D-Day Information

D-Day Information Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from D-Day Information, Media/News Company, City.

ဗိုလ်ဂျပန်တို့ နဂါးဖြူ PDF အဖွဲ့ ကွမ်းယာ တအားစား‌ချင်နေတဲ့အချိန် ဆိုင်ရှင်မရှိလို့ ကိုယ့်ဘာသာကိုယ်ပဲ ယာစား ထုပ်ယူပြီး ကွ...
12/12/2021

ဗိုလ်ဂျပန်တို့ နဂါးဖြူ PDF အဖွဲ့ ကွမ်းယာ တအားစား‌ချင်နေတဲ့အချိန် ဆိုင်ရှင်မရှိလို့ ကိုယ့်ဘာသာကိုယ်ပဲ ယာစား ထုပ်ယူပြီး ကွမ်းယာဖိုး ပိုက်ဆံ ၂၀၀၀ နဲ့ ကျေးဇူးတင်တဲ့အကြောင်းပါ စာရွက်လေးနဲ့ရေးပြီး ထားခဲ့တာတဲ့

ပြည်သူ့အချစ်တော် PDFတပ်ဖွဲ့ဝင်တွေ အဲလိုကိုချစ်ဖို့ကောင်းတာ ❤️

Photos Credit

မုံရွာတွင် မြို့ပြပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းများကို ရှင်းလင်းမည်ဟု သတိပေးပြီးနောက် ပိတ်ထားသော စျေးများ ပြန်ဖွင့်ရ...
11/12/2021

မုံရွာတွင် မြို့ပြပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းများကို ရှင်းလင်းမည်ဟု သတိပေးပြီးနောက် ပိတ်ထားသော စျေးများ ပြန်ဖွင့်ရန် မုံရွာစည်ပင်က လော်စပီကာဖြင့် လိုက်အော်

ရန်ကုန်၊ ဒီဇင်ဘာ၁၁

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ရှိ ဈေးများအားလုံး ပြန်ဖွင့်ကြဖို့ ဒီကနေ့ညနေ၄နာရီဝန်းကျင်ခန့်က ကားဖြင့်ပတ်ကာ လော်နှင့်လိုက်အော်နေတယ်လို့ မုံရွာဒေသခံတချို့က Regional News Agency သို့ ပြောဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ မြို့ပေါ်ရှိအချို့ဈေးများကို စစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်က ကန်သာယာဈေးရှိ ဈေးဆိုင်များကို "စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆိုင်မဖွင့်ရ"ဆိုတဲ့ စာရွက်တွေ ကပ်ထားခဲ့တာပါ။ အဲဒီလို ကပ်ပြီးတဲ့နောက် မြို့ပြပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းတွေကို ရှင်းလင်းမယ်လို့ သတိပေးစာထုတ်ပြန်ပါတယ်။

"ဒီနေ့နေ့လည်ပိုင်း ကန်သာယာဈေးမှာ စာရွက်တွေ လိုက်ကပ်နေတာကိုတွေ့တယ်၊စည်ပင်က ဈေးဆိုင်တွေမဖွင့်ရဘူးဆိုပြီး မနက်ကလည်း မြို့ပေါ်က ဈေးတချို့ကို သောင်းကျန်းသွားတယ်၊ခဏအကြာတော့ မြို့ပြပြောက်ကျားအဖွဲ့ကစာတစ်စောင် ထုတ်လိုက်တယ်၊ မကြာပါဘူးဗျာ ကားပေါ်မှာ လော်ကြီးတင်ပြီး ပြာပြာသလဲ ဈေးဖွင့်ကြဖို့ လိုက်အော်တော့တာပဲ" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့က စည်ပင်ဌာနအရာရှိကြီးတွေနဲ့ နေ့စားပါမကျန် ရှင်းလင်းသုတ်သင်မယ်လို့ ကြေညာချက်ထုတ်ပြီးတဲ့နောက် စျေးတွေ ပြန်ဖွင့်ဖို့ မုံရွာစည်ပင်က လိုက်လံ ကြေညာနေတာလည်းဖြစ်ပါတယ်။

မျှမျှတတ ခွဲနော် မမျှတရင် အဘတိုင်မှာ🙂
10/12/2021

မျှမျှတတ ခွဲနော်

မမျှတရင် အဘတိုင်မှာ🙂

ဗိုလ်ချုပ်ရုပ်ရှင်တွင် ဒေါ်ခင်ကြည်နေရာမှ သရုပ်ဆောင်သူ မဇာခြည်လင်းကွယ်လွန် ဧရာဝတီ ၊ ဒီဇင်ဘာ ၁၀ ၊ ၂၀၂၁။ ဒါရိုက်တာလူမင်းရို...
10/12/2021

ဗိုလ်ချုပ်ရုပ်ရှင်တွင် ဒေါ်ခင်ကြည်နေရာမှ သရုပ်ဆောင်သူ မဇာခြည်လင်းကွယ်လွန်

ဧရာဝတီ ၊ ဒီဇင်ဘာ ၁၀ ၊ ၂၀၂၁။

ဒါရိုက်တာလူမင်းရိုက်ကူးသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ဗိုလ်ချုပ်၏ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာတွင် ပါဝင်သရုပ်ဆောင်သည့် သရုပ်ဆောင်မဇာခြည်လင်းသည် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။

သရုပ်ဆောင် မဇာခြည်လင်းမှာ သွေးကင်ဆာဖြင့် ဆုံးပါးသွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ်ရှိပြီဖြစ်သည်။

မူလတန်းကျောင်းအုပ်ဆရာမတယောက်ဖြစ်သည့် မဇာခြည်လင်းသည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ထားသူတယောက်ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ဗိုလ်ချုပ်ရုပ်ရှင်အား စစ်ကောင်စီဘက်မှ ဆက်လက်ရိုက်ကူးမည်ဟု ကြေညာခဲ့သော်လည်း စစ်ကောင်စီအောက်တွင် ရိုက်ကူးရန်ဆန္ဒမရှိကြောင်း ငြင်းဆိုခဲ့သူဖြစ်သည်။

ပခုက္ကူ မြို့မ စျေးကြီး
10/12/2021

ပခုက္ကူ မြို့မ စျေးကြီး


ရန်ကုန် ဆူးလေတစ်ဝိုက် Silent Stike နေ့ မြင်ကွင်း------------------ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင် အသံတိတ်သပိ...
10/12/2021

ရန်ကုန် ဆူးလေတစ်ဝိုက် Silent Stike နေ့ မြင်ကွင်း
------------------

ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ပြီး တော်လှန်ရန် လှုံ့ဆော်ထားရာ လူစည်ကားလေ့ရှိသည့် ရန်ကုန် ဆူးလေတစ်ဝိုက်တွင် လူသူရှင်းလင်းနေသည့် မြင်ကွင်းကို တွေ့ရစဥ်။

ယနေ့ မနက် ကလေးမြို့ Silent Strike မြင်ကွင်း Photo- CRD
10/12/2021

ယနေ့ မနက် ကလေးမြို့ Silent Strike မြင်ကွင်း

Photo- CRD


မန္တလေးမြို့ အဓိက လမ်းမကြီးဖြစ်သော  ၃၅ လမ်း၊ ၃၆လမ်းနှင့်  ၃၅ လမ်း ခုံးတံတားအောက်ရှိ စျေး ယနေ့ မနက် မြင်ကွင်းဒီဇင်ဘာ ၁၀ ရ...
10/12/2021

မန္တလေးမြို့ အဓိက လမ်းမကြီးဖြစ်သော ၃၅ လမ်း၊ ၃၆လမ်းနှင့် ၃၅ လမ်း ခုံးတံတားအောက်ရှိ စျေး ယနေ့ မနက် မြင်ကွင်း

ဒီဇင်ဘာ ၁၀ ရက်


Followers သန်းနဲ့ချီသော စစ်ကောင်စီ၏ လုပ်ငန်းစုတစ်ခုဖြစ်သည် Mytel Myanmar Page ကို Facebook ကစတင်ဖယ်ရှား
08/12/2021

Followers သန်းနဲ့ချီသော စစ်ကောင်စီ၏ လုပ်ငန်းစုတစ်ခုဖြစ်သည် Mytel Myanmar Page ကို Facebook ကစတင်ဖယ်ရှား



96 Soilders - PDF အဖွဲ့၏ လက်နက်အစစ်များဖြင့် လေ့ကျင့်ရေးဆင်းနေသည့် ပုံရိပ်များPhoto:  96 Soilders PDF
08/12/2021

96 Soilders - PDF အဖွဲ့၏ လက်နက်အစစ်များဖြင့် လေ့ကျင့်ရေးဆင်းနေသည့် ပုံရိပ်များ

Photo: 96 Soilders PDF

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ နာရေးဒီဇင်ဘာ(၇)မနေ့က ညပိုင်းက မန္တလေး မှာ စစ်ကောင်စီတပ်တွေရဲ့ ရမ်...
07/12/2021

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ နာရေး

ဒီဇင်ဘာ(၇)

မနေ့က ညပိုင်းက မန္တလေး မှာ စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၅ နှစ်အရွယ်မိန်းကလေးငယ်ရဲ့ နာရေးကို ဒီနေ့ တောင်အင်း မြောက်အင်းသုဿန်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

07/12/2021

ထီးချိုင့်တိုက်ပွဲတွင် ဂုဏ်ထူး (၃) ဘာသာဖြင့်ဆယ်တန်းအောင်ပြီးဖြစ်သော ရဲဘော် (၁) ဦးကျဆုံး

ဒီဇင်ဘာ ၇

ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ မနက် ၉ နာရီဝန်းကျင်က တုံလုံကျွန်းတောအနီး၌ စစ်ကြောင်းထိုးလာသော ဒုဗိုလ်မှူးကြီးနေဦးလှိုင်ဦးဆောင်သည့် စကစအင်အား (၆၈) ယောက်အား Fox Army- HPDF မှမိုင်းဆွဲတိုက်ခိုက်ကာ အပြန်အလှန်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြပြီး စကစဘက်မှ (၁၅) ယောက်ခန့်သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။

ယင်းတိုက်ပွဲအတွင်းတွင် စကစဘက်မှပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ HPDF မှ (၃)ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ထားသော အသက် (၂၀) ဝန်းကျင် သူရဲကောင်း (၁) ဦး ကျဆုံးခဲ့ရပါသည်။

" တိုက်ပွဲအတွင်း Dead Body အားအရသယ်ဆောင်ကာ တပ်ပြန်ဆုတ်ခဲ့ပြီး မိသားစုဝင်များနှင်အတူ သေနတ်ဖောက် ဂုဏ်ပြုအလေးပြု အမိန့်ထုတ်ပြန်ပြီး မြေမြုပ်သင်္ဂြိုဟ်ခဲ့ပါသည်။အဖွဲ့သားများအားလုံး လွန်စွာဝမ်းနည်းကြေကွဲခဲ့ရပြီး စစ်ကောင်စီအား အမြစ်ပြတ်တိုက်ခိုက်ခြေမှုန်းရန် စိတ်အားပိုထက်သန်လာကြပါသည် " ဟု Fox Army-HPDF မှထုတ်ပြန်သည်


Address

City

Website

Alerts

Be the first to know and let us send you an email when D-Day Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share