်ဇောမှုတွေ ဖြစ်လာမည်။ လုပ်ငန်းတွေမှာ အောင်မြင်စေမည်။ အကြံအစည်အောင်စေမည်။ ငွေကံထီကံကောင်းစေမည်။ ကောင်းမှု အလှူအတန်းတွေ ပြုရစေမည်။ အိမ်မက်ကောင်းမက်စေတတ်တယ်။ စန်းပွင့်နေမည် လူမျိုးခြားသတိရှိပါ။ ကျန်းမာရေးမှာ လေအောင့်တာ နှလုံးအားနည်းစေမည်။

ကြာသပတေး၊ တနင်္ဂနွေ သားသမီးတွေကတော့ ကံအသင့်အတင့်ကောင်းမွန်နေမည်။ အရာရာမှာ အဆိုးအကောင်းတွေနှင့် ကြုံရစေတတ်တယ်။ အဆင်ပြေတာတွေရှိသလို မပြေတာတွေလည်းရှိနေမည်။ လုပ်ငန်းပိုင်းလေးတွေ အဆင်မပြေရှိနေမည် လုပ်သလောက်အရာမထင်ပဲ ရှိစေမည်။ ငွေအဝင်အထွက်များနေမည် ကုသိုလ်လေးတွေ ပြုရစေမည်။ သူတစ်ပါးအတွက် စိတ်ရှုပ်စရာပေါ်မည်။ စန်းပွင့်နေမည်။ လက်အောက်ငယ်သား အထောက်အကူပြုစေမည်။ ကျန်းမာရေး နှလုံးအားနည်းစေတာ ဝမ်းဗိုက်နှင့် ပတ်သက်ပြီး ဖြစ်စေမည်။

ကံညံ့စေမယ့် နေ့သားတွေကတော့ ဗုဒ္ဓဟူး၊ စနေသားသမီးတွေ ဖြစ်ပါတယ်။ အရာရာမှာ ခက်ခဲမှုတွေ ရှိနေမည်။ အတိုက်အခံလေးတွေပေါ်လာမယ်။ မိတ်ဆွေကောင်းတွေ့စေမည် စိတ်နဲ့လူ မကပ်စေပဲ ရှိနေမည်။ ကောင်းမှုကုသိုလ်ပြုရစေမည်။ ငွေအထွက်ရှိမယ် စန်းကျစေမည်။ မိမိစိတ်နဲ့ အရာရာတစ်ထပ်တည်းမကျဘဲဖြစ်နေတတ်ပါတယ်။ လူယုံသတိထားပါ။ ကျန်းမာရေးမှာ နှလုံးအားနည်းတာ လေအောင့်တာ မူးမောစေတာတွေ ဖြစ်စေမည်။ ဘာသာရေး ကုသိုလ်ရေး အထူးပြုလုပ်ပြီး ဖြတ်သန်းပါ။

သူဌေးဖြစ်စေမယ့် ခေတ်ပေါ်အလုပ်အကိုင်များလစာအများဆုံးရတဲ့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေဆိုတာက ခေတ်ရေစီးကြောင်းပေါ် မူတည်ပ...
16/04/2025

သူဌေးဖြစ်စေမယ့် ခေတ်ပေါ်အလုပ်အကိုင်များ

လစာအများဆုံးရတဲ့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေဆိုတာက ခေတ်ရေစီးကြောင်းပေါ် မူတည်ပြီး ပြောင်းလဲနေတဲ့အတွက် လက်ရှိမှာ ဘယ်လိုအလုပ်အကိုင်တွေက ခေတ်စားနေလဲဆိုတာ သိထားမယ်ဆိုရင် ကိုယ့်ရဲ့ Career အတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။

ဒီနေ့မှာတော့ Learning Story ကနေ ဝင်ငွေအကောင်းဆုံး ခေတ်ပေါ်အလုပ်အကိုင် (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်လို အလုပ်တွေ ပါဝင်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်နော်။ 👇

5️⃣ Social Media Influencers

Social Media ပေါ်မှာ Followers တွေများစွာ ပိုင်ဆိုင်ထားပြီး သူတို့ကျွမ်းကျင်တဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေကို လူအများသိအောင် ဝေမျှပေးတဲ့သူတွေကို Social Media Influencers လို့ ခေါ်ကြပါတယ်။ ဒီအလုပ်ကတော့ အင်တာနက်ပေါ်လာပြီးတဲ့နောက်မှာ တဖြည်းဖြည်း ခေတ်စားမှု မြင့်တက်လာတဲ့ အလုပ်တစ်ခုလို့ပြောလို့ရပါတယ်။ ဝင်ငွေပမာဏ အတိအကျသတ်မှတ်ပြီး ပြောလို့မရပေမယ့် အောင်မြင်ရင် အောင်မြင်သလို ဝင်ငွေများများရနိုင်ပါတယ်။

4️⃣ Mental Health Counselors

WHO ရဲ့ ထုတ်ပြန်ချက်အရ တိုးတက်မှုတွေနဲ့အမီ အပြိုင်အဆိုင် ရုန်းကန်နေရတဲ့ ၂၀ ရာစုမှာ လူ ၈ ယောက်မှာ ၁ ယောက်က စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၄.၄% ဟာလည်း စိတ်ကျရောဂါကို ခံစားနေရပါတယ်။ ဒါကြောင့် Mental Health ဆိုင်ရာ အလုပ်အကိုင်တွေက အမှန်တကယ် လိုအပ်သလို ဝင်ငွေလည်းကောင်းတဲ့ အလုပ်အကိုင်တစ်ခုပါပဲ။

3️⃣ Data Analysts and Data Scientists

သတင်းအချက်အလက်နဲ့ Data တွေကို စုဆောင်း၊ သိမ်းဆည်းပြီး ခွဲခြမ်းစိတ်ဖြာတဲ့ အလုပ်ကို Data Analysts နဲ့ Data Scientists တွေက လုပ်ဆောင်ကြပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေကအစ Data အမြောက်အများအပေါ် အခြေတည်ပြီး လုပ်ဆောင်ရတဲ့ AI လိုမျိုး နောက်ဆုံးပေါ်နည်းပညာတွေအထိ Data တွေကို စီမံခန့်ခွဲပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအလုပ်က ဝင်ငွေကောင်းတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း အနာဂတ်မှာ ဒီထက်ပိုပြီး ပေါများလာမယ်လို့ ပြောလို့ရပါတယ်။

Photo/ Emeritus

2️⃣ AI and Machine Learning Specialists

လက်ရှိ ခေတ်စားနေတဲ့အလုပ်အကိုင်လို့ ဆိုလိုက်တာနဲ့ AI နဲ့ ပတ်သက်တဲ့ အလုပ်တွေက မပါမဖြစ်ပဲပေါ့။ လူသားတစ်ယောက်ရဲ့ ဉာဏ်ရည်ကို တုပပြီး ဖန်တီးထားတဲ့ AI နည်းပညာက ဒီနှစ်ပိုင်းအတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတယ်ဆိုတာ အားလုံးအသိပါပဲ။ အနာဂတ်မှာ AI က လူတွေရဲ့ အလုပ်နေရာမှာ အစားထိုးသွားမလား စိုးရိမ်နေကြပေမယ့် တစ်ဖက်မှာလည်း အချိန်နဲ့အမျှ ကျယ်ပြန့်လာတဲ့ AI နည်းပညာနယ်ပယ်မှာ အလုပ်အကိုင်အသစ်တွေ များစွာ လိုအပ်လာပါတယ်။

1️⃣ Surgeons and Health Care Workers

ကျန်းမာရေးနယ်ပယ်ဆိုင်ရာ အလုပ်အကိုင်တွေက အရေးကြီးဆုံးနဲ့ လစာအမြင့်ဆုံး အလုပ်တွေထဲက တစ်ခုပါပဲ။ စက်ရုပ်တွေ AI တွေနဲ့ ကျန်းမာရေးကုသမှုမျိုးစုံ လုပ်လာကြတယ်ဆိုရင်တောင်မှ ကုသမှုအပိုင်းမှာ အမှန်တကယ် ဆုံးဖြတ်ချက်ချရတာကတော့ ဆရာဝန်တွေပဲ ဖြစ်ပါတယ်။ ရောဂါအမျိုးအစားပေါင်းများစွာအတွက် ကျန်းမာရေးဌာနတွေမှာ ကျွမ်းကျင်မှုနယ်ပယ်အလိုက် အလုပ်အကိုင် လိုအပ်မှုတွေကလည်း များတဲ့အပြင် ပညာရှင်အဆင့် အလုပ်အကိုင်ဖြစ်တဲ့အတွက် လစာအကောင်းဆုံး အလုပ်အကိုင်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဘယ်အလုပ်အကိုင်တွေက ဝင်ငွေကောင်းပြီး ခေတ်စားနေလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။

ဒီ (၅) မျိုးထဲမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကိုင်တွေရော ပါရဲ့လား? ဘယ်အလုပ်အကိုင်မျိုးကို စိတ်ဝင်စားလဲဆိုတာ Comment မှာ ရေးသွားပေးခဲ့ပါဦးနော်။

Ref : linguamarina

Address

City West

Alerts

Be the first to know and let us send you an email when MTV Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share