MMAnime TV

MMAnime TV mmanime.org

ပါဝင်ပေးကြပါဦး
03/04/2025

ပါဝင်ပေးကြပါဦး

လိုတိုရှင်းလေးပဲ အရင်ရှင်းပြပါရစေ။

Anime Community ကနေပြီး ငလျင်ဘေးအတွက် ရန်ပုံငွေတွေကောက်ခံပြီးလှူဒါန်းနေကြပါတယ်။

အခု နိုင်ငံတွင်းဖြစ်ပျက်နေတဲ့ မြေငလျင်ဘေးကြောင့် ဒုက္ခရောက်နေသူ အမြောက်အများရှိတဲ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်တဲ့ဆေးဝါး အထောက်အပံ့ပစ္စည်းတွေကိုလည်း
ငွေကြေး တစ်ထောင့်တစ်နေရာက ထောက်ပံ့နိုင်ဖို့အတွက် ကျွန်တော်တို့ Anime Outworld Myanmar နဲ့ Anime Life Myanmar တို့ကနေ ပူးပေါင်းပြီး
ငလျင်ဘေးအတွက် ရန်ပုံငွေပွဲလေးတစ်ခု စီစဉ်ထားပါတယ်။

Anime Life နဲ့ AOM တို့ပူးပေါင်းပြီး Anime Figure တွေ ထီးတွေ အစရှိတဲ့ ပစ္စည်းတွေကို ငွေကျပ် (၁၀) သိန်းဖိုး မတည်ထားပြီးတော့ ဒီပစ္စည်းတွေကို မဲပြန်ဖောက်ပေးမှာပါ။

မဲ တစ်စောင်ကို ၂သောင်းကျပ်ပါ။
အစောင်ရေ ၃၀၀ ရောင်းမှာဖြစ်ပြီးတော့။

ဆုမဲပေါင်းများစွာ ပါဝင်တဲ့အပြင် မဲအစောင် ၃၀၀ ရောင်းရရငွေဖြစ်တဲ့ သိန်းခြောက်ဆယ်လုံးကိုလည်း ငလျင်ဘေးအတွက်သာ အသုံးချလှူဒန်းသွားမှာဖြစ်ပါတယ်။

မဲရောင်းမဲ့ ကာလကို တစ်ပတ်အများဆုံးသတ်မှတ်ထားပါတယ်။ မဲဖောက်ပေးမဲ့ အစီစဉ်တွေနဲ့ ဆုတွေကိုတော့ အသေးစိတ် သီးသန့် ထပ်တင်ပေးပါ့မယ်။

သိန်းခြောက်ဆယ် Target မလို့ ပါဝင်အားဖြည့်ပေးကြပါဦးခင်ဗျာ။

တယ်လီဂရမ်က လာရောက်ဝယ်ယူလို့ရပါတယ်။
မဲလာရောက်ဝယ်ယူရန် -

https://t.me/blavkflm

https://t.me/Hikari77M

တယ်လီက အဆင်မပြေသူတွေအတွက်တော့ Anime Outworld Myanmar Page Chatbox မှာလည်း လာရောက်မဲဝယ်နိုင်ပါတယ်ခင်ဗျာ။

Page Link
https://www.facebook.com/share/15PMxADkCp/?mibextid=qi2Omg


Address

Jurong East

Alerts

Be the first to know and let us send you an email when MMAnime TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMAnime TV:

Share